မကြာခဏဆိုသလို မိမိကိုယ်ကို ပြန်မေးသင့်တဲ့ မေးခွန်းလေးတစ်ခု ရှိပါတယ်။ နင် ပြေးနေတုန်းလား-? ငုတ်ရိုက်နေပြီလား-?

မကြာခဏဆိုသလို မိမိကိုယ်ကို ပြန်မေးသင့်တဲ့ မေးခွန်းလေးတစ်ခု ရှိပါတယ်။ နင် ပြေးနေတုန်းလား-? ငုတ်ရိုက်နေပြီလား-?
မကြာခဏဆိုသလို မိမိကိုယ်ကို ပြန်မေးသင့်တဲ့ မေးခွန်းလေးတစ်ခု ရှိပါတယ်။ နင် ပြေးနေတုန်းလား-? ငုတ်ရိုက်နေပြီလား-?

မကြာခဏဆိုသလို မိမိကိုယ်ကို ပြန်မေးသင့်တဲ့ မေးခွန်းလေးတစ်ခု ရှိပါတယ်။ နင် ပြေးနေတုန်းလား-? ငုတ်ရိုက်နေပြီလား-?

လူတစ်ယောက် သေလျှင် လက်မနှစ်ခုနှင့် ခြေမနှစ်ခုကို ကြိုးချည်ထားတတ်သည်။ ဘာကြောင့်မှန်း မသိခဲ့ပါ။ ထုံးစံအရ လုပ်သည်ဟုသာ နားလည်ထားခဲ့၏။ ဟိုတုန်းက ဆရာတော်တစ်ပါး ဟောကြားသော တရားကိုနာရင်း ဤအကြောင်းကို သိခွင့်ရခဲ့သည်။ ဟုတ်သည် ဖြစ်စေ… မဟုတ်သည် ဖြစ်စေ… နားထောင်ရင်း သဘောကျမိသည်။ ဓမ္မမိတ်ဆွေများ အကျိးရှိနိုင်သည့်အတွက် ဖော်ပြလိုက်ပါသည်။

တစ်ခါတုန်းက… လယ်ပိုင်ရှင် သူဌေးတစ်ယောက်ဆီမှာ အခစားလုပ်သည့် သူရင်းငှားတစ်ယောက် ရှိပါတယ်။ နေ့စဉ်လုပ်နေသော်လည်း ကြီးပွားတိုးတက်ခြင်း မရှိ၍ စိတ်ပျက်နေသတဲ့။ တစ်နေ့မှာတော့… သူဟာ ဒီလို စဉ်းစားမိသွားပါတယ်။

လယ်ပိုင်ရှင်ထံ လယ်တောင်းမည်။ ကိုယ်ပိုင် လယ်လုပ်ခွင့်ရလျှင် စီးပွားရေး အဆင်ပြေနိုင်တယ်လို့ပေါ့… ဒါနဲ့ သူဌေးထံမှာ လယ်တောင်းပါတယ်။

သူဌေး… သူဌေးမှာ မျက်စိတစ်ဆုံး လက်ညှိုးထိုးမလွဲ လယ်တွေအများကြီးပါ။ ကျွန်တော့်မှာ လယ်တစ်ကွက်တောင် မရှိဘူး။ ဒါကြောင့်… လယ်တစ်ရှင်းစာလောက် ပေးပါ။

လယ်တစ်ရှင်းစာဆိုတာ… နွားနှစ်ကောင်နှင့် တစ်မိုးတွင်း လုပ်ကိုင်လောက်တဲ့ မြေကို ပြောတာပါ။ သူဌေးက သူရင်းငှားကိုကြည့်ပြီး သနားသွားပါတယ်။ အေး… မင်းလိုချင်သလောက် ငါပေးမယ်။

ရော့ ဒီမှာ ငုတ်တစ်ချောင်း… ရော့ ဒီမှာ တုတ်တစ်ချောင်း… ဒီကနေ သွားပါ။ မင်းလိုချင်သလောက် လယ်မြေကို ရောက်ရင် ငုတ်ကို တုတ်နဲ့ရိုက်ပြီး မှတ်ထားခဲ့။ ငုတ်အတွင်းကို မင်းပိုင်တဲ့ မြေအဖြစ် မှတ်ထားခဲ့။ သူဌေးစကားဆုံးတော့… သူရင်းငှားခမျာ ဘယ်လောက် ဝမ်းသာလိုက်မလဲ စဉ်းစားကြည့်ပါ။

