ဘွဲ့ရတော့ ဘာလုပ်ရမှာလဲ…

ဘွဲ့ရတော့ ဘာလုပ်ရမှာလဲ…
ဘွဲ့ရတော့ ဘာလုပ်ရမှာလဲ…

ဘွဲ့ရတော့ ဘာလုပ်ရမှာလဲ…

မေး…. .ဖခင်တစ်ဦးက ကျွန်တော့သားကို စာကြိုးစားဖို့ ပြောတိုင်း ဘွဲ့ရတော့ ဘာလုပ်ရမှာလဲတဲ့။ ပြန်မေးနေပါတယ်။ နောက်ပြီးတော့ အခု ချမ်းသာနေတဲ့ လူတွေဟာဘာဘွဲ့တွေ ရတဲ့ လူတွေ များလဲလို့ မေးပါတယ်တဲ့။ (လက်ခုပ်သံများ) ကျွန်တော် တော်တော်ခက်နေပါတယ်တဲ့။ ဒေါ်စု ရှင်းလင်းမှ ဖြစ်မယ်ဗျို့တဲ့။(ရယ်လျှက်)

ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲဆိုတဲ့ အဖြေက အခု အခြေအနေမှာဆိုရင်တော့ဘာအလုပ်မှ ရမှာမဟုတ်ဘူးလို့ ဖြေရမှာပဲ။ ဒါပေမဲ့ ဒါကြောင့်မို့လို့ စာ မကြိုးစားဘူးဆိုတာတော့ မမှန်ပါဘူး။ အခု ဘွဲ့ရတွေအတွက် အလုပ်ကလည်း မရှိဘူး။ ကျွန်မတို့ ရတဲ့ ဘွဲ့တွေကလည်းတန်ဖိုးမရှိဘူးဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ပညာရဲ့ တန်ဖိုးကတော့ အမြဲရှိနေတာပဲ။

ဘွဲ့နဲ့ ပညာနဲ့ မတူပါဘူး… ဘွဲ့ရတာတော့ ဘွဲ့ရတာပါ။ ပညာရှိတာဟာ ပညာရှိတာပါ။ အဲ့ဒီတော့ စာကြိုးစားပါလို့ပြောတာဟာ မိဘတွေကလည်း စာကြိုးစားစေချင်တဲ့ အကြောင်းရင်းကို နည်းနည်းရှင်းပြဖို့ လိုမယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါ ကျွန်မကိုယ်တိုင် ကြားဖူးတာပါ။

တချို့ မိဘတွေ ဟာဆိုလို့ရှိရင် သားသမီးတွေကို စာကြိုးစား၊ စာကြိုးစား၊ စာကြိုးစားမှအလုပ် ကောင်းကောင်းရမယ်။ အလုပ် ကော်ငးကောင်း ရမှ ပိုက်ဆံ ကောင်းကောင်း ရမယ် ဆိုပြီးတော့ အဲဒီလို ပြောတာတွေ ကျွန်မတို့ ကြားကြတယ်။ ဒီဟာ ဟာ မှန်ကန်တဲ့နည်းနဲ့ ကလေးတွေကို ပညာ ရှာချင်အောင် လုပ်တာ မဟုတ်ဘူးလို့ ကျွန်မ ယူဆပါတယ်။

ပြီးတော့ ဘာဖြစ်လို့ စာကြိုးစားစေချင်လဲ ဆိုတော့ ဒါ ပညာရစေချင်လို့ပဲ။ နောက်ပြီးတော့ ဝီရိယ မွေးစေချင်လို့ပဲ။ စာကြိုးစားတယ် ဆိုတာ ဒါ ဝီရိယမွေးတာပဲ။ ကိုယ် လုပ်ရမယ့် အလုပ်ကိုဝီရိယရှိရှိနဲ့ လုပ်တတ်အောင်လို့ သင်ပေးတာပေ့ါ။ အဲဒီလို စိတ်ဓါတ်တွေနဲ့ စာကြိုးစားဖို့ မိဘတွေက သင်ပေးပါ။

စာကြိုးစားမှအလုပ်ရမယ်။ အလုပ်ရမှပိုက်ဆံရမယ်။ ဒီလို စိတ်ဓါတ်တွေ ကလေးတွေကို မသွင်းပေးစေချင်ဘူး။ ဒီတော့ ပညာရှာပါ။ ပညာရှိလို့ရှိရင် ဘာအကျိုးရှိလဲလို့ တချို့က မေးတယ်။ ဒီတော့ ပညာရှိလို့ရှိရင် ဘာအကျိုးရှိလဲ ဆိုတာ ကျွန်မလည်းတစ်ခါတလေ ကလေးတွေက မေးတော့ စဉ်းစားကြည့်ပါတယ်။

