မိသားစုတိုင်း စိုက်ပျိုးထာသင့်တဲ့ အပင်တပင်

မိသားစုတိုင္း စိုက္ပ်ိဳးထာသင့္တဲ့ အပင္တပင္
မိသားစုတိုင္း စိုက္ပ်ိဳးထာသင့္တဲ့ အပင္တပင္

မိသားစုတိုင်း စိုက်ပျိုးထာသင့်တဲ့ အပင်တပင်

အာဖရိကမှာ ဒီအပင်ကို “Tree of Life” လို့ခေါ်ပြီး၊ အနောက်တိုင်းသားတွေက “Miracle Tree” လို့ခေါ်ကြပါတယ်… အာဖရိကတောင်ပိုင်း၊ လင်ပိုပို (Limpopo) ဆိုတဲ့ပြည်နယ်မှာ၊ တူးဆန် (Tooseng) ဆိုတဲ့ရွာလေးရှိတယ်.. အာဖရိကဆိုတော့ သိတဲ့အတိုင်းပဲ မိုးခေါင်ရေရှား၊ စားစရာရှားပါးတယ်…

အဟာရချို့တဲ့ကြတယ် ဒီဒဏ်ကို ကလေးငယ်တွေနှင့် သက်ကြီးတွေက ခါးစီးခံနေရတယ် သူတိုရွာက ကလေးတွေမှာ အဟာရချို့တဲ့မှုရောဂါတွေက မိခင်တွေ၊ ဖွားအေတွေအတွက် ပြဿနာကြီးကြီးတစ်ရပ် ဖြစ်နေတယ်…

၂၀၀၀ ခုနှစ်မတိုင်ခင်က အာဖရိကမှာ ဒီအပင်အကြောင်းကို သိပ်မသိကြသေး မက်သဘတ်သာ (Mathabatha) ဆိုတဲ့ အမျိးသမီးဟာ ဒီအပင်အကြောင်းကို စပြီးကြားဖူးခဲ့တာ ရွာရဲ့ဘာသာရေးဆရာ၊ ဂေါပကလူကြီးဆိုပါတော့၊ သူကပြောပြလို့ပေါ့…

ကလေးတွေ အဟာရချို့တဲ့-တဲ့အကြောင်း သူ့ရှေ့မှာ ငြီးတွားမိရာက ဒီအပင်အကြောင်း ဂေါပကလူကြီးက သူ့ကိုပြောပြခဲ့တာ မာလာဝီနယ်မှာတော့ ဒီအပင်က စိုက်ပျိုးဖြစ်ထွန်းနေသတဲ့ သူတိုဆီမှာရော ဖြစ်ပါ့မလားပေါ့ သိတဲ့အတိုင်း မြေကညံ့၊ မိုးကခေါင်လို့ ဘာပင်မှ မဖြစ်တဲ့ နေရာမဟုတ်လား…

ဒါနဲ့ သူနည်းနည်းထပ်ပြီး လေ့လာကြည့်တော့ ဖြစ်နိုင်သားပဲဆိုတာ သိလာတယ် ဒီအပင်က အတော်ညံ့တဲ့ မြေမှာလည်း ဖြစ်တာပဲတဲ့ ရေ နည်းနည်းပဲ ရလည်း ဖြစ်တာပဲတဲ့ ဒူပေဒါပေ ပစ်ထားလည်း ရှင်တဲ့အမျိုးပေါ့…

ပေါပေါပဲပဲ စိုက်သလိုဖြစ်ပေမယ့် နယ်နယ်ရရတော့ မဟုတ်ပြန်ဘူး သူ့အရွက်မှာ Vitamin C က လိမ္မော်သီးထက် ၇ ဆများသတဲ့ Vitamin A က မုန်လာဥနီထက် ၄ ဆ Potassium ဓါတ်က ငှက်ပျော်သီးထက် ၃ ဆ Calcium ဓါတ်က နိုမှာပါတာရဲ့ ၄ ဆ Protein အသားဓါတ်က ဒိန်ချဉ်မှာပါတာထက် ၂ ဆ ပိုများတာဆိုပဲ…

