အရပ်ရှည်ရှည်ကောင်လေးနဲ့ ချစ်သူဖြစ်တဲ့အခါ ကြုံရမယ့် အကောင်း အဆိုးများ

အရပ္ရွည္ရွည္ေကာင္ေလးနဲ႔ ခ်စ္သူျဖစ္တဲ့အခါ ႀကဳံရမယ့္ ေကာင္းက်ိဳး ဆိုးက်ိဳးမ်ား
အရပ္ရွည္ရွည္ေကာင္ေလးနဲ႔ ခ်စ္သူျဖစ္တဲ့အခါ ႀကဳံရမယ့္ ေကာင္းက်ိဳး ဆိုးက်ိဳးမ်ား

အရပ်ရှည်ရှည်ကောင်လေးနဲ့ ချစ်သူဖြစ်တဲ့အခါ ကြုံရမယ့် အကောင်း အဆိုးများ

မိန်းကလေး အများစုရဲ့ ချစ်သူစံချိန်တွေထဲမှာ အရပ်ရှည်ခြင်း ဆိုတာလည်း ပါဝင်လေ့ ရှိပါတယ်။ ဒါပေမယ့် အရပ်ပုပု ကောင်မလေးတစ်ယောက်နဲ့ အရပ်ရှည်ရှည် ကောင်လေးတစ်ယောက် တကယ်တမ်း ချစ်သူတွေ ဖြစ်သွားကြတဲ့အခါမှာ တော့ စိတ်ကူးယဉ် အတွေးထဲကလို ရိုမန့်တစ် ဆန်မနေဘဲ တချို့အရာတွေက ကမောက်ကမနဲ့ ရယ်စရာ ကောင်းစေပါတယ် ။

သူတို့နှစ်ဦး တွဲသွားတဲ့အခါ ဘယ်လို ရယ်ရွှင်စရာ၊ ကမောက်ကမလေးတွေ ဖြစ်တတ်သလဲဆိုတာ အောက်မှာ ဆက်လက် ဖော်ပြပေးထားပါတယ်။

စုံတွဲပုံ ရိုက်တဲ့အခါ

အရပ်ရှည်ရှည် ကောင်လေးတွေနဲ့ တွဲတဲ့ ကောင်မလေးတွေရဲ့ ကမောက်ကမ ဖြစ်ရပ်တစ်ခု ကတော့ ဆယ်လ်ဖီပုံ ရိုက်တိုင်း အဆင်မပြေ ဖြစ်ခြင်းပါပဲ။ ထိုင်ရိုက်ရင် အဆင်ပြေနိုင်ပေမယ့် ရှုခင်း လှလှလေးတွေ ရှိတဲ့ နေရာမျိုးရောက်တဲ့ အခါ သူများတွေလို မှတ်တမ်း တင်နိုင်ဖို့ စုံတွဲပုံ ရိုက်လိုက်တိုင်း ရှည်လွန်းတဲ့ ကောင်လေးရဲ့အရပ်ကြောင့် ကောင်မလေး ခမျာ ခေါင်းတစ်ဝက်၊ မျက်နှာတစ်ပိုင်းပုံတွေနဲ့သာ ဖြစ်တတ်ပြီး စုံတွဲပုံ ဆယ်လ်ဖီ ကောင်းကောင်းရဖို့ တော်တော်ကို ကြိုးစားယူရတတ်ပါတယ်။

ကောင်လေးရဲ့ အဝတ်တွေနဲ့ ဆက်ဆီမကျနိုင်ပါ

ရုပ်ရှင်ဇာတ်လမ်းတွေ ထဲမှာ မကြာခဏ မြင်ဖူးနေသလိုပဲ မင်းသမီးက မင်းသားရဲ့ ရှပ်အင်္ကျီကို ယူဝတ်ထားတာ တော်တော်ကြည့်လို့ ကောင်းတာကို မိန်းကလေးတိုင်း အားကျဖူးမှာပါ။ ကိုယ့်အလှည့်ရောက်တဲ့ အခါမှာတော့ ဆက်ဆီမကျ နိုင်ဘဲ လူကြီးအင်္ကျီ ကလေး ယူဝတ်ထား သလို ဖို့ရို့ဖားယား ဖြစ်နေတတ်တာ ပါပဲ။

တူတူရေကူးဖို့ မစဉ်းစားရဲ

ကမ်းခြေလို နေရာမျိုးတွေ သွားတဲ့ အခါ တူတူ ရေဆင်းကူးဖို့ ကတော့ နည်းနည်း ကြက်သီးထစရာ ဖြစ်ပါတယ်။ အရပ်ချင်းက တော်တော် ကွာနေတဲ့ အတွက် ကောင်လေးအတွက် သင့်တော်တဲ့ နေရာဆို ကောင်မလေးက “ပလုံ … စွက်” ဆိုပြီး မြုပ်နေလောက်ပါပြီ။

