မိန်းမကို အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်လာစေရန် ကိုယ်တိုင်သင်ပေးတာ အသင်ကောင်းလိုက်ပုံက..

မိန်းမကို အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်လာစေရန် ကိုယ်တိုင်သင်ပေးတာ အသင်ကောင်းလိုက်ပုံက..
မိန်းမကို အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်လာစေရန် ကိုယ်တိုင်သင်ပေးတာ အသင်ကောင်းလိုက်ပုံက..

မိန်းမကို အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်လာစေရန် ကိုယ်တိုင်သင်ပေးတာ အသင်ကောင်းလိုက်ပုံက..

မင်္ဂလာဆောင်ပြီးလို့ သုံးရက်မြောက်တဲ့ နေ့မှာပဲ သူမကို အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်လာစေရန် စတင် ပုံစံသွင်းယူခဲ့သည်။

“မိန်းကလေးဆိုတာ မိဘအိမ်မှာ ခြေမွှေး မီးမလောင် လက်မွှေးမီးမလောင် နေလာခဲ့လည်း အိမ်ထောင် ကျရင်တော့ အိမ်ထောင့်ကိစ္စတွေ တာဝန် ယူရမှာပဲလေ ” …

“ဟုတ်…”

“အရင်က မလုပ်ခဲ့ရလို့ မလုပ်တတ်တာက အပြစ်မဟုတ်ဘူး… အခု ယောကျာ်းယူပြီး ချိန်မှာတော့ မတတ်တာကို တတ်အောင် သင်ပြီး
အိမ်မှု့ကိစ္စတွေကို နိုင်နင်းအောင် လုပ်ရမယ်”

“ဟို… အဲ့ဒါတွေက ဘယ်သူ့ဆီမှာ သွားသင် ရမလဲဟင် ”

“ဘယ်သူ့ဆီမှ သွားသင်စရာ မလိုဘူး… ငါကိုယ်တိုင် ရှေ့ကလုပ်ပြပြီး သင်ပေးမယ်… မင်းက ထိုင်ကြည့်ပြီး သင်ယူ၊ အဲ.. တတ်သွားတဲ့အခါ အိမ်မှု့ကိစ္စတွေ မင်းပဲ ဆက်တာဝန်ယူပေါ့ ဟုတ်ပြီလား “…

“ဟုတ်..” ပြောလိုက်တော့လည်း မျက်နှာငယ်လေးနဲ့ ။

ဒါပေမဲ့.. ကြည့်ပြီး သနားနေလို့လည်း မဖြစ်သေးဘူး … အခုရှုပ်မှ နောင်ရှင်း မယားနေစ ကြောင်သေမှ မဟုတ်လား။

နောက်တစ်နေ့ကစပြီး ချက်ပြုတ်လျှော်ဖွတ် မှ အစ အိမ်သန့်ရှင်းရေးက အလယ် ဈေးဝယ်တာ ခြမ်းတာက အဆုံး ကိုယ်တိုင် လုပ်ရင်း
ကိုင်ရင်း သင်ပြပေးတယ်။

ချမာ နေ့စဉ်ကြည့်တယ် သင်ယူရှာတယ်။ ခက်တာက.. တစ်ခုပဲ ခက်နေတာ ……

သူမက သိပ်ညဏ်ကောင်းပုံ မရဘူး သင်ရ ကြားရတာ တော်တော် လက်ဝင်တယ်… ပြောရရင် သင်လွယ် တတ်လွယ် လူစားမျိုး မဟုတ်ဘူးထင်တယ်။

ကိုယ်မှာ စိတ်ရှည်ရှည်ထားပြီး လုပ်ရင်း ကိုင်ရင်း သင်ကြားပြ လာခဲ့လိုက်တာ ခုဆို အိမ်ထောင်သက်၂၆နှစ် ကျော်လာပြီ..

