အသက်အရွယ်ရလာရင် မှတ်ဉာဏ်တချို့ ပျောက်ဆုံးတတ်ပါတယ်.. သူတို့ကို နားလည်ပေးနိုင်ကြပါစေ…

အသက်အရွယ်ရလာရင် မှတ်ဉာဏ်တချို့ ပျောက်ဆုံးတတ်ပါတယ်.. သူတို့ကို နားလည်ပေးနိုင်ကြပါစေ...
အသက်အရွယ်ရလာရင် မှတ်ဉာဏ်တချို့ ပျောက်ဆုံးတတ်ပါတယ်.. သူတို့ကို နားလည်ပေးနိုင်ကြပါစေ...

အသက်အရွယ်ရလာရင် မှတ်ဉာဏ်တချို့ ပျောက်ဆုံးတတ်ပါတယ်.. သူတို့ကို နားလည်ပေးနိုင်ကြပါစေ…

အဖေ့မှာ မှတ်ဉာဏ်တချို ပျောက်ဆုံးသွားတယ်။ စစချင်းတော့ ကျွန်တော် သတိမထားမိခဲ့။ လေးငါးကြိမ် ကြုံလာမှ သတိထားမိတာ။ သတိထားမိတာက ဒီလို… သူ့ပစ္စည်းတချိုကို ကျွန်တော် ယူကိုင်ပြီး နေရာတကျ ပြန်မထားမိတာ၊ အဲဒါကို သူ ဗျစ်တောက်ဗျစ်တောက် ပြောတယ်။

အဲဒီလိုပြောတတ်တာက ပုံမှန်ပဲ။ ပုံမှန်မဟုတ်တာက မင်း ဒီလိုနေတာထိုင်တာတွေ မင်းအဖေ သိရင် မလွယ်ဘူး ဘာညာနဲ့ ပြောလာတာ။ အစကတော့ သူ့အကျင့်အတိုင်း နောက်နေတယ်ထင်တာပေါ့။ နောက်ထပ် လေးငါးခါ ကြုံလာမှ သူ နောက်နေတာမဟုတ်ဘူးဆိုတာ သဘောပေါက်တယ်။ ဒါနဲ့ မေးကြည့်တယ်။

ကျွန်တော့်အဖေ ဘယ်သူလဲလို့။ သူ စဉ်းစားသွားတယ်။ ခဏနေတော့ နံရံပေါ်က သူ့ဓာတ်ပုံကို ပြပြီး ဟိုဟာ မင်းအဖေပေါ့တဲ့။ ကျွန်တော်က ကြည့်မှန်တစ်ချပ် ယူပြီး ဒါကကောလို မေးတယ်။ သူ ခုနကထက် အကြာကြီး စဉ်းစားတယ်။ ပြီးမှ ဒါလည်း မင်းအဖေပဲပေါ့တဲ့။ ဘာကွာလိုလဲ မေးတော့ သူ မဖြေ။ မှန်ထဲက သူ့ပုံကိုပဲ စိုက်ကြည့်နေတော့တယ်။

နောက်ထပ် ကြုံရတာတွေလည်း ရှိသေး။ တစ်ရက် အလုပ်ကနေ ကျွန်တော် ပြန်အရောက် မလာတာ ကြာပြီပဲ၊ ဘယ်တွေ ရောက်နေလဲလို့ ဧည့်သည်တစ်ယောက်ကို နှုတ်ဆက်သလို နှုတ်ဆက်တယ်။ ကျွန်တော်လည်း ရိပ်မိလို ပြုံးပဲပြုံးပြလိုက်တယ်။ သူက မီးဖိုချောင်ထဲ ဝင်သွားပြီး ရေနွေးကြမ်းဗန်းနဲ့ ပြန်ထွက်လာတယ်။ နားဦး၊ သောက်ဦးတဲ့။

အိမ်ကို ဧည့်သည်မလာတာကြာလို စကားပြောဖော် မျှော်နေရတာဆိုပဲ။ ကျွန်တော့်မိန်းမက ကြည့်ပြီး ပြုံးနေတယ်။ ကျွန်တော်လည်း အပေါ်ဝတ်အင်္ကျီချွတ်ပြီး ဧည့်ခန်းမှာ ထိုင်ဖြစ်သွားတယ်။ ခါတိုင်းဆို အိပ်ခန်းထဲ တန်းသွားပြီး ခဏလောက် လှဲနေတတ်တာ။ ထိုင်နေတဲ့ ကျွန်တော့်ကို အဖေက လက်ဟန်နဲ့ ရေနွေးသောက်ဦးလေလို လုပ်ပြတယ်။

အဖေ့အတွက် တစ်ခွက်၊ ကျွန်တော့်အတွက် တစ်ခွက် ငှဲတော့ အဖေက သူနဲ့နီးတဲ့ ခွက်ကို လှမ်းယူတယ်။ ကျွန်တော် တစ်ခုခု ပြောလေမလားဆိုတဲ့ အကြည့်နဲ့ ကြည့်တယ်။ ဒါနဲ့ ဘာတွေ ထူးလဲလို့ မေးလိုက်တာပေါ့။ ကမ္ဘာကြီးမှာ ထူးတယ်ရယ် ဘယ်ရှိပါ့မလဲတဲ့။ အဲဒီစကားပြောပြီး ရေနွေးတစ်ငုံ သောက်တယ်။

