ေန႔နံအလိုက္ ကံဇာတာ နိမ့္ပါးေမွးမွိန္တတ္ေသာ အသက္အ႐ြယ္မ်ား

ေန႔နံအလိုက္ ကံဇာတာ နိမ့္ပါးေမွးမွိန္တတ္ေသာ အသက္အ႐ြယ္မ်ား
ASTROLOGY

ေန႔နံအလိုက္ ကံဇာတာ နိမ့္ပါးေမွးမွိန္တတ္ေသာ အသက္အ႐ြယ္မ်ား

ေမြးနံအလိုက္ အသက္အ႐ြယ္အလိုက္ ကံဇာတာနိမ့္ပါးတတ္ခ်ိန္မ်ား (ကေလးသူငယ္မ်ားမွာေတာ့ က်န္းမာေရး ႏွင့္ ပညာေရး) အားနည္းတတ္ခ်ိန္မ်ားကို အလြယ္တကူ ၾကည့္ရႈသိရွိႏိုင္ၿပီး ဆိုင္ရာ ယၾတာပိုင္းေလးေတြကိုလည္း ျပဳလုပ္ႏိုင္ေအာင္ တင္ျပေပးလိုက္ပါတယ္။ ျမန္မာ့႐ိုးရာ ေသသဝိဇၨာပညာရပ္အရ သုံးသပ္ တင္ျပေပးထားျခင္း ျဖစ္ပါတယ္ခင္ဗ်ား။

တနဂၤေႏြေန႔ဖြားမ်ားသည္

အသက္အားျဖင့္ ၆ႏွစ္၊ ၁၃ႏွစ္၊ ၂၀ႏွစ္၊ ၂၇ႏွစ္၊ ၃၄ႏွစ္၊ ၄၁ႏွစ္၊ ၄၈ႏွစ္၊၅၅ႏွစ္၊ ၆၂ႏွစ္၊ ၆၉ႏွစ္၊ ၇၆ႏွစ္၊ ၈၃ႏွစ္၊ ၉၀ႏွစ္ စေသာ အသက္ပိုင္းမ်ားတြင္ ကံဇာတာ ညႇိးႏြမ္းလြယ္တတ္ပါသည္။ယၾတာအားျဖင့္ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးႏွင့္ အစာအာဟာရ လႈဒါန္းျခင္း၊ အေဝးရွိ အမ်ိဳးသား အႀကီးအကဲ တစ္ဦးကို ေက်းဇူးျပဳျခင္း၊ ကန္ေတာ့ျခင္း ျပဳေပးရပါသည္။

တနလၤာေန႔ဖြားမ်ားသည္

အသက္အားျဖင့္ ၇ႏွစ္၊ ၁၄ႏွစ္၊ ၂၁ႏွစ္၊ ၂၈ႏွစ္၊ ၃၅ႏွစ္၊ ၄၂ႏွစ္၊ ၄၉ႏွစ္ ၊ ၅၆ႏွစ္၊ ၆၃ႏွစ္၊ ၇၀ႏွစ္ ၊ ၇၇ႏွစ္၊ ၈၄ ႏွစ္၊ ၉၁ႏွစ္ စေသာ အသက္ပိုင္းျခားတို႔တြင္ ကံဇာတာ ညႇိးႏြမ္းလြယ္၏။

ယၾတာအားျဖင့္ ေရအရွင္ (စီးေနေသာ ျမစ္ေရ..ေခ်ာင္းေရ) တြင္ ငါးလႊတ္ေပးရ၏။ သန႔္ရွင္းေရး ကုသိုလ္မ်ား ျပဳေပးရ၏။ က်န္းမာသူျဖစ္လွ်င္ ေသြးလႉေပးျခင္းသည္ အထိေရာက္ဆုံး ယၾတာျဖစ္၏။