ခုနက ပြောတယ်။ ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲ။ ဒါတော့ မပြောနိုင်ဘူး။ ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲဆိုတာတော့ ကျွန်မ မပြောနိုင်ဘူး။
ဒါပေမဲ့ ပညာရှိများကတော့ ဘယ်လို အကျိုးခံစားနိုင်သလဲ။ ကျွန်မ လောကီကိစ္စတွေ ပြောနေတာပေ့ါနော်။ လောကုတ္တရာကိစ္စကိုတော့ရဟန်းသံဃာများက ပြောရမှာပါ။

ပညာရှိလို့ရှိရင် ဘယ်လို အကျိုးခံစားရမလဲဆိုတော့ပညာရှိခြင်းအားဖြင့် အလုပ်ကောင်းကောင်း ရရင်လည်း ရမယ်။ မရရင်လည်း မရဘူး။ ပညာရှိခြင်းအားဖြင့် ဒုက္ခဆင်းရဲ တွေ့ရင်လည်း တွေ့မယ်။ မတွေ့ရင်လည်း မတွေ့ဘူး။ ဒါတော့ ကျွန်မတို့ မပြောနိုင်ဘူး။

အနိစ္စတရားကို ကျွန်မတို့ ဘယ်လိုမှ မလွန်ဆန်နိုင်ဘူး။ လောကဓံတရားရှစ်ပါးကို ကျွန်မတို့ ဘယ်လိုမှ မကျော်လွှားနိုင်ဘူး။ ဆင်းရဲတဲ့အခါ ဆင်းရဲမယ်။ ချမ်းသာတဲ့အခါ ချမ်းသာမယ်။ ဒါပေမဲ့ ပညာရှိတဲ့ လူဟာ ဆင်းရဲဒဏ်ရော၊ ချမ်းသာတဲ့ ဒဏ်ရောနှစ်ခုစလုံးကို ကြံ့ကြံ့ခံနိုင်တယ်။ ဒါကြောင့်မို့ ပညာကို ရှာပါလို့ ပြောတာပါ။

ဆင်းရဲဒဏ် ခံနိုင်တယ်လို့ ပြောတာဟာ ပညာရှိများဟာ ဆင်းရဲနေသည်ဖြစ်စေ၊ထောင်ထဲမှာ ရောက်နေသည် ဖြစ်စေကြံ့ကြံ့ခံနိုင်တယ်။ ဘာဖြစ်လို့လဲ တရားရှိတယ်။(လက်ခုပ်သံများ) ဘယ်လို ဒုက္ခပဲ ဖြစ်ဖြစ် ခံနိုင်တာဟာ ပညာရှိများရဲ့ အရည်အချင်းပဲ။ နောက်ပြီးတော့ ချမ်းသာဒဏ် ခံနိုင်တယ်။ ချမ်းသာဒဏ် ခံနိုင်တယ်ဆိုတာကဘာကို ပြောတာလဲ ဆိုတော့ လာဘ်ပေး လာဘ်ယူကို လုပ်ချင်တဲ့ စိတ်မရှိဘူး။

ပညာရှိဆိုရင်၊ တကယ့်ပညာရှိဆိုရင် ကိုယ်အခွင့်အရေး ရလာတဲ့အခါကျရင်ဒီအခွင့်အရေးကို အလွဲသုံးစားမလုပ်ချင်ဘူး။အဲဒါဟာ ချမ်းသာဒဏ် ခံနိုင်တယ် ဆိုတာကို ပြောတာပါ။ တချို့ဟာ ဆင်းရဲဒဏ်ခံနိုင်ပါတယ်။ ဘယ်လိုပဲ ဖိနှိပ် ဖိနှိပ် ခံနိုင်တယ်။ ဘယ်လိုပဲ ရိုက်ရိုက် ဆော်ဆော် ခြိမ်းခြောက် ခြိမ်းခြောက် ခံနိုင်တယ်။ မဖြုံဘူး။

ဒါပေမဲ့ ပစ္စည်းနဲ့၊ ပိုက်ဆံနဲ့၊ ရာထူးလေးနဲ့ နေရာလေး မျှားလိုက်တဲ့ အခါကျတော့ပါသွားရော။