ခဏနေတော့ ဘေးပြတင်းပေါက်ဘက် ထသွားပြီး အပြင်ကို ငေးကြည့်နေရဲ့။ ကျွန်တော့်ဘက် ပြန်လှည့်မလာတော့ဘူး။ ကျွန်တော် ရေချိုးဖို ပြင်တယ်။ ရေချိုး၊ အဝတ်အစား လဲပြီး ဧည့်ခန်းဆီ ပြန်ထွက်လာတော့ အဝေးတစ်နေရာကို အဖေ ငေးနေဆဲ။ ကျွန်တော့်ခြေသံကြောင့် ထင်တယ်၊ ဒီဘက် ပြန်လှည့်လာတယ်။

နောက် ထိုင်ခုံတွေကို ကြည့်ပြီး ဧည့်သည် ပြန်သွားပြီလားတဲ့။ ပြန်သွားပြီလိုပဲ အလိုက်သင့် အဖြေပေးလိုက်တယ်။ ရေနွေးငှဲပြီး သောက်မသွားဘူးလို သူက ရေရွတ်ရဲ့။ ဒါနဲ့ ကျွန်တော် ယူသောက်လိုက်တယ်။ ရေနွေးတော့ ကုန်တာပေါ့၊ ငှဲသူ တစ်ယောက် သောက်သူ တစ်ယောက်လို အဖေက ပြုံးတုံတုံ ပြောတယ်။

အများအားဖြင့်တော့ အဖေ ပြုံးပြုံးလေး ဖြစ်လာတယ်။ အရင်က သူ စိတ်ကြည်နူးမှ ပြုံးတဲ့အပြုံးမျိုးဟာ အခုနောက်ပိုင်း မျက်နှာပေါ် အမြဲလို တွေ့လာရတယ်။ မှတ်ဉာဏ်တချို ပျောက်သွားတာမှာ စိတ်ညစ်ညူးစရာ အဖြစ်အပျက်တွေပဲ ရွေးပါသွားသလား မသိ။

သူ့အပြုံးမျက်နှာဟာ ကျွန်တော့်ကိုပါ စိတ်ကြည်စေတယ်။

တစ်နေ့တုန်းကဆို သူ အသံထွက်ပြီး ရယ်နေလို တီဗီမှာ တစ်ခုခု ကြည့်နေတယ် ထင်တာ။ မဟုတ်၊ တီဗီက ပိတ်ထားတာ။ သူက ပက်လက်ကုလားထိုင်မှာ မျက်လုံးလေး စင်းပြီး ရယ်နေတာ။ အဖေ ဘာတွေ ရယ်ရလိုလဲ မေးတော့ မျက်လုံးတွေ ပွင့်လာတယ်။

ရယ်တာ ရပ်ပြီး ကျွန်တော့်ကို ပြောပြတော့မလိုလိုနဲ့ စကားက ထွက်မလာ။ သူ စကားအစ ရှာနေတယ်ထင်လို ကျွန်တော်လည်း ကြည့်နေလိုက်တယ်။ ရယ်စရာတစ်ခု ပြန်သတိရလို၊ ဘာရယ်စရာလဲ မသိတော့ဘူး၊ ရယ်တော့ ရယ်ရတယ်တဲ့။ ဒီလိုပြောပြီး ပြုံးတုံတုံ ဖြစ်လာပြန်တယ်။

သူ့အပြုံး ပိုပြီးကြာကြာနေအောင် ကျွန်တော် နှုတ်ဆိတ်နေလိုက်တယ်။ ရယ်စရာကိစ္စကို မမှတ်မိဘဲ ရယ်နေတာ ဘယ်လိုမျိုးလဲလို စဉ်းစားကြည့်တာ အဖြေမရဘူး။ ကြုံလည်း မကြုံဖူးတာကိုး။ ဘာပဲဖြစ်ဖြစ် အဖေ ရယ်နေတာတော့ ကောင်းတယ်။

ဟာသတွေထဲကလို ဖြစ်တာလည်း ရှိသေး။လက်ဖက်ရည်ဆိုင်ကို စက်ဘီးနဲ့ သွားပြီး ဆိုင်မှာ စက်ဘီးကျန်နေခဲ့တာမျိုး။ ဒါပေမယ့် သူများထီး အိမ်ယူလာတာမျိုးကျ မကြုံရသေး။ အမေသာ အသက်ရှိသေးရင် အဖေ့အဖြစ်ကို ကြည့်ပြီး သိပ်သဘောကျနေမှာ။ အမေဆိုကာမှ အဖေနဲ့ အမေ တစ်ယောက်ကောင်းကြောင်း တစ်ယောက်ပြောတာ သတိရတယ်။

