အရှင်နန်းမတော်ကြီးနှင့် အပျိုတော်မတ်တီ

အရှင်နန်းမတော်ကြီးနှင့် အပျိုတော်မတ်တီ
အရှင်နန်းမတော်ကြီးနှင့် အပျိုတော်မတ်တီ

အရှင်နန်းမတော်ကြီးနှင့် အပျိုတော်မတ်တီ

မိဖုရားခေါင်ကြီး စုဖုရားလတ်ဟာ လူတဖက်သားကို ချစ်ခင်မိပြီဆိုလျှင် အတိုင်းမသိပင် ချစ်ခင်အရေးပေးတတ်သော အကျင့်ရှိပြီး မိမိအပေါ် သစ္စာဖောက်သူတို့အားလည်း သနားကင်းစွာ ရက်စက်တတ်သူပင်ဖြစ်သည်။

ပို၍ထူးသည်မှာ ထိုကဲ့သို့ စိတ်ဓာတ်ပြင်းထန်ပြတ်သားသူ မိဖုရားကြီးထံသို့ အတိုင်းအဆမဲ့သော အာဏာသည် လက်ဝယ်ရောက်ရှိခဲ့ရာ ရတနာပုံနန်းတွင်း၌ မိဖုရားကြီးအာဏာသည် ဓားထက်ခဲ့ရတော့သည်။

မိဖုရားကြီးသည် မိမိအလိုရှိ၍ ချစ်ခင်သူတို့အား အတိုင်းအဆမဲ့ မြောက်စားအလေးပေးတတ်သော အကျင့်ရှိရာ ရနောင်မောင်မောင်တုတ်၏ မယားငယ် တစ်ယောက်ဖြစ်သူ ဆင်ခိုးမလေးအား နန်းတွင်းဇာတ်သဘင်ပညာရှင်ကြီးတို့ထံတွင် ပညာများသင်စေ၍ “နိုင်ငံတော်မှာ ဆင်ခိုးအပြင် မင်းသမီးမရှိစေရ”လို့ အမိန့်ထုတ်ခဲ့ဖူးသည်ဟူ၍ ပါးစပ်ရာဇဝင်တွင် လုနီးပါး အရေးပေးခဲ့ပါတယ်။

အလားတူပင် ဖအေတူမအေကွဲညီမငယ်ဖြစ်သူ သရစိမ်းမိဖုရားကြီး၏သမီးတော်လတ် တိုင်တားမင်းသမီးလေးဟာလည်း မိဖုရားခေါင်ကြီး စုဖုရားလတ်ရဲ့ အချစ်တော်မင်းသမီးပင် ဖြစ်ခဲ့ရသည်။ ထိုကဲ့သို့ မိဖုရားခေါင်ကြီး စုဖုရားလတ်၏ ချစ်ခင်အရေးပေးခံရသူများတွင် အပါးတော်က ခစားမြဲဖြစ်သော နိုင်ငံခြားသူ အပျိုတော်မတ်တီလည်း အပါအဝင်ဖြစ်သည်။

မတ်တီသည် ငယ်ရွယ်စဉ်က ပင် မိဖုရားကြီးစုဖုရားလတ်နှင့် ကစားဖက်ဖြစ်ခဲ့ရသည်ဟု သိရပြီး ထိုအချိန်ကတည်းက ချစ်ခင်ခဲ့ရာ နောင်တချိန် စုဖုရားလတ်သည် ရတနာပုံနန်းတော်၌ ဓားအထက်ဆုံးရောက်ရှိလာသည့် အခါမှာတော့ မတ်တီဟာလည်း တန်ခိုးထွားခဲ့ရသည်ပင်။

တခါသော် နန်းတော်ကြီး၌ ခစားနေသော အပျိုတော် မတ်တီသည် မိမိအစ်ကိုတော် စီးပွားရေးလုပ်ရန်အတွက် ငွေအခက်အခဲဖြစ်နေရာ ထိုအခက်အခဲအတွက် မတ်တီမှာ မကူညီနိုင်၍ စိတ်လက်မအီမသာဖြစ်ကာ ညှိုးမှိုင်နေခဲ့သည်။ ဤသည်ကို နန်းမတော်ကြီးစုဖုရားလတ်မှ မြင်၍

