အမှောင်ထဲသို့ တိုးဝင်မိပြီး ချောက်ထဲသို့ မကျစေချင်…

အမှောင်ထဲသို့ တိုးဝင်မိပြီး ချောက်ထဲသို့ မကျစေချင်...
အမှောင်ထဲသို့ တိုးဝင်မိပြီး ချောက်ထဲသို့ မကျစေချင်...

အမှောင်ထဲသို့ တိုးဝင်မိပြီး ချောက်ထဲသို့ မကျစေချင်…

“ဖြောင်း” ကနဲ အသံတစ်ချက်ကြားရပြီးတော့.. လူတွေ ရုတ်ရုတ်သဲသဲနဲ့ အော်ကြဟစ်ကြတဲ့အသံကို လှမ်းကြားနေရတယ်။ အနားရောက်သွားတော့… “အဲ့ကောင်လေးက အရင်က အေးအေးလေး” ဆိုပြီးပြောသံကြားရတယ်… မိန်းမကြီးတစ်ယောက်လည်း သွေးအိုင်ထဲမှာလဲနေတယ်။

ဒါတွေမဖြစ်ခင် ၃ လလောက်ကနေ ပြန်စပြောမှရမယ်။ အိုက်မောင်က အသက် ၁၇နှစ်၊ အဖေမရှိတော့ဘူး။ နယ်ကနေသားအမိနှစ်ယောက်တည်း ရန်ကုန်ကိုတက်လာပြီး… လက်လုပ်လက်စားဘဝနဲ့ ရုန်းကန်နေခဲ့ကြတာ.. သားအမိနှစ်ယောက် မနက်ဖက်ဆို ရေသန့်ဘူးတွေလိုက်ပို့။

ပန်းဘဲတန်းတစ်ဝိုက်တော့ သူတိုသားအမိကို လူသိများကြသလို… တော်တော်များများကလည်း ဂရုဏာသက်ကြတယ်။ သူတိုဆီကပဲ ဦးစားပေးဝယ်ကြတော့ နေ့စဉ်ရငွေက.. သားအမိနှစ်ယောက်အတွက် မပြည့်စုံတောင်.. အိမ်လခ တစ်လ ၈၀၀၀၀ ပေးအပြီး ဝဝလင်လင်စားနိုင်နေနိုင်လောက်အထိတော့ရတယ်။

“အမေ ကျွန်တော့်ကို ၅၀၀၀ လောက်”.. “ဟဲ့ နင် ဒီရက်ပိုင်း ဘာလိုအဲ့လောက် ခဏခဏ ၅၀၀၀… ၅၀၀၀ လုပ်နေတာလဲ? ငါက သူဌေး မဟုတ်ဘူး။ ဒီတစ်လထဲတင် နင်တောင်းတာ ၂၀၀၀၀ တောင်ရှိနေပြီ”

“သား ဂိမ်းထဲက skin ဝယ်ချင်လို” “နင်ကလည်းဟယ်.. အဲ့အရေမရအဖက်မရတွေ မလုပ်နဲ့လေ.. ရော့ ရော့” ဒီလအတွက် ဒါနောက်ဆုံးပဲ… ထပ်ပေးဖိုလည်းတစ်ကယ်မရှိဘူး အိမ်လခနဲ့ ထမင်းဖိုးပဲကျန်မယ်။” တစ်ဦးတည်းတော့သား ကိုး။

“ကုန်ပြန်ပြီကွာ”… မိုးအောင် က အိုက်မောင်ကို လှမ်းပြောတယ်။ “ငါတော့ Free Spin ၁၀ ခေါက်ရထားတယ်။ ဒါပြီးရင်တော့ပြောင်ပြီ… ကံပဲ။” ဖုန်းပေါ်မှာ အတန်းတွေလည်နေတာ ရပ်သွားပြီးနောက်ပိုင်း.. နှစ်ယောက်စလုံး အသံခဏတိတ်သွားတယ်။

“ဒီ game ကဘာလဲကွာ။ တစ်ခါမှလည်း မနိုင်ဘူး။ တစ်ခြားဟာပြောင်းဆော့တော့မယ်နောက်ဆို” “အေးဟုတ်တယ်… အထဲမှာ ဂိမ်း ၁၀၀ ကျော်တောင်ပါတယ်.. နိုင်တဲ့ဟာလေးတွေတွေ့ရင် ငါ့ကိုလည်းပြော။”