ခြေလှမ်းကျဲကြီးတွေ နောက် လိုက်ရတာ လျှာထွက်

အရပ်ရှည်သလို ခြေလှမ်းကြီးတွေကလဲ ကျဲတဲ့အတွက် တူတူလမ်းလျှောက် ထွက်ကြတဲ့အခါ တခြားသော ချစ်သူစုံတွဲ တွေလို ကဗျာဆန်ဆန်လေး လက်တွဲ မလျှောက်နိုင်ဘဲ သူ့နောက်အမှီလိုက် နေရတာနဲ့တင် ကောင်မလေးခမျာ မာရသွန် ပြေးနေရသလို ခံစားရနိုင်ပါတယ်။

မိုးရေထဲမှာ လမ်းလျှောက်ထွက်တဲ့ အခါ

ရွာနေတဲ့မိုးတွေကြားမှာ ချစ်ရသူနဲ့ အတူ ထီးကလေး တစ်ချောင်းကို နှစ်ယောက်တူတူ ဆောင်းပြီး လမ်းလျှောက်ရတာလောက် ကဗျာဆန်ပြီး ရင်ခုန်စရာကောင်းတဲ့အချိန် ရှိမယ် မထင်ပါဘူး။

ဒါပေမယ့် ဒီလိုတိုရှည်စုံတွဲ မှာတော့ ရိုမန့်တစ် မဆန်နိုင် ရှာပါဘူး။ သူ့အရပ် ရှည်ရှည်ကြီးကို လုံဖို့ ဆောင်းထားရတဲ့ ထီးအောက်မှာ ကောင်မလေးလည်း ကြွက်စုတ်လေးလို စိုရွှဲရ ပါတော့တယ်။

နားကျပ်တဖက်စီ တပ်ရင်း လမ်းတွေလျှောက်ကြတဲ့ အခါ

ဒါဟာလည်း စုံတွဲတွေ ပြုလုပ်တတ်ကြတဲ့ ကြည်နူးစရာ အပြုအမူလေးတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ညှိမရတဲ့ အရပ်အနိမ့်အမြင့်ရဲ့ ကြားထဲမှာ နားကျပ်ကြိုးလေး ခမျာလည်း သနားစရာ ကောင်းလှပါတယ်။

ကိုယ့်ချစ်သူကို ယုံပြီး မှန်ကို ချိတ်ခိုင်းမိတဲ့ အခါ

ကောင်မလေးတွေဟာ အသေးအဖွဲလေးတွေကအစ ချစ်သူအပေါ် အားကိုးမှီတွယ်ချင် တတ်ကြပါတယ်။ ဒါကြောင့် မှန်တွေဘာတွေ နံရံမှာ ချိတ်ခိုင်းမိတဲ့ အခါမှာတော့ ငါးပါးမှောက်တတ် ပါတယ်။ သူ့အရပ်နဲ့ သူမြင်ရနိုင်မယ့် အမြင့်အနေ အထားမှာ ချိတ်ထားတတ်တာကြောင့် ကောင်မလေးခမျာ ခုန်ကြည့်မှသာ ကိုယ့်မျက်နှာကိုယ် မှန်ထဲ မြင်ရနိုင်တာမျိုး ဖြစ်တတ်ပါတယ်။

VIP ခုံနေရာ

ကမောက်ကမတွေချည်းပဲ ဖြစ်တတ်တာ မဟုတ်သေးပါဘူး။ အရပ်ရှည်တဲ့ သူကို ချစ်သူတော်ထားတဲ့အခါ ရှိုးပွဲတွေ၊ EDM ပွဲတွေ သွားတဲ့ အခါမျိုးမှာတော့ မမြင်ရမှာ စိုးရိမ်စရာ မလိုပါဘူး။ ကိုယ်ပိုင် ဗွီအိုင်ပီခုံနေရာ ရှိထားပြီးသားမို့ ပါပဲ။

ကလေးလေးလို တိုးဝှေ့ဆိုးနွဲ့

ကိုယ့်အသက်က ဘယ်လောက်ပဲ ကြီးနေနေ၊ သူ့မျက်စိထဲမှာ လူကောင်သေးသေးလေးနဲ့ ကလေးမလေးလို့ပဲ မြင်နေမှာ ဖြစ်တဲ့အတွက် ကလေးလိုပဲ ဆိုးနွဲ့ပြီး သူ့အပေါ် တီတီတာတာ လုပ်နိုင်ပါတယ်။