“ဟဲ့ မတ်တီ၊ ဘယ်လိုဖြစ်ရတာလည်း၊ ကြည့်ရတာ စိတ်လက်မအီမသာနဲ့ အကြောင်းစုံတင်စမ်း” လို့ အမေးရှိခဲ့ရာ

“မတ်တီမှာ အစ်ကိုတစ်ယောက်ရှိပါတယ်ဖုရား၊ အခုသူက စီးပွားရေးအရောင်းအဝယ်တစ်ခုလုပ်ဖို့ မတ်တီကို လိုအပ်တဲ့ငွေ အကူအညီတောင်းတာ မတ်တီလည်း အကူညီနိုင်မပေးနိုင်တဲ့အတွက် ခုလိုမှိုင်နေရပါတယ်ဖုရား”လို့ ပြန်လည်လျှောက်ထားရာ…

“မတ်တီရဲ့ အစ်ကိုက ဘာများအရောင်းအဝယ် စီးပွားရေးလုပ်ချင်ရသတဲ့တုန်း” လို့ မိဖုရားကြီးက ပြန်လည်မေးမြန်းခဲ့ရာ “ရှားစေးအရောင်းအဝယ်ပါတဲ့ဖုရား”လို့ ပြန်လည်ဖြေကြားပြီးတဲ့ နောက်မှာ…

“အို ဒီလိုဆိုလည်း မတ်တီရဲ့အစ်ကို အလိုရှိတဲ့ငွေကို ရွှေတိုက်တော်က ထုတ်ယူချေးငှားစေမယ်၊ မတ်တီ အစ်ကို အဆင်ပြေတဲ့အခါ ပြန်ဆပ်ပေါ့”လို့ အမိန့်ရှိခဲ့ပြီး မိဖုရားကြီးအမိန့်နှင့် ရွှေတိုက်တော်က ငွေထုတ်ချေးခဲ့ပေးပါတယ်။

ဒါပေမယ့် မတ်တီအစ်ကိုဟာ စီးပွားရေးကို တစ်ခါမှ လုပ်ဖူးသူ မဟုတ်ရှာလေတော့ လူတွေအကြောင်းနားမလည်ကာ ရှားစေးရောင်းချမည့်ပုဂ္ဂိုလ်များထံ စရံငွေတွေ ပေးခဲ့မိရာမှ ထိုပုဂ္ဂိုလ်များ၏ အလိမ်ကိုခံရကာ ငွေများ ခေါင်းကွဲလို့ စီးပွားရေးမှာလည်း ချီကတည်းက ယဉ်သကို ဆိုသလို အစပိုင်းမှာတင် အရင်းရှုံးလို့ ပျက်စီးခဲ့ရပါတယ်။

အဲ့ဒီအခါမှာ မတ်တီလည်း သူ့အစ်ကို၏ အသုံးမကျမှုတို့ကြောင့် မိမိလည်းရာဇဝတ်ဘေး သင့်တော့မည်ကဲ့သို့ ဖြစ်ရာ နန်းတွင်းသို့ပင် အခစားမဝင်ရဲပဲရှိခဲ့သည်။ ထိုအခါ နန်းမတော်စုဖုရားလတ်မှ..

“မတ်တီကိုလည်း မတွေ့ရတာကြာပါပေါ့လား”လို့ အမေးရှိခဲ့ရာ ထိုအမေးစကား မတ်တီနားသို့ ကြားရောက်တဲ့အခါမှာ ရှေ့မျက်နှာနောက်ထားလို့ ရာဇဝတ်ဘေးလည်း သင့်ကာမှ သင့်ပေတော့ဟု နှလုံးပိုက်ကာ မတ်တီဟာ နန်းတော်သို့ ပြန်လည်ခစားဝင်ရောက်ခဲ့ပါတယ်။

ဒါပေမယ့် မတ်တီတွေးထင်သလို မိဖုရားကြီးမှ ချေးငွေအကြောင်း ပါးစပ်ပင်မဟခဲ့ပဲ မေ့မေ့ပျောက်ပျောက် နေခဲ့ရာ မတ်တီမှာ ခဏတာအတွက် စိတ်အေးခဲ့ရသည်။

