လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် အကြံပြုချက် (၃)ခု

လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် အကြံပြုချက် (၃)ခု

ဒီအချိန်မှာ လူကြီးတွေထက်စာရင် လူငယ်တွေကို ပိုပြီးသနားမိတယ်။ ဒီဘေးဒုက္ခကြီးမှာ အားလုံးက ခံစားကြရသူတွေချည်းပေမယ့် နေရာတစ်ခုရပြီးသား၊ လမ်းကြောင်းတစ်ခုကို လျှောက်နှင့်ပြီးသား လူကြီးတွေထက်စာရင် လူငယ်တွေမှာ ပိုပြီး လမ်းပျောက်ကြရှာတယ်။

အသက်ကကြီးလာ၊ ကျောင်းကမပြီးသေး၊ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ ပုဂ္ဂလိကကျောင်းတွေတက်ဖို့ ဆိုတာကလည်း ငွေရေးကြေးရေးအရ မတတ်နိုင်၊ တကယ့်ကို ခါးသီးတဲ့ အတွေ့အကြုံပဲ။

ညီလေးတို ညီမလေးတိုကို ၃ ခုအကြံပေးချင်တယ်။ အခုက စိတ်ညစ်စရာကြီးဆိုတာ အမှန်ပဲ။ ဒါပေမယ့် ဘယ်လောက်ပြင်းထန်တဲ့ မုန်တိုင်းဖြစ်ဖြစ် အမြဲတမ်းတော့ မရှိနေနိုင်ဘူးဆိုတာ မှတ်ထားပါ။ အတန်းပညာရေးဟာ လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ အရေးမပါတော့ဘူးဆိုတာ ကိုယ်အာမခံတယ်။

အခုချိန်မှာတော့ ဘဝပျက်မတတ် ခံစားနေရမှာပဲ၊ မျှော်လင့်ချက် မဲ့နေသလို၊ အရာအားလုံး ဆုံးရှုးသွားရသလို ခံစားနေရမှာပဲ။ ဒါပေမယ့် ဒါက အဆုံးသတ် မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။ လေပြေလာတဲ့အခါ အဆင်သင့်ဖြစ်နေအောင် လုပ်ထားပါ။ လမ်းပျောက်နေတယ်ဆိုရင် ကိုယ် (၃) ခုအကြံပေးချင်တယ်။ အသက် ၂၂ နှစ်အရွယ် ကိုယ်လမ်းပျောက်နေချိန် ဒီအချက် ၃ချက်ကိုပဲ လုပ်ပါတယ်။

၁။ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူလေ့ကျင့်ပါ –

ဘယ်ဘာသာစကားတွေ ဘယ်လိုပဲ ပေါ်ပြူလာဖြစ်ဖြစ် အင်္ဂလိပ်ဘာသာစကားက ကမ္ဘာတစ်ခုလုံးကို မြင်ရနိုင်တဲ့ ပြတင်းပေါက်ပါ။ အင်္ဂလိပ်ဘာသာစကားတစ်ခုတည်း ကောင်းကောင်းတတ်ကျွမ်းရုံနဲ့ ဘယ်နေရာမဆို ဝင်ဆံ့လာလိမ့်မယ်။

ပညာသင်တဲ့နေရာ၊ အလုပ်လုပ်တဲ့နေရာ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုက အကြီးအကျယ် ကွာခြားစေလိမ့်မယ်။ ဘာသာစကားတစ်ခုပြီးတစ်ခု လိုက်တက်နေမယ့်အစား အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်အောင် သင်ပါ။ အချိန်ပေး လေ့ကျင့်ပါ။

ဒါကိုတတ်ပြီဆိုတာနဲ့ ကြိုက်တဲ့ဘာသာရပ်ကို လေ့လာနိုင်တယ်၊ ကြိုက်တဲ့ အသိပညာဗဟုသုတ ရှာဖွေနိုင်တယ်၊ အတန်းမတက်ရသေးပေမယ့် ကိုယ့်ပညာ ဆက်လက်သင်ကြားဖိုအတွက် ကိုယ်တိုင်လေ့လာနိုင်တယ်၊ ကမ္ဘာအနှံက လူတွေနဲ့ ဆက်သွယ် ပြောဆိုနိုင်တယ်။

