ကိုရီးယားကင်ချီလေး လုပ်စားချင်တယ်ဆိုရင် ပြုလုပ်ပုံအဆင့်ဆင့်ကို ဖတ်ကြည့်နော်…

ကိုရီးယားကင်ချီလေး လုပ်စားချင်တယ်ဆိုရင် ပြုလုပ်ပုံအဆင့်ဆင့်ကို ဖတ်ကြည့်နော်...
ကိုရီးယားကင်ချီလေး လုပ်စားချင်တယ်ဆိုရင် ပြုလုပ်ပုံအဆင့်ဆင့်ကို ဖတ်ကြည့်နော်...

ကိုရီးယားကင်ချီလေး လုပ်စားချင်တယ်ဆိုရင် ပြုလုပ်ပုံအဆင့်ဆင့်ကို ဖတ်ကြည့်နော်…

စားလိုလဲကောင်း ထမင်းလဲမိန် အထားလဲခံတဲ့ ကင်ချီလုပ်နည်းလေး ။ စားချင်တယ် အရမ်းကြိုက်တယ် ကင်ချီမစိမ်တတ်ဘူးဆိုတဲ့ အိမ်ရှင်မတိုအတွက် အရသာရှိပြီး အရမ်းလွယ်ကူတဲ့ကင်ချီလုပ်နည်းလေး။ မခက်ခဲပဲ အကုန်ကျသက်သာလို အိမ်မှာ ကိုယ်တိုင်လုပ်ကြည့်နော် ။

ပါဝင်ပစ္စည်း

မုန်ညှင်းထုတ်- ၂ထုတ်

မုန်လာဥနီ ၁ လုံး

မုန်လာဥဖြူ ၁လုံး

ချင်း ၂ ကျပ်သား

ပန်းသီး တခြမ်း

ကောက်ညှင်းမှုန့် ထမင်းစားဇွန်း ၃ဇွန်း

သကြား ထမင်းဇွန်း ၂ဇွန်း

ငရုပ်သီးမှုန့် ထမင်းဇွန်း ၃ဇွန်း

ကြက်သွန်မြိတ် ၅ပင်

ကြက်သွန်နီ ၂လုံး

ကြက်သွန်ဖြူ ၂ဥ

နှမ်းအနည်းငယ်

အငန်ဖေါက်ထားတဲ့ ပုဇွန်အနည်းငယ် (သို) ပုဇွန်ခြောက်

ငါးငန်ပြာရည် ထမင်းစားဇွန်း ၃ / ၄ဇွန်း

ဆားလိုသလောက်

ပြုလုပ်ပုံ

၁-မုန်ညှင်းဖြူထုတ်ကို သေးရင် ထက်ခြမ်း၊ ကြီးရင် လေးစိတ်ခွဲ၊ ရေနဲ့ဆေးကြောသန့်စင်ပြီး ရေစစ်၊ အရွက်အဖပ်ကြားတိုင်းကို ဆားဖြူး (သို) ဆားများများ ကိုရေဖျော်ပြီး မုန်ညှင်းထုတ်ကို ၃ / ၄ နာရီ လောက်နှပ် မကြာခဏ အထက်အောက် လှန် ပေးပါ။

ဆားဖြူးရင်တော့ ရေပြန်ဆေးပြီး ရေညှစ်ပါ။ ဆားရည်စိမ်ရင်တော့ ရေညှစ်ပါ။ ဇကာတခုမှာ ရေစစ်ထားပါ။

၂- မုန်လာဥနီနဲ့ မုန်လာဥဖြူကို အချောင်းရှည် လေးတွေ လှီး ထားပါ။ ကြက်သွန်မြိတ် အချောင်းရှည်အမျှင် လေးတွေ လှီးထားပါ။

ကြက်သွန်နီ ပါးပါးလှီးထားပါ။ ချင်းအနည်းငယ်ကို အချောင်းရှည်လေးတွေ ပါးပါးရိတ်ရိတ် လှီးထားပါ။ (ပါးပါး ၁-၂ ပြားခန့် သာ ထည့်ပါ)။

ကြက်သွန်ဖြူနဲ့ ကျန်တဲ့ချင်းကိုညက်အောင်ထောင်းထားပါ။ ပန်းသီး(သို)သစ်တော်သီး တခြမ်း ကြိတ်ထားပါ(ပါးပါးလှီး ရင် လည်းရပါတယ်)။