ကျွန်တော် လေးငါးတန်းအရွယ်လောက်အထိ သူတိုနှစ်ယောက် တင်းတင်းမာမာ ရန်ဖြစ်တာမျိုးတွေ ရှိခဲ့တယ်။ ရန်ဖြစ်ပြီးရင် သူတိုနှစ်ယောက် တစ်ပတ်လောက် စကားမပြောကြ။ သူတိုနှစ်ယောက် စကားမပြောတော့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရမယ့်ကိစ္စကို ကျွန်တော်က စကားပို့ယာဉ် လုပ်ပေးရတယ်။

ဒါကတော့ မိသားစုတွေထဲ ရှိတတ်တာပဲ။ ကျွန်တော်ပြောချင်တာက ဒါမဟုတ်သေး။ သူတို ရန်ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ရှောင်နေတဲ့အချိန် ကျွန်တော့်ကို တစ်ယောက်ကောင်းကြောင်းတစ်ယောက် ပြောကြတာ။

သားကြီးရေ၊ ရန်ဖြစ်တုန်းက အမေပြောတာတွေ မဟုတ်ဘူးနော်၊ သားအဖေက ဘယ်လိုကောင်းတာ၊ ဘယ်လိုသိတတ်တာ၊ ဟိုစကားတွေက အမေ စိတ်ဆိုးနေလို ဒေါသနဲ့ ဘယ်သိုဘယ်နှယ် ပြောမိတာ ဘာညာပေါ့။ ဒါမျိုးကို အဖေလည်း ပြောတတ်တယ်။ သူတိုက ရန်ဖြစ်တုန်း ပြောချင်ရာပြောကြပြီး နောက်ကျ ကျွန်တော်တိုမောင်နှမနှစ်ယောက်ကို တစ်ယောက်ကောင်းကြောင်းတစ်ယောက် ပြောကြတာ။

ကျွန်တော် ခြောက်တန်းနှစ်လောက်က ထင်ရဲ့။ အဖေနဲ့ အမေ စကားများနေတုန်း ဝင်ပြောမိတယ်။ စကားတွေ ဆင်ဆင်ခြင်ခြင် ပြောပြီး ရန်ဖြစ်ကြနော်၊ ပြီးရင် ဘယ်သူ့ကောင်းကြောင်းမှ နားမထောင်ချင်ဘူးလို။ အဖေရော အမေပါ ရယ်ပြီး ရန်ပွဲ ပျက်ကရော။ ခုနေ သတိရတော့လည်း လွမ်းစရာလေးတွေ။

ရယ်ရခက် ငိုရခက် ကြုံရတာတွေလည်း ရှိသေး။ အဖြစ်တစ်ခုဆို ဒီလို။ မိန်းမက အလုပ်ကိစ္စနဲ့ မန္တလေးဘက် ရောက်နေတုန်း ကျွန်တော် နှစ်ရက်လောက် ဖျားတယ်။ အဖျားက သမီးလေးကိုပါ ကူးတယ်။ ဒါနဲ့ အိမ်ကိစ္စတွေရော စားဖိုသောက်ဖိုတွေပါ ညီမလေး လာစီစဉ်ပေးတယ်။ သမီးကတော့ တစ်ရက်ပဲ ဖျားတာ။ ထားပါတော့။

အဲဒီမှာ ကြုံရပုံက ဒီလို…

မိန်းမ မန္တလေးက ပြန်ရောက်တဲ့နေ့မှာ ကျွန်တော် ရုံးပြန်တက်နေပြီ။ မိန်းမက နေ့လယ်ဘက် ပြန်ရောက်တာ။ ညနေ ရုံးအဆင်း ကျွန်တော် အိမ်ရောက်တဲ့အခါ အဖေက ပက်လက်ကုလားထိုင်ပေါ်မှာ အိပ်ပျော်နေတယ်။ မိန်းမက အိပ်ခန်းထဲ လာလို့ တိတ်တိတ်လေး ခေါ်တယ်။

အဖေရယ်လေတဲ့၊ ငယ် အိမ်ပြန်ရောက်တာနဲ့ ရေတစ်ခွက် ခပ်ပေးပြီး စိတ်အေးအေး ထားလို ပြောသတဲ့။ ဘာဖြစ်လိုလဲ အဖေဆိုတော့ ရေ အရင်သောက်ပြီးမှ ပြောမယ်တဲ့။ ဒါနဲ့ ငယ် ရေသောက်လိုက်တယ်။ အဖေက မျက်စိပျက် မျက်နှာပျက်နဲ့ တိုးတိုးတိတ်တိတ် ပြောတာ။ သမီးရယ်… သမီး ခရီးသွားတုန်း ဟိုကောင်ရယ် ဖောက်ပြန်တာတဲ့။