ဟန်ကျပြီပေါ့ သူတိုဆီမှာ မိသားစု အတော်များများဆိုတာ အသားတို့၊ အသီးအရွက်တို့ စားရဖို့ရာ အတော်ခက်ခဲကြတာကိုး။ ဒါကြောင့်လည်း ကလေးတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အသိဉာဏ်ပိုင်းဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ဗိုက်တာမင်တို သတ္တုဓါတ်တို ဆိုတာ မရကြတာက အများသား

လူကြီးတွေ အတွက်ကျတော့ ဒါတွေက သက်စောင့်ဓါတ်တွေ မဟုတ်လား…

ဒါနဲ့ မက်သဘတ်သာ တစ်ယောက် ရွာထဲက ကလေးအမေတွေကို လှည့်စည်းရုံးတော့တာပဲတဲ့ မပေါက်လည်း အရင်းပေါ့အေ…၊ ပေါက်တော့လည်း ကလေးတွေဖို့ စားစရာရ မနည်းဘူးပေါ့ ဒါနဲ့ ကပ္ပလီမ တစ်သိုက် ထွန်ကြ၊ ယက်ကြ၊ စိုက်ကြ၊ ပျိုးကြပေါ့ …

၂၀၀၅ ခုနှစ် ထဲမှာ သူတို့ အပင် ၁၅၀၀လောက် စိုက်လိုက်ကြတယ် ဘာမှ စိုက်မဖြစ်တော့ မြေလွတ်က ပေါတာကိုး ကံကောင်းတာက ဒီ အပင်ကလည်း ပေါက်တာပဲတဲ့ ဒီလောက် အဆီအနှစ်မရှိ ခြောက်သွေ့တဲ့နေရာမှာ ပေါက်တာဆိုတော့ သူတိုအတွက်က ဘုရားပေးတဲ့ ပဒေသာပင်လို့ ဆိုရလေမလား…

စိုက်ပြီး ၁ လ ကျော်တာနဲ့ အရွက်ခူးစားလိုက ရနေပါပြီ အရွက်တွေခူး အခြောက်လှမ်း အမှုန့်ကြိတ်ပြီး ကလေးတွေအတွက် အဓိကစားစရာအဖြစ် ထည့်ကျွေးကြတာပဲတဲ့ အဲဒီလို ကျွေးတယ်ဆိုရင်ပဲ၊ နဂိုက သေးကွေးခြောက်ကပ် ပိန်လှီနေတဲ့ကလေးတွေဟာ သိသိသာသာ ဖွံ့ဖြိုးစိုပြေလာကြပါတော့တယ်…

အမယ် ဘယ်လောက်များ အောင်မြင်သလဲဆို မက်သဘတ်သာ တစ်ယောက် ၂၀၁၀မှာ တောင်အာဖရိကအစိုးရကပေးတဲ့ Female Entrepreneur of the Year ဆုတွေ ဘာတွေရပြီး နာမည်ကိုကြီးရော တကယ်တော့ ဒီအပင်က ကျနော်တို မြန်မာတွေနဲ့ မစိမ်းပါဘူး …

တစ်သက်လုံးက အထင်လည်းမကြီးခဲ့တဲ့ အပင်ပါ ဒါကတော့ ဒန့်ဒလွန်ပင်ပါပဲ…

မက်သဘတ်သာ တစ်ယောက် ဒီဒန့်ဒလွန်ရွက် တစ်မျိုးတည်းနဲ့ အာဖရိက ကလေးတွေရဲ့ အဟာရချိတဲ့မှု ပြဿနာကို ဖြေရှင်းနိုင်ခဲ့ရာကနေ ဒီဇာတ်လမ်းဖြစ်ခဲ့တာပေါ့…

နောက်တော့ သူက All-women Organization ဆိုပြီး အဖွဲ့တွေထောင်တယ်… ဒန့်ဒလွန်ပင်တွေ တောထအောင် စိုက်တယ်… အသားမစားနိုင်၊ ဟင်းသီးဟင်းရွက် မဝယ်နိုင်တဲ့ ကပ္ပလီတွေ ဒန့်ဒလွန်အရွက်၊ အသီး ချည်းသာလှိမ့်စားကြတာပဲတဲ့ …