တုတ်နဲ့ငုတ်ကို ကိုင်ပြီး… ခပ်သွက်သွက် လျှောက်သွားပါတယ်။ ပြီးတော့ နောက်ပြန် ကြည့်လိုက်ပါတယ်။ စိတ်ထဲမှာလည်း တွေးလိုက်ပါတယ်။ နည်းသေးတယ်-ဟူ၍ ဖြစ်ပါသည်။

ငါလမ်းလျှောက်တာ နှေးလို့ဖြစ်မယ်ဆိုပြီး မပြေးရုံတမယ် သွားပြန်ပါတယ်။ နည်းသေးတယ်-ဟူ၍ပင် ဖြစ်ပါသည်။

မိမိရပြီးသား ဥစ္စာများနှင့် နောက်ထပ်ရမည့် ပစ္စည်းဥစ္စာများကို တဏှာမျက်လုံးနှင့်ကြည့်လျှင် အဖြေက တစ်ခုတည်း ဖြစ်ပါသည်။ နည်းသေးတယ်-ဟူ၍ ဖြစ်ပါသည်။

ဓမ္မမိတ်ဆွေများ ခင်ဗျာ… မိုးလင်းမှ မိုးချုပ် တကုပ်ကုပ်နဲ့ မမောနိုင် မပန်းနိုင် ရှာဖွေနေကြခြင်းသည် တဏှာက ခိုင်းလို့ဖြစ်ပါသည်။ မိုးချုပ်လို စာရင်းသိမ်းပြီး နည်းသေးတယ် ထပ်ရှာဦးမယ်လို့ တွေးခြင်းသည် တဏှာ၏သတ္တိ ဖြစ်ပါသည်။

ဘုရားမသွားနိုင် ကျောင်းမတက်နိုင်အောင် ခိုင်းနေတာ တဏှာပင်ဖြစ်သည်။ တရားမနာနိုင်အောင် ခုနှစ်ရက်မျှ တရားအားမထုတ်နိုင်အောင် တရားအတွက် အချိန်မပေးနိုင်အောင် ခိုင်းနေတာ တဏှာဖြစ်၏။

ရက်ကြီး အခါကြီးမှာ အများသူငါတွေ ကုသိုလ်တွေပြုလို့… ဒါတွေကို မြင်သော်လည်း… ဒီရက်က ဈေးရောင်းလို ပိုကောင်းတယ်ဆိုပြီး ဘုရားကျောင်းကန် မျက်နှာလွှဲတာ တဏှာကြောင့်ဖြစ်သည်။

သူရင်းငှားက နည်းသေးတယ်ဆိုတဲ့ အတွေးနဲ့ ငုတ်နဲ့ တုတ်ကို မြေမှာချ ခါးတောင်းကို မြှောင်အောင်ကျိက်ပြီး တုတ်နဲ့ ငုတ်ကိုကိုင်ပြီး ပြေးပါတော့တယ်။ များများရဖို့ မြန်မြန်ပြေးနေခြင်းပါ။ ပြေးရင်းပြေးရင်း အမောဆို့ပြီး လယ်ကွက်တစ်ခုထဲကို မှောက်လဲသွားပါတယ်။ ကူမည့်သူမရှိပဲ မှောက်လဲနေတော့… ပါးစပ်ထဲ နှာခေါင်းထဲမှာ ရေဝင်ပြီး သေသွားပါတယ်။

အတော်ကြာမှ လယ်ပိုင်ရှင်က… ဟေ့… သူရင်းငှား လယ်ယူဖို သွားတာ ခုထိ ပြန်လာတာ မတွေ့သေးဘူး။ လာ-လိုက်ကြစို လို အနီးရှိ လူများခေါ်ပြီး လိုက်ကြည့်ပါတယ်။ လယ်ကွက်ထဲမှာ မှောက်လဲသေတာတွေ့တော့ စိတ်မကောင်းစွာနဲ့ ဘေးကလူတွေကို ပြောပါတယ်။

အင်း… ငါက လယ်မြေတွေကို လိုသလောက်ပေးတယ်။ သူက ခြောက်ပေပဲယူသွားတယ် လို့ ပြောပြီး… မြေမြှုပ်ဖို့ ခြောက်ပေတွင်း တစ်တွင်း တူးခိုင်းပါတယ်။ တွင်းတူးနေတုန်းမှာ… မှောက်ခုံကြီး သေနေတဲ့ သူရင်းငှားကို ပက်လက်လှန်လိုက်ပါတယ်။ လက်ထဲက တုတ်နဲ့ ငုတ်ဟာ ပြုတ်မထွက်ဘဲ ကိုင်ထားမြဲ ဖြစ်နေပါတယ်။

