အသင့်စားခေါက်ဆွဲခြောက်-(Instant Noodle)တွေ စားရင် ဒါတွေ သိထားသင့်ပါတယ်…

အသင့်စားခေါက်ဆွဲခြောက်-(Instant Noodle)တွေ စားရင် ဒါတွေ သိထားသင့်ပါတယ်...
အသင့်စားခေါက်ဆွဲခြောက်-(Instant Noodle)တွေ စားရင် ဒါတွေ သိထားသင့်ပါတယ်...

အသင့်စားခေါက်ဆွဲခြောက်-(Instant Noodle)တွေ စားရင် ဒါတွေ သိထားသင့်ပါတယ်…

ဒီကနေ့မှာတော့ အသင့်စားခေါက်ဆွဲထုပ်ပြုတ်သောက်တဲ့ ယဉ်ကျေးမှုက ကမ္ဘာအနှံ့မှာ ‌ခေတ်စားနေပါပြီ။ တကယ်တော့ ခေါက်ဆွဲဆိုတာက အရှေ့တိုင်းသားတွေရဲ့ အသည်းစွဲအစားအစာပါ။

အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေကိုတော့ ၁၉၆၀ ခုနှစ်ဝန်းကျင်လောက်ကတည်းက ဂျပန်မှာစပြီးထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီတုန်းကတော့ ခေါက်ဆွဲခြောက်ထုပ်တွေဟာ ပုံမှန်ခေါက်ဆွဲတွေထက်တောင် အဆပေါင်းများစွာ ပိုပြီးဈေးကြီးတယ်လို့ဆိုပါတယ်။

သူဌေးတွေပဲစားကြတာပေါ့လေ။ နောက်ပိုင်းကျမှ တဖြည်းဖြည်းခေတ်စားလာပြီး ကမ္ဘာအနှံ့မှာခေါက်ဆွဲခြောက်ထုပ်မှ ခေါက်ဆွဲခြောက်ထုပ်တွေ ဖြစ်လာပါတော့တယ်။

ခုဆိုရင် အနောက်နိုင်ငံကဟိုတယ်တွေမှာ ဘရိတ်ဖတ်စ်ဘူဖေးခင်းကျင်းထားရင် ခေါက်ဆွဲခြောက်ထုပ်ကိုပါ ချထားတတ်ကြပါတယ်။ သူတို့ဆီကိုလာလည်တဲ့ အရှေ့တိုင်းသားဧည့်သည်တွေက ချိစ်တွေ၊ ပေါင်မုန့်တွေချည်းပဲစားရလို့ ညည်းငွေ့လာရင်စားလို့ရအောင် စီစဉ်ပေးထားတာပါ။

ကျနော်တို့ခရီးထွက်ရင်လည်း ဥရောပအစားအစာတွေကို ရောက်ခါစတစ်ရက်နှစ်ရက်သာစားဝင်ပေမယ့် နောက်ပိုင်းတော့အရှေ့တိုင်းအရသာလေးတွေကိုပဲ တောင့်တတတ်ပါတယ်။ ခေါက်ဆွဲခြောက်ထုပ်က ဟိုတယ်မှာမရှိရင်တောင် အပြင်မှာသွားဝယ်ပြီးအခန်းထဲကရေနွေးအိုးနဲ့ပြုတ်သောက်ရပါတယ်။

ခေါက်ဆွဲခြောက်ထုပ်တွေရဲ့ အားသာချက်က အဲ့ဒါပါပဲ။ အလွယ်တကူသယ်လို့ရတယ်။ နေရာတိုင်းမှာ ဝယ်လို့ရတယ်။ ချက်ရတာ၊ ပြင်ဆင်ရတာလည်း အရမ်းကိုလွယ်တယ်။ အရသာကလည်း မဆိုးဘူး။ ဈေးနှုန်းအားဖြင့်လည်း ချိုသာတယ်ပေါ့။