“အမေ..” “ဘာလဲ… နင်လာပြန်ပြီ… ဘယ်လိုဖြစ်နေတာလဲ သားရဲ့… အမေတိုက တစ်လမှ ၁ သိန်းခွဲ ၂ သိန်းလောက်ရတာ.. အိမ်လခဖယ်ထားရင် နင် အဲ့လောက်သုံးနေလိုမရဘူးလေ” “အမေကလည်းဗျာ သားသူငယ်ချင်းတွေလည်း ဒီလိုပဲ skin တွေဖောက်နေတာ သားလည်း လိုချင်တာပေါ့”

“ငါလည်း တတ်နိုင်သလောက် နင့်ကိုပေးနေတာပါပဲဟယ်။ အခုက ထပ်ပေးရင် ငါတို ဒီလ စားဖိုထဲကပါတော့မှာလေ” “ဒီတစ်ခါပြီးရင် တော်ပြီ” “အိုက်မောင်ရယ်… ရော့ ရော့ ၅၀၀၀” အိုက်မောင်တစ်ယောက် သုတ်သုတ် သုတ်သုတ်နဲ့ လမ်းထိပ်က Wave ဆိုင်ကိုသွားပြန်ပါတယ်။

“-ီးပဲကွာ… ငါ-ိုးမဂိမ်း… ငါ့ပိုက်ဆံတွေပဲယူနေတယ်။” အိုက်မောင်ထအဆဲ.. “ငါလည်း မနေ့က အမေမသိအောင် ၁၀၀၀၀ တောင် နှိက်ပြီးထည့်ထားတာ..ကုန်ပြီ။” -မိုးအောင် “သူများတွေတော့ နိုင်နေတာ တွေ့နေတာပဲကွာ.. ငါတိုပဲ ကံမကောင်းတာပါ။” “အဲ့ကောင်တွေဆော့တာက ဒီ Slot Game တော့မဟုတ်ဘူးကွ.. Slot Game တွေကမနိုင်ဘူး.. ပိုင်ရှင်တွေရဲ့ ငွေတွင်းလိုပြောတာလည်း တွေ့တယ်”

“မသိဘူးကွာ.. ဟိုကောင် ထွန်းနောင်ပြောတာတော့.. ဒီဟာတွေက ငွေများများထည့်ဆော့မှ တစ်ချီတည်းနဲ့ အတိုးရော အရင်းပါရမှာပြောတာပဲ.. ငါတော့ အဲ့လိုများများဆော့ကြည့်တော့မယ်… ရှုးထားတာ.. တစ်ဝက်လောက်ပဲပြန်ရရင် တစ်ကယ်တော်ပြီ ခွေးဂိမ်း”

နည်းနည်းတော့ ရင်ခုန်စရာပဲ.. ဒီလိုမျိုးတစ်ခါမှမလုပ်ဖူးဘူး။ အိုက်မောင် အမေမသိအောင် ပိုက်ဆံ ၅သောင်းတောင် ယူလာခဲ့ပြီ။ ဒီတစ်ခါတော့ ၁၀ ဆလောက်တိုးပြီးဆော့မှာ… မနိုင်စရာအကြောင်းမရှိဘူး။ တစ်ချက်လောက် Big Win လိုက်ရင်ကို တော်ပြီ။
– – – –
အိုက်မောင်နဲ့သူ့အမေ ရန်ကုန်ကိုရောက်တုန်းက သူ့အသက် ၉နှစ်သားလောက်ပဲရှိဦးမယ်… ကံအကျိုးပေးမကောင်းတော့ စာလည်း လုံးစိပတ်စိမသင်ခဲ့ရသလို… ပညာအရည်အချင်းလည်း ဘာမှတော့မရခဲ့။ အမေကတော့ သူ့သားကို သိပ်ချစ်တယ်ဆိုတာ သူသိတယ်။

အခု အသက် ၁၇ နှစ်အထိ နေရထိုင်ရ အဆင်ပြေခဲ့တာကြီးပဲ။ အဖေက ဘယ်တုန်းကဘာဖြစ်သွားလဲတော့ အိုက်မောင်လည်းမသိ… အမေကတော့ သူ့အဖေအကြောင်းမေးတိုင်း စိတ်နာတယ်ဆိုတာပဲပြောလေ့ရှိတယ်။

မျက်လုံးမှာ မျက်ရည်တွေ ဝိုင်းနေသလို..