ဒါကို လယ်ပိုင်ရှင်က သေသေချာချာကြည့်ပြီး အလောင်းကို တွင်းထဲမချခင် တုတ်နဲ့ ငုတ်ကို သူရင်းငှား လက်ထဲမှ ဖြုတ်လိုက်ပြီး ကြိုးတစ်ချောင်းနဲ့ လက်မနှစ်ချောင်းကို ပူးချည်လိုက်ပါတယ်။

ဘေးကလူတွေက လယ်ပိုင်ရှင်ကို ဘာလုပ်ဖိုချည်တာလဲလို မေးတော့… လယ်ပိုင်ရှင်က ပြန်မဖြေသေးဘဲ ခြေမနှစ်ချောင်းကို ပူးပြီး ကြိုးနဲ့ ချည်ပြန်ပါတယ်။ ပြီးမှ ဘေးကလူတွေကို ရှင်းပြပါတယ်။ တုတ်နဲ့ ငုတ် ကိုင်ပြီး ညညပြေးနေမှာစိုးလို ခြေမနဲ့ လက်မကို ကြိုးချည်ထားတာပါလို ဖြေလိုက်ပါတယ်။

မကြာခဏဆိုသလို မိမိကိုယ်ကို ပြန်မေးသင့်တဲ့ မေးခွန်းလေးတစ်ခု ရှိပါတယ်။ နင် ပြေးနေတုန်းလား-? ငုတ်ရိုက်နေပြီလား-? ဆိုတာပါပဲ

ဓမ္မဒူတ-အရှင်ပညာဝရ
Credit-ဘုရား တရား သံဃာ မေတ္တာဖြင့်…ကမ်း နား သစ် ပင် (ခေတ္တစမ်းချောင်း)ပြန်လည်ကူးယူ မျှဝေပါ၏ ။

Zawgyi

မၾကာခဏဆိုသလို မိမိကိုယ္ကို ျပန္ေမးသင့္တဲ့ ေမးခြန္းေလးတစ္ခု ရွိပါတယ္။ နင္ ေျပးေနတုန္းလား-? ငုတ္႐ိုက္ေနၿပီလား-?

လူတစ္ေယာက္ ေသလွ်င္ လက္မႏွစ္ခုႏွင့္ ေျခမႏွစ္ခုကို ႀကိဳးခ်ည္ထားတတ္သည္။ ဘာေၾကာင့္မွန္း မသိခဲ့ပါ။ ထုံးစံအရ လုပ္သည္ဟုသာ နားလည္ထားခဲ့၏။ ဟိုတုန္းက ဆရာေတာ္တစ္ပါး ေဟာၾကားေသာ တရားကိုနာရင္း ဤအေၾကာင္းကို သိခြင့္ရခဲ့သည္။ ဟုတ္သည္ ျဖစ္ေစ… မဟုတ္သည္ ျဖစ္ေစ… နားေထာင္ရင္း သေဘာက်မိသည္။ ဓမၼမိတ္ေဆြမ်ား အက်ိးရွိႏိုင္သည့္အတြက္ ေဖာ္ျပလိုက္ပါသည္။

တစ္ခါတုန္းက… လယ္ပိုင္ရွင္ သူေဌးတစ္ေယာက္ဆီမွာ အခစားလုပ္သည့္ သူရင္းငွားတစ္ေယာက္ ရွိပါတယ္။ ေန႔စဥ္လုပ္ေနေသာ္လည္း ႀကီးပြားတိုးတက္ျခင္း မရွိ၍ စိတ္ပ်က္ေနသတဲ့။ တစ္ေန႔မွာေတာ့… သူဟာ ဒီလို စဥ္းစားမိသြားပါတယ္။

လယ္ပိုင္ရွင္ထံ လယ္ေတာင္းမည္။ ကိုယ္ပိုင္ လယ္လုပ္ခြင့္ရလွ်င္ စီးပြားေရး အဆင္ေျပႏိုင္တယ္လို႔ေပါ့… ဒါနဲ႔ သူေဌးထံမွာ လယ္ေတာင္းပါတယ္။