အဂၤါေန႔ဖြားမ်ားသည္

အသက္အားျဖင့္ ၁ႏွစ္ ၊ ၈ႏွစ္၊ ၁၅ႏွစ္၊ ၂၂ႏွစ္၊ ၂၉ႏွစ္၊ ၃၆ႏွစ္၊ ၄၃ႏွစ္၊ ၅၀ႏွစ္၊ ၅၇ႏွစ္၊ ၆၄ႏွစ္၊ ၇၁ႏွစ္၊ ၇၈ႏွစ္၊ ၈၅ႏွစ္၊ ၉၂ႏွစ္ စေသာ အသက္ပိုင္းမ်ားတြင္ ကံဇာတာ ညႇိးႏြမ္းလြယ္၏။

ယၾတာအားျဖင့္ ဘုန္းေတာ္ႀကီးေက်ာင္းသို႔ ေလာင္စာလႉရ၏။ ထင္း/မီးေသြး/မီးခတ္/မီးဖို စသည္ျဖင့္ လႉႏိုင္၏။ နာရီ ျပကၡဒိန္ စသည္တို႔ကို လႉေပးရ၏။

ဗုဒၶဟူး/ရာဟုေန႔ဖြားမ်ားသည္

အသက္အားျဖင့္ ၂ႏွစ္၊ ၉ႏွစ္၊ ၁၆ႏွစ္၊ ၂၃ႏွစ္၊ ၃၀ႏွစ္၊ ၃၇ႏွစ္၊ ၄၄ႏွစ္၊ ၅၁ႏွစ္၊ ၅၈ႏွစ္၊ ၆၅ႏွစ္၊ ၇၂ႏွစ္၊ ၇၉ႏွစ္၊ ၈၆ ႏွစ္ ၊ ၉၃ ႏွစ္ စေသာ အသက္ပိုင္းျခားတို႔တြင္ ကံဇာတာ ေမွးမွိန္လြယ္၏။

ယၾတာအားျဖင့္ ယပ္လႉရ၏။ ေလပန္ကာ၊ ေလေအးေပးစက္ စသည္လည္း လႉႏိုင္၏။ စိတ္မႏွံ႔သူတို႔ကို ကုသိုလ္ျပဳရ၏။ ဇာတာရွင္ကိုယ္တိုင္လည္း အိပ္ယာ ေျပာင္းအိပ္ရ၏။

ၾကာသာပေတးေန႔ဖြားတို႔သည္

အသက္အားျဖင့္ ၃ႏွစ္၊ ၁၀ႏွစ္၊ ၁၇ႏွစ္၊ ၂၄ႏွစ္၊ ၃၁ႏွစ္၊ ၃၈ႏွစ္၊ ၄၅ႏွစ္၊ ၅၂ႏွစ္၊ ၅၉ႏွစ္၊ ၆၆ႏွစ္၊ ၇၃ႏွစ္၊ ၈၀ႏွစ္၊ ၈၇ႏွစ္၊ ၉၄ႏွစ္ စေသာ အသက္ပိုင္းျခားတို႔တြင္ ကံဇာတာ ညႇိးမွိန္လြယ္၏။

ယၾတာအားျဖင့္ အဂၤါေန႔တြင္ ဆီဦးေထာပတ္ကို လႉရ၏။ ေငြငါးရာ၊ ငါးေထာင္၊ ငါးေသာင္း ၊ ငါးသိန္း စသည္ျဖင့္ မိမိတို႔ တတ္ႏိုင္သမွ်ကို ပံ့သကူ ပစ္ေပးရ၏။ တစ္ေနရာတည္းတြင္ မပစ္ဘဲ ငါးေနရာခန႔္ ခြဲျဖန႔္ၿပီး ပံ့သကူ ပစ္ရ၏။ သန႔္ရွင္းေရးကုသိုလ္လည္း ျပဳေပးရ၏။

