ဆွမ်းမွှေးရွက်(သို့)ဆန်မွှေးရွက်၏ အစွမ်းသတ္တိများ


ဆွမ်းမွှေးရွက်(သို့)ဆန်မွှေးရွက်၏ အစွမ်းသတ္တိများ

ဆွမ်းမွှေးရွက်ကို Pandan Leafလို့ ခေါ်ပါတယ်။ ကျွန်တော်တို့ဒေသမှာ ဒီအရွက်ကို ချက်ပြီးခါစ ထမင်းအိုးထဲမှာ ထည့်ထားလိုက်ရင် ထမင်းမှာ အနံ့စွဲပြီး ရနံ့သင်းစေပါတယ်။ဒါ့ကြောင့် သူ့ကို ဆွမ်းမွှေးရွက်လို့ ခေါ်ဆိုကြ ခြင်းဖြစ်ပါတယ်။ အချို့ကလည်း ဆူးမွှေးရွက်လို့လည်း ခေါ်ကြပါတယ်။

ဆွမ်းမွှေးရွက် အရည်ကို မုန့်လက်ဆောင်းဖတ် ပြုလုပ်တဲ့နေရာတွေမှာလည်း ထည့်သွင်း အသုံးပြုကြသလို အခြားသော အစားအစာတွေထဲ၌လည်း ရနံ့မွှေးအောင် ထည့်သွင်း အသုံးပြုကြပါတယ်။

ဆွမ်းမွှေးရွက်ဟာ မည်သည့်ဒေသမှာမဆို လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ထူးခြားတာက ဆွမ်းမွှေးရွက်ဟာ ကျွန်တော်တို့သိထားတာထက် ပိုပြီးတော့ အသုံးဝင်သလို လူသားတို့ ကျမ်းမာရေးအတွက်လည်း ဆေးစွမ်းကောင်းတစ်လက် ဖြစ်စေပါတယ်။

သူ့အရွက်ကိုခူးဆွတ်၍ ရေသန့်စင်အောင်ဆေးကြောပြီး ကြိတ်၍ အရည်ညှစ်သောက် ပါက..

၁ – အသည်းရာင် အသားဝါ , ၂ – အဆုတ်ရောဂါ

၃ – အဆစ် အမြစ်ရောင်ရောဂါ , ၄ – ဒူးနာ ရောဂါ

၅ – ခါးနာ ရောဂါ , ၆ – ဗိုပ်အောင့် ဗိုက်နာရောဂါ

၇ – ဂေါက်ရောဂါ , ၈ – သွေးတိုးရောဂါ

၉ – ကင်ဆာရောဂါ … ၁၀ – အဖျား ရောဂါအမျိုးမျိုး

၁၁ – အရေပြားရောဂါ အမျိုးမျိုး ,,, ၁၂ – ခေါင်းကိုက် / နားကိုက်

၁၃ – သွားဖုံးနာ ,,, ၁၄ – အပူကျခြင်း

၁၅ – အဆိပ်ပြေစေခြင်း ,,, ၁၆ – အိပ်မပျော်ခြင်း

၁၇ – ပင်ပန်းနွမ်းနယ်ခြင်း ,,, ၁၈ – အားအင်ကုန်ခမ်းခြင်း

၁၉ – အရက်မူးပြေ ပျောက်ခြင်း ,,, ၂၀ – အရက်နာ ကျခြင်းများ ပျောက်ကင်းသည့်အပြင်.. သူ့ရဲ့ အရွက်ခြောက်ကို လက်ဖက်ခြောက် ကဲ့သို့ ရေနွေး ခပ်သောက်လို့ရသလို –

အရွက်ခြောက်ကို အမူန့်ကြိတ်၍ ၎င်းအမူန့်ကို အင်ပြင်နဲ့အခြားသော ယားနာ အဖုများအပေါ်သို့ ပွတ်လိမ်းပေးပါက ပျောက်ကင်းသက်သာစေပါတယ်။

ဆွမ်းမွေးရွက်က အနံ့အသက်ဆိုးများကို စုပ်ယူပေးနိုင်ခြင်းကြောင့် မိမိတို့၏ အိမ်ခန်းအိပ်ခန်းနဲ့ ဖိနပ်စင်များပေါ်၌ ချိတ်ဆွဲထားနိုင်ပါတယ်။
credit Aung Myo Naing

Zawgyi
















အရွက်ခြောက်ကို အမူန့်ကြိတ်၍ ၄င်းအမူန့်ကို အင်ပြင်နဲ့အခြားသော ယားနာ အဖုများအပေါ်သို့ ပွတ်လိမ်းပေးပါက ပျောက်ကင်းသက်သာစေပါတယ်။

credit Aung Myo Naing

Be the first to comment

Leave a Reply

Your email address will not be published.


*