အဲ့ဒီလို တကမ္ဘာလုံးမှာ အားရပါးရတွယ်နေကြတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေက ဘယ်လိုအန္တရာယ်တွေရှိနိုင်သလဲ။ ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေဖြစ်စေနိုင်သလဲ။ အရင်ဆုံး အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေ ဘယ်လိုထုတ်လုပ်ထားတယ်ဆိုတာကို လေ့လာကြည့်ရအောင်ဗျ။

သူတို့ကိုထုတ်တဲ့နေရာမှာ ပုံမှန်ခေါက်ဆွဲတွေထုတ်တာနဲ့ သိပ်မကွာဘူးဆိုပေမယ့် ဂျုံနယ်တဲ့နေရာ၊ ပါဝင်ပစ္စည်းတွေထည့်တဲ့နေရာမှာတော့ နည်းနည်းလေးကွာသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကိုတာရှည်ခံအောင်၊ အမြင်လှပအောင်၊ အကျိုးအကြေနည်းအောင် ထည့်ရတဲ့ဓာတုပစ္စည်းတွေရှိပါတယ်။

ဓာတုပစ္စည်းဆိုပေမယ့် တခြားအစားအသောက်တွေမှာလည်းထည့်နေကျ တရားဝင်ခွင့်ပြုထားတဲ့ ဓာတုပစ္စည်းတွေပါပဲ။ ပြီးတော့ ခေါက်ဆွဲသားချောမွေ့ကျစ်လျစ်ဖို့အတွက် ထည့်ရတဲ့ဆားပမာဏကလည်း ပုံမှန်ခေါက်ဆွဲတွေမှာပါတာထက် ပိုထည့်ရပါတယ်။

အသင့်စားခါက်ဆွဲခြောက်ထုပ်မှာပါတဲ့ခေါက်ဆွဲမျှင်လေးတွေက တွန့်လိမ်တွန့်လိမ်လေးတွေဖြစ်နေတာ သတိထားမိကြမှာပါ။ စပရိန်လို အလိမ်အလိမ်လေးတွေလည်းတွေ့ရသလို၊ လှိုင်းတွန့်ပုံစံလေးတွေလည်း ရှိကြတယ်။ ဘာကြောင့် ပုံမှန်ခေါက်ဆွဲမှာလိုအဖြောင့်အရှည်မထုတ်ဘဲ အတွန့်လေးတွေထုတ်ကြတာလဲ။

အကြောင်းရင်းကတော့ ထုပ်ပိုးတဲ့အခါအကျိုးအကြေနည်းအောင်ရယ်၊ ချက်ပြုတ်တဲ့အခါ အပူပျံ့နှံ့မှုလွယ်ကူပြီး မြန်မြန်ကျက်အောင်ရယ်၊ တူနဲ့စားတဲ့အခါ ရှောထွက်မသွားအောင်ရယ်အတွက်ပါ။ ခေါက်ဆွဲခြောက်လို့ခေါ်ကြပေမယ့် တကယ်တော့ ရိုးရိုးအပူနဲ့အခြောက်ခံထားတာတော့ မဟုတ်ပါဘူး။

ဆီနဲ့ကြော်ပြီး အခြောက်ခံထားတာပါ။ ဟုတ်ပါတယ်။ စက်ထဲကနေ တွန့်လိမ်တွန့်လမ်နဲ့ထွက်လာတဲ့ ခေါက်ဆွဲအိအိကလေးတွေကို ဆီပူထဲဖြတ်ပြီးကြော်ပါတယ်။ ပြီးမှလေနဲ့မှုတ်ပြီး အခြောက်ခံထားတာပါ။ ရလာဒ်ကတော့ တခါကျက်ပြီးသားဖြစ်လို့ ပြုတ်တဲ့အခါမြန်မြန်ကျက်တယ်။ အနံ့အရသာ ပိုကောင်းတယ်ပေါ့။