၂။ ကွန်ပျူတာနဲ့ အွန်လိုင်းနည်းပညာတွေကို လေ့လာပါ –

ဘယ်အလုပ်ဖြစ်ဖြစ် ကွန်ပျူတာနဲ့ အွန်လိုင်းနည်းပညာတွေဟာ မပါမဖြစ်ပါ။ ပညာဆက်သင်တာ၊ လုပ်ငန်းခွင်ဝင်တာ အကုန်လုံးအတွက် အရေးပါလိမ့်မယ်။

ကွန်ပျူတာနဲ့ အကျွမ်းဝင်ရှိအောင်လုပ်၊ အနိမ့်ဆုံး Microsoft office ဖြစ်တဲ့ Word, Powerpoint, Excel လောက်နဲ့ ရင်းနှီးအောင်လုပ်ထား။ Cloud နည်းပညာနဲ့ သုံးတတ်အောင် လုပ်ထား။ လုံးဝအလဟဿ မဖြစ်စေရဘူး။

၃။ ကိုယ်ဝါသနာပါတဲ့ အရာတစ်ခုကို မူတည်ပြီး Personal brand တစ်ခု တည်ဆောက်ထားပါ –

ပန်းချီဆွဲတာ ဝါသနာပါလား၊ သီချင်းဆိုတာလား၊ တူရိယာတစ်ခုခု တီးမှုတ်တတ်လား၊ စက္ကူခေါက်တတ်လား၊ အင်္ကျီဒီဇိုင်းဆွဲရတာ ကြိုက်လား၊ ပညာပေးလေးတွေ ရိုက်ရတာ ကြိုက်လား၊ ပစ္စည်းအသစ်အဆန်းလေးတွေ စမ်းသပ်ကြည့်ရတာ ကြိုက်လား။ ကိုယ်ဝါသနာပါတာ တစ်ခုခုရှိလိမ့်မယ်။

အဲဒါနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ပိုင်ဘရန်းတစ်ခု တည်ဆောက်ထားပါ။ နေ့စဉ်ရှင်သန်ဖိုအတွက် မျှော်လင့်ချက်လေး ဖြစ်လာလိမ့်မယ်။ ကိုယ့်ကို စိတ်လှုပ်ရှားစေလိမ့်မယ်၊ အသုံးမကျဘူးလို ခံစားနေရတာတွေ သက်သာလိမ့်မယ်။ လူတစ်ယောက်က နာမည်ရှိလာရင် အသံရှိလာလိမ့်မယ်။ အသံရှိလာတဲ့သူတစ်ယောက်က ဘာလုပ်လုပ် ပိုလွယ်ကူတတ်တယ်။

ကိုယ့်တုန်းက ဘလော့တစ်ခုလုပ်တယ်။ နောက်တော့ ပေ့ခ်ျတစ်ခု ထောင်တယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ ရေးတယ်၊ ကိုယ့်စိတ်ထဲ ပေါ်လာတာလေးတွေ ရေးတယ်။ အဲဒါနဲ့ အခု ဒီပေ့ခ်ျဖြစ်လာတာပဲ။

လမ်းပျောက်နေချိန် ဖန်တီးထားတာလေးတွေပေါ့။ အဲဒီနောက် အယ်ဒီတာအလုပ် ရတယ်။ ဘယ်တုန်းကမှ ငါ အယ်ဒီတာဖြစ်လာလိမ့်မယ်လို မမျှော်လင့်ထားခဲ့ရာကနေ လမ်းက ကိုယ့်အားထုတ်မှုပေါ် မူတည်ပြီး အလိုလိုပေါ်လာတာပဲ။

လူငယ်တွေ ခံစားနေရတာတွေကို ကိုယ်ချင်းစာတယ်။ ထပ်တူမဟုတ်တောင် ဒီခံစားချက်ကြီးနဲ့ ရင်းနှီးတယ်။ ဒါပေမယ့် ကိုယ်တို့ ရပ်တန့်နေလိုတော့ မရဘူး။ အားထုတ်ချင်စိတ်သာ ဆက်မွေးမြူထား။ လမ်းကြောင်းတွေ ပေါ်ကို ပေါ်လာလိမ့်မယ်။
dr. thurein hlaing win ကို လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Zawgyi

