သူတစ်ပါးကို ” မအေ” နဲ့တပ်ပြီး မဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ …

သူတစ်ပါးကို " မအေ" နဲ့တပ်ပြီး မဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ ...
သူတစ်ပါးကို " မအေ" နဲ့တပ်ပြီး မဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ ...

သူတစ်ပါးကို ” မအေ” နဲ့တပ်ပြီး မဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ …

” ပါးစပ်က ထွက်သော ထိုစကားကြောင့် “တဲ့ တစ်ခါက… ရဟန္တာထေရီမကြီးနှစ်ပါး ထိုင်နေတဲ့ အချိန်မှာ တစ်ပါးက မေးတယ်။ အသက်ကလည်း ငယ်တယ်၊ အရွယ်လည်းရှိပါရဲ့နဲ့ ဘာ့ကြောင့်အိမ်ထောင် မပြုတာလည်းဆိုတော့ တစ်ပါးက သူ့ဇာတ်ကြောင်းကို ပြောပြတယ်။

သူဟာ ဘဝတစ်ခုမှာ ကုန်သည်တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ ပေါင်းသင်းပြီး မကြာခင်မှာဘဲ ယောက်ျားက ကုန်ကူးသွားတော့ သူ့မှာ ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်။ ယောက္ခမတွေက သူ့သားနဲ့ရတဲ့ ကိုယ်ဝန် မဟုတ်ဘူးဆိုပြီး နှင်ချလိုက်တယ်။

ဗိုက်တစ်လုံးနဲ့ ထွက်သွားခဲ့ရတယ်။ ဇရပ်တစ်ခု ရောက်တော့ ဗိုက်နာပြီး ကလေးမွေးတယ်။ ကလေးကို ဇရပ်မှာခဏထားပြီး ရေသွားရှာနေတုန်း ခရီးသွားတစ်ယောက်က စွန့်ပစ်ထားတဲ့ ကလေးဆိုပြီး ယူသွားတယ်။ ဒီလိုနဲ့ စိတ်လေပြီး လျောက်သွားနေတုန်း ဓါးပြဗိုလ်ကြီးနဲ့ တွေ့ပြီး ပေါင်းသင်းခဲ့ပြန်တယ်။

မိန်းခလေးတစ်ယောက် မွေးတယ်။ တစ်နေ့ ကလေးပုခက်ထဲက ပြုတ်ကျပြီး ခေါင်းမှာ ဒဏ်ရာရလို့ ယောက်ျားကို ကြောက်ပြီး ထွက်ပြေးခဲ့ပြန်တယ်။ အဲဒီလိုနဲ့ တစ်ယောက်ထဲ နှစ်ပေါင်းများစွာ လျှောက်သွားနေတုန်း ကုန်သည်လေးတစ်ယောက်နဲ့ တွေ့ပြီး အိမ်ထောင်ပြုလိုက်ပြန်တယ်။

အဲဒီ ကုန်သည်ပေါက်စလေးနဲ့ ပေါင်းသင်းနေတုန်းမှာပဲ တစ်နေ့ ကုန်သည်လေးက မိန်းမငယ်ငယ်လေးတစ်ယောက်ကို ခေါ်လာပြန်လို့ နှစ်ယောက် ပေါင်းရပြန်တယ်။

တစ်နေ့တော့ မယားအငယ်လေးကို သန်းရှာပေးနေတုန်း ခေါင်းက ဒဏ်ရာကို တွေ့တော့ သူ့သမီးဒဏ်ရာနဲ့ တူလိုက်တာလို့ တွေးပြီး ဇာတိကို မေးကြည့်တော့ တကယ်ပဲ ဓါးပြဗိုလ်ကြီးနဲ့ ရခဲ့တဲ့ သူ့သမီး ဖြစ်နေပါတော့တယ်။

သားအမိနှစ်ယောက် ယူကြုံးမရ ဖြစ်နေပြီး သူတို့လင်ကို ပြောပြတော့ သူ့လင်ကလည်း တစ်ချိန်က ဇရပ်မှာ ပျောက်သွားတဲ့ သူ့သားလေး ဖြစ်နေပြန်တယ်။