အိမ်ကို ကောင်မလေးတစ်ယောက် ခေါ်ပြီး ပြုစုခိုင်းတယ်။ အဲဒီကောင်မလေးက အိစိကိုတောင် သူ့သမီးလို ပြုစုနေတာတဲ့။ ပျာတာတာနဲ့ သိပ်အကဲပိုတဲ့ပုံမျိုး၊ အဖေ ဓာတ်ပုံတွေတောင် ရိုက်ထားသေးတယ်လို ပြောတာ။ ငယ်လည်း ပြာဝေသွားတာပဲ။ အဖေ့ပြတဲ့ပုံတွေ ကြည့်မှ ဟင်းချနိုင်တယ်။ ငယ်ပေးတဲ့ အဖေ့ဖုန်းကို ကျွန်တော် ယူကြည့်လိုက်တော့ ပုံတွေက ဝါးတားတားတွေ။ ပုံအများစုက စောင်းလိုစောင်း။

ဒါပေမယ့် ညီမလေးမှန်း သိသာတယ်။ အဖေ့ခမျာ ခိုးရိုက်ရလို ဝါးတဲ့ပုံလည်း ဝါး၊ မည်းမှောင်နေတဲ့ပုံတွေလည်း မည်းမှောင်လို။ အိစိကို ညီမလေး သိပ်နေတဲ့ပုံတွေတောင် ပါသေး။ ဒါကြောင့် ဒီရက်ထဲ ကျွန်တော့်ကို အဖေ သိပ်စကားမပြောတာကိုး။ သူ့ဘာသာသူ ပြုံးနေရင်တောင် ကျွန်တော့်မြင်တာနဲ့ တည်လို့။

ဒီအကြောင်း ညီမလေးကို ရယ်စရာလို ဖုန်းဆက်ပြောဖြစ်တယ်။ ညီမလေးက မရယ်၊ ငိုတော့တာပဲ။ အဖေ့မှတ်ဉာဏ်ထဲ သူ ဘာလိုပျောက်သွားရတာလဲတဲ့။ အိမ် လာနေတုန်းက သမီးလို တစ်ခါမှ မခေါ်ဘူးဆိုတာလည်း သိလိုက်ရတယ်။ ညီမလေးနဲ့ အဖေ့မှာ မကောင်းတဲ့ဖြစ်ရပ်တွေမှ မရှိပဲ။

ပြီးတော့ အဖေချစ်သမီး။ မကောင်းတာအများစု မေ့ပျောက်တာမှာ ကောင်းတဲ့တချိုတလေ ပါသွားတာနေမယ်လို ဖြေတွေးစကား ပြောတော့ အင်းပါဆိုပြီး ဖုန်းချသွားတယ်။ ညီမလေး ဝမ်းနည်းနေတော့မှာ ကျွန်တော် သိတယ်။

နောက်တစ်ရက် အိမ်ရောက်လာပြီး အဖေ့နား ကပ်နေတယ်။ အဖေက သမီးလေး ဘယ်ရောက်နေတာလဲ မေးတော့ ညီမလေး အပျော်တစ်ဝက် ရသွားတယ်။ အပျော်တစ်ဝက်ဆိုတာက သူ့ကို မှတ်မိလို့ ရတာ၊ တစ်ဝက်မပျော်နိုင်တာက တစ်နေ့ကမှ အိမ်က ပြန်သွားတာ သူဆိုတာကို မမှတ်မိလို့။

အဲဒီနေ့က ရုံးပိတ်ရက်မို ကျွန်တော်လည်း အိမ်မှာ ရှိနေတယ်။ အိစိလည်း ဂျီမကျတဲ့နေ့။ အဖေကတော့ ကျွန်တော်တို ပြောကြဆိုကြတာကို ထုံးစံအတိုင်း ပြုံးတုံတုံ မျက်နှာနဲ့ နားထောင်နေတာ။

ညနေ ငါးနာရီကျော်လောက်မှာ ပက်လက်ကုလားထိုင်ကနေ ထပြီး အိမ်အပြင်ဘက် တစ်ချက် ကြည့်တယ်။ နောက် အိမ်ရှေ့တံခါး ဖွင့်ပြီး ဖိနပ်စီးတယ်။ ကျွန်တော်တိုက အဖေ လုပ်သမျှ လိုက်ကြည့်နေကြတာ။ ဘာတွေ လုပ်ပြန်ဦးမယ်မဆိုနိုင်။ အဖေက အိမ်ထဲ တစ်ချက် ပြန်ကြည့်တယ်။ ပြီးတော့ ကျွန်တော် ပြန်ဦးမယ်ခင်ဗျတဲ့။

#ဧည့်ရှင် #လူသာမန် မူရင်းရေးသားသူကို လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Zawgyi

အသက္အရြယ္ရလာရင္ မွတ္ဥာဏ္တခ်ိဳ႕ ေပ်ာက္ဆုံးတတ္ပါတယ္.. သူတုိ႕ကို နားလည္ေပးနိဳင္ၾကပါေစ…

အေဖ့မွာ မွတ္ဉာဏ္တခ်ိဳ ေပ်ာက္ဆုံးသြားတယ္။ စစခ်င္းေတာ့ ကြၽန္ေတာ္ သတိမထားမိခဲ့။ ေလးငါးႀကိမ္ ႀကဳံလာမွ သတိထားမိတာ။ သတိထားမိတာက ဒီလို… သူ႔ပစၥည္းတခ်ိဳကို ကြၽန္ေတာ္ ယူကိုင္ၿပီး ေနရာတက် ျပန္မထားမိတာ၊ အဲဒါကို သူ ဗ်စ္ေတာက္ဗ်စ္ေတာက္ ေျပာတယ္။