အထုပ်ထဲမှာပါတဲ့ အရသာမှုန့်တွေ၊ ဆီချက်ထုပ်ကလေးတွေ၊ အနှစ်ထုပ်လေးတွေကလည်း ဘာမှထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ပုံမှန်ချက်ပြုတ်တဲ့အခါမှာထည့်တဲ့ ဆား၊ အချိုမှုန့်၊ ငရုတ်ကောင်းနဲ့ တခြားဟင်းခတ်အမွှေးအကြိုင်တွေပါပဲ။ ဒါပေမယ့် တာရှည်ခံအောင်တော့ ထည့်သင့်တာတွေ ထည့်ရတာပေါ့။

အဲ့ဒီတော့ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေဟာ အန္တရာယ်ရှိလားလို့မေးရင် ရှိတယ်လို့ ဖြေလို့ရသလို၊ မရှိဘူးလို့လည်း ဖြေလို့ရတယ်။ အန္တရာယ်ရှိတယ်ဆိုတာက တခါကြော်ပြီးသားဆိုတော့ သူ့မှာပါတဲ့ဆီပမာဏက ထင်တာထက်ပိုများတယ်။

ကြည့်လိုက်ရင်မမြင်ရပေမယ့် ခေါက်ဆွဲသားထဲမှာတော့ ဆီတွေရှိနေပါတယ်။ ပြီးတော့ အပေါ်ကပြောခဲ့အတိုင်း ခုလိုခေါက်ဆွဲသားပုံစံဖြစ်ဖို့ ဂျုံနယ်ကတည်းက ဆားပိုထည့်ထားပါတယ်။ အဲ့ဒါကြောင့် အဆီနဲ့အငန်ဓာတ်ကတော့ ထင်ထားတာထက်ပိုများနေနိုင်ပါတယ်။ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါတွေအတွက်တော့ သတိထားရပါမယ်။

အဲ့ဒီအချက်တွေကလွဲရင်တော့ တခြားပါဝင်ပစ္စည်းတွေ၊ ထုတ်လုပ်ပုံနည်းစနစ်တွေက တခြားမုန့်တွေ၊ အစားအသောက်တွေထုတ်ထားတာနဲ့ သိပ်မကွာခြားပါဘူး။

အဲ့ဒါကြောင့် လူတွေထင်နေကြသလို ဓာတုပစ္စည်းတွေ အများကြီးပါတယ်တို့၊ ကင်ဆာဖြစ်စေတယ်တို့ဆိုတဲ့ အဆင့်အထိလောက်တော့ အန္တရာယ်မရှိဘူးလို့ ပြောလို့ရပါတယ်။ တကမ္ဘာလုံးမှာ တွင်တွင်ကျယ်ကျယ် ရောင်းဝယ်ဖောက်ကားနေကြတာ၊ စားနေကြတာဆိုတာနဲ့တင် ကောင်းကျိုး ဆိုးကျိုးအလေးသာမှုကို ခန့်မှန်းလို့ရပါတယ်။

တကယ်တော့ ခေါက်ဆွဲခြောက်ထုပ်မှတင် မဟုတ်ပါဘူး။ အစားအသောက်တွေဆိုတာက Processing လို့ခေါ်တဲ့ မူလကုန်ကြမ်းအနေအထားကနေ ပြုပြင်ထုတ်လုပ်ရတဲ့ အဆင့်တွေများလေလေ သူ့ရဲ့အာဟာရတန်ဖိုး လျော့ကျပြီး ကျန်းမာရေးအတွက် ဆိုးကျိုးများလေလေပါပဲ။ ကျန်းမာချင်ရင် Processed food တွေကို တတ်နိုင်သလောက် ရှောင်ပါဆိုတာ အဲ့ဒါပါပဲ။

ဥပမာပေးရရင် ထမင်းဂျိုးကြော် ဆိုပါစို့။ စပါးကနေ ဆန်ဖြစ်အောင်ကြိတ်ခွဲတဲ့အခါ အမြင်လှသွားပေမယ့် ဖွပ်တဲ့အကြိမ်ရေ များလေလေ သူ့မှာပါတဲ့ အာဟာရဓာတ် လျော့နည်းလေလေပါပဲ။ တခါ ဆန်ကို ထမင်းချက်တယ်။ ချက်ပြီးတော့ အခြောက်လှန်းတယ်။ ပြီးတော့ ဆီနဲ့ပြန်ကြော်တယ်။