ဆိုးလိုက်တဲ့ အဖြစ်ရယ်နော်။ ရဟန္တာထေရီမကြီးက သူ့ဘဝဇာတ်ကြောင်းကို ပြောပြပြီး သူလောကီမှာ မနေဝံ့တော့လို့ တရားထူးရအောင် အားထုတ်ရတာပါလို့ ပြောပြခဲ့ပါတယ်။

အဲဒါဟာ သူ ” မအေ “နဲ့ တပ်ပြီး ဆဲခဲ့မိလို့ ပြန်လည် ပေးဆပ်ရတာပါတဲ့။ ဘယ်လောက်ထိကြောက်စရာ ကောင်းလိုက်ပါသလဲ…? ညီမလေးတို့ ဘာကြောင်းနဲ့ပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ။ သူတစ်ပါးကို ” မအေ” နဲ့တပ်ပြီး မဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ သတိပေးချင်ပါတယ်။

ဘုရားစာရွတ်လို့ ကုသိုလ် ရတာလည်း ဒီပါးစပ်က ထွက်တာပါဘဲ။ ဆဲလို့ သံသရာမှာ ပေးဆပ် ရမှာလည်း ဒီပါးစပ်က ထွက်တာပါဘဲ။ ဘု ရားရှင်က ” ပါး စပ် ” က ထွက်တဲ့ စကားလုံးတွေဟာ အကျိုးမခံစားရဘဲ ပျောက်ပျက် မသွားပါဘူး ” တဲ့။ ပါးစပ် စည်းကမ်း ရှိနိုင်ကြပါစေ။
.ဦးတိလောက

Zawgyi

သူတစ္ပါးကို ” မေအ” နဲ႔တပ္ၿပီး မဆဲျဖစ္ေအာင္ ဂ႐ုစိုက္ၾကပါလို႔ …

” ပါးစပ္က ထြက္ေသာ ထိုစကားေၾကာင့္ “တဲ့ တစ္ခါက… ရဟႏၲာေထရီမႀကီးႏွစ္ပါး ထိုင္ေနတဲ့ အခ်ိန္မွာ တစ္ပါးက ေမးတယ္။ အသက္ကလည္း ငယ္တယ္၊ အ႐ြယ္လည္းရွိပါရဲ႕နဲ႔ ဘာ့ေၾကာင့္အိမ္ေထာင္ မျပဳတာလည္းဆိုေတာ့ တစ္ပါးက သူ႔ဇာတ္ေၾကာင္းကို ေျပာျပတယ္။

သူဟာ ဘဝတစ္ခုမွာ ကုန္သည္တစ္ေယာက္နဲ႔ လက္ထပ္ခဲ့တယ္။ ေပါင္းသင္းၿပီး မၾကာခင္မွာဘဲ ေယာက္်ားက ကုန္ကူးသြားေတာ့ သူ႔မွာ ကိုယ္ဝန္နဲ႔ က်န္ခဲ့တယ္။ ေယာကၡမေတြက သူ႔သားနဲ႔ရတဲ့ ကိုယ္ဝန္ မဟုတ္ဘူးဆိုၿပီး ႏွင္ခ်လိုက္တယ္။

ဗိုက္တစ္လုံးနဲ႔ ထြက္သြားခဲ့ရတယ္။ ဇရပ္တစ္ခု ေရာက္ေတာ့ ဗိုက္နာၿပီး ကေလးေမြးတယ္။ ကေလးကို ဇရပ္မွာခဏထားၿပီး ေရသြားရွာေနတုန္း ခရီးသြားတစ္ေယာက္က စြန႔္ပစ္ထားတဲ့ ကေလးဆိုၿပီး ယူသြားတယ္။ ဒီလိုနဲ႔ စိတ္ေလၿပီး ေလ်ာက္သြားေနတုန္း ဓါးျပဗိုလ္ႀကီးနဲ႔ ေတြ႕ၿပီး ေပါင္းသင္းခဲ့ျပန္တယ္။