အိုက်မောင် ရင်ထဲမှာလည်း တလှပ်လှပ်နဲ့ ဗလောင်ဆူနေတယ်။ မသိရင် ချောက်ကမ်းပါးအနက်ကြီးရဲ့ အစွန်းဖျားလေးမှာ မတ်တပ်ရပ်နေရသလိုကြီး။ သူ့အမေဆီကပိုက်ဆံ ၅သောင်း။ ဒါ အိမ်လခလိုတော့ ပြောတယ်။ အခု ကုန်သွားပြီ…. “ထပ်မံဆော့ရန် ငွေထပ်ဖြည့်သွင်းပါရှင်” ဆိုတာပဲ မြင်ရတော့တယ်။ ကြည့်နေရင်းနဲ့ တုန်လှုပ်လာတယ်။ သူ့ဘဝမှာ ဒီလောက်များတဲ့ ငွေပမာဏကိုတစ်ခါမှ မသုံးဖူးဘူး။ အမေရော သိသွားရင် ဘယ်လိုဖြေရှင်းမလဲ။

အမေကငိုပဲငိုနေတယ်.. ကျွန်တော့်ကိုလည်း ငါတို ဒီလအိမ်လခ ဘယ်လိုပေးကြမလဲ… အိမ်လခထားဦး.. ဒီလကျန်နေတဲ့ရက်တွေမှာ ငါတိုဘယ်လိုစားကြမလဲဆိုပြီး ငိုကြီးချက်မနဲ့ပြောနေတယ်.. နင်ဘယ်လိုလုပ်လိုက်တာလဲ…. ကျွန်တော့်မျက်လုံးထဲမှာလည်း မျက်ရည်တွေနဲ့… အဲ့ဂိမ်းကိုလည်း ဒေါသထွက်တယ်… အမေ့ကိုလည်း စိတ်ဆိုးတယ်… ကိုယ့်ကိုကိုယ်လည်း ပေါက်ကွဲပြီး.. အိမ်ကနေ ထထွက်လာတယ်။

မနက်အစောကြီး ဆိုတော့ အလင်းရောင်တောင် ကောင်းကောင်းမရသေးဘူး။ ဒါပေမယ့် ဒေါသအရှိန်နဲ့ မျက်လုံးက မီးဝင်းဝင်းတောက်နေပြီ.. စိတ်ထဲမှာလည်း ဘာကိုမှ ချင့်ချင့်ချိန်ချိန်မတွေးနိုင်တော့ဘူး။ အမေနဲ့ ကျွန်တော့်ရဲ့ ဘဝပျက်ပြီ အဲ့ဂိမ်းကြောင့်.. ထပ်ပြောရရင် ကျွန်တော့်ကြောင့်.. အခုချိန် အဲ့ ဂိမ်းထုတ်တဲ့သူတွေနဲ့သာတွေ့ရင် အကုန်သတ်ပစ်မှာ။

အမေပြောတာ အိမ်လခအပြင်.. ဒီလစားဖိုပါမကျန်တော့ဘူးတဲ့.. ဒါဆို ငါတို ဘယ်လိုနေကြမလဲ… စားဖိုပါမရှိတော့လောက်အောင်ဖြစ်လိုတော့ဘယ်ဖြစ်မှာလဲ..

“ဝုတ် ဝုတ်”… “ငါ-ိုးမခွေး.. ငါ့ကိုလာဟောင်နေတယ်ဆိုပြီး…ခွေးကို ပြေးကန်ပလိုက်တယ်။ ၆ပေ ၇ပေလောက် လွင့်ပြီး ခွေးအသံထပ်မကြားရတော့ဘူး။ တော်တော်လေး နာသွားလိုလား သေသွားပြီလားတော့မပြောတတ်။ သေလည်း ဂရုလည်းမစိုက်ဘူး။

ရုတ်တရက် ရှေ့မှာအဒေါ်ကြီး တစ်ယောက် မနက်ဖက်လမ်းလျှောက်နေတယ်။ အလင်းရောင်ကောင်းကောင်းမရသေးတဲ့ မနက်အစောပိုင်းပေမယ့်.. မီးရောင်နဲ့ဖြတ်ကနဲ ဆွဲကြိုးဝတ်ထားတာတော့ တွေ့လိုက်တယ်။ အဲ့ဒါ ဟိုဖက်လမ်းက ရေသန့်သွားသွားပိုတဲ့ တိုက်အိမ်က အန်တီချို။

အဲ့ဆွဲကြိုးလောက်ဆို ငါတိုကိစ္စဖြေရှင်းလို့ ရလောက်တယ်။ ဖြစ်ပါ့မလား.. ငါနဲ့လည်းသိနေတာကို ဖြစ်တယ်ကွာ.. အဲ့လောက် ဂရုမစိုက်နေနိုင်ဘူး။ “အား… အမယ်လေး… ကယ်ကြပါဦး”

