အရေပြားအောက်မှာ ရှင်သန်နေ, ကြီးထွားနေတဲ့ ( Hookworm infection) ချိတ်သံကောင်

အရေပြားအောက်မှာ ရှင်သန်နေ, ကြီးထွားနေတဲ့ ( Hookworm infection) ချိတ်သံကောင်
အရေပြားအောက်မှာ ရှင်သန်နေ, ကြီးထွားနေတဲ့ ( Hookworm infection) ချိတ်သံကောင်

အရေပြားအောက်မှာ ရှင်သန်နေ, ကြီးထွားနေတဲ့ ( Hookworm infection) ချိတ်သံကောင်

ဘယ်ဘက်နံကြားထဲကဆိုးဆိုးရွားရွားအောင့်လာလို သန်းခေါင်ယံလောက်ကြီးနိုးလာတယ် ။ အဆုပ်ထဲ ရေဝင်တုန်းကလို အောင့်တာ စူးပြီးတဆစ်ဆစ်နဲ့ ကိုက်ပြီးအောင့်တာ ။ အသက်ကိုအဆုံးအထိဆွဲပြီး ရှူကြည့်တော့ရတယ်… ရေဝင်တာမဟုတ်ပြန်ဘူး။

ဘယ်ဘက်ရင်ဘတ် ရင်အုံတဝှိက်ဆို ကျိန်းပြီးစပ်နေတာ ။ နှလုံးအားနည်းလို့လား ဒီရက်ပိုင်း စိတ်ဖိစီးမှုတွေ များလို့လားထင်လို့ ခြံထဲလမ်းဆင်းလျှောက်ပြီး တရားခွေဖွင့်ပြီး ပြန်အိပ်တယ် ။ အိပ်လဲမရပါဘူး မှေးလိုက် နာလွန်းလို့ ပြန်နိုးလိုက်နဲ့ မိုးလင်းရောပဲ ။

ဒုတိယနေ့ညကျ ပထမနေ့ထက် ပိုအောင့်လာတယ် ။ တသက်နဲ့တကိုယ် ခနခန ရောဂါ ဒဏ်ရာတွေနဲ့ နာခဲ့ဘူးပါတယ်.. အခုဖြစ်တာနဲ့ယှဉ်ရင် အရင်နာခဲ့ဘူးတယ်ဆိုတာ မပြောပလောက်ဘူး ။ တညလုံးအိပ်မရ နဲနဲလှုပ်တာနဲ့နာ အသက်ဆို ဖြေးဖြေးလေးရှူရတယ် ။

ချက်ခြင်းဆေးခန်းပြဖို့ကလဲ တောထဲရောက်နေတော့ အဆင်မပြေတော့ တညလုံး မိုးအလင်းပဲ ငုပ်တုပ်ထိုင်လိုက် လမ်းထလျှောက်လိုက်ပဲ ။ နာတာထက်ပိုပြီး ကျိန်းစပ်နေတာဖြင့် အပေါ်ယံအရေပြားလေးတောင် အထိမခံနိုင်ဘူး စပ်ဖျင်းဖျင်းကြီး ။

တတိယနေ့ ဆေးခန်းရောက်မှ ရောဂါသိတယ် ခန္တာကိုယ်ထဲ အကောင်ဝင်နေတာ ( Hookworm infection) ချိတ်သံကောင် ကူးစက်ခံရတာပေါ့ ။ သံကောင်ဆိုလို့ ကျွန်တော်သိတာ ဗိုက်ထဲရှိတာလောက်သိတာ အခုက အရေပြားအလွှာထဲမှာတဲ့ ။

ကျွန်တော်က စောစောရောက်လို့ တော်ပါသေးတယ်.. ဒါမျိုးက ကမ်းစပ် နယ်ဘက်မှာ အဖြစ်များတော့ ဆေးမီးတိုနဲ့ ကုပြီး တကိုယ်လုံးပွထနေမှ ရောက်လာကြတာ များတယ်တဲ့ ။ ဒါက ဒီစာရေးရတဲ့ အကြောင်းအရင်းပါ.. ကိုယ်ခံစားရတဲ့ နာကျင်မှုမျိုးနဲ့ တခြားလူ ထပ်မခံစားစေချင်ဘူး အဓိကနယ်ဘက်ကလူတွေ ခရီးသွားတဲ့ လူတွေကို သတိထားစေချင်တာ ။