ရွာက ကလေး လူကြီးအစုံလည်း စိုပြေနုထွားလာတာပေါ့… သူလည်း ကြော်ငြာစရိတ်မကုန်ပဲ၊ ရွာသားတွေပြပြီး ကမ္ဘာအနံ့ကို ဒန့်ဒလွန်ရွက်အမှုန့်တွေ ရောင်းစားခွင့် ရလာတာပေါ့…

၂၀၁၁ ဒေတာအရ၊ သူတို All-women Organization က ဒန့်ဒလွန်ရွက်ရောင်းပြီး ဆင်းရဲသား မိသားစုပေါင်း ၃၀၀ ကျော်နှင့် မိဘမဲ့ ကလေး ၃၅၀ ကျော်ကို ထောက်ပံ့ပေးနိုင်နေပြီ… နောက်ထပ် အပင်ပေါင်း ၃၀၀၀ ကျော်လည်း ထပ်စိုက်ထားပါတယ်…

Google မှာ Mavis Mathabatha အကြောင်းကို ရှာဖတ်လို ရပါတယ်… သူ့တည်ထောင်တဲ့ All-women Organization က သူတို့ ဘာသာနဲ့ Sedikong sa Lerato ဆိုပြီး ရှာကြည့်ရင် တွေ့ပါတယ်…

Mavis Mathabatha ကိစ္စ လူသိများလာတော့ University of Fort Hare က ပညာရှင်တွေ အာဖရိကကို ပြေးကြည့်ကြတာပေါ့…

ခါတိုင်း မဲခြောက်ပိန်ကပ်နေတဲ့သူတွေ ခုတော့ စိုပြေဖွံ့ထွားနေတာ လက်တွေ့ မြင်ရတော့ ယုံကြပြီလေ… ရွာသားတွေကလည်း တစ်ယောက် တစ်ပေါက် ဒန့်ဒလွန်အစွမ်း အံ့မခန်းကို ပြောပြကြတာပေါ့… ဒါနဲ့ ဒန့်ဒလွန်ရွက်တွေ ခူးပြီး University of Fort Hare ကိုပြန်ကြပါရော…

၂၀၁၁ မှာ၊ သုတေသနစာတမ်းတစ်စောင် ထွက်လာခဲ့တယ်… Mathabatha တို ရွာကလူတွေ ဒီလိုစိုပြေထွန်းကားလာတာ တခြားကြောင့်မဟုတ်၊ ဒန့်ဒလွန်ရွက်ကို အမှုန့်ကြိတ်စားလို့ ပါပဲတဲ့… ဒန့်ဒလွန်ရွက်ထဲမှာက လူတစ်ယောက်အတွက် လိုအပ်တဲ့ အဟာရဓါတ်တွေရဲ့ အားလုံးနီးပါး ပါနေတာလို့ဆိုတယ်

ဒါ့အပြင် ရောဂါကာကွယ်တဲ့ သက်စောင့်ဓါတ်တွေကလည်း အလွန်ပေါသတဲ့… ဝမ်းသာဖို့အကောင်းဆုံးသတင်းက သူ့ဆီမှာ ကင်ဆာကာကွယ်တဲ့ Antioxidant တွေ အများကြီးပါတယ်..

သူ့တစ်မျိုးတည်းစားပြီး နေမယ်ဆိုရင်တောင် ကျန်းကျန်းမာမာ အသက်ရှည်နိုင်ပါတယ်တဲ့ သူက ဆေးမဟုတ်ပဲ၊ အစာလို စားနိုင်တာက တခြား ဆေးဖက်ဝင်အပင်တွေထက် သာတဲ့အချက်ပါပဲ…

ခုချိန်မှာတော့ All-women Organization ဟာ ဒန့်ဒလွန်ရွက် အော်ဒါတွေကို မနိုင်မနင်းဖြစ်နေပါပြီတဲ့… အရင်က အရွက်ခြောက်ကို ဆုံနဲ့ထောင်းကြတာ၊ အခုတော့ မထောင်းနိုင်တော့လို အမှုန့်ကြိတ်စက်ရုံ တည်ထားရပါသတဲ့ သူတိုဆီမှ အဟာရချို့တဲ့နေတဲ့ ကလေးတွေ မရှိခဲ့တာတော့ ကြာပြီပေါ့…