စောက်ရေးထဲမှာ ဆွဲကြိုးကမပြတ်ဘဲ… လည်ပင်းမှာ တန်းလန်းကြီး… ကိုယ်ကပဲအားနည်းတာလား… ဆွဲကြိုးကပဲခိုင်တာလား…
“လာကြပါဦး။” “မအော်နဲ့နော်..။” “ဟဲ့… နင်… အိုက်မောင်.. အား.. လာကြပါဦး။” သွားပြီ ငါ့ကိုသိသွားပြီ.. အကုန် တလွဲတွေကြီးပဲ… ဘဝကပျက်ရတဲ့ကြားထဲ ဒီမိန်းမကြီးက ငါ့ကို မှတ်မိသွားပြန်ပြီ။

“တောက်.. ဒီလောက်ပြောနေတာကို”… လမ်းဘေးက အုတ်နီခဲနဲ့ ၂ ချက် ၃ ချက်လောက် ဆင့်ထုလိုက်တယ်။ ဒေါသကအရမ်းထွက်နေတော့.. ဘေးကတွေ့ရာမြင်ရာ ဝါးလုံးနဲ့လည်း ရိုက်လိုက်မိတယ်။ “ဖြောင်း” ကနဲ အသံကြားရပြီး… သွေးအိုင်ထဲ အန်တီချို လဲနေတာမြင်တော့မှ လူက အသိပြန်ကပ်တယ်။ သွားပြီ ဆိုပြီး ခြေဦးတည့်ရာ ပြေးထွက်လာခဲ့တယ်။

နောက်မှာ အမေရယ်.. ကျွန်တော့် ဒုက္ခတွေရယ် ကျန်ခဲ့ပြီ… ကျွန်တော်တော့ ပြေးနေဆဲပဲ။ ကျွန်တော့်ရဲ့ Chat box ထဲကို လောင်းကစားဂိမ်းကြောင့်… အလုပ်ထဲကပိုက်ဆံ ယူသုံးလိုက်မိတဲ့သူတွေ… မထင်မှတ်ဘဲ သိန်း ဆယ်နဲ့ချီရှုးသွားတဲ့သူတွေ… ဘဝပျက်သွားတဲ့အကြောင်းတွေလာပြောထားတာတွေ အများကြီးမှ အများကြီးပါပဲ။

လောင်းကစားဂိမ်းအားလုံးမဟုတ်ပေမယ့်… တစ်ချို ဂိမ်းတွေက တစ်ပြားမှကို ပြန်မပေးဘဲ… ဂိမ်းမဟုတ်တော့ဘဲ လိမ်နေတာပါ။ မယုံရင် “Shwe Casino အပြန်အလှန်လင်းကြမယ်” တို့ ဘာတို့ group တွေထဲမှာလည်း ဝင်ကြည့်ကြည့်ပါ။ ကျွန်တော့်ရဲ့ audience တွေထဲမှာက အဲ့လို စဉ်းစားချင့်ချိန်နိုင်စွမ်းနည်းတဲ့လူတွေ မရှိလောက်တာကိုသိပေမယ့်… ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံလာခဲ့ရင် ပြောပြပေးစေချင်ပါတယ်။

ကျွန်တော်တို့မသိပေမယ့်… တစ်ချိုဘဝတွေက ဒီဂိမ်းတွေကြောင့် တော်တော်ဆိုးဆိုးဖြစ်နေတာပါ။ တစ်ချို့တွေဆို screenshot တွေနဲ့ပါလာပြပြီး… ဘဝပျက်တဲ့အကြောင်းတွေ ပြောပြကြတယ်။

ကိုယ့်ကိုချစ်လို့ ခင်လို့ အားပေးနေကြတဲ့သူတွေကို.. တတ်နိုင်သလောက်တော့ ဂရုစိုက်ပေးတဲ့သဘောပါပဲ။ ဒါကြီးကို ခဏခဏ မြင်လာရတဲ့အခါကျတော့.. မျက်စိလည်း မှိတ်ပေးမထားချင်ပါဘူး။ ထပ်ပြောရရင်…. slot games တွေက နိုင်အောင်ဆော့လို့မရပါဘူး။
credit to Jimmy

Zawgyi

အေမွာင္ထဲသုိ႕ တိုး၀င္မိျပီး ေခ်ာက္ထဲသုိ႕ မက်ေစခ်င္…

“ေျဖာင္း” ကနဲ အသံတစ္ခ်က္ၾကားရၿပီးေတာ့.. လူေတြ ႐ုတ္႐ုတ္သဲသဲနဲ႔ ေအာ္ၾကဟစ္ၾကတဲ့အသံကို လွမ္းၾကားေနရတယ္။ အနားေရာက္သြားေတာ့… “အဲ့ေကာင္ေလးက အရင္က ေအးေအးေလး” ဆိုၿပီးေျပာသံၾကားရတယ္… မိန္းမႀကီးတစ္ေယာက္လည္း ေသြးအိုင္ထဲမွာလဲေနတယ္။