ကောက်ညှင်းမှုန့် ကို သကြားထည့် ရေအနည်းငယ်နဲ့ ပြစ်ပြစ်လေး ကျိထားပါ။ ပြီးရင် ငရုတ်သီးမှုန့် ပုဇွန်ခြောက် ငန်ပြာရည်နဲ့ အားလုံးကို ရောနယ်ပါ။

(ငရုတ်သီးမှုန့်က ကိုရီးယား ငရုတ်သီးမှုန့်က ပိုကောင်းပါတယ်။ ပုဇွန်ဆားငါးပိကလည်း ကိုရီးယားမှ ကောင်းတာပါ။ မရှိတဲ့အတွက် သူ့အစားပုဇွန်ခြာက်ထည့်ပါတယ်)

၃ -ရေစစ်ထားတဲ့ မုန်ညှင်းဖြူထုပ်ရဲ့ အရွက်ဖတ်တွေကြားမှာ အနှစ်လေးတွေကို ထည့်ပေးပြီး လက်နဲ့ညှစ်ဆုတ်ဆုတ်ပေးပါ။ ဗူးသန့်သန့် ထဲမှာ ဖိသိပ်ပြီး ထည့်ပါ။

ရာသီဥတု ပူနွေးရင်အပြင်မှာ ၂ ရက်လောက်ထားပါ (ပိုချဉ်ချင်တယ် ဆိုရင် ၃ရက်လောက် ထားပါ)။ ဒါဆိုစားလိုရပါပြီ။ ပြီးမှ ရေခဲသေတ္တာထဲထည့်ပြီး ကြာရှည်ထားပြီး လိုအပ်သလို စားသုံးနိုင်ပါတယ်။

သခွားသီးကို လေးစိပ်ခွဲပြီး ဆားနဲ့နယ်ပြီး ခဏနှပ်ထားပြီး အဲဒီ အစာတွေကို ကြားထဲထည့်ပြီး သခွားသီးကင်ချီ အဖြစ်လည်း စားနိုင်ပါတယ်။credit

Zawgyi

ကိုရီးယားကင္ခ်ီေလး လုပ္စားခ်င္တယ္ဆိုရင္ ျပဳလုပ္ပုံအဆင့္ဆင့္ကို ဖတ္ၾကည့္ေနာ္…

စားလိုလဲေကာင္း ထမင္းလဲမိန္ အထားလဲခံတဲ့ ကင္ခ်ီလုပ္နည္းေလး ။ စားခ်င္တယ္ အရမ္းႀကိဳက္တယ္ ကင္ခ်ီမစိမ္တတ္ဘူးဆိုတဲ့ အိမ္ရွင္မတိုအတြက္ အရသာရွိၿပီး အရမ္းလြယ္ကူတဲ့ကင္ခ်ီလုပ္နည္းေလး။ မခက္ခဲပဲ အကုန္က်သက္သာလို အိမ္မွာ ကိုယ္တိုင္လုပ္ၾကည့္ေနာ္ ။