ေသာၾကာေန႔ဖြားတို႔သည္

အသက္အားျဖင့္ ၄ႏွစ္၊ ၁၁ႏွစ္၊ ၁၈ႏွစ္၊ ၂၅ႏွစ္၊ ၃၂ႏွစ္၊ ၃၉ႏွစ္၊ ၄၆ႏွစ္၊ ၅၃ႏွစ္၊ ၆၀ႏွစ္၊ ၆၇ႏွစ္၊ ၇၄ႏွစ္၊ ၈၁ႏွစ္၊ ၈၈ႏွစ္၊ ၉၅ႏွစ္ စေသာ အသက္ပိုင္းတို႔တြင္ ကံဇာတာ ညႇိးမွိန္လြယ္၏။

ယၾတာအားျဖင့္ အမႈိက္ပုံး၊ ေထြးခံ စသည္တို႔တြင္ မိမိနာမည္ေရးထိုးၿပီး သံဃာေတာ္ တို႔ကို လႉေပးရ၏။ တတ္ႏိုင္သူမ်ားအဖို႔ (မိမိနာမည္ထိုးၿပီး) ကုဋီေဆာက္လုပ္လႉဒါန္းႏိုင္၏။ ေဝယ်ာဝစၥကုသိုလ္အျဖစ္ ပတ္ဝန္းက်င္ သန႔္ရွင္းေရးကို လည္း ျပဳေပးရ၏။ ေသာ့ လႉရ၏။

စေနေန႔ဖြားတို႔သည္

အသက္အားျဖင့္ ၅ႏွစ္၊ ၁၂ႏွစ္၊ ၁၉ႏွစ္၊ ၂၆ႏွစ္၊ ၃၃ႏွစ္၊ ၄၀ႏွစ္၊ ၄၇ႏွစ္၊ ၅၄ႏွစ္၊ ၆၁ႏွစ္၊ ၆၈ႏွစ္၊ ၇၅ႏွစ္၊ ၈၂ႏွစ္၊ ၈၉ႏွစ္ တို႔တြင္ ကံဇာတာ ညႇိးမွိန္လြယ္၏။

ယၾတာအားျဖင့္ သံဃာစီးဖိနပ္တို႔ကို လႈဒါန္းေပးရ၏။ ကေလးသူငယ္မ်ားကို ဒါနျပဳေပးရ၏။ ေသြးလႉရ၏။ သူတစ္ပါး၏ ဝန္စည္စလြယ္ တို႔ကို မိမိမွ ေစတနာျဖင့္ ကူညီထမ္းပိုးေပးရ၏။

ေဖာ္ျပပါအသက္ပိုင္းေတြကို ေလ့လာၾကည့္ရင္ ၇ ႏွစ္ စက္ဝိုင္းလို လည္ပတ္ေနတဲ့ ကံအားနည္းတတ္ခ်ိန္မ်ားကို သတိျပဳမိၾကလိမ့္မယ္ ထင္ပါတယ္။

မွန္ပါတယ္။ ၇ႏွစ္တစ္ခါ ကြၽန္ေတာ္တို႔ေတြ ျဖတ္သန္းေနၾက ကံအတက္အက် လႈိင္းအေပၚမွာ တြက္ခ်က္ ယူထားျခင္း ျဖစ္ပါတယ္။ ၇ခုစား ၈ခုစားေဗဒင္ ဆိုၿပီးေတာ့ အထင္ေတာ့ မေသးလိုက္ၾကပါနဲ႔ ခင္ဗ်ား။

ေရွးစဥ္က ရွင္ဘုရင္ေတြ စစ္ခ်ီစစ္တိုက္ ထြက္ရာမွာေသာ္မွ ဒီစနစ္ကေလးေတြကို မုခ် အသုံးျပဳခဲ့ရပါတယ္။

အေရးႀကီးလို႔လည္း ကြၽန္ေတာ္ ဒီမွ်အထိ အေသးစိတ္ ေသခ်ာေရးေပးထားျခင္း ျဖစ္ပါတယ္။

တစ္ခုရွိတာက ဆိုင္ရာေန႔နံအလိုက္ ဆိုင္ရာအသက္ပိုင္းမ်ား ေရာက္တိုင္း မညံ့ပါ။ ဒါကို အထူးသတိျပဳပါ။ သို႔ေသာ္ ၁၀ေယာက္မွာ ၅ေယာက္ေလာက္က သိသိသာသာကို ညံ့တတ္ပါတယ္။