အာဖရိကမှာ ဒီအပင်ကို “Tree of Life” လိုခေါ်ပြီး၊ အနောက်တိုင်းသားတွေက “Miracle Tree” လို့ခေါ်ကြတယ်… ဒန့်ဒလွန်ရွက်ကို “Superfood” လို သမုတ်ကြတယ်။

ကျနော့် မိတ်ဆွေများလည်း နေရာလေးရှိရင် စိုက်ထားကြည့်ဖို တိုက်တွန်းပါတယ်… ၆ လဆို ပန်းပွင့် အသီး-သီးပြီ အရွက်ကတော့ ၂ လ သားဆို စားရပြီ… ဖြတ်စားလေ ကိုင်းထွက်လေ နုလေပဲ.. မိသားတစ်စုမှာ တစ်ပင်တော့ ရှိသင့်တဲ့ အပင်ပါ…

မိတ်ဆွေကောင်းအသိုင်းအဝိုင်း နှင့် ကိုယ်ခံအားဆိုတာ နေ့ချင်းညချင်း တည်ဆောက်လို မရနိုင်ဘူး မဟုတ်လား။ မူရင်းရင်းရေးသားသူကိုလေးစားစွာခရက်ဒစ်ပေးပါသည်။

Zawgyi

မိသားစုတိုင္း စိုက္ပ်ိဳးထာသင့္တဲ့ အပင္တပင္

အာဖရိကမွာ ဒီအပင္ကို “Tree of Life” လို႔ေခၚၿပီး၊ အေနာက္တိုင္းသားေတြက “Miracle Tree” လို႔ေခၚၾကပါတယ္… အာဖရိကေတာင္ပိုင္း၊ လင္ပိုပို (Limpopo) ဆိုတဲ့ျပည္နယ္မွာ၊ တူးဆန္ (Tooseng) ဆိုတဲ့႐ြာေလးရွိတယ္.. အာဖရိကဆိုေတာ့ သိတဲ့အတိုင္းပဲ မိုးေခါင္ေရရွား၊ စားစရာရွားပါးတယ္…

အဟာရခ်ိဳ႕တဲ့ၾကတယ္ ဒီဒဏ္ကို ကေလးငယ္ေတြႏွင့္ သက္ႀကီးေတြက ခါးစီးခံေနရတယ္ သူတို႐ြာက ကေလးေတြမွာ အဟာရခ်ိဳ႕တဲ့မႈေရာဂါေတြက မိခင္ေတြ၊ ဖြားေအေတြအတြက္ ျပႆနာႀကီးႀကီးတစ္ရပ္ ျဖစ္ေနတယ္…

၂၀၀၀ ခုႏွစ္မတိုင္ခင္က အာဖရိကမွာ ဒီအပင္အေၾကာင္းကို သိပ္မသိၾကေသး မက္သဘတ္သာ (Mathabatha) ဆိုတဲ့ အမ်ိးသမီးဟာ ဒီအပင္အေၾကာင္းကို စၿပီးၾကားဖူးခဲ့တာ ႐ြာရဲ႕ဘာသာေရးဆရာ၊ ေဂါပကလူႀကီးဆိုပါေတာ့၊ သူကေျပာျပလို႔ေပါ့…

ကေလးေတြ အဟာရခ်ိဳ႕တဲ့-တဲ့အေၾကာင္း သူ႔ေရွ႕မွာ ၿငီးတြားမိရာက ဒီအပင္အေၾကာင္း ေဂါပကလူႀကီးက သူ႔ကိုေျပာျပခဲ့တာ မာလာဝီနယ္မွာေတာ့ ဒီအပင္က စိုက္ပ်ိဳးျဖစ္ထြန္းေနသတဲ့ သူတိုဆီမွာေရာ ျဖစ္ပါ့မလားေပါ့ သိတဲ့အတိုင္း ေျမကညံ့၊ မိုးကေခါင္လို႔ ဘာပင္မွ မျဖစ္တဲ့ ေနရာမဟုတ္လား…