အဲဒီလိုေျပာတတ္တာက ပုံမွန္ပဲ။ ပုံမွန္မဟုတ္တာက မင္း ဒီလိုေနတာထိုင္တာေတြ မင္းအေဖ သိရင္ မလြယ္ဘူး ဘာညာနဲ႔ ေျပာလာတာ။ အစကေတာ့ သူ႔အက်င့္အတိုင္း ေနာက္ေနတယ္ထင္တာေပါ့။ ေနာက္ထပ္ ေလးငါးခါ ႀကဳံလာမွ သူ ေနာက္ေနတာမဟုတ္ဘူးဆိုတာ သေဘာေပါက္တယ္။ ဒါနဲ႔ ေမးၾကည့္တယ္။

ကြၽန္ေတာ့္အေဖ ဘယ္သူလဲလို႔။ သူ စဥ္းစားသြားတယ္။ ခဏေနေတာ့ နံရံေပၚက သူ႔ဓာတ္ပုံကို ျပၿပီး ဟိုဟာ မင္းအေဖေပါ့တဲ့။ ကြၽန္ေတာ္က ၾကည့္မွန္တစ္ခ်ပ္ ယူၿပီး ဒါကေကာလို ေမးတယ္။ သူ ခုနကထက္ အၾကာႀကီး စဥ္းစားတယ္။ ၿပီးမွ ဒါလည္း မင္းအေဖပဲေပါ့တဲ့။ ဘာကြာလိုလဲ ေမးေတာ့ သူ မေျဖ။ မွန္ထဲက သူ႔ပုံကိုပဲ စိုက္ၾကည့္ေနေတာ့တယ္။

ေနာက္ထပ္ ႀကဳံရတာေတြလည္း ရွိေသး။ တစ္ရက္ အလုပ္ကေန ကြၽန္ေတာ္ ျပန္အေရာက္ မလာတာ ၾကာၿပီပဲ၊ ဘယ္ေတြ ေရာက္ေနလဲလို႔ ဧည့္သည္တစ္ေယာက္ကို ႏႈတ္ဆက္သလို ႏႈတ္ဆက္တယ္။ ကြၽန္ေတာ္လည္း ရိပ္မိလို ၿပဳံးပဲၿပဳံးျပလိုက္တယ္။ သူက မီးဖိုေခ်ာင္ထဲ ဝင္သြားၿပီး ေရေႏြးၾကမ္းဗန္းနဲ႔ ျပန္ထြက္လာတယ္။ နားဦး၊ ေသာက္ဦးတဲ့။

အိမ္ကို ဧည့္သည္မလာတာၾကာလို စကားေျပာေဖာ္ ေမွ်ာ္ေနရတာဆိုပဲ။ ကြၽန္ေတာ့္မိန္းမက ၾကည့္ၿပီး ၿပဳံးေနတယ္။ ကြၽန္ေတာ္လည္း အေပၚဝတ္အက်ႌခြၽတ္ၿပီး ဧည့္ခန္းမွာ ထိုင္ျဖစ္သြားတယ္။ ခါတိုင္းဆို အိပ္ခန္းထဲ တန္းသြားၿပီး ခဏေလာက္ လွဲေနတတ္တာ။ ထိုင္ေနတဲ့ ကြၽန္ေတာ့္ကို အေဖက လက္ဟန္နဲ႔ ေရေႏြးေသာက္ဦးေလလို လုပ္ျပတယ္။

အေဖ့အတြက္ တစ္ခြက္၊ ကြၽန္ေတာ့္အတြက္ တစ္ခြက္ ငွဲေတာ့ အေဖက သူနဲ႔နီးတဲ့ ခြက္ကို လွမ္းယူတယ္။ ကြၽန္ေတာ္ တစ္ခုခု ေျပာေလမလားဆိုတဲ့ အၾကည့္နဲ႔ ၾကည့္တယ္။ ဒါနဲ႔ ဘာေတြ ထူးလဲလို႔ ေမးလိုက္တာေပါ့။ ကမာၻႀကီးမွာ ထူးတယ္ရယ္ ဘယ္ရွိပါ့မလဲတဲ့။ အဲဒီစကားေျပာၿပီး ေရေႏြးတစ္ငုံ ေသာက္တယ္။

ခဏေနေတာ့ ေဘးျပတင္းေပါက္ဘက္ ထသြားၿပီး အျပင္ကို ေငးၾကည့္ေနရဲ႕။ ကြၽန္ေတာ့္ဘက္ ျပန္လွည့္မလာေတာ့ဘူး။ ကြၽန္ေတာ္ ေရခ်ိဳးဖို ျပင္တယ္။ ေရခ်ိဳး၊ အဝတ္အစား လဲၿပီး ဧည့္ခန္းဆီ ျပန္ထြက္လာေတာ့ အေဝးတစ္ေနရာကို အေဖ ေငးေနဆဲ။ ကြၽန္ေတာ့္ေျခသံေၾကာင့္ ထင္တယ္၊ ဒီဘက္ ျပန္လွည့္လာတယ္။

