ဘဝကို သက်တောင့်သက်သာနဲ့ အဆင်ပြေစွာ ဖြတ်သန်းချင်ရင် ဒီလိုနေကြည့်ပါ…
ဘဝကို သက်တောင့်သက်သာနဲ့ အဆင်ပြေစွာ ဖြတ်သန်းချင်ရင် ဒီလိုနေကြည့်ပါ…
1. ကိုယ့်ဘဝကို သူများတွေနဲ့ မယှဉ်ပါနဲ့… သူတို့ ဘာလမ်းကြောင်းကို လျှောက်လှမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။
2. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ မထားပါနဲ့။ အဲဒါတွေကြောင့်လည်း စိတ်ဆင်းရဲမနေပါနဲ့။ လက်ရှိကိုယ့်မှာ ရှိနေတာလေးကို တန်ဖိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင် လုပ်လိုက်ပါ။
3. အလုပ်တွေကိုလဲ အလွန် အကျွံ မလုပ်ပါနဲ့ .. Limitတစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။
4. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။
5. ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။
6. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။
7. မနာလို ဝန်တိုဖြစ်နေတာဟာ အချိန်ဖြုန်းခြင်း တစ်မျိုးပါပဲ။ သင့်မှာ ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။
8. အတိတ်က ပြဿနာတွေကို မေ့လိုက်ပါတော့။ ကိုယ့်ရဲ့ လက်တွဲဖော် ၊ ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ ဒါတွေက လက်ရှိဘဝရဲ့ ပျော်ရွှင်မှု့တွေကို ဖျက်ဆီးလိမ့်မယ်။
9. တစ်ခြားလူတွေကို မမုန်းပါနဲ့။ ဘဝဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာမဟုတ်ဘူး။
10. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။
11. ကိုယ့်ရဲ့ ပျော်ရွှင်မှု့တွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက် မဖြစ်နိုင်ပါဘူး။
12. ဘဝဆိုတာ ကျောင်းတော်ကြီးတစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။
ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့ သင့်ဘဝ တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။
13. များများပြုံးပါ များများရယ်ပါ။ လူတိုင်းကို အပြုံးနဲ့ ကြိုဆိုနှုတ်ဆက်တာဟာ ကောင်းသောအရာပါ။ ရယ်မောခြင်းကလည်း ကိုယ့်ရဲ့စိတ်ကို ပျော်ရွှင်စေပါတယ်။ လောကကြီးမှာ သင်တစ်ယောက်ထဲ စိတ်ညစ်နေရတာ မဟုတ်တဲ့အတွက် အတတ်နိုင်ဆုံး ရယ်လိုက်စမ်းပါ။
14. အငြင်းအခုန်တွေတိုင်းမှာ သင်ကြီးပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*