ဒါနဲ႔ သူနည္းနည္းထပ္ၿပီး ေလ့လာၾကည့္ေတာ့ ျဖစ္ႏိုင္သားပဲဆိုတာ သိလာတယ္ ဒီအပင္က အေတာ္ညံ့တဲ့ ေျမမွာလည္း ျဖစ္တာပဲတဲ့ ေရ နည္းနည္းပဲ ရလည္း ျဖစ္တာပဲတဲ့ ဒူေပဒါေပ ပစ္ထားလည္း ရွင္တဲ့အမ်ိဳးေပါ့…

ေပါေပါပဲပဲ စိုက္သလိုျဖစ္ေပမယ့္ နယ္နယ္ရရေတာ့ မဟုတ္ျပန္ဘူး သူ႔အ႐ြက္မွာ Vitamin C က လိေမၼာ္သီးထက္ ၇ ဆမ်ားသတဲ့ Vitamin A က မုန္လာဥနီထက္ ၄ ဆ Potassium ဓါတ္က ငွက္ေပ်ာ္သီးထက္ ၃ ဆ Calcium ဓါတ္က ႏိုမွာပါတာရဲ႕ ၄ ဆ Protein အသားဓါတ္က ဒိန္ခ်ဥ္မွာပါတာထက္ ၂ ဆ ပိုမ်ားတာဆိုပဲ…

ဟန္က်ၿပီေပါ့ သူတိုဆီမွာ မိသားစု အေတာ္မ်ားမ်ားဆိုတာ အသားတို႔၊ အသီးအ႐ြက္တို႔ စားရဖို႔ရာ အေတာ္ခက္ခဲၾကတာကိုး။ ဒါေၾကာင့္လည္း ကေလးေတြရဲ႕ ႐ုပ္ပိုင္း၊ စိတ္ပိုင္း၊ အသိဉာဏ္ပိုင္းဖြံ႕ၿဖိဳးဖို႔ လိုအပ္တဲ့ ဗိုက္တာမင္တို သတၱဳဓါတ္တို ဆိုတာ မရၾကတာက အမ်ားသား

လူႀကီးေတြ အတြက္က်ေတာ့ ဒါေတြက သက္ေစာင့္ဓါတ္ေတြ မဟုတ္လား…

ဒါနဲ႔ မက္သဘတ္သာ တစ္ေယာက္ ႐ြာထဲက ကေလးအေမေတြကို လွည့္စည္း႐ုံးေတာ့တာပဲတဲ့ မေပါက္လည္း အရင္းေပါ့ေအ…၊ ေပါက္ေတာ့လည္း ကေလးေတြဖို႔ စားစရာရ မနည္းဘူးေပါ့ ဒါနဲ႔ ကပၸလီမ တစ္သိုက္ ထြန္ၾက၊ ယက္ၾက၊ စိုက္ၾက၊ ပ်ိဳးၾကေပါ့ …

၂၀၀၅ ခုႏွစ္ ထဲမွာ သူတို႔ အပင္ ၁၅၀၀ေလာက္ စိုက္လိုက္ၾကတယ္ ဘာမွ စိုက္မျဖစ္ေတာ့ ေျမလြတ္က ေပါတာကိုး ကံေကာင္းတာက ဒီ အပင္ကလည္း ေပါက္တာပဲတဲ့ ဒီေလာက္ အဆီအႏွစ္မရွိ ေျခာက္ေသြ႕တဲ့ေနရာမွာ ေပါက္တာဆိုေတာ့ သူတိုအတြက္က ဘုရားေပးတဲ့ ပေဒသာပင္လို႔ ဆိုရေလမလား…

စိုက္ၿပီး ၁ လ ေက်ာ္တာနဲ႔ အ႐ြက္ခူးစားလိုက ရေနပါၿပီ အ႐ြက္ေတြခူး အေျခာက္လွမ္း အမႈန႔္ႀကိတ္ၿပီး ကေလးေတြအတြက္ အဓိကစားစရာအျဖစ္ ထည့္ေကြၽးၾကတာပဲတဲ့ အဲဒီလို ေကြၽးတယ္ဆိုရင္ပဲ၊ နဂိုက ေသးေကြးေျခာက္ကပ္ ပိန္လွီေနတဲ့ကေလးေတြဟာ သိသိသာသာ ဖြံ႕ၿဖိဳးစိုေျပလာၾကပါေတာ့တယ္…