သို့ရာတွင် မတ်တီစိုးရိမ်သည့် နေ့တစ်နေ့သို့ ရောက်ရှိလာခဲ့ရာဝယ် နန်းမတော်ကြီးမှ “ဟဲ့ မတ်တီ နင့်အစ်ကိုတော်ဟာ သူ ချေးငှားထားတဲ့ငွေတွေရော ပြန်မဆပ်သေးဘူးတဲ့လား”လို့ စိတ်ကူး ပေါ်သည့်အချိန် မတ်တီအား အမေးတော်ရှိခဲ့သည်တွင်

“မတ်တီ မသိပါဘူးဖုရား”လို့ စိုးရိမ်တကြီးပြန်လည်ဖြေကြားခဲ့ရာ “အော် မတ်တီ မသိဘူးတဲ့လား”လို့ ရေရွတ်ပြီး မိဖုရားခေါင်ကြီး စုဖုရားလတ်မှ ဤ အမှုကိစ္စအား နောက်ထပ် မေးမြန်းခြင်းမရှိတော့ပဲ လျစ်လျူရှုကာ ပြီးပြတ်ခဲ့ရတော့သည်။

သို့ရာတွင် နန်းမတော်ကြီးစုဖုရားလတ်မှ မတ်တီအား ဤမျှ ချစ်ခင်အရေးပေးခဲ့သော်လည်း မြန်မာနှင့် ပြင်သစ်တို့ နှစ်နိုင်ငံချုပ်ဆိုထားသော စာချုပ်များအား မတ်တီမှ တိတ်တဆိတ်ခိုးဝှက်ယူဆောင်၍ အင်္ဂလိပ်တို့ လက်သို့ အရောက်ပို့ခဲ့ခြင်းဖြင့် အရှင်သခင်အပေါ်အား သစ္စာဖောက်ခဲ့တော့သည်။

#မင်းနန်သူ #Historynotesကို လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Zawgyi

အရွင္နန္းမေတာ္ႀကီးႏွင့္ အပ်ိဳေတာ္မတ္တီ

မိဖုရားေခါင္ႀကီး စုဖုရားလတ္ဟာ လူတဖက္သားကို ခ်စ္ခင္မိၿပီဆိုလွ်င္ အတိုင္းမသိပင္ ခ်စ္ခင္အေရးေပးတတ္ေသာ အက်င့္ရွိၿပီး မိမိအေပၚ သစၥာေဖာက္သူတို႔အားလည္း သနားကင္းစြာ ရက္စက္တတ္သူပင္ျဖစ္သည္။

ပို၍ထူးသည္မွာ ထိုကဲ့သို႔ စိတ္ဓာတ္ျပင္းထန္ျပတ္သားသူ မိဖုရားႀကီးထံသို႔ အတိုင္းအဆမဲ့ေသာ အာဏာသည္ လက္ဝယ္ေရာက္ရွိခဲ့ရာ ရတနာပုံနန္းတြင္း၌ မိဖုရားႀကီးအာဏာသည္ ဓားထက္ခဲ့ရေတာ့သည္။

မိဖုရားႀကီးသည္ မိမိအလိုရွိ၍ ခ်စ္ခင္သူတို႔အား အတိုင္းအဆမဲ့ ေျမာက္စားအေလးေပးတတ္ေသာ အက်င့္ရွိရာ ရေနာင္ေမာင္ေမာင္တုတ္၏ မယားငယ္ တစ္ေယာက္ျဖစ္သူ ဆင္ခိုးမေလးအား နန္းတြင္းဇာတ္သဘင္ပညာရွင္ႀကီးတို႔ထံတြင္ ပညာမ်ားသင္ေစ၍ “ႏိုင္ငံေတာ္မွာ ဆင္ခိုးအျပင္ မင္းသမီးမရွိေစရ”လို႔ အမိန႔္ထုတ္ခဲ့ဖူးသည္ဟူ၍ ပါးစပ္ရာဇဝင္တြင္ လုနီးပါး အေရးေပးခဲ့ပါတယ္။