မိန္းခေလးတစ္ေယာက္ ေမြးတယ္။ တစ္ေန႔ ကေလးပုခက္ထဲက ျပဳတ္က်ၿပီး ေခါင္းမွာ ဒဏ္ရာရလို႔ ေယာက္်ားကို ေၾကာက္ၿပီး ထြက္ေျပးခဲ့ျပန္တယ္။ အဲဒီလိုနဲ႔ တစ္ေယာက္ထဲ ႏွစ္ေပါင္းမ်ားစြာ ေလွ်ာက္သြားေနတုန္း ကုန္သည္ေလးတစ္ေယာက္နဲ႔ ေတြ႕ၿပီး အိမ္ေထာင္ျပဳလိုက္ျပန္တယ္။

အဲဒီ ကုန္သည္ေပါက္စေလးနဲ႔ ေပါင္းသင္းေနတုန္းမွာပဲ တစ္ေန႔ ကုန္သည္ေလးက မိန္းမငယ္ငယ္ေလးတစ္ေယာက္ကို ေခၚလာျပန္လို႔ ႏွစ္ေယာက္ ေပါင္းရျပန္တယ္။

တစ္ေန႔ေတာ့ မယားအငယ္ေလးကို သန္းရွာေပးေနတုန္း ေခါင္းက ဒဏ္ရာကို ေတြ႕ေတာ့ သူ႔သမီးဒဏ္ရာနဲ႔ တူလိုက္တာလို႔ ေတြးၿပီး ဇာတိကို ေမးၾကည့္ေတာ့ တကယ္ပဲ ဓါးျပဗိုလ္ႀကီးနဲ႔ ရခဲ့တဲ့ သူ႔သမီး ျဖစ္ေနပါေတာ့တယ္။

သားအမိႏွစ္ေယာက္ ယူႀကဳံးမရ ျဖစ္ေနၿပီး သူတို႔လင္ကို ေျပာျပေတာ့ သူ႔လင္ကလည္း တစ္ခ်ိန္က ဇရပ္မွာ ေပ်ာက္သြားတဲ့ သူ႔သားေလး ျဖစ္ေနျပန္တယ္။

ဆိုးလိုက္တဲ့ အျဖစ္ရယ္ေနာ္။ ရဟႏၲာေထရီမႀကီးက သူ႔ဘဝဇာတ္ေၾကာင္းကို ေျပာျပၿပီး သူေလာကီမွာ မေနဝံ့ေတာ့လို႔ တရားထူးရေအာင္ အားထုတ္ရတာပါလို႔ ေျပာျပခဲ့ပါတယ္။

အဲဒါဟာ သူ ” မေအ “နဲ႔ တပ္ၿပီး ဆဲခဲ့မိလို႔ ျပန္လည္ ေပးဆပ္ရတာပါတဲ့။ ဘယ္ေလာက္ထိေၾကာက္စရာ ေကာင္းလိုက္ပါသလဲ…? ညီမေလးတို႔ ဘာေၾကာင္းနဲ႔ပဲျဖစ္ျဖစ္ ဘယ္ေလာက္ပဲ ေဒါသထြက္ေနပါေစ။ သူတစ္ပါးကို ” မေအ” နဲ႔တပ္ၿပီး မဆဲျဖစ္ေအာင္ ဂ႐ုစိုက္ၾကပါလို႔ သတိေပးခ်င္ပါတယ္။

ဘုရားစာ႐ြတ္လို႔ ကုသိုလ္ ရတာလည္း ဒီပါးစပ္က ထြက္တာပါဘဲ။ ဆဲလို႔ သံသရာမွာ ေပးဆပ္ ရမွာလည္း ဒီပါးစပ္က ထြက္တာပါဘဲ။ ဘု ရားရွင္က ” ပါး စပ္ ” က ထြက္တဲ့ စကားလုံးေတြဟာ အက်ိဳးမခံစားရဘဲ ေပ်ာက္ပ်က္ မသြားပါဘူး ” တဲ့။ ပါးစပ္ စည္းကမ္း ရွိႏိုင္ၾကပါေစ။
.ဦးတိေလာက

Be the first to comment

Leave a Reply

Your email address will not be published.


*