အမယ္ ဘယ္ေလာက္မ်ား ေအာင္ျမင္သလဲဆို မက္သဘတ္သာ တစ္ေယာက္ ၂၀၁၀မွာ ေတာင္အာဖရိကအစိုးရကေပးတဲ့ Female Entrepreneur of the Year ဆုေတြ ဘာေတြရၿပီး နာမည္ကိုႀကီးေရာ တကယ္ေတာ့ ဒီအပင္က က်ေနာ္တို ျမန္မာေတြနဲ႔ မစိမ္းပါဘူး …

တစ္သက္လုံးက အထင္လည္းမႀကီးခဲ့တဲ့ အပင္ပါ ဒါကေတာ့ ဒန႔္ဒလြန္ပင္ပါပဲ…

မက္သဘတ္သာ တစ္ေယာက္ ဒီဒန႔္ဒလြန္႐ြက္ တစ္မ်ိဳးတည္းနဲ႔ အာဖရိက ကေလးေတြရဲ႕ အဟာရခ်ိတဲ့မႈ ျပႆနာကို ေျဖရွင္းႏိုင္ခဲ့ရာကေန ဒီဇာတ္လမ္းျဖစ္ခဲ့တာေပါ့…

ေနာက္ေတာ့ သူက All-women Organization ဆိုၿပီး အဖြဲ႕ေတြေထာင္တယ္… ဒန႔္ဒလြန္ပင္ေတြ ေတာထေအာင္ စိုက္တယ္… အသားမစားႏိုင္၊ ဟင္းသီးဟင္း႐ြက္ မဝယ္ႏိုင္တဲ့ ကပၸလီေတြ ဒန႔္ဒလြန္အ႐ြက္၊ အသီး ခ်ည္းသာလွိမ့္စားၾကတာပဲတဲ့ …

႐ြာက ကေလး လူႀကီးအစုံလည္း စိုေျပႏုထြားလာတာေပါ့… သူလည္း ေၾကာ္ျငာစရိတ္မကုန္ပဲ၊ ႐ြာသားေတြျပၿပီး ကမာၻအနံ႔ကို ဒန႔္ဒလြန္႐ြက္အမႈန႔္ေတြ ေရာင္းစားခြင့္ ရလာတာေပါ့…

၂၀၁၁ ေဒတာအရ၊ သူတို All-women Organization က ဒန႔္ဒလြန္႐ြက္ေရာင္းၿပီး ဆင္းရဲသား မိသားစုေပါင္း ၃၀၀ ေက်ာ္ႏွင့္ မိဘမဲ့ ကေလး ၃၅၀ ေက်ာ္ကို ေထာက္ပံ့ေပးႏိုင္ေနၿပီ… ေနာက္ထပ္ အပင္ေပါင္း ၃၀၀၀ ေက်ာ္လည္း ထပ္စိုက္ထားပါတယ္…

Google မွာ Mavis Mathabatha အေၾကာင္းကို ရွာဖတ္လို ရပါတယ္… သူ႔တည္ေထာင္တဲ့ All-women Organization က သူတို႔ ဘာသာနဲ႔ Sedikong sa Lerato ဆိုၿပီး ရွာၾကည့္ရင္ ေတြ႕ပါတယ္…

Mavis Mathabatha ကိစၥ လူသိမ်ားလာေတာ့ University of Fort Hare က ပညာရွင္ေတြ အာဖရိကကို ေျပးၾကည့္ၾကတာေပါ့…