ဒါေတြမျဖစ္ခင္ ၃ လေလာက္ကေန ျပန္စေျပာမွရမယ္။ အိုက္ေမာင္က အသက္ ၁၇ႏွစ္၊ အေဖမရွိေတာ့ဘူး။ နယ္ကေနသားအမိႏွစ္ေယာက္တည္း ရန္ကုန္ကိုတက္လာၿပီး… လက္လုပ္လက္စားဘဝနဲ႔ ႐ုန္းကန္ေနခဲ့ၾကတာ.. သားအမိႏွစ္ေယာက္ မနက္ဖက္ဆို ေရသန႔္ဘူးေတြလိုက္ပို႔။

ပန္းဘဲတန္းတစ္ဝိုက္ေတာ့ သူတိုသားအမိကို လူသိမ်ားၾကသလို… ေတာ္ေတာ္မ်ားမ်ားကလည္း ဂ႐ုဏာသက္ၾကတယ္။ သူတိုဆီကပဲ ဦးစားေပးဝယ္ၾကေတာ့ ေန႔စဥ္ရေငြက.. သားအမိႏွစ္ေယာက္အတြက္ မျပည့္စုံေတာင္.. အိမ္လခ တစ္လ ၈၀၀၀၀ ေပးအၿပီး ဝဝလင္လင္စားႏိုင္ေနႏိုင္ေလာက္အထိေတာ့ရတယ္။

“အေမ ကြၽန္ေတာ့္ကို ၅၀၀၀ ေလာက္”.. “ဟဲ့ နင္ ဒီရက္ပိုင္း ဘာလိုအဲ့ေလာက္ ခဏခဏ ၅၀၀၀… ၅၀၀၀ လုပ္ေနတာလဲ? ငါက သူေဌး မဟုတ္ဘူး။ ဒီတစ္လထဲတင္ နင္ေတာင္းတာ ၂၀၀၀၀ ေတာင္ရွိေနၿပီ”

“သား ဂိမ္းထဲက skin ဝယ္ခ်င္လို” “နင္ကလည္းဟယ္.. အဲ့အေရမရအဖက္မရေတြ မလုပ္နဲ႔ေလ.. ေရာ့ ေရာ့” ဒီလအတြက္ ဒါေနာက္ဆုံးပဲ… ထပ္ေပးဖိုလည္းတစ္ကယ္မရွိဘူး အိမ္လခနဲ႔ ထမင္းဖိုးပဲက်န္မယ္။” တစ္ဦးတည္းေတာ့သား ကိုး။

“ကုန္ျပန္ၿပီကြာ”… မိုးေအာင္ က အိုက္ေမာင္ကို လွမ္းေျပာတယ္။ “ငါေတာ့ Free Spin ၁၀ ေခါက္ရထားတယ္။ ဒါၿပီးရင္ေတာ့ေျပာင္ၿပီ… ကံပဲ။” ဖုန္းေပၚမွာ အတန္းေတြလည္ေနတာ ရပ္သြားၿပီးေနာက္ပိုင္း.. ႏွစ္ေယာက္စလုံး အသံခဏတိတ္သြားတယ္။

“ဒီ game ကဘာလဲကြာ။ တစ္ခါမွလည္း မႏိုင္ဘူး။ တစ္ျခားဟာေျပာင္းေဆာ့ေတာ့မယ္ေနာက္ဆို” “ေအးဟုတ္တယ္… အထဲမွာ ဂိမ္း ၁၀၀ ေက်ာ္ေတာင္ပါတယ္.. ႏိုင္တဲ့ဟာေလးေတြေတြ႕ရင္ ငါ့ကိုလည္းေျပာ။”

“အေမ..” “ဘာလဲ… နင္လာျပန္ၿပီ… ဘယ္လိုျဖစ္ေနတာလဲ သားရဲ႕… အေမတိုက တစ္လမွ ၁ သိန္းခြဲ ၂ သိန္းေလာက္ရတာ.. အိမ္လခဖယ္ထားရင္ နင္ အဲ့ေလာက္သုံးေနလိုမရဘူးေလ” “အေမကလည္းဗ်ာ သားသူငယ္ခ်င္းေတြလည္း ဒီလိုပဲ skin ေတြေဖာက္ေနတာ သားလည္း လိုခ်င္တာေပါ့”

“ငါလည္း တတ္ႏိုင္သေလာက္ နင့္ကိုေပးေနတာပါပဲဟယ္။ အခုက ထပ္ေပးရင္ ငါတို ဒီလ စားဖိုထဲကပါေတာ့မွာေလ” “ဒီတစ္ခါၿပီးရင္ ေတာ္ၿပီ” “အိုက္ေမာင္ရယ္… ေရာ့ ေရာ့ ၅၀၀၀” အိုက္ေမာင္တစ္ေယာက္ သုတ္သုတ္ သုတ္သုတ္နဲ႔ လမ္းထိပ္က Wave ဆိုင္ကိုသြားျပန္ပါတယ္။