ပြုပြင်ရတဲ့အဆင့်တွေ များလွန်းတဲ့အတွက် မူလဆန်လုံးညိုမှာပါတဲ့ အာဟာရဓာတ်တွေဟာ ထမင်းဂျိုးကြော်အဆင့်ကို ရောက်တဲ့အခါမှာတော့ ပမာဏတော်တော်ကို နည်းပါးသွားပါပြီ။ ပြီးတော့ အပူနဲ့ထိတွေ့တိုင်း ထွက်လာတတ်တဲ့ ကာဗွန်တွေဟာလည်း ဆိုးကျိုးကို ဖြစ်စေပါတယ်။

လျှောက်စဉ်းစားရင်တော့ ကြောက်စရာတွေပဲ မြင်နေမှာပါ။ စားစရာ ဘာမှကိုကျန်မှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ကြောက်မယ်ဆိုရင်လည်း နားနားပြီး ကြောက်ကြပါ။ ဉာဏ်နဲ့ယှဉ်ပြီး သာသာယာယာလေးပဲ ကြောက်ကြပါလို့။

Credit to Dr Okka Kyi Winn (Sanpya Online Clinic)

Zawgyi

အသင့္စားေခါက္ဆြဲေျခာက္-(Instant Noodle)ေတြ စားရင္ ဒါေတြ သိထားသင့္ပါတယ္…

ဒီကေန႔မွာေတာ့ အသင့္စားေခါက္ဆြဲထုပ္ျပဳတ္ေသာက္တဲ့ ယဥ္ေက်းမႈက ကမာၻအႏွံ႔မွာ ‌ေခတ္စားေနပါၿပီ။ တကယ္ေတာ့ ေခါက္ဆြဲဆိုတာက အေရွ႕တိုင္းသားေတြရဲ႕ အသည္းစြဲအစားအစာပါ။

အသင့္စားေခါက္ဆြဲေျခာက္ထုပ္ေတြကိုေတာ့ ၁၉၆၀ ခုႏွစ္ဝန္းက်င္ေလာက္ကတည္းက ဂ်ပန္မွာစၿပီးထုတ္လုပ္ခဲ့ပါတယ္။ အဲ့ဒီတုန္းကေတာ့ ေခါက္ဆြဲေျခာက္ထုပ္ေတြဟာ ပုံမွန္ေခါက္ဆြဲေတြထက္ေတာင္ အဆေပါင္းမ်ားစြာ ပိုၿပီးေဈးႀကီးတယ္လို႔ဆိုပါတယ္။

သူေဌးေတြပဲစားၾကတာေပါ့ေလ။ ေနာက္ပိုင္းက်မွ တျဖည္းျဖည္းေခတ္စားလာၿပီး ကမာၻအႏွံ႔မွာေခါက္ဆြဲေျခာက္ထုပ္မွ ေခါက္ဆြဲေျခာက္ထုပ္ေတြ ျဖစ္လာပါေတာ့တယ္။

ခုဆိုရင္ အေနာက္ႏိုင္ငံကဟိုတယ္ေတြမွာ ဘရိတ္ဖတ္စ္ဘူေဖးခင္းက်င္းထားရင္ ေခါက္ဆြဲေျခာက္ထုပ္ကိုပါ ခ်ထားတတ္ၾကပါတယ္။ သူတို႔ဆီကိုလာလည္တဲ့ အေရွ႕တိုင္းသားဧည့္သည္ေတြက ခ်ိစ္ေတြ၊ ေပါင္မုန႔္ေတြခ်ည္းပဲစားရလို႔ ညည္းေငြ႕လာရင္စားလို႔ရေအာင္ စီစဥ္ေပးထားတာပါ။