၃ေယာက္ေလာက္ မသိမသာေလာက္သာ ျဖစ္ႏိုင္ၿပီး ၂ေယာက္ေလာက္ကေတာ့ လုံး၀ လြတ္လြတ္ကင္းကင္း ျဖစ္တတ္ပါတယ္။ (မူလဇာတာ၊ ျဖတ္သန္းဆဲဒသာနဲ႔ အမည္မ်ားအရ ကြာျခားသြားတာ ျဖစ္ပါတယ္။)

ေလးစားစြာျဖင့္

ကိုဖုန္း

သုေတသီေဝသာလီေမာင္ဖုန္း

ကိုစိုးမိုးထြန္း (ေဗဒင္ပညာသုေတသီ)

credit-bamakhit

Unicode

နေ့နံအလိုက် ကံဇာတာ နိမ့်ပါးမှေးမှိန်တတ်သော အသက်အရွယ်များ

မွေးနံအလိုက် အသက်အရွယ်အလိုက် ကံဇာတာနိမ့်ပါးတတ်ချိန်များ (ကလေးသူငယ်များမှာတော့ ကျန်းမာရေး နှင့် ပညာရေး) အားနည်းတတ်ချိန်များကို အလွယ်တကူ ကြည့်ရှုသိရှိနိုင်ပြီး ဆိုင်ရာ ယတြာပိုင်းလေးတွေကိုလည်း ပြုလုပ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။ မြန်မာ့ရိုးရာ သေသဝိဇ္ဇာပညာရပ်အရ သုံးသပ် တင်ပြပေးထားခြင်း ဖြစ်ပါတယ်ခင်ဗျား။

တနင်္ဂနွေနေ့ဖွားများသည်

အသက်အားဖြင့် ၆နှစ်၊ ၁၃နှစ်၊ ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊ ၇၆နှစ်၊ ၈၃နှစ်၊ ၉၀နှစ် စသော အသက်ပိုင်းများတွင် ကံဇာတာ ညှိးနွမ်းလွယ်တတ်ပါသည်။ယတြာအားဖြင့် သက်ကြီးရွယ်အိုများကို ဆေးဝါးနှင့် အစာအာဟာရ လှုဒါန်းခြင်း၊ အဝေးရှိ အမျိုးသား အကြီးအကဲ တစ်ဦးကို ကျေးဇူးပြုခြင်း၊ ကန်တော့ခြင်း ပြုပေးရပါသည်။

တနင်္လာနေ့ဖွားများသည်

အသက်အားဖြင့် ၇နှစ်၊ ၁၄နှစ်၊ ၂၁နှစ်၊ ၂၈နှစ်၊ ၃၅နှစ်၊ ၄၂နှစ်၊ ၄၉နှစ် ၊ ၅၆နှစ်၊ ၆၃နှစ်၊ ၇၀နှစ် ၊ ၇၇နှစ်၊ ၈၄ နှစ်၊ ၉၁နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ ညှိးနွမ်းလွယ်၏။

ယတြာအားဖြင့် ရေအရှင် (စီးနေသော မြစ်ရေ..ချောင်းရေ) တွင် ငါးလွှတ်ပေးရ၏။ သန့်ရှင်းရေး ကုသိုလ်များ ပြုပေးရ၏။ ကျန်းမာသူဖြစ်လျှင် သွေးလှူပေးခြင်းသည် အထိရောက်ဆုံး ယတြာဖြစ်၏။

အင်္ဂါနေ့ဖွားများသည်

အသက်အားဖြင့် ၁နှစ် ၊ ၈နှစ်၊ ၁၅နှစ်၊ ၂၂နှစ်၊ ၂၉နှစ်၊ ၃၆နှစ်၊ ၄၃နှစ်၊ ၅၀နှစ်၊ ၅၇နှစ်၊ ၆၄နှစ်၊ ၇၁နှစ်၊ ၇၈နှစ်၊ ၈၅နှစ်၊ ၉၂နှစ် စသော အသက်ပိုင်းများတွင် ကံဇာတာ ညှိးနွမ်းလွယ်၏။

