အလှူဒါနပြုပြီးတိုင်းမှာ ဘာကြောင့် ရေစက်ချရသလဲ…

အလှူဒါနပြုပြီးတိုင်းမှာ ဘာကြောင့် ရေစက်ချရသလဲ...
အလှူဒါနပြုပြီးတိုင်းမှာ ဘာကြောင့် ရေစက်ချရသလဲ...

အလှူဒါနပြုပြီးတိုင်းမှာ ဘာကြောင့် ရေစက်ချရသလဲ…

ကုသိုလ် ကောင်းမှုတွေ ပြုပြီးတိုင်း အထူးသဖြင့် အလှူ ဒါန ပြုပြီးတိုင်းမှာ ရေစက်ချ အမျှဝေ လေ့ရှိတာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု တစ်ခုပါ ။

မိမိတို့ရဲ့ ကုသိုလ် ကောင်းမှု များကို ဝသုန္ဒြေ မြေစောင့်နတ်ကို သက်သေ ပြုရတဲ့ အနေနဲ့ ရေစက်ချတယ် ဆိုတာတော့ အများ သိပြီး ဖြစ်ပါတယ် ။

ဆရာတော် ဘုရားကြီး ရေစက်ချ ဖွင့်ဆိုပုံကတော့ ကိလေသာ အပူမီးတွေ ကြားက ရုန်းထွက် နိုင်အောင် ၊လောကဓံကို တရား ရှိရှိ နဲ့ ရင်ဆိုင် နိုင်အောင် ၊ မိမိတို့ စိတ်ကလေး ကြည်နေ အေးနေ တည်ငြိမ် နေရတယ် ။

ရေလိုကြည်ပြီး ရေလို အေးနေပါမှ မိမိတို့ ဒါနမှုဟာ အစွဲ အငြိတွေက လွတ်မြောက် စင်ကြယ်တယ် ။

အလှူဒါန စင်ကြယ်မှ အကျိုး ပေးတယ် ။ ဘယ်အထိ အကျိုးပေး မလဲဆိုတော့ နိဗ္ဗာန် ရောက်ကြောင်း အထောက်အပံ့ ဖြစ်စေ တဲ့အထိ အကျိုးပေးမယ် ။

ရေစက်ချ နေစဉ်အခါ မှာလည်း ရေစက်ခွက် ထဲက ရေတွေ “ ရှိရာမှ မရှိရာသို့ ”သွားနေတဲ့ သဘော ။

ဖြစ် – ပျက် နဲ့ အနိစ္စ လက္ခဏာကို ဆင်ခြင်မိ တတ်ပါစေ ။ ဉာဏ် ဦးစီးတဲ့ ကုသိုလ် မျိုးသာ နိဗ္ဗာန်ထိ အကျိုးပေး နိုင်တာ ။

ရေစက်ချတဲ့ ဓလေ့ ဘယ်အချိန်က စခဲ့သလဲ ဆိုရင်တော့ ဝေဿန္တရာ မင်းကြီးက စခဲ့တယ်လို့ ပြောရမယ် ။

ဝေဿန္တရာ မင်းကြီးဟာ သားတော် ၊ သမီးတော်တို့ကို ပုဏ္ဏားကို လှူတဲ့ အချိန်မှာ သူ့နှလုံးဟာ အင်မတန်ပူလောင် နေတယ် ။

ဒါကြောင့် ရေစက်ချပြီး ရေရဲ့ အေးတဲ့ အထိ အတွေ့က တစ်ဆင့် ဓမ္မဓာတ်ရဲ့ အေးမြတဲ့ သဘော ၊ သောကစတဲ့ ကိလေသာ အပူတွေကို အေးငြိမ်းအောင် နိုင်တဲ့ ဓမ္မဓာတ် ကို ကူးယူ ရတယ် ။

ဒီဘက်ခေတ်မှာ ကျတော့ သားတွေ သမီးတွေ ပေးလှူပစ်တဲ့ အထိ မရက်ရော နိုင်ပေမယ့် လှူတဲ့ အလှူတွေမှာ လောဘ ၊ ဒေါသ ၊ မောဟ ၊ သောက ၊ မာနစတဲ့ ကိလေသာ မကင်းကြဘူး ။ ကိလေသာ မကင်းသမျှ ပူနေမှာပဲ ။ ဒါကြောင့် ပူနေတဲ့ စိတ်ကလေး ရေလိုအေးပြီး ရေလို ကြည်အောင် ရေစက်ချ နေစဉ်မှာ စိတ်တည်ငြိမ်အောင် ထားနိုင်ရမယ် ။

ခုနပြောသလို ခွက်ထဲက ရေတွေ “ ရှိရာမှ မရှိရာသို့ ”သွားနေတဲ့ ဖြစ်ပျက် သဘောကိုလည်း ဒီရေစက် ကပဲ ဆင်ခြင်ကြရ လိမ့်မယ် ။

ဒါက တရားသဘောအရ ဘာ့ကြောင့် ရေစက်ချရတယ်ဆိုတာပါပဲ ။ . ။

မဟာဗောဓိမြိုင်ဆရာတော်ကြီး ( 13.3.1997 သာစည်မြို့နယ်၊လှိုင်းတက်စည်သွပ်စက်ရုံတရားပွဲ )

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ဘာ့ကြောင့် 1+2 ပေါင်းချုပ် ကြောင်းကျိုးဆက်သဘော အချက်များ စာအုပ်မှ ပြန်လည်ဝေမျှသည် ။ . . . ။