သူေဌး… သူေဌးမွာ မ်က္စိတစ္ဆုံး လက္ညႇိဳးထိုးမလြဲ လယ္ေတြအမ်ားႀကီးပါ။ ကြၽန္ေတာ့္မွာ လယ္တစ္ကြက္ေတာင္ မရွိဘူး။ ဒါေၾကာင့္… လယ္တစ္ရွင္းစာေလာက္ ေပးပါ။

လယ္တစ္ရွင္းစာဆိုတာ… ႏြားႏွစ္ေကာင္ႏွင့္ တစ္မိုးတြင္း လုပ္ကိုင္ေလာက္တဲ့ ေျမကို ေျပာတာပါ။ သူေဌးက သူရင္းငွားကိုၾကည့္ၿပီး သနားသြားပါတယ္။ ေအး… မင္းလိုခ်င္သေလာက္ ငါေပးမယ္။

ေရာ့ ဒီမွာ ငုတ္တစ္ေခ်ာင္း… ေရာ့ ဒီမွာ တုတ္တစ္ေခ်ာင္း… ဒီကေန သြားပါ။ မင္းလိုခ်င္သေလာက္ လယ္ေျမကို ေရာက္ရင္ ငုတ္ကို တုတ္နဲ႔႐ိုက္ၿပီး မွတ္ထားခဲ့။ ငုတ္အတြင္းကို မင္းပိုင္တဲ့ ေျမအျဖစ္ မွတ္ထားခဲ့။ သူေဌးစကားဆုံးေတာ့… သူရင္းငွားခမ်ာ ဘယ္ေလာက္ ဝမ္းသာလိုက္မလဲ စဥ္းစားၾကည့္ပါ။

တုတ္နဲ႔ငုတ္ကို ကိုင္ၿပီး… ခပ္သြက္သြက္ ေလွ်ာက္သြားပါတယ္။ ၿပီးေတာ့ ေနာက္ျပန္ ၾကည့္လိုက္ပါတယ္။ စိတ္ထဲမွာလည္း ေတြးလိုက္ပါတယ္။ နည္းေသးတယ္-ဟူ၍ ျဖစ္ပါသည္။

ငါလမ္းေလွ်ာက္တာ ေႏွးလို႔ျဖစ္မယ္ဆိုၿပီး မေျပး႐ုံတမယ္ သြားျပန္ပါတယ္။ နည္းေသးတယ္-ဟူ၍ပင္ ျဖစ္ပါသည္။

မိမိရၿပီးသား ဥစၥာမ်ားႏွင့္ ေနာက္ထပ္ရမည့္ ပစၥည္းဥစၥာမ်ားကို တဏွာမ်က္လုံးႏွင့္ၾကည့္လွ်င္ အေျဖက တစ္ခုတည္း ျဖစ္ပါသည္။ နည္းေသးတယ္-ဟူ၍ ျဖစ္ပါသည္။

ဓမၼမိတ္ေဆြမ်ား ခင္ဗ်ာ… မိုးလင္းမွ မိုးခ်ဳပ္ တကုပ္ကုပ္နဲ႔ မေမာႏိုင္ မပန္းႏိုင္ ရွာေဖြေနၾကျခင္းသည္ တဏွာက ခိုင္းလို႔ျဖစ္ပါသည္။ မိုးခ်ဳပ္လို စာရင္းသိမ္းၿပီး နည္းေသးတယ္ ထပ္ရွာဦးမယ္လို႔ ေတြးျခင္းသည္ တဏွာ၏သတၱိ ျဖစ္ပါသည္။

ဘုရားမသြားႏိုင္ ေက်ာင္းမတက္ႏိုင္ေအာင္ ခိုင္းေနတာ တဏွာပင္ျဖစ္သည္။ တရားမနာႏိုင္ေအာင္ ခုႏွစ္ရက္မွ် တရားအားမထုတ္ႏိုင္ေအာင္ တရားအတြက္ အခ်ိန္မေပးႏိုင္ေအာင္ ခိုင္းေနတာ တဏွာျဖစ္၏။

ရက္ႀကီး အခါႀကီးမွာ အမ်ားသူငါေတြ ကုသိုလ္ေတြျပဳလို႔… ဒါေတြကို ျမင္ေသာ္လည္း… ဒီရက္က ေဈးေရာင္းလို ပိုေကာင္းတယ္ဆိုၿပီး ဘုရားေက်ာင္းကန္ မ်က္ႏွာလႊဲတာ တဏွာေၾကာင့္ျဖစ္သည္။