ခါတိုင္း မဲေျခာက္ပိန္ကပ္ေနတဲ့သူေတြ ခုေတာ့ စိုေျပဖြံ႕ထြားေနတာ လက္ေတြ႕ ျမင္ရေတာ့ ယုံၾကၿပီေလ… ႐ြာသားေတြကလည္း တစ္ေယာက္ တစ္ေပါက္ ဒန႔္ဒလြန္အစြမ္း အံ့မခန္းကို ေျပာျပၾကတာေပါ့… ဒါနဲ႔ ဒန႔္ဒလြန္႐ြက္ေတြ ခူးၿပီး University of Fort Hare ကိုျပန္ၾကပါေရာ…

၂၀၁၁ မွာ၊ သုေတသနစာတမ္းတစ္ေစာင္ ထြက္လာခဲ့တယ္… Mathabatha တို ႐ြာကလူေတြ ဒီလိုစိုေျပထြန္းကားလာတာ တျခားေၾကာင့္မဟုတ္၊ ဒန႔္ဒလြန္႐ြက္ကို အမႈန႔္ႀကိတ္စားလို႔ ပါပဲတဲ့… ဒန႔္ဒလြန္႐ြက္ထဲမွာက လူတစ္ေယာက္အတြက္ လိုအပ္တဲ့ အဟာရဓါတ္ေတြရဲ႕ အားလုံးနီးပါး ပါေနတာလို႔ဆိုတယ္

ဒါ့အျပင္ ေရာဂါကာကြယ္တဲ့ သက္ေစာင့္ဓါတ္ေတြကလည္း အလြန္ေပါသတဲ့… ဝမ္းသာဖို႔အေကာင္းဆုံးသတင္းက သူ႔ဆီမွာ ကင္ဆာကာကြယ္တဲ့ Antioxidant ေတြ အမ်ားႀကီးပါတယ္..

သူ႔တစ္မ်ိဳးတည္းစားၿပီး ေနမယ္ဆိုရင္ေတာင္ က်န္းက်န္းမာမာ အသက္ရွည္ႏိုင္ပါတယ္တဲ့ သူက ေဆးမဟုတ္ပဲ၊ အစာလို စားႏိုင္တာက တျခား ေဆးဖက္ဝင္အပင္ေတြထက္ သာတဲ့အခ်က္ပါပဲ…

ခုခ်ိန္မွာေတာ့ All-women Organization ဟာ ဒန႔္ဒလြန္႐ြက္ ေအာ္ဒါေတြကို မႏိုင္မနင္းျဖစ္ေနပါၿပီတဲ့… အရင္က အ႐ြက္ေျခာက္ကို ဆုံနဲ႔ေထာင္းၾကတာ၊ အခုေတာ့ မေထာင္းႏိုင္ေတာ့လို အမႈန႔္ႀကိတ္စက္႐ုံ တည္ထားရပါသတဲ့ သူတိုဆီမွ အဟာရခ်ိဳ႕တဲ့ေနတဲ့ ကေလးေတြ မရွိခဲ့တာေတာ့ ၾကာၿပီေပါ့…

အာဖရိကမွာ ဒီအပင္ကို “Tree of Life” လိုေခၚၿပီး၊ အေနာက္တိုင္းသားေတြက “Miracle Tree” လို႔ေခၚၾကတယ္… ဒန႔္ဒလြန္႐ြက္ကို “Superfood” လို သမုတ္ၾကတယ္။

က်ေနာ့္ မိတ္ေဆြမ်ားလည္း ေနရာေလးရွိရင္ စိုက္ထားၾကည့္ဖို တိုက္တြန္းပါတယ္… ၆ လဆို ပန္းပြင့္ အသီး-သီးၿပီ အ႐ြက္ကေတာ့ ၂ လ သားဆို စားရၿပီ… ျဖတ္စားေလ ကိုင္းထြက္ေလ ႏုေလပဲ.. မိသားတစ္စုမွာ တစ္ပင္ေတာ့ ရွိသင့္တဲ့ အပင္ပါ…

မိတ္ေဆြေကာင္းအသိုင္းအဝိုင္း ႏွင့္ ကိုယ္ခံအားဆိုတာ ေန႔ခ်င္းညခ်င္း တည္ေဆာက္လို မရႏိုင္ဘူး မဟုတ္လား။ မူရင္းရင္းေရးသားသူကိုေလးစားစြာခရက္ဒစ္ေပးပါသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*