Zawgyi

အလႉဒါနျပဳၿပီးတိုင္းမွာ ဘာေၾကာင့္ ေရစက္ခ်ရသလဲ…

ကုသိုလ္ ေကာင္းမႈေတြ ျပဳၿပီးတိုင္း အထူးသျဖင့္ အလႉ ဒါန ျပဳၿပီးတိုင္းမွာ ေရစက္ခ် အမွ်ေဝ ေလ့ရွိတာ ဗုဒၶဘာသာ ယဥ္ေက်းမႈ တစ္ခုပါ ။

မိမိတို႔ရဲ႕ ကုသိုလ္ ေကာင္းမႈ မ်ားကို ဝသုေျႏၵ ေျမေစာင့္နတ္ကို သက္ေသ ျပဳရတဲ့ အေနနဲ႔ ေရစက္ခ်တယ္ ဆိုတာေတာ့ အမ်ား သိၿပီး ျဖစ္ပါတယ္ ။

ဆရာေတာ္ ဘုရားႀကီး ေရစက္ခ် ဖြင့္ဆိုပုံကေတာ့ ကိေလသာ အပူမီးေတြ ၾကားက ႐ုန္းထြက္ ႏိုင္ေအာင္ ၊ေလာကဓံကို တရား ရွိရွိ နဲ႔ ရင္ဆိုင္ ႏိုင္ေအာင္ ၊ မိမိတို႔ စိတ္ကေလး ၾကည္ေန ေအးေန တည္ၿငိမ္ ေနရတယ္ ။

ေရလိုၾကည္ၿပီး ေရလို ေအးေနပါမွ မိမိတို႔ ဒါနမႈဟာ အစြဲ အၿငိေတြက လြတ္ေျမာက္ စင္ၾကယ္တယ္ ။

အလႉဒါန စင္ၾကယ္မွ အက်ိဳး ေပးတယ္ ။ ဘယ္အထိ အက်ိဳးေပး မလဲဆိုေတာ့ နိဗၺာန္ ေရာက္ေၾကာင္း အေထာက္အပံ့ ျဖစ္ေစ တဲ့အထိ အက်ိဳးေပးမယ္ ။

ေရစက္ခ် ေနစဥ္အခါ မွာလည္း ေရစက္ခြက္ ထဲက ေရေတြ “ ရွိရာမွ မရွိရာသို႔ ”သြားေနတဲ့ သေဘာ ။

ျဖစ္ – ပ်က္ နဲ႔ အနိစၥ လကၡဏာကို ဆင္ျခင္မိ တတ္ပါေစ ။ ဉာဏ္ ဦးစီးတဲ့ ကုသိုလ္ မ်ိဳးသာ နိဗၺာန္ထိ အက်ိဳးေပး ႏိုင္တာ ။

ေရစက္ခ်တဲ့ ဓေလ့ ဘယ္အခ်ိန္က စခဲ့သလဲ ဆိုရင္ေတာ့ ေဝႆႏၲရာ မင္းႀကီးက စခဲ့တယ္လို႔ ေျပာရမယ္ ။

ေဝႆႏၲရာ မင္းႀကီးဟာ သားေတာ္ ၊ သမီးေတာ္တို႔ကို ပုဏၰားကို လႉတဲ့ အခ်ိန္မွာ သူ႔ႏွလုံးဟာ အင္မတန္ပူေလာင္ ေနတယ္ ။

ဒါေၾကာင့္ ေရစက္ခ်ၿပီး ေရရဲ႕ ေအးတဲ့ အထိ အေတြ႕က တစ္ဆင့္ ဓမၼဓာတ္ရဲ႕ ေအးျမတဲ့ သေဘာ ၊ ေသာကစတဲ့ ကိေလသာ အပူေတြကို ေအးၿငိမ္းေအာင္ ႏိုင္တဲ့ ဓမၼဓာတ္ ကို ကူးယူ ရတယ္ ။

ဒီဘက္ေခတ္မွာ က်ေတာ့ သားေတြ သမီးေတြ ေပးလႉပစ္တဲ့ အထိ မရက္ေရာ ႏိုင္ေပမယ့္ လႉတဲ့ အလႉေတြမွာ ေလာဘ ၊ ေဒါသ ၊ ေမာဟ ၊ ေသာက ၊ မာနစတဲ့ ကိေလသာ မကင္းၾကဘူး ။ ကိေလသာ မကင္းသမွ် ပူေနမွာပဲ ။ ဒါေၾကာင့္ ပူေနတဲ့ စိတ္ကေလး ေရလိုေအးၿပီး ေရလို ၾကည္ေအာင္ ေရစက္ခ် ေနစဥ္မွာ စိတ္တည္ၿငိမ္ေအာင္ ထားႏိုင္ရမယ္ ။

ခုနေျပာသလို ခြက္ထဲက ေရေတြ “ ရွိရာမွ မရွိရာသို႔ ”သြားေနတဲ့ ျဖစ္ပ်က္ သေဘာကိုလည္း ဒီေရစက္ ကပဲ ဆင္ျခင္ၾကရ လိမ့္မယ္ ။

ဒါက တရားသေဘာအရ ဘာ့ေၾကာင့္ ေရစက္ခ်ရတယ္ဆိုတာပါပဲ ။ . ။

မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီး ( 13.3.1997 သာစည္ၿမိဳ႕နယ္၊လႈိင္းတက္စည္သြပ္စက္႐ုံတရားပြဲ )

မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီး၏ ဘာ့ေၾကာင့္ 1+2 ေပါင္းခ်ဳပ္ ေၾကာင္းက်ိဳးဆက္သေဘာ အခ်က္မ်ား စာအုပ္မွ ျပန္လည္ေဝမွ်သည္ ။ . . . ။

Be the first to comment

Leave a Reply

Your email address will not be published.


*