ဒင်းက အခုထိ တတ် မဲ့ ပုံ မပေါ်သေး ။ 😰😰😰

Zawgyi

မိန္းမကို အိမ္ရွင္မေကာင္းတစ္ေယာက္ ျဖစ္လာေစရန္ ကိုယ္တုိင္သင္ေပးတာ အသင္ေကာင္းလုိက္ပုံက..

မဂၤလာေဆာင္ၿပီးလို႔ သုံးရက္ေျမာက္တဲ့ ေန႔မွာပဲ သူမကို အိမ္ရွင္မေကာင္းတစ္ေယာက္ ျဖစ္လာေစရန္ စတင္ ပုံစံသြင္းယူခဲ့သည္။

“မိန္းကေလးဆိုတာ မိဘအိမ္မွာ ေျခေမႊး မီးမေလာင္ လက္ေမႊးမီးမေလာင္ ေနလာခဲ့လည္း အိမ္ေထာင္ က်ရင္ေတာ့ အိမ္ေထာင့္ကိစၥေတြ တာဝန္ ယူရမွာပဲေလ ” …

“ဟုတ္…”

“အရင္က မလုပ္ခဲ့ရလို႔ မလုပ္တတ္တာက အျပစ္မဟုတ္ဘူး… အခု ေယာက်ာ္းယူၿပီး ခ်ိန္မွာေတာ့ မတတ္တာကို တတ္ေအာင္ သင္ၿပီး
အိမ္မႈ႕ကိစၥေတြကို ႏိုင္နင္းေအာင္ လုပ္ရမယ္”

“ဟို… အဲ့ဒါေတြက ဘယ္သူ႔ဆီမွာ သြားသင္ ရမလဲဟင္ ”

“ဘယ္သူ႔ဆီမွ သြားသင္စရာ မလိုဘူး… ငါကိုယ္တိုင္ ေရွ႕ကလုပ္ျပၿပီး သင္ေပးမယ္… မင္းက ထိုင္ၾကည့္ၿပီး သင္ယူ၊ အဲ.. တတ္သြားတဲ့အခါ အိမ္မႈ႕ကိစၥေတြ မင္းပဲ ဆက္တာဝန္ယူေပါ့ ဟုတ္ၿပီလား “…

“ဟုတ္..” ေျပာလိုက္ေတာ့လည္း မ်က္ႏွာငယ္ေလးနဲ႔ ။

ဒါေပမဲ့.. ၾကည့္ၿပီး သနားေနလို႔လည္း မျဖစ္ေသးဘူး … အခုရႈပ္မွ ေနာင္ရွင္း မယားေနစ ေၾကာင္ေသမွ မဟုတ္လား။

ေနာက္တစ္ေန႔ကစၿပီး ခ်က္ျပဳတ္ေလွ်ာ္ဖြတ္ မွ အစ အိမ္သန႔္ရွင္းေရးက အလယ္ ေဈးဝယ္တာ ျခမ္းတာက အဆုံး ကိုယ္တိုင္ လုပ္ရင္း
ကိုင္ရင္း သင္ျပေပးတယ္။

ခ်မာ ေန႔စဥ္ၾကည့္တယ္ သင္ယူရွာတယ္။ ခက္တာက.. တစ္ခုပဲ ခက္ေနတာ ……

သူမက သိပ္ညဏ္ေကာင္းပုံ မရဘူး သင္ရ ၾကားရတာ ေတာ္ေတာ္ လက္ဝင္တယ္… ေျပာရရင္ သင္လြယ္ တတ္လြယ္ လူစားမ်ိဳး မဟုတ္ဘူးထင္တယ္။

ကိုယ္မွာ စိတ္ရွည္ရွည္ထားၿပီး လုပ္ရင္း ကိုင္ရင္း သင္ၾကားျပ လာခဲ့လိုက္တာ ခုဆို အိမ္ေထာင္သက္၂၆ႏွစ္ ေက်ာ္လာၿပီ..

ဒင္းက အခုထိ တတ္ မဲ့ ပုံ မေပၚေသး ။ 😰😰😰