အဲဒါဟာ ချမ်းသာဒဏ် မခံနိုင်ဘူး ဆိုတာ ကျွန်မ ဒါကို ပြောတာပါ။ တချို့ကျတော့လည်း ဒါ ကျွန်မပွင့်ပွင့်လင်းလင်း ပြောတာနော်။ ကျွန်မတို့ ဒီမိုကရေစီ ရရော၊ ရလို့ရှိရင် ဒုက္ခခံတုန်းကတော့ ရဲရဲကြီး ရဲရဲဝံ့ဝံ့ဒုက္ခခံပြီးတော့ ရာထူးနဲ့၊ နေရာနဲ့ ရသွားမှ အကျင့်စာရိတ္တပျက်သွားမယ့် လူတွေ ရှိမှာပဲ။

အဲဒါလည်း ချမ်းသာဒဏ် မခံနိုင်တာပဲ။ အဲ့ဒါကြေင့် ကျွန်မတို့ဟာဆင်းရဲဒဏ် ခံနိုင်အောင် ပညာရှာရမယ်။ ပညာ နားလည်တဲ့လူ၊ ပညာရှိတဲ့လူ၊ပညာလိုလားတဲ့လူ ဆိုတာက ဆင်းရဲဒဏ် ခံနိုင်တယ်။ သြော်… ဒါ ဆင်းရဲဒဏ်ခံတယ်ဆိုတာ အနိစ္စသဘောပဲ။

ငါ ဆင်းရဲလို့၊ ငါ့ ဖိနှိပ်လို့၊ ငါ့ကို ပင်ပန်းအောင် လုပ်လို့ ငါ မလုပ်သင့်၊မလုပ်ထိုက်တာကို လုပ်လို့ရှိရင် ငါ့အတွက်အများကြီး အကျိုးနည်းမယ် ဆိုတာသူ့ရဲ့ ပညာဉာဏ်အရ နားလည်တယ်။ ဒီလိုပဲ ချမ်းသာသွားတဲ့ အခါငါ ချမ်းသာလို့ ငါ လုပ်ချင်တိုင်း လုပ်မယ်ဆိုရင် ငါ့အတွက် အကျိုးနည်းမယ်။ ငါ့ရဲ့အသိုင်းအဝိုင်းအတွက်လည်း အကျိုးနည်းမယ် ဆိုတာ သိတဲ့အတွက် မလုပ်ဘူး။

အဲဒါကြောင့်မို့လို့ ကလေးတွေကို စာကြိုးစားပါလို့ ပြောတဲ့ အခါ ကျလို့ရှိရင်ဘွဲ့ရတော့ ဘာအလုပ်ရမှာလဲလို့ ပြန်မေးတဲ့အခါ ဘွဲ့ရဖို့၊ မရဖို့ ပြောနေတာ မဟုတ်ဘူး။ ဘွဲ့ရပြီးတဲ့ အခါကျရင် အလုပ်ရမယ်၊ မရမယ်ပြောနေတာ မဟုတ်ဘူး။ ပညာရှိခြင်းအားဖြင့် ဒီဘဝမှာရော၊ နောင်ဘဝတွေရော ကိုယ် နေထိုင်ရမယ့်ကိစ္စမှန်သမျှကို မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ဖို့ ပညာရှာပါလို့ ပြောတာလို့တိုက်တွန်းစေချင်ပါတယ်။

အဲဒီလို ကိစ္စနဲ့ ပညာရှာမယ် ဆိုရင်တော့ ကျွန်မတို့နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့မတူအောင်လို့ကို တိုးတက်နိုင်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။

အခု ချမ်းသာနေတဲ့ လူတွေဟာ ဘာဘွဲ့တွေရလို့ ချမ်းသာနေတာလဲ မေးတော့၊အခု ချမ်းသာနေတဲ့ လူတွေကို ပြည်သူလူထုက ဘယ်လိုမြင်သလဲဆိုတာကျွန်မ ပြန်ပြီးတော့ မေးလိုက်ချင်တယ်။ ပြည်သူလူထုက အခု ချမ်းသာနေတဲ့လူတွေကို အထင်ကြီးသလား၊ ပိုက်ဆံကိုပဲ အထင်ကြီးသလား၊သူတို့ကိုပဲ အထင်ကြီးတာလား၊ အဲ့ဒါ ခွဲခြားပြီးသိဖို့လိုပါတယ်။

အဲဒီတော့ အခု ချမ်းသာနေပြီးတော့ သူတော်ကောင်းများ၊ ပညာရှိများက မလေးစားဘူး၊အထင်မကြီးဘူး၊ ရှုတ်ချမယ်ဆိုလို့ရှိရင် ချမ်းသာရကျိုး လုံးလုံး မနပ်ပါဘူး။ ပိုက်ဆံကိုပဲကြည့်နေလို့မဖြစ်သေးဘူး…ပိုက်ဆံရရင် ပြီးရော ဘာလုပ်ရ လုပ်ရ လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်ဟာ လူမိုက်စိတ်ဓါတ်ပါ။ပညာရှိစိတ်ဓါတ် မဟုတ်ပါဘူး။ (လက်ခုပ်သံများ)