က်ေနာ္တို႔ခရီးထြက္ရင္လည္း ဥေရာပအစားအစာေတြကို ေရာက္ခါစတစ္ရက္ႏွစ္ရက္သာစားဝင္ေပမယ့္ ေနာက္ပိုင္းေတာ့အေရွ႕တိုင္းအရသာေလးေတြကိုပဲ ေတာင့္တတတ္ပါတယ္။ ေခါက္ဆြဲေျခာက္ထုပ္က ဟိုတယ္မွာမရွိရင္ေတာင္ အျပင္မွာသြားဝယ္ၿပီးအခန္းထဲကေရေႏြးအိုးနဲ႔ျပဳတ္ေသာက္ရပါတယ္။

ေခါက္ဆြဲေျခာက္ထုပ္ေတြရဲ႕ အားသာခ်က္က အဲ့ဒါပါပဲ။ အလြယ္တကူသယ္လို႔ရတယ္။ ေနရာတိုင္းမွာ ဝယ္လို႔ရတယ္။ ခ်က္ရတာ၊ ျပင္ဆင္ရတာလည္း အရမ္းကိုလြယ္တယ္။ အရသာကလည္း မဆိုးဘူး။ ေဈးႏႈန္းအားျဖင့္လည္း ခ်ိဳသာတယ္ေပါ့။

အဲ့ဒီလို တကမာၻလုံးမွာ အားရပါးရတြယ္ေနၾကတဲ့ ေခါက္ဆြဲေျခာက္ထုပ္ေတြက ဘယ္လိုအႏၲရာယ္ေတြရွိႏိုင္သလဲ။ က်န္းမာေရးအတြက္ ဘယ္လိုဆိုးက်ိဳးေတြျဖစ္ေစႏိုင္သလဲ။ အရင္ဆုံး အသင့္စားေခါက္ဆြဲေျခာက္ထုပ္ေတြ ဘယ္လိုထုတ္လုပ္ထားတယ္ဆိုတာကို ေလ့လာၾကည့္ရေအာင္ဗ်။

သူတို႔ကိုထုတ္တဲ့ေနရာမွာ ပုံမွန္ေခါက္ဆြဲေတြထုတ္တာနဲ႔ သိပ္မကြာဘူးဆိုေပမယ့္ ဂ်ဳံနယ္တဲ့ေနရာ၊ ပါဝင္ပစၥည္းေတြထည့္တဲ့ေနရာမွာေတာ့ နည္းနည္းေလးကြာသြားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ကိုတာရွည္ခံေအာင္၊ အျမင္လွပေအာင္၊ အက်ိဳးအေၾကနည္းေအာင္ ထည့္ရတဲ့ဓာတုပစၥည္းေတြရွိပါတယ္။

ဓာတုပစၥည္းဆိုေပမယ့္ တျခားအစားအေသာက္ေတြမွာလည္းထည့္ေနက် တရားဝင္ခြင့္ျပဳထားတဲ့ ဓာတုပစၥည္းေတြပါပဲ။ ၿပီးေတာ့ ေခါက္ဆြဲသားေခ်ာေမြ႕က်စ္လ်စ္ဖို႔အတြက္ ထည့္ရတဲ့ဆားပမာဏကလည္း ပုံမွန္ေခါက္ဆြဲေတြမွာပါတာထက္ ပိုထည့္ရပါတယ္။

အသင့္စားခါက္ဆြဲေျခာက္ထုပ္မွာပါတဲ့ေခါက္ဆြဲမွ်င္ေလးေတြက တြန႔္လိမ္တြန႔္လိမ္ေလးေတြျဖစ္ေနတာ သတိထားမိၾကမွာပါ။ စပရိန္လို အလိမ္အလိမ္ေလးေတြလည္းေတြ႕ရသလို၊ လႈိင္းတြန႔္ပုံစံေလးေတြလည္း ရွိၾကတယ္။ ဘာေၾကာင့္ ပုံမွန္ေခါက္ဆြဲမွာလိုအေျဖာင့္အရွည္မထုတ္ဘဲ အတြန႔္ေလးေတြထုတ္ၾကတာလဲ။