ေနာက္ ထိုင္ခုံေတြကို ၾကည့္ၿပီး ဧည့္သည္ ျပန္သြားၿပီလားတဲ့။ ျပန္သြားၿပီလိုပဲ အလိုက္သင့္ အေျဖေပးလိုက္တယ္။ ေရေႏြးငွဲၿပီး ေသာက္မသြားဘူးလို သူက ေရ႐ြတ္ရဲ႕။ ဒါနဲ႔ ကြၽန္ေတာ္ ယူေသာက္လိုက္တယ္။ ေရေႏြးေတာ့ ကုန္တာေပါ့၊ ငွဲသူ တစ္ေယာက္ ေသာက္သူ တစ္ေယာက္လို အေဖက ၿပဳံးတုံတုံ ေျပာတယ္။

အမ်ားအားျဖင့္ေတာ့ အေဖ ၿပဳံးၿပဳံးေလး ျဖစ္လာတယ္။ အရင္က သူ စိတ္ၾကည္ႏူးမွ ၿပဳံးတဲ့အၿပဳံးမ်ိဳးဟာ အခုေနာက္ပိုင္း မ်က္ႏွာေပၚ အၿမဲလို ေတြ႕လာရတယ္။ မွတ္ဉာဏ္တခ်ိဳ ေပ်ာက္သြားတာမွာ စိတ္ညစ္ညဴးစရာ အျဖစ္အပ်က္ေတြပဲ ေ႐ြးပါသြားသလား မသိ။

သူ႔အၿပဳံးမ်က္ႏွာဟာ ကြၽန္ေတာ့္ကိုပါ စိတ္ၾကည္ေစတယ္။

တစ္ေန႔တုန္းကဆို သူ အသံထြက္ၿပီး ရယ္ေနလို တီဗီမွာ တစ္ခုခု ၾကည့္ေနတယ္ ထင္တာ။ မဟုတ္၊ တီဗီက ပိတ္ထားတာ။ သူက ပက္လက္ကုလားထိုင္မွာ မ်က္လုံးေလး စင္းၿပီး ရယ္ေနတာ။ အေဖ ဘာေတြ ရယ္ရလိုလဲ ေမးေတာ့ မ်က္လုံးေတြ ပြင့္လာတယ္။

ရယ္တာ ရပ္ၿပီး ကြၽန္ေတာ့္ကို ေျပာျပေတာ့မလိုလိုနဲ႔ စကားက ထြက္မလာ။ သူ စကားအစ ရွာေနတယ္ထင္လို ကြၽန္ေတာ္လည္း ၾကည့္ေနလိုက္တယ္။ ရယ္စရာတစ္ခု ျပန္သတိရလို၊ ဘာရယ္စရာလဲ မသိေတာ့ဘူး၊ ရယ္ေတာ့ ရယ္ရတယ္တဲ့။ ဒီလိုေျပာၿပီး ၿပဳံးတုံတုံ ျဖစ္လာျပန္တယ္။

သူ႔အၿပဳံး ပိုၿပီးၾကာၾကာေနေအာင္ ကြၽန္ေတာ္ ႏႈတ္ဆိတ္ေနလိုက္တယ္။ ရယ္စရာကိစၥကို မမွတ္မိဘဲ ရယ္ေနတာ ဘယ္လိုမ်ိဳးလဲလို စဥ္းစားၾကည့္တာ အေျဖမရဘူး။ ႀကဳံလည္း မႀကဳံဖူးတာကိုး။ ဘာပဲျဖစ္ျဖစ္ အေဖ ရယ္ေနတာေတာ့ ေကာင္းတယ္။

ဟာသေတြထဲကလို ျဖစ္တာလည္း ရွိေသး။ လက္ဖက္ရည္ဆိုင္ကို စက္ဘီးနဲ႔ သြားၿပီး ဆိုင္မွာ စက္ဘီးက်န္ေနခဲ့တာမ်ိဳး။ ဒါေပမယ့္ သူမ်ားထီး အိမ္ယူလာတာမ်ိဳးက် မႀကဳံရေသး။ အေမသာ အသက္ရွိေသးရင္ အေဖ့အျဖစ္ကို ၾကည့္ၿပီး သိပ္သေဘာက်ေနမွာ။ အေမဆိုကာမွ အေဖနဲ႔ အေမ တစ္ေယာက္ေကာင္းေၾကာင္း တစ္ေယာက္ေျပာတာ သတိရတယ္။

ကြၽန္ေတာ္ ေလးငါးတန္းအ႐ြယ္ေလာက္အထိ သူတိုႏွစ္ေယာက္ တင္းတင္းမာမာ ရန္ျဖစ္တာမ်ိဳးေတြ ရွိခဲ့တယ္။ ရန္ျဖစ္ၿပီးရင္ သူတိုႏွစ္ေယာက္ တစ္ပတ္ေလာက္ စကားမေျပာၾက။ သူတိုႏွစ္ေယာက္ စကားမေျပာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္သြယ္ရမယ့္ကိစၥကို ကြၽန္ေတာ္က စကားပို႔ယာဥ္ လုပ္ေပးရတယ္။

