အစားအစာကို အပိုဖြုန်းတီးရင် ဒဏ်ရိုက်တဲ့ဂျာမဏီ

အစားအစာကို အပိုဖြုန်းတီးရင် ဒဏ်ရိုက်တဲ့ဂျာမဏီ
အစားအစာကို အပိုဖြုန်းတီးရင် ဒဏ်ရိုက်တဲ့ဂျာမဏီ

အစားအစာကို အပိုဖြုန်းတီးရင် ဒဏ်ရိုက်တဲ့ဂျာမဏီ

ဂျာမဏီ နိုင်ငံဆိုတာ တကယ့်ကို စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုပါ။ အဲဒီလိုနိုင်ငံမျိးမှာ ကြီးကျယ်ခမ်းနားတဲ့ ဇိမ်ခံပစ္စည်းတွေနဲ့ ဘဝကို နေထိုင်ကြယ်မယ်လို့ လူတော်တော်များများ တွေးကြ ပါလိမ့်မယ်။

ကျွန်တော်တို့ ဟမ်းဘတ်ကို ရောက်တဲ့အခါ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စားသောက်ဆိုင် တစ်ဆိုင်ထဲကို လမ်းလျှောက်ပြီး သွားခဲ့ကြပါတယ်။ ကျွန်တော်သတိထားလိုက်မိတာက ဆိုင်ထဲမှာ စားပွဲတွေ တော်တော်များမျာ လွတ်နေတယ် … ။ စားပွဲတစ်လုံးမှာတော့ လူငယ်စုံတွဲ တစ်တွဲ ထိုင်နေကြပါတယ်။

စားပွဲပေါ်မှာလည်း ပန်းကန် (၂) ခု နဲ့ ဘီယာ (၂) ဘူးပဲ ရှိတယ်။ ဒီလောက် ရိုးရှင်းတဲ့ အစားသောက်လေးတွေ နဲ့ ဆိုရင် ဒီကောင်းမလေးက ဒီလို ကပ်စေးနဲ တဲ့ ကောင်လေးကို မထားခဲ့ဘူးလား လို့ ကျွန်တော် တွေးမိတယ်ဗျ … ။

နောက်ထပ်စားပွဲမှာတော့ အမျိးသမီး တစ်ချိရှိကြတယ်။ စားပွဲထိုးလေးက အစာအသောက်တွေ လာချပေးပြီးတော့ သူတို့စားကြ သောက်ကြတဲ့ အခါ ကျွန်တော် ကြည့်နေတယ် … သူတို့တွေက အစားအသောက် အားလုံးကို လုံဝ မကျန်အောင် (ရှင်းရှင်းပြောရရင်တော့ဗျာ အကုန်ပြောင်အောင်) စားလိုက်ကြတယ်။

ကျွန်တော်တို့ကလည်း ဗိုက်ဆာနေပြီဆိုတော့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် (ကျွန်တော်တို နိုင်ငံကပါပဲ) က အစားအသောက်တွေ အများကြီး မှာလိုက်တယ်။ ကျွန်တော်တို စားသောက်ပြီးလို ပြန်မယ် ဆိုပြီး ပိုက်ဆံရှင်းတဲ့အချိန်မှာ အစားအသောက်တွေ သုံးပုံတစ်ပုံလောက်ကို မစားရသေးဘဲ ကျန်နေ သေးတယ်။

ကျွန်တော်တို့ စားသောက်ဆိုင်ထဲက ထွက်လာတော့ အမျိးသမီးကြီးတွေက ကျွန်တော်တို့ကို အင်္ဂလိပ်လို ပြောပါတယ် … ။ ကျွန်တော်တို့က အစားအသောက်တွေကို ကုန်အောင် မစားဘဲနဲ့ ချန်ထားခဲ့တဲ့အတွက် (အစားအသောက်တွေကို မလိုအပ်ဘဲ ဖြုန်းတီးခဲ့တဲ့အတွက်) စိတ်မကောင်းကြောင်း ပြောတာပါ။

ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်က “ကျွန်တော်တို့ မှာစားတဲ့ အစားအသောက်တွေ အတွက် ကျွန်တော်တို့ ပိုက်ဆံရှင်းပြီးပြီလေ။ ကျန်တာ/ မကျန်တာ ခင်ဗျားတို့ကိစ္စ မဟုတ်ပါဘူး”လို ပြောလိုက်ပါတယ်။

အဲဒီလိုလည်း ပြောလိုက်ရော အမျိးသမီးတွေက စိတ်ဆိုးပြီးတော့ ချက်ချင်းပဲ တစ်ယောက်က ဟန်းဖုန်းကို ထုတ်ပြီး တစ်ယောက်ယောက်ဆီကို ဖုန်းခေါ်လိုက်ပါတယ်။ ခဏလောက်ကြာတော့ လူမှုဖူလုံရေးအဖွဲ့အစည်း တစ်ခုရဲ့ ဝတ်စုံနဲ့ လူကြီးတစ်ယောက် ရောက်လာပါတယ် … ။

ကျွန်တော်တို ငြင်းပေမယ့်လည်း ကျွန်တော်တိုကို ယူရို ၅၀ ဒဏ်တပ်လိုက်ပါတယ်။ ကျွန်တော်တို အားလုံး တိတ်ဆိတ်နေကြတယ် …။ အဲဒီလူမှုဖူလုံရေး အရာရှိက လေသံနည်းနည်းမာမာနဲ့ “မင်းတိုမှာစားချင်သလို မှာစားလိုရတယ်၊ မင်းတိုပိုက်ဆံနဲ့ စားတာ၊ ဒါပေမယ့် အစားအသောက်တွေက လူမှုအဖွဲ့အစည်းတစ်ခုလုံးနဲ့ ဆိုင်တယ်၊

ကမ္ဘာနဲ့ အဝန်းမှာ အစာရေစာပြတ်လတ်နေတဲ့သူတွေ … ငတ်နေတဲ့သူတွေ အများကြီးပဲ၊ ဘယ်လို အကြောင်းနဲ့မှ အစားအသောက်တွေကို ဖြုန်းတီးစရာ အကြောင်းမရှိဘူး” လို ပြောပါတယ်။ အဲဒီလိုချမ်းသာတဲ့ နိုင်ငံကြီးတစ်နိုင်ငံက လူတွေရဲ့ စိတ်ဓာတ်က ကျွန်တော်တိုကို တကယ်ပဲ အရှက်ရသွားစေပါတယ် … ။

တကယ်ဆိုရင် ကျွန်တော်တိုက ချမ်းသာတဲ့ နိုင်ငံက မဟုတ်ကြပါဘူး … ဒါပေမယ့် သူတို ချမ်းသာတဲ့ နိုင်ငံလိုမျိး စည်းနဲ့ကမ်းနဲ့ ထိန်းသိမ်းဖို အသိမရှိခဲ့ကြဘူး … ။ ကျွန်တော်တိုရဲ့ မကောင်းတဲ့ အကျင့်တွေကို ပြောင်းလဲပြီး သူတိုရဲ့ အလေ့အကျင့်ကောင်းကို အတုယူသင့်ပါတယ် … ။

သိပ်မှန်ပါတယ် ။မင်းတိုပိုက်ဆံ ဆိုပေမယ့် အစားအသောက်တွေက လူမှုအဖွဲ့အစည်းတစ်ခုလုံးနဲ့ဆိုင်တယ် …” ကျွန်တော်တို ကြိုးစား အတုယူရပါလိမ့်မယ် … ။

ဒါကလည်း အင်တာနက်မှာ ဖတ်မိတဲ့ WE REALLY NEED TO REFLECT ON THIS ဆိုတဲ့ စာစုလေးကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ။

စာဖတ်သူများ ဆပွားတွေးကြည့်ကြပါ …မေတ္တာဖြင့်
Credit – အောင်ကိုဦး(UMK)