ဒါကြောင့် ကလေးတွေကို ပိုက်ဆံရှိတဲ့ လူတွေကို အားမကျဖို့ သင်ပေးပါ။ ဒီလူတွေပိုက်ဆံရှိတာတော့ ဟုတ်ပါပြီ။ ပိုက်ဆံအပြင် ဘာရှိလဲလို့ အဲဒါလည်း မေးရဦးမယ်။ ဂုဏ်သိက္ခာရှိသလား၊ အကျင့်စာရိတ္တ ကောင်းသလား၊ပညာရှိသလားဒါဟာ ကျွန်မ အနေနဲ့ ကျွန်မတို့နိုင်ငံမှာတင် မဟုတ်ပါဘူး။

တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ ဖြစ်နေတယ်။ လူငယ်များဟာ ပိုက်ဆံရရင် ပြီးရော၊ဘာဖြစ်ဖြစ် လုပ်ချင်တယ် ဆိုတဲ့ စိတ်ဓါတ်တွေ ဖြစ်နေတယ် ဆိုတာဒီမနက်ပဲ နိုင်ငံခြား မဂ္ဂဇင်းတစ်ခုမှ ကျွန်မ ဖတ်လိုက်ရတယ်။

အဲဒီဟာ လူငယ်များဆိုတာ ၁၅ နှစ်၊ ၁၆နှစ် ဆယ်ကျော်သက်အရွယ်တွေဟာပိုက်ဆံရရင် ပြီးရော၊ ဘာလုပ်ရ လုပ်ရ ဆိုတဲ့ စိတ်ဓါတ်တွေ ပေါ်နေတာကြောင့်ရာဇဝတ်မှုတွေ များနေတယ်ဆိုပြီးတော့ အိန္ဒိယနိုင်ငံက အမျိုးသမီးကြီးတစ်ယောက်ကဒီလိုပဲ ပြောတာ ဖတ်လိုက်ရပါတယ်။ ဒီတော့ ဒါ ကျွန်မတို့နိုင်ငံမှာတင် မဟုတ်ပါဘူး။

နိုင်ငံတကာမှာ ဒီပြဿနာ တွေ ကို ရင်ဆိုင်နေရပါတယ်။ပိုက်ဆံမှ ပိုက်ဆံ ဆိုတဲ့ စိတ်ဓါတ်တွေ၊ အဲဒီစိတ်ဓါတ်တွေဟာကျွန်မတို့ နေ့ချင်း ညချင်းတော့ ပြောင်းလို့ရမှာ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း ပိုက်ဆံ မရှိသော်လည်း ပစ္စည်း မရှိသော်လည်းပညာရှိလို့ ရှိရင် အကျင့်စာရိတ္တ၊ သိက္ခာရှိရင် လူရာဝင်တယ် ဆိုတဲ့ အနေအထားဖြစ်အောင်လို့ ကျွန်မတို့အားလုံး ဝိုင်းပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်။ရေးသားသူကိုခရက်ဒစ်ပေးပါသည်။

Zawgyi

ဘြဲ႕ရေတာ့ ဘာလုပ္ရမွာလဲ…

ေမး…. .ဖခင္တစ္ဦးက ကြၽန္ေတာ့သားကို စာႀကိဳးစားဖို႔ ေျပာတိုင္း ဘြဲ႕ရေတာ့ ဘာလုပ္ရမွာလဲတဲ့။ ျပန္ေမးေနပါတယ္။ ေနာက္ၿပီးေတာ့ အခု ခ်မ္းသာေနတဲ့ လူေတြဟာဘာဘြဲ႕ေတြ ရတဲ့ လူေတြ မ်ားလဲလို႔ ေမးပါတယ္တဲ့။ (လက္ခုပ္သံမ်ား) ကြၽန္ေတာ္ ေတာ္ေတာ္ခက္ေနပါတယ္တဲ့။ ေဒၚစု ရွင္းလင္းမွ ျဖစ္မယ္ဗ်ိဳ႕တဲ့။(ရယ္လွ်က္)