ဒါကေတာ့ မိသားစုေတြထဲ ရွိတတ္တာပဲ။ ကြၽန္ေတာ္ေျပာခ်င္တာက ဒါမဟုတ္ေသး။ သူတို ရန္ျဖစ္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ေရွာင္ေနတဲ့အခ်ိန္ ကြၽန္ေတာ့္ကို တစ္ေယာက္ေကာင္းေၾကာင္းတစ္ေယာက္ ေျပာၾကတာ။

သားႀကီးေရ၊ ရန္ျဖစ္တုန္းက အေမေျပာတာေတြ မဟုတ္ဘူးေနာ္၊ သားအေဖက ဘယ္လိုေကာင္းတာ၊ ဘယ္လိုသိတတ္တာ၊ ဟိုစကားေတြက အေမ စိတ္ဆိုးေနလို ေဒါသနဲ႔ ဘယ္သိုဘယ္ႏွယ္ ေျပာမိတာ ဘာညာေပါ့။ ဒါမ်ိဳးကို အေဖလည္း ေျပာတတ္တယ္။ သူတိုက ရန္ျဖစ္တုန္း ေျပာခ်င္ရာေျပာၾကၿပီး ေနာက္က် ကြၽန္ေတာ္တိုေမာင္ႏွမႏွစ္ေယာက္ကို တစ္ေယာက္ေကာင္းေၾကာင္းတစ္ေယာက္ ေျပာၾကတာ။

ကြၽန္ေတာ္ ေျခာက္တန္းႏွစ္ေလာက္က ထင္ရဲ႕။ အေဖနဲ႔ အေမ စကားမ်ားေနတုန္း ဝင္ေျပာမိတယ္။ စကားေတြ ဆင္ဆင္ျခင္ျခင္ ေျပာၿပီး ရန္ျဖစ္ၾကေနာ္၊ ၿပီးရင္ ဘယ္သူ႔ေကာင္းေၾကာင္းမွ နားမေထာင္ခ်င္ဘူးလို။ အေဖေရာ အေမပါ ရယ္ၿပီး ရန္ပြဲ ပ်က္ကေရာ။ ခုေန သတိရေတာ့လည္း လြမ္းစရာေလးေတြ။

ရယ္ရခက္ ငိုရခက္ ႀကဳံရတာေတြလည္း ရွိေသး။ အျဖစ္တစ္ခုဆို ဒီလို။ မိန္းမက အလုပ္ကိစၥနဲ႔ မႏၲေလးဘက္ ေရာက္ေနတုန္း ကြၽန္ေတာ္ ႏွစ္ရက္ေလာက္ ဖ်ားတယ္။ အဖ်ားက သမီးေလးကိုပါ ကူးတယ္။ ဒါနဲ႔ အိမ္ကိစၥေတြေရာ စားဖိုေသာက္ဖိုေတြပါ ညီမေလး လာစီစဥ္ေပးတယ္။ သမီးကေတာ့ တစ္ရက္ပဲ ဖ်ားတာ။ ထားပါေတာ့။

အဲဒီမွာ ႀကဳံရပုံက ဒီလို…

မိန္းမ မႏၲေလးက ျပန္ေရာက္တဲ့ေန႔မွာ ကြၽန္ေတာ္ ႐ုံးျပန္တက္ေနၿပီ။ မိန္းမက ေန႔လယ္ဘက္ ျပန္ေရာက္တာ။ ညေန ႐ုံးအဆင္း ကြၽန္ေတာ္ အိမ္ေရာက္တဲ့အခါ အေဖက ပက္လက္ကုလားထိုင္ေပၚမွာ အိပ္ေပ်ာ္ေနတယ္။ မိန္းမက အိပ္ခန္းထဲ လာလို႔ တိတ္တိတ္ေလး ေခၚတယ္။

အေဖရယ္ေလတဲ့၊ ငယ္ အိမ္ျပန္ေရာက္တာနဲ႔ ေရတစ္ခြက္ ခပ္ေပးၿပီး စိတ္ေအးေအး ထားလို ေျပာသတဲ့။ ဘာျဖစ္လိုလဲ အေဖဆိုေတာ့ ေရ အရင္ေသာက္ၿပီးမွ ေျပာမယ္တဲ့။ ဒါနဲ႔ ငယ္ ေရေသာက္လိုက္တယ္။ အေဖက မ်က္စိပ်က္ မ်က္ႏွာပ်က္နဲ႔ တိုးတိုးတိတ္တိတ္ ေျပာတာ။ သမီးရယ္… သမီး ခရီးသြားတုန္း ဟိုေကာင္ရယ္ ေဖာက္ျပန္တာတဲ့။