ယတြာအားဖြင့် ဘုန်းတော်ကြီးကျောင်းသို့ လောင်စာလှူရ၏။ ထင်း/မီးသွေး/မီးခတ်/မီးဖို စသည်ဖြင့် လှူနိုင်၏။ နာရီ ပြက္ခဒိန် စသည်တို့ကို လှူပေးရ၏။

ဗုဒ္ဓဟူး/ရာဟုနေ့ဖွားများသည်

အသက်အားဖြင့် ၂နှစ်၊ ၉နှစ်၊ ၁၆နှစ်၊ ၂၃နှစ်၊ ၃၀နှစ်၊ ၃၇နှစ်၊ ၄၄နှစ်၊ ၅၁နှစ်၊ ၅၈နှစ်၊ ၆၅နှစ်၊ ၇၂နှစ်၊ ၇၉နှစ်၊ ၈၆ နှစ် ၊ ၉၃ နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ မှေးမှိန်လွယ်၏။

ယတြာအားဖြင့် ယပ်လှူရ၏။ လေပန်ကာ၊ လေအေးပေးစက် စသည်လည်း လှူနိုင်၏။ စိတ်မနှံ့သူတို့ကို ကုသိုလ်ပြုရ၏။ ဇာတာရှင်ကိုယ်တိုင်လည်း အိပ်ယာ ပြောင်းအိပ်ရ၏။

ကြာသာပတေးနေ့ဖွားတို့သည်

အသက်အားဖြင့် ၃နှစ်၊ ၁၀နှစ်၊ ၁၇နှစ်၊ ၂၄နှစ်၊ ၃၁နှစ်၊ ၃၈နှစ်၊ ၄၅နှစ်၊ ၅၂နှစ်၊ ၅၉နှစ်၊ ၆၆နှစ်၊ ၇၃နှစ်၊ ၈၀နှစ်၊ ၈၇နှစ်၊ ၉၄နှစ် စသော အသက်ပိုင်းခြားတို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။

ယတြာအားဖြင့် အင်္ဂါနေ့တွင် ဆီဦးထောပတ်ကို လှူရ၏။ ငွေငါးရာ၊ ငါးထောင်၊ ငါးသောင်း ၊ ငါးသိန်း စသည်ဖြင့် မိမိတို့ တတ်နိုင်သမျှကို ပံ့သကူ ပစ်ပေးရ၏။ တစ်နေရာတည်းတွင် မပစ်ဘဲ ငါးနေရာခန့် ခွဲဖြန့်ပြီး ပံ့သကူ ပစ်ရ၏။ သန့်ရှင်းရေးကုသိုလ်လည်း ပြုပေးရ၏။

သောကြာနေ့ဖွားတို့သည်

အသက်အားဖြင့် ၄နှစ်၊ ၁၁နှစ်၊ ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉နှစ်၊ ၄၆နှစ်၊ ၅၃နှစ်၊ ၆၀နှစ်၊ ၆၇နှစ်၊ ၇၄နှစ်၊ ၈၁နှစ်၊ ၈၈နှစ်၊ ၉၅နှစ် စသော အသက်ပိုင်းတို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။

ယတြာအားဖြင့် အမှိုက်ပုံး၊ ထွေးခံ စသည်တို့တွင် မိမိနာမည်ရေးထိုးပြီး သံဃာတော် တို့ကို လှူပေးရ၏။ တတ်နိုင်သူများအဖို့ (မိမိနာမည်ထိုးပြီး) ကုဋီဆောက်လုပ်လှူဒါန်းနိုင်၏။ ဝေယျာဝစ္စကုသိုလ်အဖြစ် ပတ်ဝန်းကျင် သန့်ရှင်းရေးကို လည်း ပြုပေးရ၏။ သော့ လှူရ၏။