“-ီးပဲကြာ… ငါ-ိုးမဂိမ္း… ငါ့ပိုက္ဆံေတြပဲယူေနတယ္။” အိုက္ေမာင္ထအဆဲ.. “ငါလည္း မေန႔က အေမမသိေအာင္ ၁၀၀၀၀ ေတာင္ ႏွိက္ၿပီးထည့္ထားတာ..ကုန္ၿပီ။” -မိုးေအာင္ “သူမ်ားေတြေတာ့ ႏိုင္ေနတာ ေတြ႕ေနတာပဲကြာ.. ငါတိုပဲ ကံမေကာင္းတာပါ။” “အဲ့ေကာင္ေတြေဆာ့တာက ဒီ Slot Game ေတာ့မဟုတ္ဘူးကြ.. Slot Game ေတြကမႏိုင္ဘူး.. ပိုင္ရွင္ေတြရဲ႕ ေငြတြင္းလိုေျပာတာလည္း ေတြ႕တယ္”

“မသိဘူးကြာ.. ဟိုေကာင္ ထြန္းေနာင္ေျပာတာေတာ့.. ဒီဟာေတြက ေငြမ်ားမ်ားထည့္ေဆာ့မွ တစ္ခ်ီတည္းနဲ႔ အတိုးေရာ အရင္းပါရမွာေျပာတာပဲ.. ငါေတာ့ အဲ့လိုမ်ားမ်ားေဆာ့ၾကည့္ေတာ့မယ္… ရႈးထားတာ.. တစ္ဝက္ေလာက္ပဲျပန္ရရင္ တစ္ကယ္ေတာ္ၿပီ ေခြးဂိမ္း”

နည္းနည္းေတာ့ ရင္ခုန္စရာပဲ.. ဒီလိုမ်ိဳးတစ္ခါမွမလုပ္ဖူးဘူး။ အိုက္ေမာင္ အေမမသိေအာင္ ပိုက္ဆံ ၅ေသာင္းေတာင္ ယူလာခဲ့ၿပီ။ ဒီတစ္ခါေတာ့ ၁၀ ဆေလာက္တိုးၿပီးေဆာ့မွာ… မႏိုင္စရာအေၾကာင္းမရွိဘူး။ တစ္ခ်က္ေလာက္ Big Win လိုက္ရင္ကို ေတာ္ၿပီ။
– – – –
အိုက္ေမာင္နဲ႔သူ႔အေမ ရန္ကုန္ကိုေရာက္တုန္းက သူ႔အသက္ ၉ႏွစ္သားေလာက္ပဲရွိဦးမယ္… ကံအက်ိဳးေပးမေကာင္းေတာ့ စာလည္း လုံးစိပတ္စိမသင္ခဲ့ရသလို… ပညာအရည္အခ်င္းလည္း ဘာမွေတာ့မရခဲ့။ အေမကေတာ့ သူ႔သားကို သိပ္ခ်စ္တယ္ဆိုတာ သူသိတယ္။

အခု အသက္ ၁၇ ႏွစ္အထိ ေနရထိုင္ရ အဆင္ေျပခဲ့တာႀကီးပဲ။ အေဖက ဘယ္တုန္းကဘာျဖစ္သြားလဲေတာ့ အိုက္ေမာင္လည္းမသိ… အေမကေတာ့ သူ႔အေဖအေၾကာင္းေမးတိုင္း စိတ္နာတယ္ဆိုတာပဲေျပာေလ့ရွိတယ္။

မ်က္လုံးမွာ မ်က္ရည္ေတြ ဝိုင္းေနသလို..

အိုက္ေမာင္ ရင္ထဲမွာလည္း တလွပ္လွပ္နဲ႔ ဗေလာင္ဆူေနတယ္။ မသိရင္ ေခ်ာက္ကမ္းပါးအနက္ႀကီးရဲ႕ အစြန္းဖ်ားေလးမွာ မတ္တပ္ရပ္ေနရသလိုႀကီး။ သူ႔အေမဆီကပိုက္ဆံ ၅ေသာင္း။ ဒါ အိမ္လခလိုေတာ့ ေျပာတယ္။ အခု ကုန္သြားၿပီ…. “ထပ္မံေဆာ့ရန္ ေငြထပ္ျဖည့္သြင္းပါရွင္” ဆိုတာပဲ ျမင္ရေတာ့တယ္။ ၾကည့္ေနရင္းနဲ႔ တုန္လႈပ္လာတယ္။ သူ႔ဘဝမွာ ဒီေလာက္မ်ားတဲ့ ေငြပမာဏကိုတစ္ခါမွ မသုံးဖူးဘူး။ အေမေရာ သိသြားရင္ ဘယ္လိုေျဖရွင္းမလဲ။