မြေကြီးက အပင်ကနေ ခွေး/ ကြောင်တွေ ကိုင်တွယ်ရာက မစင်ကပါ ကူးတယ် ။ ပါးစပ်ကမှ ဝင်တာမဟုတ်ဘူး ခြေထောက်က မွှေးညှင်းပေါက်ကပါ ဝင်တာတဲ့ ။

အထဲရောက်ရင် အပေါ်ယံအရေပြားလွှာထဲကနေ လှည့်ပတ်သွားနေ စားသောက်နေတာ ပွဲဈေးပတ်နေသလိုပဲ ။ သူသွားသမျှ သူရွှေ့သမျှကိုယ်က ဒုက္ခခံရတာက သေမလို ခံရတာ ။ တကောင်ထဲလားဆို မဟုတ် ဥချမယ် မျိုးပွားမယ် လုပ်သေးတာ ။

ဒီရောဂါရဲ့သိသာတဲ့အချက်က တနေရာထဲမအောင့် မနာဘူး အကောင်ရွှေ့သွားတဲ့နေရာ လိုက်နာနေတာ ။ ကျွန်တော်ဆို ပထမရက်က ဘယ်ဘက်နံကြား နောက်ရက်ကျ ကျောချမ်း ရင်အုပ်ပိုင်းတဝှိက် ရောက်နေပြီ တတိယရက်ကျ ကျောကုန်းအလည်ဘက် ။

နောက်တခုက သူသွားလေရာ လမ်းကြောင်းလေး ကျန်ခဲ့တယ် ။ တချိုလူတွေ ရက်ကြာလာရင် အကောင်ပုံစံလေး ထင်းထင်းဖောင်းနေတယ် ။

အဆိုးဆုံးအခြေအနေက အာရုံကြောထဲဝင်မယ် ဦးနှောက်ထိရောက်မယ် မျက်စိထဲပါ ရောက်မယ်တဲ့ ။ ခရီးသွားများတဲ့ တောတိုး တောင်တက်နေတဲ့ လူတွေ ကမ်းခြေသွားမယ်ဆိုသူတွေ ဂရုစိုက်ရမှာပဲ ။

မြက်ခင်းလေးစိမ်းနေတာပဲဆို ပြေးမလှဲနဲ့.. သောင်ပြင်ပေါ် ပက်လက်အိပ်မယ်ဆိုလဲ စဉ်းစားပါဦး .. ဘယ်သွားသွားဖိနပ်စီးတာ အကောင်းဆုံးပဲ.. ခွေး/ ကြောင်တွေနဲ့ ပါးယက်နားယက် မနေနဲ့.. လက်နဲ့ ခြေထောက်စင်အောင်ဆေးပါ.. ညစ်ပတ်တဲ့အစားအစာတွေမစားပါနဲ့.. ဆူရှီ အသားစိမ်း ငါးချဉ်ထုပ်တွေဂရုစိုက်ပါ..

ကျွန်တော့လို ခံစားရလာရင် ဆေးခန်းသာပြေးပါ .. တချိုက ယာနာလိုလို ဘာလိုလိုထင်ပြီး ယားနာဆေးပဲ လိမ်းကြတယ်တဲ့ ။ ဒါနဲ့ပဲ နောက်ကျမှ ရောက်လာတော့ သောက်ဆေးနဲ့ မနိုင်တဲ့အခြေအနေ ရောက်ကုန်တာပေါ့ ။

အခုလို စောစောသိခဲ့တာတောင် ဒီလောက်ခံရခက်တာ ။ နောက်ကျမှ ကိုယ်ထဲပွားနေမှသိရင် ဘယ်လောက်ခံစားနေရမလဲ မသိပါဘူးဗျာ ။ ကျွန်တော် အခုတော့ ဆေးငါးရက်စာနဲ့ သက်သာနေပါပြီ ။

ကိုယ်ဖြစ်တာ ပြန်ပြောပြတဲ့ Sharing သက်သက်ဖြစ်လို အမှားရှိရင် ထောက်ပြပါနော် ။ မေးသမျှဖြေပေးတဲ့ ဆရာဝိရေ ကျေးဇူးပါ ။Credit/ မူရင်း

Be the first to comment

Leave a Reply

Your email address will not be published.


*