စနေနေ့ဖွားတို့သည်

အသက်အားဖြင့် ၅နှစ်၊ ၁၂နှစ်၊ ၁၉နှစ်၊ ၂၆နှစ်၊ ၃၃နှစ်၊ ၄၀နှစ်၊ ၄၇နှစ်၊ ၅၄နှစ်၊ ၆၁နှစ်၊ ၆၈နှစ်၊ ၇၅နှစ်၊ ၈၂နှစ်၊ ၈၉နှစ် တို့တွင် ကံဇာတာ ညှိးမှိန်လွယ်၏။

ယတြာအားဖြင့် သံဃာစီးဖိနပ်တို့ကို လှုဒါန်းပေးရ၏။ ကလေးသူငယ်များကို ဒါနပြုပေးရ၏။ သွေးလှူရ၏။ သူတစ်ပါး၏ ဝန်စည်စလွယ် တို့ကို မိမိမှ စေတနာဖြင့် ကူညီထမ်းပိုးပေးရ၏။

ဖော်ပြပါအသက်ပိုင်းတွေကို လေ့လာကြည့်ရင် ၇ နှစ် စက်ဝိုင်းလို လည်ပတ်နေတဲ့ ကံအားနည်းတတ်ချိန်များကို သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။

မှန်ပါတယ်။ ၇နှစ်တစ်ခါ ကျွန်တော်တို့တွေ ဖြတ်သန်းနေကြ ကံအတက်အကျ လှိုင်းအပေါ်မှာ တွက်ချက် ယူထားခြင်း ဖြစ်ပါတယ်။ ၇ခုစား ၈ခုစားဗေဒင် ဆိုပြီးတော့ အထင်တော့ မသေးလိုက်ကြပါနဲ့ ခင်ဗျား။

ရှေးစဉ်က ရှင်ဘုရင်တွေ စစ်ချီစစ်တိုက် ထွက်ရာမှာသော်မှ ဒီစနစ်ကလေးတွေကို မုချ အသုံးပြုခဲ့ရပါတယ်။

အရေးကြီးလို့လည်း ကျွန်တော် ဒီမျှအထိ အသေးစိတ် သေချာရေးပေးထားခြင်း ဖြစ်ပါတယ်။

တစ်ခုရှိတာက ဆိုင်ရာနေ့နံအလိုက် ဆိုင်ရာအသက်ပိုင်းများ ရောက်တိုင်း မညံ့ပါ။ ဒါကို အထူးသတိပြုပါ။ သို့သော် ၁၀ယောက်မှာ ၅ယောက်လောက်က သိသိသာသာကို ညံ့တတ်ပါတယ်။

၃ယောက်လောက် မသိမသာလောက်သာ ဖြစ်နိုင်ပြီး ၂ယောက်လောက်ကတော့ လုံး၀ လွတ်လွတ်ကင်းကင်း ဖြစ်တတ်ပါတယ်။ (မူလဇာတာ၊ ဖြတ်သန်းဆဲဒသာနဲ့ အမည်များအရ ကွာခြားသွားတာ ဖြစ်ပါတယ်။)

လေးစားစွာဖြင့်

ကိုဖုန်း

သုတေသီဝေသာလီမောင်ဖုန်း

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

credit-bamakhit

သင့္ နာဖူး ပုံစံေလးေတြက ေျပာေနေသာ သင့္အေၾကာင္း
ASTROLOGY
သင့္ နာဖူး ပုံစံေလးေတြက ေျပာေနေသာ သင့္အေၾကာင္း