အလားတူပင္ ဖေအတူမေအကြဲညီမငယ္ျဖစ္သူ သရစိမ္းမိဖုရားႀကီး၏သမီးေတာ္လတ္ တိုင္တားမင္းသမီးေလးဟာလည္း မိဖုရားေခါင္ႀကီး စုဖုရားလတ္ရဲ႕ အခ်စ္ေတာ္မင္းသမီးပင္ ျဖစ္ခဲ့ရသည္။ ထိုကဲ့သို႔ မိဖုရားေခါင္ႀကီး စုဖုရားလတ္၏ ခ်စ္ခင္အေရးေပးခံရသူမ်ားတြင္ အပါးေတာ္က ခစားၿမဲျဖစ္ေသာ ႏိုင္ငံျခားသူ အပ်ိဳေတာ္မတ္တီလည္း အပါအဝင္ျဖစ္သည္။

မတ္တီသည္ ငယ္႐ြယ္စဥ္က ပင္ မိဖုရားႀကီးစုဖုရားလတ္ႏွင့္ ကစားဖက္ျဖစ္ခဲ့ရသည္ဟု သိရၿပီး ထိုအခ်ိန္ကတည္းက ခ်စ္ခင္ခဲ့ရာ ေနာင္တခ်ိန္ စုဖုရားလတ္သည္ ရတနာပုံနန္းေတာ္၌ ဓားအထက္ဆုံးေရာက္ရွိလာသည့္ အခါမွာေတာ့ မတ္တီဟာလည္း တန္ခိုးထြားခဲ့ရသည္ပင္။

တခါေသာ္ နန္းေတာ္ႀကီး၌ ခစားေနေသာ အပ်ိဳေတာ္ မတ္တီသည္ မိမိအစ္ကိုေတာ္ စီးပြားေရးလုပ္ရန္အတြက္ ေငြအခက္အခဲျဖစ္ေနရာ ထိုအခက္အခဲအတြက္ မတ္တီမွာ မကူညီႏိုင္၍ စိတ္လက္မအီမသာျဖစ္ကာ ညႇိဳးမႈိင္ေနခဲ့သည္။ ဤသည္ကို နန္းမေတာ္ႀကီးစုဖုရားလတ္မွ ျမင္၍

“ဟဲ့ မတ္တီ၊ ဘယ္လိုျဖစ္ရတာလည္း၊ ၾကည့္ရတာ စိတ္လက္မအီမသာနဲ႔ အေၾကာင္းစုံတင္စမ္း” လို႔ အေမးရွိခဲ့ရာ

“မတ္တီမွာ အစ္ကိုတစ္ေယာက္ရွိပါတယ္ဖုရား၊ အခုသူက စီးပြားေရးအေရာင္းအဝယ္တစ္ခုလုပ္ဖို႔ မတ္တီကို လိုအပ္တဲ့ေငြ အကူအညီေတာင္းတာ မတ္တီလည္း အကူညီႏိုင္မေပးႏိုင္တဲ့အတြက္ ခုလိုမႈိင္ေနရပါတယ္ဖုရား”လို႔ ျပန္လည္ေလွ်ာက္ထားရာ…

“မတ္တီရဲ႕ အစ္ကိုက ဘာမ်ားအေရာင္းအဝယ္ စီးပြားေရးလုပ္ခ်င္ရသတဲ့တုန္း” လို႔ မိဖုရားႀကီးက ျပန္လည္ေမးျမန္းခဲ့ရာ “ရွားေစးအေရာင္းအဝယ္ပါတဲ့ဖုရား”လို႔ ျပန္လည္ေျဖၾကားၿပီးတဲ့ ေနာက္မွာ…

“အို ဒီလိုဆိုလည္း မတ္တီရဲ႕အစ္ကို အလိုရွိတဲ့ေငြကို ေ႐ႊတိုက္ေတာ္က ထုတ္ယူေခ်းငွားေစမယ္၊ မတ္တီ အစ္ကို အဆင္ေျပတဲ့အခါ ျပန္ဆပ္ေပါ့”လို႔ အမိန႔္ရွိခဲ့ၿပီး မိဖုရားႀကီးအမိန႔္ႏွင့္ ေ႐ႊတိုက္ေတာ္က ေငြထုတ္ေခ်းခဲ့ေပးပါတယ္။