Zawgyi

အစားအစာကို အပိုျဖဳန္းတီးရင္ ဒဏ္႐ိုက္တဲ့ဂ်ာမဏီ

ဂ်ာမဏီ ႏိုင္ငံဆိုတာ တကယ့္ကို စက္မႈလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံတစ္ခုပါ။ အဲဒီလိုႏိုင္ငံမ်ိးမွာ ႀကီးက်ယ္ခမ္းနားတဲ့ ဇိမ္ခံပစၥည္းေတြနဲ႔ ဘဝကို ေနထိုင္ၾကယ္မယ္လို႔ လူေတာ္ေတာ္မ်ားမ်ား ေတြးၾက ပါလိမ့္မယ္။

ကြၽန္ေတာ္တို႔ ဟမ္းဘတ္ကို ေရာက္တဲ့အခါ ကြၽန္ေတာ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ စားေသာက္ဆိုင္ တစ္ဆိုင္ထဲကို လမ္းေလွ်ာက္ၿပီး သြားခဲ့ၾကပါတယ္။ ကြၽန္ေတာ္သတိထားလိုက္မိတာက ဆိုင္ထဲမွာ စားပြဲေတြ ေတာ္ေတာ္မ်ားမ်ာ လြတ္ေနတယ္ … ။ စားပြဲတစ္လုံးမွာေတာ့ လူငယ္စုံတြဲ တစ္တြဲ ထိုင္ေနၾကပါတယ္။

စားပြဲေပၚမွာလည္း ပန္းကန္ (၂) ခု နဲ႔ ဘီယာ (၂) ဘူးပဲ ရွိတယ္။ ဒီေလာက္ ႐ိုးရွင္းတဲ့ အစားေသာက္ေလးေတြ နဲ႔ ဆိုရင္ ဒီေကာင္းမေလးက ဒီလို ကပ္ေစးနဲ တဲ့ ေကာင္ေလးကို မထားခဲ့ဘူးလား လို႔ ကြၽန္ေတာ္ ေတြးမိတယ္ဗ် … ။

ေနာက္ထပ္စားပြဲမွာေတာ့ အမ်ိးသမီး တစ္ခ်ိရွိၾကတယ္။ စားပြဲထိုးေလးက အစာအေသာက္ေတြ လာခ်ေပးၿပီးေတာ့ သူတို႔စားၾက ေသာက္ၾကတဲ့ အခါ ကြၽန္ေတာ္ ၾကည့္ေနတယ္ … သူတို႔ေတြက အစားအေသာက္ အားလုံးကို လုံဝ မက်န္ေအာင္ (ရွင္းရွင္းေျပာရရင္ေတာ့ဗ်ာ အကုန္ေျပာင္ေအာင္) စားလိုက္ၾကတယ္။

ကြၽန္ေတာ္တို႔ကလည္း ဗိုက္ဆာေနၿပီဆိုေတာ့ ကြၽန္ေတာ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ (ကြၽန္ေတာ္တို ႏိုင္ငံကပါပဲ) က အစားအေသာက္ေတြ အမ်ားႀကီး မွာလိုက္တယ္။ ကြၽန္ေတာ္တို စားေသာက္ၿပီးလို ျပန္မယ္ ဆိုၿပီး ပိုက္ဆံရွင္းတဲ့အခ်ိန္မွာ အစားအေသာက္ေတြ သုံးပုံတစ္ပုံေလာက္ကို မစားရေသးဘဲ က်န္ေန ေသးတယ္။

ကြၽန္ေတာ္တို႔ စားေသာက္ဆိုင္ထဲက ထြက္လာေတာ့ အမ်ိးသမီးႀကီးေတြက ကြၽန္ေတာ္တို႔ကို အဂၤလိပ္လို ေျပာပါတယ္ … ။ ကြၽန္ေတာ္တို႔က အစားအေသာက္ေတြကို ကုန္ေအာင္ မစားဘဲနဲ႔ ခ်န္ထားခဲ့တဲ့အတြက္ (အစားအေသာက္ေတြကို မလိုအပ္ဘဲ ျဖဳန္းတီးခဲ့တဲ့အတြက္) စိတ္မေကာင္းေၾကာင္း ေျပာတာပါ။

ကြၽန္ေတာ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္က “ကြၽန္ေတာ္တို႔ မွာစားတဲ့ အစားအေသာက္ေတြ အတြက္ ကြၽန္ေတာ္တို႔ ပိုက္ဆံရွင္းၿပီးၿပီေလ။ က်န္တာ/ မက်န္တာ ခင္ဗ်ားတို႔ကိစၥ မဟုတ္ပါဘူး”လို ေျပာလိုက္ပါတယ္။

