ဆောင်းပါးကဏ္ဍ
မိန်းမပျို
သာလိကာ
”အလို- ကိုဖေကျင်ပါလား”
Credit-OW
ရယ်မောပျော်ရွှင်နိုင်ကြပါစေ …..
Unicode
သမီးပျိုလေး ၃ ယောက်ရှိတဲ့ မိသားစု ပြည့်တန်ဆာအိမ်က သာလိကာကို ဝယ်မွေးမိလိုက်သောအခါ …..
မိန်းမပျို
သာလိကာ
မလာတာနော်.. ပြည့်တန်ဆာအိမ်က သာလိကာ …..
အိမ်ထောင်စုတခုမှာ အိမ်ထောင်ဦးစီးက ကိုဖေကျင် တဲ့။ သူ့ဇနီးက မယဉ်မြ ပါ။ သူတို့မှာ သမီးပျို ၃ယောက်ရှိတယ်။
နေ့လည်နေ့ခင်းဆို အိမ်မှာ မယဉ်မြ တယောက် တည်း ပျင်းနေရတယ်။ ကိုဖေကျင်က အလုပ်ကြီး အကိုင်ကြီးသမားမို့ တနေကုန် အလုပ်သွား။
သမီးပျိုတွေကလည်း အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသူတွေဆိုတော့ ကျောင်း သွားကြတာကိုး။
ဒါနဲ့ မယဉ်မြက နေ့လည်ခင်း အပျင်းပြေအောင် ဆိုပြီး အိမ်မှာ စကားပြောတတ်တဲ့ ကြက်တူရွေး။ ဒါမှမဟုတ် သာလိကာတကောင် ဝယ်မွေးထား ရင် ကောင်းမှာပဲလို့ အကြံရတယ်။
ဒါနဲ့ ငှက်အရောင်းဆိုင်ကို သွားတာပေါ့။
ငှက်ဆိုင်ရောက်တော့ ငှက်မျိုးစုံ အလှပြထားတာ တွေ့တယ်။ စကားပြောတတ်တဲ့ ကြက်တူရွေး။ သာလိကာတွေကတော့ ဈေးအကြီးဆုံးပဲ။ သောင်းဂဏန်းချည်းပဲ။ ၃သောင်း ၅သောင်း ဈေးရှိတယ်။
ဒီထဲမှာ သာလိကာတကောင်ကို ၅ထောင်လို့ ထောင်ဂဏန်းနဲ့ ဈေးပေါပေါချိတ် ထားတာ တွေ့တော့ မယဉ်မြ အံ့သြသွားတယ်။မယဉ်မြက ဆိုင်ရှင်ကို မေးကြည့်တယ်။
”ဒီသာလိကာက ဘာလို့ ဈေးပေါတာလဲ။ စကား မတတ်လို့လားရှင့်”
”တတ်သမှဗျာ။ တတ်လွန်းလို့ ခက်တောင် နေသေးတယ်”
”ဒါဖြင့် ဘာလို့ ဈေးပေါတာတုန်းရှင့်”
”သူက အရင်က ပြည့်တန်ဆာအိမ်မှာ နေခဲ့တာ လေ။ စကားကတော့ ကြွယ်ပါရဲ့။ ပြောလိုက်တဲ့ စကားတွေက အလေနတ္တောတွေဆိုတော့ ဈေးပေါပေါနဲ့ ရောင်းပစ်မလို့ပါဗျာ”
မယဉ်မြကတော့ ဈေးသက်သာတာကို သဘောကျသွားတယ်။ အိမ်ရောက်မှပြုပြင်ယူမယ် ဆိုတဲ့အတွေးနဲ့ ဈေးပေါတဲ့ သာလိကာမကို ဝယ်လာခဲ့တာပေါ့။
အိမ်ရောက်တာနဲ့ သာလိကာမကလည်း အစွမ်း ပြတော့တာပါပဲ။
”အမယ်- ငါနေရမယ့် ”ဘိ”ကလည်း အသစ်။ ငါ့သခင်မကြီးကလည်း အသစ်ပဲဟဲ့”သာလိကာမအပြောကို မယဉ်မြ သဘောကျသွားတယ်။
ညနေစောင်းတော့ သမီးပျို၃ယောက် ကျောင်းက ပြန်လာကြပါတယ်။ သာလိကာမက ပြောလိုက်ပြန်တယ်။
”အောင်မယ်။ မွေးထားတဲ့ ကောင်မလေးတွေ ကလည်း အသစ်ကလေးတွေဟဲ့။ အလုပ်ဖြစ်ဦးမှာပဲ” သမီး၃ယောက်ကလည်း သာလိကာမအပြောကို သဘောကျကြတာပါပဲ။