အေမကငိုပဲငိုေနတယ္.. ကြၽန္ေတာ့္ကိုလည္း ငါတို ဒီလအိမ္လခ ဘယ္လိုေပးၾကမလဲ… အိမ္လခထားဦး.. ဒီလက်န္ေနတဲ့ရက္ေတြမွာ ငါတိုဘယ္လိုစားၾကမလဲဆိုၿပီး ငိုႀကီးခ်က္မနဲ႔ေျပာေနတယ္.. နင္ဘယ္လိုလုပ္လိုက္တာလဲ…. ကြၽန္ေတာ့္မ်က္လုံးထဲမွာလည္း မ်က္ရည္ေတြနဲ႔… အဲ့ဂိမ္းကိုလည္း ေဒါသထြက္တယ္… အေမ့ကိုလည္း စိတ္ဆိုးတယ္… ကိုယ့္ကိုကိုယ္လည္း ေပါက္ကြဲၿပီး.. အိမ္ကေန ထထြက္လာတယ္။

မနက္အေစာႀကီး ဆိုေတာ့ အလင္းေရာင္ေတာင္ ေကာင္းေကာင္းမရေသးဘူး။ ဒါေပမယ့္ ေဒါသအရွိန္နဲ႔ မ်က္လုံးက မီးဝင္းဝင္းေတာက္ေနၿပီ.. စိတ္ထဲမွာလည္း ဘာကိုမွ ခ်င့္ခ်င့္ခ်ိန္ခ်ိန္မေတြးႏိုင္ေတာ့ဘူး။ အေမနဲ႔ ကြၽန္ေတာ့္ရဲ႕ ဘဝပ်က္ၿပီ အဲ့ဂိမ္းေၾကာင့္.. ထပ္ေျပာရရင္ ကြၽန္ေတာ့္ေၾကာင့္.. အခုခ်ိန္ အဲ့ ဂိမ္းထုတ္တဲ့သူေတြနဲ႔သာေတြ႕ရင္ အကုန္သတ္ပစ္မွာ။

အေမေျပာတာ အိမ္လခအျပင္.. ဒီလစားဖိုပါမက်န္ေတာ့ဘူးတဲ့.. ဒါဆို ငါတို ဘယ္လိုေနၾကမလဲ… စားဖိုပါမရွိေတာ့ေလာက္ေအာင္ျဖစ္လိုေတာ့ဘယ္ျဖစ္မွာလဲ..

“ဝုတ္ ဝုတ္”… “ငါ-ိုးမေခြး.. ငါ့ကိုလာေဟာင္ေနတယ္ဆိုၿပီး…ေခြးကို ေျပးကန္ပလိုက္တယ္။ ၆ေပ ၇ေပေလာက္ လြင့္ၿပီး ေခြးအသံထပ္မၾကားရေတာ့ဘူး။ ေတာ္ေတာ္ေလး နာသြားလိုလား ေသသြားၿပီလားေတာ့မေျပာတတ္။ ေသလည္း ဂ႐ုလည္းမစိုက္ဘူး။

႐ုတ္တရက္ ေရွ႕မွာအေဒၚႀကီး တစ္ေယာက္ မနက္ဖက္လမ္းေလွ်ာက္ေနတယ္။ အလင္းေရာင္ေကာင္းေကာင္းမရေသးတဲ့ မနက္အေစာပိုင္းေပမယ့္.. မီးေရာင္နဲ႔ျဖတ္ကနဲ ဆြဲႀကိဳးဝတ္ထားတာေတာ့ ေတြ႕လိုက္တယ္။ အဲ့ဒါ ဟိုဖက္လမ္းက ေရသန႔္သြားသြားပိုတဲ့ တိုက္အိမ္က အန္တီခ်ိဳ။

အဲ့ဆြဲႀကိဳးေလာက္ဆို ငါတိုကိစၥေျဖရွင္းလို႔ ရေလာက္တယ္။ ျဖစ္ပါ့မလား.. ငါနဲ႔လည္းသိေနတာကို ျဖစ္တယ္ကြာ.. အဲ့ေလာက္ ဂ႐ုမစိုက္ေနႏိုင္ဘူး။ “အား… အမယ္ေလး… ကယ္ၾကပါဦး”