အေၾကာင္းရင္းကေတာ့ ထုပ္ပိုးတဲ့အခါအက်ိဳးအေၾကနည္းေအာင္ရယ္၊ ခ်က္ျပဳတ္တဲ့အခါ အပူပ်ံ႕ႏွံ႔မႈလြယ္ကူၿပီး ျမန္ျမန္က်က္ေအာင္ရယ္၊ တူနဲ႔စားတဲ့အခါ ေရွာထြက္မသြားေအာင္ရယ္အတြက္ပါ။ ေခါက္ဆြဲေျခာက္လို႔ေခၚၾကေပမယ့္ တကယ္ေတာ့ ႐ိုး႐ိုးအပူနဲ႔အေျခာက္ခံထားတာေတာ့ မဟုတ္ပါဘူး။

ဆီနဲ႔ေၾကာ္ၿပီး အေျခာက္ခံထားတာပါ။ ဟုတ္ပါတယ္။ စက္ထဲကေန တြန႔္လိမ္တြန႔္လမ္နဲ႔ထြက္လာတဲ့ ေခါက္ဆြဲအိအိကေလးေတြကို ဆီပူထဲျဖတ္ၿပီးေၾကာ္ပါတယ္။ ၿပီးမွေလနဲ႔မႈတ္ၿပီး အေျခာက္ခံထားတာပါ။ ရလာဒ္ကေတာ့ တခါက်က္ၿပီးသားျဖစ္လို႔ ျပဳတ္တဲ့အခါျမန္ျမန္က်က္တယ္။ အနံ႔အရသာ ပိုေကာင္းတယ္ေပါ့။

အထုပ္ထဲမွာပါတဲ့ အရသာမႈန႔္ေတြ၊ ဆီခ်က္ထုပ္ကေလးေတြ၊ အႏွစ္ထုပ္ေလးေတြကလည္း ဘာမွထူးထူးျခားျခားေတာ့ မဟုတ္ပါဘူး။ ပုံမွန္ခ်က္ျပဳတ္တဲ့အခါမွာထည့္တဲ့ ဆား၊ အခ်ိဳမႈန႔္၊ င႐ုတ္ေကာင္းနဲ႔ တျခားဟင္းခတ္အေမႊးအႀကိဳင္ေတြပါပဲ။ ဒါေပမယ့္ တာရွည္ခံေအာင္ေတာ့ ထည့္သင့္တာေတြ ထည့္ရတာေပါ့။

အဲ့ဒီေတာ့ အသင့္စားေခါက္ဆြဲေျခာက္ထုပ္ေတြဟာ အႏၲရာယ္ရွိလားလို႔ေမးရင္ ရွိတယ္လို႔ ေျဖလို႔ရသလို၊ မရွိဘူးလို႔လည္း ေျဖလို႔ရတယ္။ အႏၲရာယ္ရွိတယ္ဆိုတာက တခါေၾကာ္ၿပီးသားဆိုေတာ့ သူ႔မွာပါတဲ့ဆီပမာဏက ထင္တာထက္ပိုမ်ားတယ္။

ၾကည့္လိုက္ရင္မျမင္ရေပမယ့္ ေခါက္ဆြဲသားထဲမွာေတာ့ ဆီေတြရွိေနပါတယ္။ ၿပီးေတာ့ အေပၚကေျပာခဲ့အတိုင္း ခုလိုေခါက္ဆြဲသားပုံစံျဖစ္ဖို႔ ဂ်ဳံနယ္ကတည္းက ဆားပိုထည့္ထားပါတယ္။ အဲ့ဒါေၾကာင့္ အဆီနဲ႔အငန္ဓာတ္ကေတာ့ ထင္ထားတာထက္ပိုမ်ားေနႏိုင္ပါတယ္။ ေသြးတိုး၊ ႏွလုံး၊ ဆီးခ်ိဳေရာဂါေတြအတြက္ေတာ့ သတိထားရပါမယ္။

အဲ့ဒီအခ်က္ေတြကလြဲရင္ေတာ့ တျခားပါဝင္ပစၥည္းေတြ၊ ထုတ္လုပ္ပုံနည္းစနစ္ေတြက တျခားမုန႔္ေတြ၊ အစားအေသာက္ေတြထုတ္ထားတာနဲ႔ သိပ္မကြာျခားပါဘူး။