ဒါေပမယ့္ မတ္တီအစ္ကိုဟာ စီးပြားေရးကို တစ္ခါမွ လုပ္ဖူးသူ မဟုတ္ရွာေလေတာ့ လူေတြအေၾကာင္းနားမလည္ကာ ရွားေစးေရာင္းခ်မည့္ပုဂၢိဳလ္မ်ားထံ စရံေငြေတြ ေပးခဲ့မိရာမွ ထိုပုဂၢိဳလ္မ်ား၏ အလိမ္ကိုခံရကာ ေငြမ်ား ေခါင္းကြဲလို႔ စီးပြားေရးမွာလည္း ခ်ီကတည္းက ယဥ္သကို ဆိုသလို အစပိုင္းမွာတင္ အရင္းရႈံးလို႔ ပ်က္စီးခဲ့ရပါတယ္။

အဲ့ဒီအခါမွာ မတ္တီလည္း သူ႔အစ္ကို၏ အသုံးမက်မႈတို႔ေၾကာင့္ မိမိလည္းရာဇဝတ္ေဘး သင့္ေတာ့မည္ကဲ့သို႔ ျဖစ္ရာ နန္းတြင္းသို႔ပင္ အခစားမဝင္ရဲပဲရွိခဲ့သည္။ ထိုအခါ နန္းမေတာ္စုဖုရားလတ္မွ..

“မတ္တီကိုလည္း မေတြ႕ရတာၾကာပါေပါ့လား”လို႔ အေမးရွိခဲ့ရာ ထိုအေမးစကား မတ္တီနားသို႔ ၾကားေရာက္တဲ့အခါမွာ ေရွ႕မ်က္ႏွာေနာက္ထားလို႔ ရာဇဝတ္ေဘးလည္း သင့္ကာမွ သင့္ေပေတာ့ဟု ႏွလုံးပိုက္ကာ မတ္တီဟာ နန္းေတာ္သို႔ ျပန္လည္ခစားဝင္ေရာက္ခဲ့ပါတယ္။

ဒါေပမယ့္ မတ္တီေတြးထင္သလို မိဖုရားႀကီးမွ ေခ်းေငြအေၾကာင္း ပါးစပ္ပင္မဟခဲ့ပဲ ေမ့ေမ့ေပ်ာက္ေပ်ာက္ ေနခဲ့ရာ မတ္တီမွာ ခဏတာအတြက္ စိတ္ေအးခဲ့ရသည္။

သို႔ရာတြင္ မတ္တီစိုးရိမ္သည့္ ေန႔တစ္ေန႔သို႔ ေရာက္ရွိလာခဲ့ရာဝယ္ နန္းမေတာ္ႀကီးမွ “ဟဲ့ မတ္တီ နင့္အစ္ကိုေတာ္ဟာ သူ ေခ်းငွားထားတဲ့ေငြေတြေရာ ျပန္မဆပ္ေသးဘူးတဲ့လား”လို႔ စိတ္ကူး ေပၚသည့္အခ်ိန္ မတ္တီအား အေမးေတာ္ရွိခဲ့သည္တြင္

“မတ္တီ မသိပါဘူးဖုရား”လို႔ စိုးရိမ္တႀကီးျပန္လည္ေျဖၾကားခဲ့ရာ “ေအာ္ မတ္တီ မသိဘူးတဲ့လား”လို႔ ေရ႐ြတ္ၿပီး မိဖုရားေခါင္ႀကီး စုဖုရားလတ္မွ ဤ အမႈကိစၥအား ေနာက္ထပ္ ေမးျမန္းျခင္းမရွိေတာ့ပဲ လ်စ္လ်ဴရႈကာ ၿပီးျပတ္ခဲ့ရေတာ့သည္။

သို႔ရာတြင္ နန္းမေတာ္ႀကီးစုဖုရားလတ္မွ မတ္တီအား ဤမွ် ခ်စ္ခင္အေရးေပးခဲ့ေသာ္လည္း ျမန္မာႏွင့္ ျပင္သစ္တို႔ ႏွစ္ႏိုင္ငံခ်ဳပ္ဆိုထားေသာ စာခ်ဳပ္မ်ားအား မတ္တီမွ တိတ္တဆိတ္ခိုးဝွက္ယူေဆာင္၍ အဂၤလိပ္တို႔ လက္သို႔ အေရာက္ပို႔ခဲ့ျခင္းျဖင့္ အရွင္သခင္အေပၚအား သစၥာေဖာက္ခဲ့ေတာ့သည္။

#မင္းနန္သူ #Historynotesကို ေလးစားစြာ ခရက္ဒစ္ေပးပါသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*