အိမ်ထောင်ဦးစီးဖြစ်တဲ့ ကိုဖေကျင်ကတော့ အလုပ်များတဲ့သူမို့ မိုးကြီးချုပ်မှ အိမ်ကိုပြန်ရောက်လာပါတယ်။
သာလိကာမက ကိုဖေကျင်ကိုလည်း နှုတ်ဆက်တာပါပဲ။
”အလို- ကိုဖေကျင်ပါလား”
သာလိကာမက နာမည်နဲ့တကွ နှုတ်ဆက်လိုက်တော့ ကိုဖေကျင် အံ့သြသွား တာပေါ့။ မယဉ်မြနဲ့ သမီး၃ယောက်လည်း အံ့သြ သွားကြတယ်။ အဲဒီတုန်းမှာ သာလိကာမက ဆက်ပြောလိုက်ပါတယ်။
”ကိုဖေကျင် ရှင်က ဒီ ‘ဘိ’ကိုလည်း လာတာပဲ နော်” တဲ့။
Credit-OW
ပြန်လည်၍ ဝေမျှပေးပါသည် ။
ရယ်မောပျော်ရွှင်နိူင်ကြပါစေ …..
လမ်းမြေယူလို့ ပြိတ္တာဖြစ်သွားခဲ့ရသူ အကြောင်း
ဆောင်းပါးကဏ္ဍ
လမ်းမြေယူလို့ ပြိတ္တာဖြစ်သွားခဲ့ရသူ အကြောင်း
လမ်းမြေယူလို့ ပြိတ္တာဖြစ်သွားခဲ့ရသူ အကြောင်း သက်ဆိုင်သူများဖတ်ကြည့်နော် မြန်မာပြည် မြေလတ်ပိုင်းမှ ရွာလေး တစ်ရွာမှာ…လယ်ပိုင် ယာပိုင် အမျိုးသမီးကြီးတစ်ယောက်ရှိပါတယ်။လောဘကလည်း အလွန်ကြီးသတဲ့။ဒါကြောင့်…သူ့ပတ်ဝန်းကျင်က လူတွေနှင့် သိပ်အဆင်မပြေပါဘူး သူ့ယာခင်းနားက လူတွေနှင့်လည်းမကြာခဏဆိုသလို စကားများကြတယ်။ပြီးတော့ သူ့မြေချဲ့ချင်တဲ့အတွက်သူဟာ လမ်းမြေကို တဖြေးဖြေးနဲ့ ဖဲ့ယူသတဲ့။ အရင်တုန်းက လမ်းက လှည်းနှစ်စီး သွားလို့ ရပေမဲ့အခုကျတော့ သူ ယူလိုက်တဲ့ အတွက်လမ်းက ကျဉ်းပြီးလှည်းတစ်စီးပဲ သွားလို့ရပါတော့တယ်။ တစ်နေ့မှာတော့…အဲဒီအမျိုးသမီးကြီးဟာ ရောဂါ အသည်းအသန် ဖြစ်ပြီးအမေ ကယ်ပါအဖေ ကယ်ပါ ဆိုပြီး အော်ဟစ် ငြီးငြူသတဲ့ နောက်တော့…အဲသလို ငြီးငြူရင်းနဲ့ပဲ သေဆုံးသွားပါတော့တယ်။အဲဒီနောက် သိပ်မကြာပါဘူး။သူ့ရွာက အမျိုးသမီးတစ်ယောက်ကို ဝင်ပူးပါလေရော။ လမ်းမြေယူထားတဲ့ အတွက်သူ့ယာခင်းနားမှာ မကျွတ်မလွတ် ( ပြိတ္တာ) …
အရွယ်မရောက်သေးတဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားလိုစိတ် (Paedophilia) အကြောင်း
ဆောင်းပါးကဏ္ဍ
အရွယ်မရောက်သေးတဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားလိုစိတ် (Paedophilia) အကြောင်း
