လက်ဖဝါးမှ ငါးပုံသဏ္ဍန် အမှတ်အသားများ
လက်ဖဝါးမှ ငါးပုံသဏ္ဍန် အမှတ်အသားများ
လက်ဖဝါးမှ ငါးပုံသဏ္ဍန် အမှတ်အသားများ
လက်ဖဝါးမှ ငါးပုံသဏ္ဍန် အမှတ်အသားများ
ငါးကြီးသုံးကောင်
ပထမငါး အနီရောင်ငါး။ ကံလမ်းထိပ်တွင်တည်ရှိသော ငါးဖြစ်လို့ ဘဝတလျောက်ချမ်းသာမည်… ဘဝတလျောက် ငွေကြေးပူပန်ရမှူ မရှိတော့…
ဒုတိယငါး အဝါရောင်ငါး။ မိမိလုပ်ရည်ကိုင်ရည်ဖြင့် ချမ်းသာမည်… အသက်လေးဆယ်ကျော်အထက် ပိုချမ်းသာမည်…
တတိယငါး အစိမ်းရောင်ငါး။ အိုဇာတာအထူးကောင်းသည်… သားသမီးရတနာရမည်… အသက်ရှည်မည်…
ငါးသုံးငါး ပေါင်းစည်းမှုကြောင့် ကျန်းမာ ချမ်းသာ သုခ ပြည့်စုံစေမည်…
ဒီလိုလင်းနေရင် ငါးက အကျိုးပေးပါပြီ… မကြာခင်ကာလ တနှစ်အတွင်း ငွေအထူး ဝင်လာနိုင်ပါသည်…
လက္ခဏာအရေးအကြောင်းတွေသည် အလင်း အမှိန် ထင်ရှား မပြတ်သား ပြည့်စုံ မပြည့်စုံ အပေါ်တွင်လဲ မူတည်သေးသည်…
လက်သန်း
စိတ်ထား ကောင်းမကောင်း က လက်သန်းကို ကြည့်ရပါတယ်… လက်သန်း ဖြောင့်တန်းမယ် ရှည်လျားမယ်ဆို စိတ်ထားကောင်းမယ်…
လက်သန်းက လက်သူကြွယ် ပထမအဆစ်ကို မှီလျင် စိတ်ထားကောင်းမွန်သူ ဖြစ်ပါလိမ့်မယ်…
အကယ်၍ လက်သန်းသည် လက်သူကြွယ် ပထမအဆစ်ထက် ကျော်ပါက နာမည်ကျော် ရဟန်းသံဃာ ဘာသာရေးဂိုဏ်းခေါင်းဆောင် ပရဟိတခေါင်းဆောင်တွေ ဖြစ်တတ်ပါတယ်…
လက်သန်းသည် တိုနေပါက စိတ်ထား ညံ့တတ်သည်…
မနာလို ဝန်တိုစိတ် များတတ်သည် လှုတန်းမယ် ပြင်ပြီးမှ မလှုတန်းပဲ ဖြစ်တတ်သည်…
ပေးကမ်းမယ် ပြင်ပြီးမှ မပေးကမ်းပဲ ဖြစ်တတ်သည်…
တဖက်သားအပေါ် ကူညီမယ့်စိတ်လဲ နည်းတတ်သည်…
ဗေဒင်လက္ခဏာ ဆရာမုန်းမာန်၊ (ဆက်သွယ်ရန်ဖုန်းနံပါတ် 09 766 137738) ကို လေးစားစွာ ခရက်ဒစ်ပေးပါသည်။
Zawgyi
ငါးကြီးသုံးကောင်
လက်သန်း