ပါဝင္ပစၥည္း

မုန္ညႇင္းထုတ္- ၂ထုတ္

မုန္လာဥနီ ၁ လုံး

မုန္လာဥျဖဴ ၁လုံး

ခ်င္း ၂ က်ပ္သား

ပန္းသီး တျခမ္း

ေကာက္ညႇင္းမႈန႔္ ထမင္းစားဇြန္း ၃ဇြန္း

သၾကား ထမင္းဇြန္း ၂ဇြန္း

င႐ုပ္သီးမႈန႔္ ထမင္းဇြန္း ၃ဇြန္း

ၾကက္သြန္ၿမိတ္ ၅ပင္

ၾကက္သြန္နီ ၂လုံး

ၾကက္သြန္ျဖဴ ၂ဥ

ႏွမ္းအနည္းငယ္

အငန္ေဖါက္ထားတဲ့ ပုဇြန္အနည္းငယ္ (သို) ပုဇြန္ေျခာက္

ငါးငန္ျပာရည္ ထမင္းစားဇြန္း ၃ / ၄ဇြန္း

ဆားလိုသေလာက္

ျပဳလုပ္ပုံ

၁-မုန္ညႇင္းျဖဴထုတ္ကို ေသးရင္ ထက္ျခမ္း၊ ႀကီးရင္ ေလးစိတ္ခြဲ၊ ေရနဲ႔ေဆးေၾကာသန႔္စင္ၿပီး ေရစစ္၊ အ႐ြက္အဖပ္ၾကားတိုင္းကို ဆားျဖဴး (သို) ဆားမ်ားမ်ား ကိုေရေဖ်ာ္ၿပီး မုန္ညႇင္းထုတ္ကို ၃ / ၄ နာရီ ေလာက္ႏွပ္ မၾကာခဏ အထက္ေအာက္ လွန္ ေပးပါ။

ဆားျဖဴးရင္ေတာ့ ေရျပန္ေဆးၿပီး ေရညႇစ္ပါ။ ဆားရည္စိမ္ရင္ေတာ့ ေရညႇစ္ပါ။ ဇကာတခုမွာ ေရစစ္ထားပါ။

၂- မုန္လာဥနီနဲ႔ မုန္လာဥျဖဴကို အေခ်ာင္းရွည္ ေလးေတြ လွီး ထားပါ။ ၾကက္သြန္ၿမိတ္ အေခ်ာင္းရွည္အမွ်င္ ေလးေတြ လွီးထားပါ။

ၾကက္သြန္နီ ပါးပါးလွီးထားပါ။ ခ်င္းအနည္းငယ္ကို အေခ်ာင္းရွည္ေလးေတြ ပါးပါးရိတ္ရိတ္ လွီးထားပါ။ (ပါးပါး ၁-၂ ျပားခန႔္ သာ ထည့္ပါ)။

ၾကက္သြန္ျဖဴနဲ႔ က်န္တဲ့ခ်င္းကိုညက္ေအာင္ေထာင္းထားပါ။ ပန္းသီး(သို)သစ္ေတာ္သီး တျခမ္း ႀကိတ္ထားပါ(ပါးပါးလွီး ရင္ လည္းရပါတယ္)။

ေကာက္ညႇင္းမႈန႔္ ကို သၾကားထည့္ ေရအနည္းငယ္နဲ႔ ျပစ္ျပစ္ေလး က်ိထားပါ။ ၿပီးရင္ င႐ုတ္သီးမႈန႔္ ပုဇြန္ေျခာက္ ငန္ျပာရည္နဲ႔ အားလုံးကို ေရာနယ္ပါ။

(င႐ုတ္သီးမႈန႔္က ကိုရီးယား င႐ုတ္သီးမႈန႔္က ပိုေကာင္းပါတယ္။ ပုဇြန္ဆားငါးပိကလည္း ကိုရီးယားမွ ေကာင္းတာပါ။ မရွိတဲ့အတြက္ သူ႔အစားပုဇြန္ျခာက္ထည့္ပါတယ္)

၃ -ေရစစ္ထားတဲ့ မုန္ညႇင္းျဖဴထုပ္ရဲ႕ အ႐ြက္ဖတ္ေတြၾကားမွာ အႏွစ္ေလးေတြကို ထည့္ေပးၿပီး လက္နဲ႔ညႇစ္ဆုတ္ဆုတ္ေပးပါ။ ဗူးသန႔္သန႔္ ထဲမွာ ဖိသိပ္ၿပီး ထည့္ပါ။

ရာသီဥတု ပူေႏြးရင္အျပင္မွာ ၂ ရက္ေလာက္ထားပါ (ပိုခ်ဥ္ခ်င္တယ္ ဆိုရင္ ၃ရက္ေလာက္ ထားပါ)။ ဒါဆိုစားလိုရပါၿပီ။ ၿပီးမွ ေရခဲေသတၱာထဲထည့္ၿပီး ၾကာရွည္ထားၿပီး လိုအပ္သလို စားသုံးႏိုင္ပါတယ္။

သခြားသီးကို ေလးစိပ္ခြဲၿပီး ဆားနဲ႔နယ္ၿပီး ခဏႏွပ္ထားၿပီး အဲဒီ အစာေတြကို ၾကားထဲထည့္ၿပီး သခြားသီးကင္ခ်ီ အျဖစ္လည္း စားႏိုင္ပါတယ္။