သင့္ နာဖူး ပုံစံေလးေတြက ေျပာေနေသာ သင့္အေၾကာင္း ၁။ သင္က ႏွာဖူး က်ယ္ေနတယ္ဆိုရင္။ လူအမ်ားနဲ႔ ေပါင္းသင္း ဆက္ဆံရတာကို ႏွစ္သက္တယ္။ ဉာဏ္ရည္ ထက္ျမက္ၿပီး နားလည္ မႈ ရွိတယ္ ဆိုတာ ကိုလည္း ေဖာ္ျပေနတယ္။ လူအမ်ားက သင့္ကို ႏွစ္သက္ၾကတယ္။ အမ်ား အားျဖင့္ ေတာ့ လူႀကီး ေတြေပါ့။ ၂။ သင္က နာဖူး က်ဥ္းေနတယ္ ဆိုရင္။ တစ္ကိုယ္တည္း ေနထိုင္ရတာကို ႀကိဳက္တယ္။ အရာရာတိုင္းမွာ သူမ်ားနဲ႔ မတူတဲ့ ထင္ျမင္ ခ်က္ ေတြ ရွိတယ္။ သင့္ ဘဝကို ကိုယ့္နည္း ကိုယ္ဟန္နဲ႔ ေနထိုင္ ရတာကို …

စေနသားသမီးမ်ားအတြက္ ဘဝတစ္သက္စာေဟာစာတမ္းႏွင့္ ယၾတာမ်ား
ASTROLOGY
စေနသားသမီးမ်ားအတြက္ ဘဝတစ္သက္စာေဟာစာတမ္းႏွင့္ ယၾတာမ်ား

မိမိတို႔ရဲ႕ အသက္အပိုင္းျခားကို ၾကည့္ၿပီး အေဟာကို ဖတ္ပါေလ။ ညံ့တဲ့ႏွစ္ေတြမွာ ေခ်ရမယ့္ ယၾတာကိုပါ ေဖာ္ျပေပးထားပါတယ္။ ေကာင္းတဲ့ ႏွစ္ေတြမွာလည္း ေကာင္းသထက္ ေကာင္းေစဖို႔ ေခ်ရမယ့္ ယၾတာေတြကိုလည္း ေဖာ္ျပေပးလိုက္ပါတယ္။စေနသားသမီးျဖစ္ေသာသင္သည္။ အသက္…၁၊၉၊၁၇၊၂၅၊၃၃၊၄၁၊၄၉၊၅၇၊၆၅၊၇၃၊၈၁၊ ၈၉၊၉၇၊၁၀၅ ႏွစ္အတြင္း၌ စေန သက္ေရာက္ျဖစ္၏…။သင္သည္ယခုႏွစ္အတြင္ အလုပ္ေနရာ အိမ္ေနရာအသစ္ရျခင္၊ေနရာထိုင္ျခင္း၊မြမ္းမံရျခင္း၊ေျပာင္းေ႐ႊရျခင္းမ်ားႀကံဴရတတ္၏။ခရီးတို၊ခရီးရွည္မ်ား သြားေနရလိမ့္မည္။ထိုခရီးမ်ားသည္လဲ သင့္အတြက္အက်ိဳးထူးေစပါလိမ့္မည္။ မထင္မွတ္ဘဲ ပညာတစ္ခုသင္ၾကားရျခင္း၊သင္တန္းတစ္ခုတက္ရျခင္းမ်ားျပဳရတတ္၏။မရည္႐ြယ္ဘဲ ေျမဝင္တတ္၏။အလုပ္အကိုင္၌ ထိခိုက္တတ္၏။ျပသနာႀကီးစြာေျဖရွင္းရတတ္၏။ ႐ုံးျပင္ကႏၷား၊အမႈအခင္းမ်ားႏွင့္ပတ္သက္ရတတ္၏။မိမိႏွင့္တကြ မိသားစုပါ က်န္းမာေရးညံ့တက္၏။ေဆး႐ုံ၊ေဆးခန္းေရာက္ရတတ္၏။မီး၊လွ်ပ္စစ္ ဒုကၡေပးတတ္၏။အထူးသတိျပဳပါ။ လူမ်ိဳးျခား ဒုကၡေပးတတ္၏။ ေ႐ြႏွင့္ရတနာပစၥည္းမ်ား ထြက္ျခင္း၊ေပါင္ႏွံရျခင္းမ်ား ႀကဳံရတတ္၏။ သားသမီးလက္ေအာက္ငယ္သားႏွင့္ ပက္သတ္ၿပီး စိတ္ညစ္စရာ ႀကဳံရမည္။စက္ပစၥည္း ဒုကၡေပးတတ္၏။ေငြဒလေဟာ ထြက္ျခင္း၊ေငြအတြက္ေျပာဆိုေျဖရွင္းရျခင္းမ်ား ႀကဳံရမည္။ မထင္မွတ္ေသာ ေဆြမ်ိဳးသားခ်င္းကအကူအညီေကာင္းေပးလာလိမ့္မည္။သစ္၊သံ၊သြပ္ကိစၥမ်ား၊ေရတြက္ကုန္ပစၥည္းကိစၥမ်ား ေအာင္ျမင္အက်ိဳးေပးလိမ့္မည္။ဌာနဆိုင္ရာ အႀကီးအကဲ၊ေဆြမ်ိဳးအႀကီးအကဲတို႔က အကူအညီေကာင္းေပးလိမ့္မည္။က်န္းမာေရးညံ့ေသာ …

