ဆန်ဆေးရေအစွမ်းအံ့မခန်း

ဆန်ဆေးရေအစွမ်းအံ့မခန်း
ဆန်ဆေးရေအစွမ်းအံ့မခန်း

ဆန်ဆေးရေအစွမ်းအံ့မခန်း

ပျိမေတိုရေ ဒီနေ့မှာတော့မင်မင်က ဆန်ဆေးရေကို အလှအပအတွက် အသုံးပြုပုံလေးတွေကို စုစည်းပီး ပြောပြပေးသွားမှာပါ… ဆန်ဆေးရေမှာ A,C,E. Folic acid နဲ့ vitamin B1,B3,B5 တို့ပါဝင်တာကြောင့် အိုမင်းရင့်ရော်ခြင်းနဲ့ အမဲစက်တွေကို ပျောက်ကင်းစေပြီး အသားရေကို တင်းရင်းလှပစေပါတယ်။

ဆန်ဆေးရေသောက်မယ်

ဆန်ဆေးရေ ဒုတိယရေကို အသုံးပြုရမှာပါ… ဆန်ဆေးရေသန့်သန့်ကို သောက်မယ်ဆိုရင် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်ပြေစေပြီး အသားအရေကို ကြည်လင်လှပစေပါတယ် … တခါတလေ ပျိမေတိုဖြစ်တတ်တဲ့ ဆီးကျင်ခြင်းကိုလည်း ပျောက်ကင်းစေပါတယ်… ဒါကြောင့် မနက်အိပ်ယာထတာနဲ့ ဆန်ဆေးရေတစ်ခွက်သောက်ပေးပါ …

မျက်နှာသစ်မယ်

မနက်တိုင်းဆန်ဆေးရေနှင့် မျက်နှာသစ်ပေးခြင်းအားဖြင့် ချွေးပေါက်ကျဉ်းမယ် အရေပြားအိုမင်းရင့်ရော်မှုကို ကာကွယ်မယ် နေရောင်ခြည်ကြောင့် ဖြစ်တတ်တဲ့ အမဲစက်နဲ့ ဝက်ခြံအမာရွက်တေကို ပျောက်ကင်းစေပါတယ်…

ဆန်ဆေးရေToner

ဆန်ဆေးရေကို ပုလင်းသန့်သန့်လေးမှာ ထည့်ပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် ဂွမ်းလေးနဲ့ Tonerလို အသုံးပြုနိုင်ပါတယ်… အဆီပြန်မှုကို ထိန်းပြီး ဝက်ခြံနဲ့ အဆီဖုတေ ထွက်ခြင်းကို ကာကွယ်ပေးပါတယ်… အခန်းအပူချိန်မှာတော့ တစ်ရက်ပဲ အထားခံပါတယ်… ရေခဲသေတ္တာထဲထည့်ထားမယ်ဆိုရင် လေးရက်လောက် အထားခံပါတယ်ရှင် …

Face Mask

ဆန်ကို ရေစိမ်ထားပါ လက်နဲ့ဖိလို့ ကြေတဲ့ အနေအထားရောက်ရင် အဲ့ဆန်နဲ့သနပ်ခါးနဲ့ကို ခပ်ပျစ်ပျစ်သွေးလိမ်းပါ ခြောက်အောင်ထားပြီး မျက်နှာသစ်ပါ… အဆီပြန်တဲ့ပျိုမေတို့အတွက်ပါ ဝက်ခြံ အဆီဖုတွေ သက်သာပျောက်ကင်းစေပါတယ်.. ဒီနည်းကို သုံးရက်တစ်ကြိမ် ပြုလုပ်ပေးပါ … ဆန်ဆေးရေထဲကို mask ခဲလေးစိမ်ပြီးတော့ sheet mask အဖြစ်လည်း သုံးလို့ရသေးတယ်နော် …

Body_scurb

ဆန်ကို ရေစိမ်ပြီးချေ သိုမဟုတ် ကြိတ်ပါ… သံပုရာသီးတစ်ခြမ်း သံလွင်ဆီထမင်းစားဇွန်း နှစ်ဇွန်းထည့်ပီး scurb အဖြစ် အသုံးပြုနိုင်ပါတယ် … ခန္ဓာကိုယ်ပေါ်က အမဲစက်နဲ့ အမာရွတ်တွေ သက်သာစေပီး နုညံ့စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီ …

ဆံသားအတွက်

ရှေးခေတ်တရုတ်လူမျိးတွေ သုံးတဲ့နည်းပါ… ဆန်ဆေးရေကို အခန်အပူချိန်မှာ တစ်ရက်ထားပြီး အချဉ်ဖောက်ပါ… ရလာတဲ့အခါ ခေါင်းမလျှော်ခင် ဆံပင်နဲ့ဦးရေပြားပေါ်ကိုလောင်းပြီး 10မိနစ်ထားပီး ခေါင်းလျှော်ချပါ…

ဆန်ဆေးရေနဲ့ ခေါင်းလျှော်ခြင်းကြောင့် ဆံသားသန်မာပြီး ဆံပင်ကျွတ်တာရပ်မယ်… ဆံပင်ပါးတဲ့သူတွေ ဆံပင်ထူလာမယ်… ဗောက်ပျောက်မယ်… ဆံပင်အရှည်မြန်မယ်… ဆံသားနက်မှောင်ပြီး ထူထဲလှပစေပါတယ် …#credit

Zawgyi



ဆန်ဆေးရေသောက်မယ်


မျက်နှာသစ်မယ်


ဆန်ဆေးရေToner


Face Mask


Body_scurb


ဆံသားအတွက်