ဘြဲ႕ရေတာ့ ဘာအလုပ္ရမွာလဲဆိုတဲ့ အေျဖက အခု အေျခအေနမွာဆိုရင္ေတာ့ဘာအလုပ္မွ ရမွာမဟုတ္ဘူးလို႔ ေျဖရမွာပဲ။ ဒါေပမဲ့ ဒါေၾကာင့္မို႔လို႔ စာ မႀကိဳးစားဘူးဆိုတာေတာ့ မမွန္ပါဘူး။ အခု ဘြဲ႕ရေတြအတြက္ အလုပ္ကလည္း မရွိဘူး။ ကြၽန္မတို႔ ရတဲ့ ဘြဲ႕ေတြကလည္းတန္ဖိုးမရွိဘူးဆိုတာ အမွန္ပါပဲ။ ဒါေပမဲ့ ပညာရဲ႕ တန္ဖိုးကေတာ့ အၿမဲရွိေနတာပဲ။

ဘြဲ႕နဲ႔ ပညာနဲ႔ မတူပါဘူး… ဘြဲ႕ရတာေတာ့ ဘြဲ႕ရတာပါ။ ပညာရွိတာဟာ ပညာရွိတာပါ။ အဲ့ဒီေတာ့ စာႀကိဳးစားပါလို႔ေျပာတာဟာ မိဘေတြကလည္း စာႀကိဳးစားေစခ်င္တဲ့ အေၾကာင္းရင္းကို နည္းနည္းရွင္းျပဖို႔ လိုမယ္လို႔ ကြၽန္မ ထင္ပါတယ္။ ဒါ ကြၽန္မကိုယ္တိုင္ ၾကားဖူးတာပါ။

တခ်ိဳ႕ မိဘေတြ ဟာဆိုလို႔ရွိရင္ သားသမီးေတြကို စာႀကိဳးစား၊ စာႀကိဳးစား၊ စာႀကိဳးစားမွအလုပ္ ေကာင္းေကာင္းရမယ္။ အလုပ္ ေကာ္ငးေကာင္း ရမွ ပိုက္ဆံ ေကာင္းေကာင္း ရမယ္ ဆိုၿပီးေတာ့ အဲဒီလို ေျပာတာေတြ ကြၽန္မတို႔ ၾကားၾကတယ္။ ဒီဟာ ဟာ မွန္ကန္တဲ့နည္းနဲ႔ ကေလးေတြကို ပညာ ရွာခ်င္ေအာင္ လုပ္တာ မဟုတ္ဘူးလို႔ ကြၽန္မ ယူဆပါတယ္။

ၿပီးေတာ့ ဘာျဖစ္လို႔ စာႀကိဳးစားေစခ်င္လဲ ဆိုေတာ့ ဒါ ပညာရေစခ်င္လို႔ပဲ။ ေနာက္ၿပီးေတာ့ ဝီရိယ ေမြးေစခ်င္လို႔ပဲ။ စာႀကိဳးစားတယ္ ဆိုတာ ဒါ ဝီရိယေမြးတာပဲ။ ကိုယ္ လုပ္ရမယ့္ အလုပ္ကိုဝီရိယရွိရွိနဲ႔ လုပ္တတ္ေအာင္လို႔ သင္ေပးတာေပ့ါ။ အဲဒီလို စိတ္ဓါတ္ေတြနဲ႔ စာႀကိဳးစားဖို႔ မိဘေတြက သင္ေပးပါ။

စာႀကိဳးစားမွအလုပ္ရမယ္။ အလုပ္ရမွပိုက္ဆံရမယ္။ ဒီလို စိတ္ဓါတ္ေတြ ကေလးေတြကို မသြင္းေပးေစခ်င္ဘူး။ ဒီေတာ့ ပညာရွာပါ။ ပညာရွိလို႔ရွိရင္ ဘာအက်ိဳးရွိလဲလို႔ တခ်ိဳ႕က ေမးတယ္။ ဒီေတာ့ ပညာရွိလို႔ရွိရင္ ဘာအက်ိဳးရွိလဲ ဆိုတာ ကြၽန္မလည္းတစ္ခါတေလ ကေလးေတြက ေမးေတာ့ စဥ္းစားၾကည့္ပါတယ္။

ခုနက ေျပာတယ္။ ဘြဲ႕ရေတာ့ ဘာအလုပ္ရမွာလဲ။ ဒါေတာ့ မေျပာႏိုင္ဘူး။ ဘြဲ႕ရေတာ့ ဘာအလုပ္ရမွာလဲဆိုတာေတာ့ ကြၽန္မ မေျပာႏိုင္ဘူး။
ဒါေပမဲ့ ပညာရွိမ်ားကေတာ့ ဘယ္လို အက်ိဳးခံစားႏိုင္သလဲ။ ကြၽန္မ ေလာကီကိစၥေတြ ေျပာေနတာေပ့ါေနာ္။ ေလာကုတၱရာကိစၥကိုေတာ့ရဟန္းသံဃာမ်ားက ေျပာရမွာပါ။