(၂ဝ၂ဝ)ျပည့္ခုႏွစ္ စေနသားသမီမ်ားအတြက္ တစ္ႏွစ္စာေဟာစာတမ္း
ASTROLOGY
(၂ဝ၂ဝ)ျပည့္ခုႏွစ္ စေနသားသမီမ်ားအတြက္ တစ္ႏွစ္စာေဟာစာတမ္း

(၂ဝ၂ဝ)ျပည့္ခုႏွစ္ စေနသားသမီမ်ားအတြက္ တစ္ႏွစ္စာေဟာစာတမ္း ယခုႏွစ္တြင္မိမိလက္ရွိလုပ္ကိုင္ေနေသာအလုပ္အကိုင္မွာအက်ိဳး အျမတ္ထူးထူးျခားျခား ရရွိပါလိမ့္မည္။ အလႉ အတန္းျပဳရျခင္းႏွင့္ မဂၤလာပြဲမ်ား စီစဥ္ေပးရျခင္းမ်ား ျပဳလုပ္ရတတ္သည္။ အလုပ္ေနရာ အိမ္ေနရာ ေျပာင္းေ႐ႊ႕ရတတ္ျခင္း ေ႐ႊဝင္မည္ ရတနာပစၥည္းမ်ားဝင္မည္။ စပ္တူရွယ္ယာ လုပ္ငန္းမ်ား ေပၚလာလိမ့္မည္ လုပ္လွ်င္ေအာင္ျမင္၍ ကိုယ္ပိုင္လုပ္ငန္းျဖစ္ေစ၊ ဝန္ထမ္းျဖစ္ေစႀကီးပြားတိုးတက္ေအာင္ျမင္မည့္ ကာလႏွစ္ျဖစ္သည္ …။ မိမိအလိုဆႏၵ ျပည့္ဝႏိုင္ရန္ မိမိကိုယ္တိုင္ကိုယ္က် စီမံခန႔္ခြဲၿပီး လုပ္ငန္းလုပ္ကိုင္ရမည္။မိတ္သဂၤဟအေႁခြအရံမ်ား ေပါမ်ားလာေအာင္ လူမႈေရးကိစၥမ်ားလုပ္ပါ။ အမ်ားေလးစားၾကည္ညိဳ ခံရတတ္ၿပီးဘဝ အထြဠ္အထိပ္ကို ေရာက္ရွိပါမည္။ အဝိစီ၊ ေရတြင္း၊ ေရကန္ကိစၥ မ်ား ေဆာင္႐ြက္လွ်င္ ေအာင္ျမင္မည္။ အဖိုးတန္ယာဥ္ေတြ၊ စက္ေတြ ဝင္လာမည္။ ဘုရာဖူးခရီး၊ စိတ္ခ်မ္းသာဖြယ္ခရီးေတြလည္း သြားရတတ္ပါသည္ …။ ယခုႏွစ္တြင္ စေနသားသမီးမ်ား …