အိမ္ကို ေကာင္မေလးတစ္ေယာက္ ေခၚၿပီး ျပဳစုခိုင္းတယ္။ အဲဒီေကာင္မေလးက အိစိကိုေတာင္ သူ႔သမီးလို ျပဳစုေနတာတဲ့။ ပ်ာတာတာနဲ႔ သိပ္အကဲပိုတဲ့ပုံမ်ိဳး၊ အေဖ ဓာတ္ပုံေတြေတာင္ ႐ိုက္ထားေသးတယ္လို ေျပာတာ။ ငယ္လည္း ျပာေဝသြားတာပဲ။ အေဖ့ျပတဲ့ပုံေတြ ၾကည့္မွ ဟင္းခ်ႏိုင္တယ္။ ငယ္ေပးတဲ့ အေဖ့ဖုန္းကို ကြၽန္ေတာ္ ယူၾကည့္လိုက္ေတာ့ ပုံေတြက ဝါးတားတားေတြ။ ပုံအမ်ားစုက ေစာင္းလိုေစာင္း။

ဒါေပမယ့္ ညီမေလးမွန္း သိသာတယ္။ အေဖ့ခမ်ာ ခိုး႐ိုက္ရလို ဝါးတဲ့ပုံလည္း ဝါး၊ မည္းေမွာင္ေနတဲ့ပုံေတြလည္း မည္းေမွာင္လို။ အိစိကို ညီမေလး သိပ္ေနတဲ့ပုံေတြေတာင္ ပါေသး။ ဒါေၾကာင့္ ဒီရက္ထဲ ကြၽန္ေတာ့္ကို အေဖ သိပ္စကားမေျပာတာကိုး။ သူ႔ဘာသာသူ ၿပဳံးေနရင္ေတာင္ ကြၽန္ေတာ့္ျမင္တာနဲ႔ တည္လို႔။

ဒီအေၾကာင္း ညီမေလးကို ရယ္စရာလို ဖုန္းဆက္ေျပာျဖစ္တယ္။ ညီမေလးက မရယ္၊ ငိုေတာ့တာပဲ။ အေဖ့မွတ္ဉာဏ္ထဲ သူ ဘာလိုေပ်ာက္သြားရတာလဲတဲ့။ အိမ္ လာေနတုန္းက သမီးလို တစ္ခါမွ မေခၚဘူးဆိုတာလည္း သိလိုက္ရတယ္။ ညီမေလးနဲ႔ အေဖ့မွာ မေကာင္းတဲ့ျဖစ္ရပ္ေတြမွ မရွိပဲ။

ၿပီးေတာ့ အေဖခ်စ္သမီး။ မေကာင္းတာအမ်ားစု ေမ့ေပ်ာက္တာမွာ ေကာင္းတဲ့တခ်ိဳတေလ ပါသြားတာေနမယ္လို ေျဖေတြးစကား ေျပာေတာ့ အင္းပါဆိုၿပီး ဖုန္းခ်သြားတယ္။ ညီမေလး ဝမ္းနည္းေနေတာ့မွာ ကြၽန္ေတာ္ သိတယ္။

ေနာက္တစ္ရက္ အိမ္ေရာက္လာၿပီး အေဖ့နား ကပ္ေနတယ္။ အေဖက သမီးေလး ဘယ္ေရာက္ေနတာလဲ ေမးေတာ့ ညီမေလး အေပ်ာ္တစ္ဝက္ ရသြားတယ္။ အေပ်ာ္တစ္ဝက္ဆိုတာက သူ႔ကို မွတ္မိလို႔ ရတာ၊ တစ္ဝက္မေပ်ာ္ႏိုင္တာက တစ္ေန႔ကမွ အိမ္က ျပန္သြားတာ သူဆိုတာကို မမွတ္မိလို႔။

အဲဒီေန႔က ႐ုံးပိတ္ရက္မို ကြၽန္ေတာ္လည္း အိမ္မွာ ရွိေနတယ္။ အိစိလည္း ဂ်ီမက်တဲ့ေန႔။ အေဖကေတာ့ ကြၽန္ေတာ္တို ေျပာၾကဆိုၾကတာကို ထုံးစံအတိုင္း ၿပဳံးတုံတုံ မ်က္ႏွာနဲ႔ နားေထာင္ေနတာ။

ညေန ငါးနာရီေက်ာ္ေလာက္မွာ ပက္လက္ကုလားထိုင္ကေန ထၿပီး အိမ္အျပင္ဘက္ တစ္ခ်က္ ၾကည့္တယ္။ ေနာက္ အိမ္ေရွ႕တံခါး ဖြင့္ၿပီး ဖိနပ္စီးတယ္။ ကြၽန္ေတာ္တိုက အေဖ လုပ္သမွ် လိုက္ၾကည့္ေနၾကတာ။ ဘာေတြ လုပ္ျပန္ဦးမယ္မဆိုႏိုင္။ အေဖက အိမ္ထဲ တစ္ခ်က္ ျပန္ၾကည့္တယ္။ ၿပီးေတာ့ ကြၽန္ေတာ္ ျပန္ဦးမယ္ခင္ဗ်တဲ့။

#ဧည့္ရွင္ #လူသာမန္ မူရင္းေရးသားသူကို ေလးစားစြာ ခရက္ဒစ္ေပးပါသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*