ေစာက္ေရးထဲမွာ ဆြဲႀကိဳးကမျပတ္ဘဲ… လည္ပင္းမွာ တန္းလန္းႀကီး… ကိုယ္ကပဲအားနည္းတာလား… ဆြဲႀကိဳးကပဲခိုင္တာလား…
“လာၾကပါဦး။” “မေအာ္နဲ႔ေနာ္..။” “ဟဲ့… နင္… အိုက္ေမာင္.. အား.. လာၾကပါဦး။” သြားၿပီ ငါ့ကိုသိသြားၿပီ.. အကုန္ တလြဲေတြႀကီးပဲ… ဘဝကပ်က္ရတဲ့ၾကားထဲ ဒီမိန္းမႀကီးက ငါ့ကို မွတ္မိသြားျပန္ၿပီ။

“ေတာက္.. ဒီေလာက္ေျပာေနတာကို”… လမ္းေဘးက အုတ္နီခဲနဲ႔ ၂ ခ်က္ ၃ ခ်က္ေလာက္ ဆင့္ထုလိုက္တယ္။ ေဒါသကအရမ္းထြက္ေနေတာ့.. ေဘးကေတြ႕ရာျမင္ရာ ဝါးလုံးနဲ႔လည္း ႐ိုက္လိုက္မိတယ္။ “ေျဖာင္း” ကနဲ အသံၾကားရၿပီး… ေသြးအိုင္ထဲ အန္တီခ်ိဳ လဲေနတာျမင္ေတာ့မွ လူက အသိျပန္ကပ္တယ္။ သြားၿပီ ဆိုၿပီး ေျခဦးတည့္ရာ ေျပးထြက္လာခဲ့တယ္။

ေနာက္မွာ အေမရယ္.. ကြၽန္ေတာ့္ ဒုကၡေတြရယ္ က်န္ခဲ့ၿပီ… ကြၽန္ေတာ္ေတာ့ ေျပးေနဆဲပဲ။ ကြၽန္ေတာ့္ရဲ႕ Chat box ထဲကို ေလာင္းကစားဂိမ္းေၾကာင့္… အလုပ္ထဲကပိုက္ဆံ ယူသုံးလိုက္မိတဲ့သူေတြ… မထင္မွတ္ဘဲ သိန္း ဆယ္နဲ႔ခ်ီရႈးသြားတဲ့သူေတြ… ဘဝပ်က္သြားတဲ့အေၾကာင္းေတြလာေျပာထားတာေတြ အမ်ားႀကီးမွ အမ်ားႀကီးပါပဲ။

ေလာင္းကစားဂိမ္းအားလုံးမဟုတ္ေပမယ့္… တစ္ခ်ိဳ ဂိမ္းေတြက တစ္ျပားမွကို ျပန္မေပးဘဲ… ဂိမ္းမဟုတ္ေတာ့ဘဲ လိမ္ေနတာပါ။ မယုံရင္ “Shwe Casino အျပန္အလွန္လင္းၾကမယ္” တို႔ ဘာတို႔ group ေတြထဲမွာလည္း ဝင္ၾကည့္ၾကည့္ပါ။ ကြၽန္ေတာ့္ရဲ႕ audience ေတြထဲမွာက အဲ့လို စဥ္းစားခ်င့္ခ်ိန္ႏိုင္စြမ္းနည္းတဲ့လူေတြ မရွိေလာက္တာကိုသိေပမယ့္… ကိုယ့္ပတ္ဝန္းက်င္မွာ ႀကဳံလာခဲ့ရင္ ေျပာျပေပးေစခ်င္ပါတယ္။

ကြၽန္ေတာ္တို႔မသိေပမယ့္… တစ္ခ်ိဳဘဝေတြက ဒီဂိမ္းေတြေၾကာင့္ ေတာ္ေတာ္ဆိုးဆိုးျဖစ္ေနတာပါ။ တစ္ခ်ိဳ႕ေတြဆို screenshot ေတြနဲ႔ပါလာျပၿပီး… ဘဝပ်က္တဲ့အေၾကာင္းေတြ ေျပာျပၾကတယ္။

ကိုယ့္ကိုခ်စ္လို႔ ခင္လို႔ အားေပးေနၾကတဲ့သူေတြကို.. တတ္ႏိုင္သေလာက္ေတာ့ ဂ႐ုစိုက္ေပးတဲ့သေဘာပါပဲ။ ဒါႀကီးကို ခဏခဏ ျမင္လာရတဲ့အခါက်ေတာ့.. မ်က္စိလည္း မွိတ္ေပးမထားခ်င္ပါဘူး။ ထပ္ေျပာရရင္…. slot games ေတြက ႏိုင္ေအာင္ေဆာ့လို႔မရပါဘူး။
credit to Jimmy

Be the first to comment

Leave a Reply

Your email address will not be published.


*