ပညာရွိလို႔ရွိရင္ ဘယ္လို အက်ိဳးခံစားရမလဲဆိုေတာ့ပညာရွိျခင္းအားျဖင့္ အလုပ္ေကာင္းေကာင္း ရရင္လည္း ရမယ္။ မရရင္လည္း မရဘူး။ ပညာရွိျခင္းအားျဖင့္ ဒုကၡဆင္းရဲ ေတြ႕ရင္လည္း ေတြ႕မယ္။ မေတြ႕ရင္လည္း မေတြ႕ဘူး။ ဒါေတာ့ ကြၽန္မတို႔ မေျပာႏိုင္ဘူး။

အနိစၥတရားကို ကြၽန္မတို႔ ဘယ္လိုမွ မလြန္ဆန္ႏိုင္ဘူး။ ေလာကဓံတရားရွစ္ပါးကို ကြၽန္မတို႔ ဘယ္လိုမွ မေက်ာ္လႊားႏိုင္ဘူး။ ဆင္းရဲတဲ့အခါ ဆင္းရဲမယ္။ ခ်မ္းသာတဲ့အခါ ခ်မ္းသာမယ္။ ဒါေပမဲ့ ပညာရွိတဲ့ လူဟာ ဆင္းရဲဒဏ္ေရာ၊ ခ်မ္းသာတဲ့ ဒဏ္ေရာႏွစ္ခုစလုံးကို ႀကံ့ႀကံ့ခံႏိုင္တယ္။ ဒါေၾကာင့္မို႔ ပညာကို ရွာပါလို႔ ေျပာတာပါ။

ဆင္းရဲဒဏ္ ခံႏိုင္တယ္လို႔ ေျပာတာဟာ ပညာရွိမ်ားဟာ ဆင္းရဲေနသည္ျဖစ္ေစ၊ေထာင္ထဲမွာ ေရာက္ေနသည္ ျဖစ္ေစႀကံ့ႀကံ့ခံႏိုင္တယ္။ ဘာျဖစ္လို႔လဲ တရားရွိတယ္။(လက္ခုပ္သံမ်ား) ဘယ္လို ဒုကၡပဲ ျဖစ္ျဖစ္ ခံႏိုင္တာဟာ ပညာရွိမ်ားရဲ႕ အရည္အခ်င္းပဲ။ ေနာက္ၿပီးေတာ့ ခ်မ္းသာဒဏ္ ခံႏိုင္တယ္။ ခ်မ္းသာဒဏ္ ခံႏိုင္တယ္ဆိုတာကဘာကို ေျပာတာလဲ ဆိုေတာ့ လာဘ္ေပး လာဘ္ယူကို လုပ္ခ်င္တဲ့ စိတ္မရွိဘူး။

ပညာရွိဆိုရင္၊ တကယ့္ပညာရွိဆိုရင္ ကိုယ္အခြင့္အေရး ရလာတဲ့အခါက်ရင္ဒီအခြင့္အေရးကို အလြဲသုံးစားမလုပ္ခ်င္ဘူး။အဲဒါဟာ ခ်မ္းသာဒဏ္ ခံႏိုင္တယ္ ဆိုတာကို ေျပာတာပါ။ တခ်ိဳ႕ဟာ ဆင္းရဲဒဏ္ခံႏိုင္ပါတယ္။ ဘယ္လိုပဲ ဖိႏွိပ္ ဖိႏွိပ္ ခံႏိုင္တယ္။ ဘယ္လိုပဲ ႐ိုက္႐ိုက္ ေဆာ္ေဆာ္ ၿခိမ္းေျခာက္ ၿခိမ္းေျခာက္ ခံႏိုင္တယ္။ မၿဖဳံဘူး။

ဒါေပမဲ့ ပစၥည္းနဲ႔၊ ပိုက္ဆံနဲ႔၊ ရာထူးေလးနဲ႔ ေနရာေလး မွ်ားလိုက္တဲ့ အခါက်ေတာ့ပါသြားေရာ။