အဲဒီလိုလည္း ေျပာလိုက္ေရာ အမ်ိးသမီးေတြက စိတ္ဆိုးၿပီးေတာ့ ခ်က္ခ်င္းပဲ တစ္ေယာက္က ဟန္းဖုန္းကို ထုတ္ၿပီး တစ္ေယာက္ေယာက္ဆီကို ဖုန္းေခၚလိုက္ပါတယ္။ ခဏေလာက္ၾကာေတာ့ လူမႈဖူလုံေရးအဖြဲ႕အစည္း တစ္ခုရဲ႕ ဝတ္စုံနဲ႔ လူႀကီးတစ္ေယာက္ ေရာက္လာပါတယ္ … ။

ကြၽန္ေတာ္တို ျငင္းေပမယ့္လည္း ကြၽန္ေတာ္တိုကို ယူ႐ို ၅၀ ဒဏ္တပ္လိုက္ပါတယ္။ ကြၽန္ေတာ္တို အားလုံး တိတ္ဆိတ္ေနၾကတယ္ …။ အဲဒီလူမႈဖူလုံေရး အရာရွိက ေလသံနည္းနည္းမာမာနဲ႔ “မင္းတိုမွာစားခ်င္သလို မွာစားလိုရတယ္၊ မင္းတိုပိုက္ဆံနဲ႔ စားတာ၊ ဒါေပမယ့္ အစားအေသာက္ေတြက လူမႈအဖြဲ႕အစည္းတစ္ခုလုံးနဲ႔ ဆိုင္တယ္၊

ကမာၻနဲ႔ အဝန္းမွာ အစာေရစာျပတ္လတ္ေနတဲ့သူေတြ … ငတ္ေနတဲ့သူေတြ အမ်ားႀကီးပဲ၊ ဘယ္လို အေၾကာင္းနဲ႔မွ အစားအေသာက္ေတြကို ျဖဳန္းတီးစရာ အေၾကာင္းမရွိဘူး” လို ေျပာပါတယ္။ အဲဒီလိုခ်မ္းသာတဲ့ ႏိုင္ငံႀကီးတစ္ႏိုင္ငံက လူေတြရဲ႕ စိတ္ဓာတ္က ကြၽန္ေတာ္တိုကို တကယ္ပဲ အရွက္ရသြားေစပါတယ္ … ။

တကယ္ဆိုရင္ ကြၽန္ေတာ္တိုက ခ်မ္းသာတဲ့ ႏိုင္ငံက မဟုတ္ၾကပါဘူး … ဒါေပမယ့္ သူတို ခ်မ္းသာတဲ့ ႏိုင္ငံလိုမ်ိး စည္းနဲ႔ကမ္းနဲ႔ ထိန္းသိမ္းဖို အသိမရွိခဲ့ၾကဘူး … ။ ကြၽန္ေတာ္တိုရဲ႕ မေကာင္းတဲ့ အက်င့္ေတြကို ေျပာင္းလဲၿပီး သူတိုရဲ႕ အေလ့အက်င့္ေကာင္းကို အတုယူသင့္ပါတယ္ … ။

သိပ္မွန္ပါတယ္ ။မင္းတိုပိုက္ဆံ ဆိုေပမယ့္ အစားအေသာက္ေတြက လူမႈအဖြဲ႕အစည္းတစ္ခုလုံးနဲ႔ဆိုင္တယ္ …” ကြၽန္ေတာ္တို ႀကိဳးစား အတုယူရပါလိမ့္မယ္ … ။

ဒါကလည္း အင္တာနက္မွာ ဖတ္မိတဲ့ WE REALLY NEED TO REFLECT ON THIS ဆိုတဲ့ စာစုေလးကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ထားတာပါ။

စာဖတ္သူမ်ား ဆပြားေတြးၾကည့္ၾကပါ …ေမတၱာျဖင့္
Credit – ေအာင္ကိုဦး(UMK)