အဲ့ဒါေၾကာင့္ လူေတြထင္ေနၾကသလို ဓာတုပစၥည္းေတြ အမ်ားႀကီးပါတယ္တို႔၊ ကင္ဆာျဖစ္ေစတယ္တို႔ဆိုတဲ့ အဆင့္အထိေလာက္ေတာ့ အႏၲရာယ္မရွိဘူးလို႔ ေျပာလို႔ရပါတယ္။ တကမာၻလုံးမွာ တြင္တြင္က်ယ္က်ယ္ ေရာင္းဝယ္ေဖာက္ကားေနၾကတာ၊ စားေနၾကတာဆိုတာနဲ႔တင္ ေကာင္းက်ိဳး ဆိုးက်ိဳးအေလးသာမႈကို ခန႔္မွန္းလို႔ရပါတယ္။

တကယ္ေတာ့ ေခါက္ဆြဲေျခာက္ထုပ္မွတင္ မဟုတ္ပါဘူး။ အစားအေသာက္ေတြဆိုတာက Processing လို႔ေခၚတဲ့ မူလကုန္ၾကမ္းအေနအထားကေန ျပဳျပင္ထုတ္လုပ္ရတဲ့ အဆင့္ေတြမ်ားေလေလ သူ႔ရဲ႕အာဟာရတန္ဖိုး ေလ်ာ့က်ၿပီး က်န္းမာေရးအတြက္ ဆိုးက်ိဳးမ်ားေလေလပါပဲ။ က်န္းမာခ်င္ရင္ Processed food ေတြကို တတ္ႏိုင္သေလာက္ ေရွာင္ပါဆိုတာ အဲ့ဒါပါပဲ။

ဥပမာေပးရရင္ ထမင္းဂ်ိဳးေၾကာ္ ဆိုပါစို႔။ စပါးကေန ဆန္ျဖစ္ေအာင္ႀကိတ္ခြဲတဲ့အခါ အျမင္လွသြားေပမယ့္ ဖြပ္တဲ့အႀကိမ္ေရ မ်ားေလေလ သူ႔မွာပါတဲ့ အာဟာရဓာတ္ ေလ်ာ့နည္းေလေလပါပဲ။ တခါ ဆန္ကို ထမင္းခ်က္တယ္။ ခ်က္ၿပီးေတာ့ အေျခာက္လွန္းတယ္။ ၿပီးေတာ့ ဆီနဲ႔ျပန္ေၾကာ္တယ္။

ျပဳျပင္ရတဲ့အဆင့္ေတြ မ်ားလြန္းတဲ့အတြက္ မူလဆန္လုံးညိဳမွာပါတဲ့ အာဟာရဓာတ္ေတြဟာ ထမင္းဂ်ိဳးေၾကာ္အဆင့္ကို ေရာက္တဲ့အခါမွာေတာ့ ပမာဏေတာ္ေတာ္ကို နည္းပါးသြားပါၿပီ။ ၿပီးေတာ့ အပူနဲ႔ထိေတြ႕တိုင္း ထြက္လာတတ္တဲ့ ကာဗြန္ေတြဟာလည္း ဆိုးက်ိဳးကို ျဖစ္ေစပါတယ္။

ေလွ်ာက္စဥ္းစားရင္ေတာ့ ေၾကာက္စရာေတြပဲ ျမင္ေနမွာပါ။ စားစရာ ဘာမွကိုက်န္မွာ မဟုတ္ပါဘူး။ အဲ့ဒါေၾကာင့္ ေၾကာက္မယ္ဆိုရင္လည္း နားနားၿပီး ေၾကာက္ၾကပါ။ ဉာဏ္နဲ႔ယွဥ္ၿပီး သာသာယာယာေလးပဲ ေၾကာက္ၾကပါလို႔။

Credit to Dr Okka Kyi Winn (Sanpya Online Clinic)