သူရင္းငွားက နည္းေသးတယ္ဆိုတဲ့ အေတြးနဲ႔ ငုတ္နဲ႔ တုတ္ကို ေျမမွာခ် ခါးေတာင္းကို ေျမႇာင္ေအာင္က်ိက္ၿပီး တုတ္နဲ႔ ငုတ္ကိုကိုင္ၿပီး ေျပးပါေတာ့တယ္။ မ်ားမ်ားရဖို႔ ျမန္ျမန္ေျပးေနျခင္းပါ။ ေျပးရင္းေျပးရင္း အေမာဆို႔ၿပီး လယ္ကြက္တစ္ခုထဲကို ေမွာက္လဲသြားပါတယ္။ ကူမည့္သူမရွိပဲ ေမွာက္လဲေနေတာ့… ပါးစပ္ထဲ ႏွာေခါင္းထဲမွာ ေရဝင္ၿပီး ေသသြားပါတယ္။

အေတာ္ၾကာမွ လယ္ပိုင္ရွင္က… ေဟ့… သူရင္းငွား လယ္ယူဖို သြားတာ ခုထိ ျပန္လာတာ မေတြ႕ေသးဘူး။ လာ-လိုက္ၾကစို လို အနီးရွိ လူမ်ားေခၚၿပီး လိုက္ၾကည့္ပါတယ္။ လယ္ကြက္ထဲမွာ ေမွာက္လဲေသတာေတြ႕ေတာ့ စိတ္မေကာင္းစြာနဲ႔ ေဘးကလူေတြကို ေျပာပါတယ္။

အင္း… ငါက လယ္ေျမေတြကို လိုသေလာက္ေပးတယ္။ သူက ေျခာက္ေပပဲယူသြားတယ္ လို႔ ေျပာၿပီး… ေျမျမႇဳပ္ဖို႔ ေျခာက္ေပတြင္း တစ္တြင္း တူးခိုင္းပါတယ္။ တြင္းတူးေနတုန္းမွာ… ေမွာက္ခုံႀကီး ေသေနတဲ့ သူရင္းငွားကို ပက္လက္လွန္လိုက္ပါတယ္။ လက္ထဲက တုတ္နဲ႔ ငုတ္ဟာ ျပဳတ္မထြက္ဘဲ ကိုင္ထားၿမဲ ျဖစ္ေနပါတယ္။

ဒါကို လယ္ပိုင္ရွင္က ေသေသခ်ာခ်ာၾကည့္ၿပီး အေလာင္းကို တြင္းထဲမခ်ခင္ တုတ္နဲ႔ ငုတ္ကို သူရင္းငွား လက္ထဲမွ ျဖဳတ္လိုက္ၿပီး ႀကိဳးတစ္ေခ်ာင္းနဲ႔ လက္မႏွစ္ေခ်ာင္းကို ပူးခ်ည္လိုက္ပါတယ္။

ေဘးကလူေတြက လယ္ပိုင္ရွင္ကို ဘာလုပ္ဖိုခ်ည္တာလဲလို ေမးေတာ့… လယ္ပိုင္ရွင္က ျပန္မေျဖေသးဘဲ ေျခမႏွစ္ေခ်ာင္းကို ပူးၿပီး ႀကိဳးနဲ႔ ခ်ည္ျပန္ပါတယ္။ ၿပီးမွ ေဘးကလူေတြကို ရွင္းျပပါတယ္။ တုတ္နဲ႔ ငုတ္ ကိုင္ၿပီး ညညေျပးေနမွာစိုးလို ေျခမနဲ႔ လက္မကို ႀကိဳးခ်ည္ထားတာပါလို ေျဖလိုက္ပါတယ္။

မၾကာခဏဆိုသလို မိမိကိုယ္ကို ျပန္ေမးသင့္တဲ့ ေမးခြန္းေလးတစ္ခု ရွိပါတယ္။ နင္ ေျပးေနတုန္းလား-? ငုတ္႐ိုက္ေနၿပီလား-? ဆိုတာပါပဲ

ဓမၼဒူတ-အရွင္ပညာဝရ
Credit-ဘုရား တရား သံဃာ ေမတၱာျဖင့္…ကမ္း နား သစ္ ပင္ (ေခတၱစမ္းေခ်ာင္း)ျပန္လည္ကူးယူ မွ်ေဝပါ၏ ။