အရွယ်မရောက်သေးတဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားလိုစိတ် (Paedophilia) အကြောင်း By ဟယ်လ်သင် Paedophilia ဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတခုဖြစ်ပြီး အရွယ်မရောက်သေးတဲ့ မိန်းကလေး၊ ယောကျာ်းလေးမှန်သမျှကို လိင်ပိုင်းဆိုင်ရာ ထိတွေ့ ကိုင်တွယ်လိုစိတ်၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်လိုစိတ်နဲ့ လိင်ဆက်ဆံမှုပြုချင်စိတ် ပြင်းထန်တဲ့ စိတ်ရောဂါတမျိုး ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား လူတဦးက အရွယ် မရောက်သေးတဲ့ လူမမယ် ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ တပ်မက်မှုဖြစ်တဲ့ စိတ်မူမမှန်ရောဂါ တမျိုးလည်း ဖြစ်တယ်လို့ စိတ်ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။ ဒီစိတ်ရောဂါဝေဒနာရှင်တွေဟာ အပျို၊ လူပျိုဖော် မဝင်သေးတဲ့ ကလေးငယ်တွေကို လိင်ဆက်ဆံမှု ပြုချင်တဲ့ သဘာဝ ရှိကြပြီး အထူးသဖြင့် ၁၀ နှစ်အောက် …
အ​မေရိကားမှာ မီလီယံနာဖြစ်​​​သွားတဲ့ မြန်​မာလူမျိုး
ဆောင်းပါးကဏ္ဍ
အ​မေရိကားမှာ မီလီယံနာဖြစ်​​​သွားတဲ့ မြန်​မာလူမျိုး
အ​မေရိကားမှာ မီလီယံနာဖြစ်​​​သွားတဲ့ မြန်​မာလူမျိုး မြန်​မာနိုင်​ငံသားတစ်​​ယောက်​ သူ…၁၉၈၉ခုနှစ်​မှာ အ​မေရိကန်​ကို​ရောက်​ခဲ့ချိန်​က သူ့အိတ်​ကပ်​ထဲမှာ အ​မေရိကန်​​ဒေါ်လာ ၁၃​ဒေါ်လာဘဲကျန်​ပါ​တော့တယ်​။ အ​မေရိကန်​ကို​ရောက်​ခါစမှာသူဟာကြုံရာအလုပ်​လုပ်​ပြီး ဘဝကို ခက်​ခက်​ခဲခဲရုန်းကန်​ခဲ့ရသူ။ ​နေစရာမရှိလို့ သူငယ်​ချင်းရဲ့ကားထဲမှာဘဲတစ်​ပတ်​​လောက်​ညအိပ်​ခဲ့ရပါတယ်​။ ဂျပန်​အစာဆူရှီလုပ်​နည်းကို တစ်​ပတ်​တည်းနဲ့အတတ်​သင်​ယူခဲ့ပြီး ​နောက်​ပိုင်းမှာ အ​မေရိကန်​နိုင်​ငံအနှံမှာ ဆူရှီဆိုင်​​တွေဖွင့်​ရင်း​ ​အောင်​မြင်​လာခဲ့တယ်​။ ၂၀၁၁ခုနှစ်​မှာ အ​မေရိကန်​သမ္မတ အိုဘာမားက အိမ်​ဖြူ ​တော်​ကို ဖိတ်​​ခေါ်ပြီး ချီးကျူးဂုဏ်​ပြုခံရတဲ့ စီးပွား​ရေးလုပ်​ငန်းရှင်​​တွေထဲမှာ သူပါဝင်​ခဲ့ပါတယ်​။ ဖိတ်​​ခေါ်ဂုဏ်​ပြုခံရတဲ့ အ​ကြောင်းက​တော့ အ​မေရိကန်​စီးပွား​ရေးကျဆင်းချိန်​မှာ သူ့ကုမ္ပဏီက အ​မေရိကန်​နိုင်​ငံသားများစွာကို အလုပ်​​ပေးထားနိုင်​ခဲ့လို့ပါ။ သူဟာ အ​မေရိကန်​မှာ မီလျံနာသူ​ဌေးတစ်​​ယောက်​ဖြစ်​​နေပါပြီ။ ဒါ​ပေမယ့်​ သူဟာ​အောင်​မြင်​မှုကို လွယ်​လွယ်​နဲ့ရခဲ့တာ မဟုတ်​ပါဘူး။ သူဘယ်​လိုကြိုးစားခဲ့ရလဲဆိုတာ ဖတ်​ကြည့်​လိုက်​ပါ! ဖိလစ်​​​မောင်​ရဲ့ အဘိုး အဘွား​တွေက တရုတ်​ပြည်​မကဖြစ်​ပြီး ဒုတိယကမ္ဘာစစ်​မဖြစ်​ခင်​မှာ ​ရေကြည်​ရာမြက်​နုရာရှာရင်းနဲ့ …