အဲဒါဟာ ခ်မ္းသာဒဏ္ မခံႏိုင္ဘူး ဆိုတာ ကြၽန္မ ဒါကို ေျပာတာပါ။ တခ်ိဳ႕က်ေတာ့လည္း ဒါ ကြၽန္မပြင့္ပြင့္လင္းလင္း ေျပာတာေနာ္။ ကြၽန္မတို႔ ဒီမိုကေရစီ ရေရာ၊ ရလို႔ရွိရင္ ဒုကၡခံတုန္းကေတာ့ ရဲရဲႀကီး ရဲရဲဝံ့ဝံ့ဒုကၡခံၿပီးေတာ့ ရာထူးနဲ႔၊ ေနရာနဲ႔ ရသြားမွ အက်င့္စာရိတၱပ်က္သြားမယ့္ လူေတြ ရွိမွာပဲ။

အဲဒါလည္း ခ်မ္းသာဒဏ္ မခံႏိုင္တာပဲ။ အဲ့ဒါေၾကင့္ ကြၽန္မတို႔ဟာဆင္းရဲဒဏ္ ခံႏိုင္ေအာင္ ပညာရွာရမယ္။ ပညာ နားလည္တဲ့လူ၊ ပညာရွိတဲ့လူ၊ပညာလိုလားတဲ့လူ ဆိုတာက ဆင္းရဲဒဏ္ ခံႏိုင္တယ္။ ေၾသာ္… ဒါ ဆင္းရဲဒဏ္ခံတယ္ဆိုတာ အနိစၥသေဘာပဲ။

ငါ ဆင္းရဲလို႔၊ ငါ့ ဖိႏွိပ္လို႔၊ ငါ့ကို ပင္ပန္းေအာင္ လုပ္လို႔ ငါ မလုပ္သင့္၊မလုပ္ထိုက္တာကို လုပ္လို႔ရွိရင္ ငါ့အတြက္အမ်ားႀကီး အက်ိဳးနည္းမယ္ ဆိုတာသူ႔ရဲ႕ ပညာဉာဏ္အရ နားလည္တယ္။ ဒီလိုပဲ ခ်မ္းသာသြားတဲ့ အခါငါ ခ်မ္းသာလို႔ ငါ လုပ္ခ်င္တိုင္း လုပ္မယ္ဆိုရင္ ငါ့အတြက္ အက်ိဳးနည္းမယ္။ ငါ့ရဲ႕အသိုင္းအဝိုင္းအတြက္လည္း အက်ိဳးနည္းမယ္ ဆိုတာ သိတဲ့အတြက္ မလုပ္ဘူး။

အဲဒါေၾကာင့္မို႔လို႔ ကေလးေတြကို စာႀကိဳးစားပါလို႔ ေျပာတဲ့ အခါ က်လို႔ရွိရင္ဘြဲ႕ရေတာ့ ဘာအလုပ္ရမွာလဲလို႔ ျပန္ေမးတဲ့အခါ ဘြဲ႕ရဖို႔၊ မရဖို႔ ေျပာေနတာ မဟုတ္ဘူး။ ဘြဲ႕ရၿပီးတဲ့ အခါက်ရင္ အလုပ္ရမယ္၊ မရမယ္ေျပာေနတာ မဟုတ္ဘူး။ ပညာရွိျခင္းအားျဖင့္ ဒီဘဝမွာေရာ၊ ေနာင္ဘဝေတြေရာ ကိုယ္ ေနထိုင္ရမယ့္ကိစၥမွန္သမွ်ကို မွန္မွန္ကန္ကန္ ရင္ဆိုင္ႏိုင္ဖို႔ ပညာရွာပါလို႔ ေျပာတာလို႔တိုက္တြန္းေစခ်င္ပါတယ္။

အဲဒီလို ကိစၥနဲ႔ ပညာရွာမယ္ ဆိုရင္ေတာ့ ကြၽန္မတို႔ႏိုင္ငံဟာ တျခားႏိုင္ငံေတြနဲ႔မတူေအာင္လို႔ကို တိုးတက္ႏိုင္တယ္လို႔ ကြၽန္မတို႔ ယုံၾကည္ပါတယ္။

အခု ခ်မ္းသာေနတဲ့ လူေတြဟာ ဘာဘြဲ႕ေတြရလို႔ ခ်မ္းသာေနတာလဲ ေမးေတာ့၊အခု ခ်မ္းသာေနတဲ့ လူေတြကို ျပည္သူလူထုက ဘယ္လိုျမင္သလဲဆိုတာကြၽန္မ ျပန္ၿပီးေတာ့ ေမးလိုက္ခ်င္တယ္။ ျပည္သူလူထုက အခု ခ်မ္းသာေနတဲ့လူေတြကို အထင္ႀကီးသလား၊ ပိုက္ဆံကိုပဲ အထင္ႀကီးသလား၊သူတို႔ကိုပဲ အထင္ႀကီးတာလား၊ အဲ့ဒါ ခြဲျခားၿပီးသိဖို႔လိုပါတယ္။