Zawgyi

အရပ္ရွည္ရွည္ေကာင္ေလးနဲ႔ ခ်စ္သူျဖစ္တဲ့အခါ ႀကဳံရမယ့္ အေကာင္း အဆိုးမ်ား

မိန္းကေလး အမ်ားစုရဲ႕ ခ်စ္သူစံခ်ိန္ေတြထဲမွာ အရပ္ရွည္ျခင္း ဆိုတာလည္း ပါဝင္ေလ့ ရွိပါတယ္။ ဒါေပမယ့္ အရပ္ပုပု ေကာင္မေလးတစ္ေယာက္နဲ႔ အရပ္ရွည္ရွည္ ေကာင္ေလးတစ္ေယာက္ တကယ္တမ္း ခ်စ္သူေတြ ျဖစ္သြားၾကတဲ့အခါမွာ ေတာ့ စိတ္ကူးယဥ္ အေတြးထဲကလို ႐ိုမန႔္တစ္ ဆန္မေနဘဲ တခ်ိဳ႕အရာေတြက ကေမာက္ကမနဲ႔ ရယ္စရာ ေကာင္းေစပါတယ္ ။

သူတို႔ႏွစ္ဦး တြဲသြားတဲ့အခါ ဘယ္လို ရယ္႐ႊင္စရာ၊ ကေမာက္ကမေလးေတြ ျဖစ္တတ္သလဲဆိုတာ ေအာက္မွာ ဆက္လက္ ေဖာ္ျပေပးထားပါတယ္။

စုံတြဲပုံ ႐ိုက္တဲ့အခါ

အရပ္ရွည္ရွည္ ေကာင္ေလးေတြနဲ႔ တြဲတဲ့ ေကာင္မေလးေတြရဲ႕ ကေမာက္ကမ ျဖစ္ရပ္တစ္ခု ကေတာ့ ဆယ္လ္ဖီပုံ ႐ိုက္တိုင္း အဆင္မေျပ ျဖစ္ျခင္းပါပဲ။ ထိုင္႐ိုက္ရင္ အဆင္ေျပႏိုင္ေပမယ့္ ရႈခင္း လွလွေလးေတြ ရွိတဲ့ ေနရာမ်ိဳးေရာက္တဲ့ အခါ သူမ်ားေတြလို မွတ္တမ္း တင္ႏိုင္ဖို႔ စုံတြဲပုံ ႐ိုက္လိုက္တိုင္း ရွည္လြန္းတဲ့ ေကာင္ေလးရဲ႕အရပ္ေၾကာင့္ ေကာင္မေလး ခမ်ာ ေခါင္းတစ္ဝက္၊ မ်က္ႏွာတစ္ပိုင္းပုံေတြနဲ႔သာ ျဖစ္တတ္ၿပီး စုံတြဲပုံ ဆယ္လ္ဖီ ေကာင္းေကာင္းရဖို႔ ေတာ္ေတာ္ကို ႀကိဳးစားယူရတတ္ပါတယ္။

ေကာင္ေလးရဲ႕ အဝတ္ေတြနဲ႔ ဆက္ဆီမက်ႏိုင္ပါ

႐ုပ္ရွင္ဇာတ္လမ္းေတြ ထဲမွာ မၾကာခဏ ျမင္ဖူးေနသလိုပဲ မင္းသမီးက မင္းသားရဲ႕ ရွပ္အက်ႌကို ယူဝတ္ထားတာ ေတာ္ေတာ္ၾကည့္လို႔ ေကာင္းတာကို မိန္းကေလးတိုင္း အားက်ဖူးမွာပါ။ ကိုယ့္အလွည့္ေရာက္တဲ့ အခါမွာေတာ့ ဆက္ဆီမက် ႏိုင္ဘဲ လူႀကီးအက်ႌ ကေလး ယူဝတ္ထား သလို ဖို႔႐ို႕ဖားယား ျဖစ္ေနတတ္တာ ပါပဲ။

တူတူေရကူးဖို႔ မစဥ္းစားရဲ

ကမ္းေျခလို ေနရာမ်ိဳးေတြ သြားတဲ့ အခါ တူတူ ေရဆင္းကူးဖို႔ ကေတာ့ နည္းနည္း ၾကက္သီးထစရာ ျဖစ္ပါတယ္။ အရပ္ခ်င္းက ေတာ္ေတာ္ ကြာေနတဲ့ အတြက္ ေကာင္ေလးအတြက္ သင့္ေတာ္တဲ့ ေနရာဆို ေကာင္မေလးက “ပလုံ … စြက္” ဆိုၿပီး ျမဳပ္ေနေလာက္ပါၿပီ။