အဲဒီေတာ့ အခု ခ်မ္းသာေနၿပီးေတာ့ သူေတာ္ေကာင္းမ်ား၊ ပညာရွိမ်ားက မေလးစားဘူး၊အထင္မႀကီးဘူး၊ ရႈတ္ခ်မယ္ဆိုလို႔ရွိရင္ ခ်မ္းသာရက်ိဳး လုံးလုံး မနပ္ပါဘူး။ ပိုက္ဆံကိုပဲၾကည့္ေနလို႔မျဖစ္ေသးဘူး…ပိုက္ဆံရရင္ ၿပီးေရာ ဘာလုပ္ရ လုပ္ရ လုပ္မယ္ဆိုတဲ့ စိတ္ဓါတ္ဟာ လူမိုက္စိတ္ဓါတ္ပါ။ပညာရွိစိတ္ဓါတ္ မဟုတ္ပါဘူး။ (လက္ခုပ္သံမ်ား)

ဒါေၾကာင့္ ကေလးေတြကို ပိုက္ဆံရွိတဲ့ လူေတြကို အားမက်ဖို႔ သင္ေပးပါ။ ဒီလူေတြပိုက္ဆံရွိတာေတာ့ ဟုတ္ပါၿပီ။ ပိုက္ဆံအျပင္ ဘာရွိလဲလို႔ အဲဒါလည္း ေမးရဦးမယ္။ ဂုဏ္သိကၡာရွိသလား၊ အက်င့္စာရိတၱ ေကာင္းသလား၊ပညာရွိသလားဒါဟာ ကြၽန္မ အေနနဲ႔ ကြၽန္မတို႔ႏိုင္ငံမွာတင္ မဟုတ္ပါဘူး။

တျခားႏိုင္ငံေတြမွာလည္း ဒီလိုပဲ ျဖစ္ေနတယ္။ လူငယ္မ်ားဟာ ပိုက္ဆံရရင္ ၿပီးေရာ၊ဘာျဖစ္ျဖစ္ လုပ္ခ်င္တယ္ ဆိုတဲ့ စိတ္ဓါတ္ေတြ ျဖစ္ေနတယ္ ဆိုတာဒီမနက္ပဲ ႏိုင္ငံျခား မဂၢဇင္းတစ္ခုမွ ကြၽန္မ ဖတ္လိုက္ရတယ္။

အဲဒီဟာ လူငယ္မ်ားဆိုတာ ၁၅ ႏွစ္၊ ၁၆ႏွစ္ ဆယ္ေက်ာ္သက္အ႐ြယ္ေတြဟာပိုက္ဆံရရင္ ၿပီးေရာ၊ ဘာလုပ္ရ လုပ္ရ ဆိုတဲ့ စိတ္ဓါတ္ေတြ ေပၚေနတာေၾကာင့္ရာဇဝတ္မႈေတြ မ်ားေနတယ္ဆိုၿပီးေတာ့ အိႏၵိယႏိုင္ငံက အမ်ိဳးသမီးႀကီးတစ္ေယာက္ကဒီလိုပဲ ေျပာတာ ဖတ္လိုက္ရပါတယ္။ ဒီေတာ့ ဒါ ကြၽန္မတို႔ႏိုင္ငံမွာတင္ မဟုတ္ပါဘူး။

ႏိုင္ငံတကာမွာ ဒီျပႆနာ ေတြ ကို ရင္ဆိုင္ေနရပါတယ္။ပိုက္ဆံမွ ပိုက္ဆံ ဆိုတဲ့ စိတ္ဓါတ္ေတြ၊ အဲဒီစိတ္ဓါတ္ေတြဟာကြၽန္မတို႔ ေန႔ခ်င္း ညခ်င္းေတာ့ ေျပာင္းလို႔ရမွာ မဟုတ္ပါဘူး။

ဒါေပမဲ့လည္း ပိုက္ဆံ မရွိေသာ္လည္း ပစၥည္း မရွိေသာ္လည္းပညာရွိလို႔ ရွိရင္ အက်င့္စာရိတၱ၊ သိကၡာရွိရင္ လူရာဝင္တယ္ ဆိုတဲ့ အေနအထားျဖစ္ေအာင္လို႔ ကြၽန္မတို႔အားလုံး ဝိုင္းၿပီးေတာ့ ႀကိဳးစားရမွာ ျဖစ္ပါတယ္။ေရးသားသူကိုခရက္ဒစ္ေပးပါသည္။