ေျခလွမ္းက်ဲႀကီးေတြ ေနာက္ လိုက္ရတာ လွ်ာထြက္

အရပ္ရွည္သလို ေျခလွမ္းႀကီးေတြကလဲ က်ဲတဲ့အတြက္ တူတူလမ္းေလွ်ာက္ ထြက္ၾကတဲ့အခါ တျခားေသာ ခ်စ္သူစုံတြဲ ေတြလို ကဗ်ာဆန္ဆန္ေလး လက္တြဲ မေလွ်ာက္ႏိုင္ဘဲ သူ႔ေနာက္အမွီလိုက္ ေနရတာနဲ႔တင္ ေကာင္မေလးခမ်ာ မာရသြန္ ေျပးေနရသလို ခံစားရႏိုင္ပါတယ္။

မိုးေရထဲမွာ လမ္းေလွ်ာက္ထြက္တဲ့ အခါ

႐ြာေနတဲ့မိုးေတြၾကားမွာ ခ်စ္ရသူနဲ႔ အတူ ထီးကေလး တစ္ေခ်ာင္းကို ႏွစ္ေယာက္တူတူ ေဆာင္းၿပီး လမ္းေလွ်ာက္ရတာေလာက္ ကဗ်ာဆန္ၿပီး ရင္ခုန္စရာေကာင္းတဲ့အခ်ိန္ ရွိမယ္ မထင္ပါဘူး။

ဒါေပမယ့္ ဒီလိုတိုရွည္စုံတြဲ မွာေတာ့ ႐ိုမန႔္တစ္ မဆန္ႏိုင္ ရွာပါဘူး။ သူ႔အရပ္ ရွည္ရွည္ႀကီးကို လုံဖို႔ ေဆာင္းထားရတဲ့ ထီးေအာက္မွာ ေကာင္မေလးလည္း ႂကြက္စုတ္ေလးလို စို႐ႊဲရ ပါေတာ့တယ္။

နားက်ပ္တဖက္စီ တပ္ရင္း လမ္းေတြေလွ်ာက္ၾကတဲ့ အခါ

ဒါဟာလည္း စုံတြဲေတြ ျပဳလုပ္တတ္ၾကတဲ့ ၾကည္ႏူးစရာ အျပဳအမူေလးတစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ ညႇိမရတဲ့ အရပ္အနိမ့္အျမင့္ရဲ႕ ၾကားထဲမွာ နားက်ပ္ႀကိဳးေလး ခမ်ာလည္း သနားစရာ ေကာင္းလွပါတယ္။

ကိုယ့္ခ်စ္သူကို ယုံၿပီး မွန္ကို ခ်ိတ္ခိုင္းမိတဲ့ အခါ

ေကာင္မေလးေတြဟာ အေသးအဖြဲေလးေတြကအစ ခ်စ္သူအေပၚ အားကိုးမွီတြယ္ခ်င္ တတ္ၾကပါတယ္။ ဒါေၾကာင့္ မွန္ေတြဘာေတြ နံရံမွာ ခ်ိတ္ခိုင္းမိတဲ့ အခါမွာေတာ့ ငါးပါးေမွာက္တတ္ ပါတယ္။ သူ႔အရပ္နဲ႔ သူျမင္ရႏိုင္မယ့္ အျမင့္အေန အထားမွာ ခ်ိတ္ထားတတ္တာေၾကာင့္ ေကာင္မေလးခမ်ာ ခုန္ၾကည့္မွသာ ကိုယ့္မ်က္ႏွာကိုယ္ မွန္ထဲ ျမင္ရႏိုင္တာမ်ိဳး ျဖစ္တတ္ပါတယ္။

VIP ခုံေနရာ

ကေမာက္ကမေတြခ်ည္းပဲ ျဖစ္တတ္တာ မဟုတ္ေသးပါဘူး။ အရပ္ရွည္တဲ့ သူကို ခ်စ္သူေတာ္ထားတဲ့အခါ ရႈိးပြဲေတြ၊ EDM ပြဲေတြ သြားတဲ့ အခါမ်ိဳးမွာေတာ့ မျမင္ရမွာ စိုးရိမ္စရာ မလိုပါဘူး။ ကိုယ္ပိုင္ ဗြီအိုင္ပီခုံေနရာ ရွိထားၿပီးသားမို႔ ပါပဲ။

ကေလးေလးလို တိုးေဝွ႔ဆိုးႏြဲ႕

ကိုယ့္အသက္က ဘယ္ေလာက္ပဲ ႀကီးေနေန၊ သူ႔မ်က္စိထဲမွာ လူေကာင္ေသးေသးေလးနဲ႔ ကေလးမေလးလို႔ပဲ ျမင္ေနမွာ ျဖစ္တဲ့အတြက္ ကေလးလိုပဲ ဆိုးႏြဲ႕ၿပီး သူ႔အေပၚ တီတီတာတာ လုပ္ႏိုင္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*