လမ္းေပ်ာက္ေနတဲ့ လူငယ္ေတြအတြက္ အႀကံျပဳခ်က္ (၃)ခု

ဒီအခ်ိန္မွာ လူႀကီးေတြထက္စာရင္ လူငယ္ေတြကို ပိုၿပီးသနားမိတယ္။ ဒီေဘးဒုကၡႀကီးမွာ အားလုံးက ခံစားၾကရသူေတြခ်ည္းေပမယ့္ ေနရာတစ္ခုရၿပီးသား၊ လမ္းေၾကာင္းတစ္ခုကို ေလွ်ာက္ႏွင့္ၿပီးသား လူႀကီးေတြထက္စာရင္ လူငယ္ေတြမွာ ပိုၿပီး လမ္းေပ်ာက္ၾကရွာတယ္။

အသက္ကႀကီးလာ၊ ေက်ာင္းကမၿပီးေသး၊ ဘာလုပ္လို႔လုပ္ရမွန္းမသိ၊ ပုဂၢလိကေက်ာင္းေတြတက္ဖို႔ ဆိုတာကလည္း ေငြေရးေၾကးေရးအရ မတတ္ႏိုင္၊ တကယ့္ကို ခါးသီးတဲ့ အေတြ႕အႀကဳံပဲ။

ညီေလးတို ညီမေလးတိုကို ၃ ခုအႀကံေပးခ်င္တယ္။ အခုက စိတ္ညစ္စရာႀကီးဆိုတာ အမွန္ပဲ။ ဒါေပမယ့္ ဘယ္ေလာက္ျပင္းထန္တဲ့ မုန္တိုင္းျဖစ္ျဖစ္ အၿမဲတမ္းေတာ့ မရွိေနႏိုင္ဘူးဆိုတာ မွတ္ထားပါ။ အတန္းပညာေရးဟာ လုပ္ငန္းခြင္ထဲ ေရာက္တဲ့အခါ အေရးမပါေတာ့ဘူးဆိုတာ ကိုယ္အာမခံတယ္။

အခုခ်ိန္မွာေတာ့ ဘဝပ်က္မတတ္ ခံစားေနရမွာပဲ၊ ေမွ်ာ္လင့္ခ်က္ မဲ့ေနသလို၊ အရာအားလုံး ဆုံးရႈးသြားရသလို ခံစားေနရမွာပဲ။ ဒါေပမယ့္ ဒါက အဆုံးသတ္ မဟုတ္ဘူးဆိုတာ ကိုယ့္ကိုယ္ကိုယ္ သတိေပးပါ။ ေလေျပလာတဲ့အခါ အဆင္သင့္ျဖစ္ေနေအာင္ လုပ္ထားပါ။ လမ္းေပ်ာက္ေနတယ္ဆိုရင္ ကိုယ္ (၃) ခုအႀကံေပးခ်င္တယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ ကိုယ္လမ္းေပ်ာက္ေနခ်ိန္ ဒီအခ်က္ ၃ခ်က္ကိုပဲ လုပ္ပါတယ္။

၁။ အဂၤလိပ္ဘာသာစကားကို ကြၽမ္းက်င္ပိုင္ႏိုင္ေအာင္ သင္ယူေလ့က်င့္ပါ –

ဘယ္ဘာသာစကားေတြ ဘယ္လိုပဲ ေပၚျပဴလာျဖစ္ျဖစ္ အဂၤလိပ္ဘာသာစကားက ကမာၻတစ္ခုလုံးကို ျမင္ရႏိုင္တဲ့ ျပတင္းေပါက္ပါ။ အဂၤလိပ္ဘာသာစကားတစ္ခုတည္း ေကာင္းေကာင္းတတ္ကြၽမ္း႐ုံနဲ႔ ဘယ္ေနရာမဆို ဝင္ဆံ့လာလိမ့္မယ္။

ပညာသင္တဲ့ေနရာ၊ အလုပ္လုပ္တဲ့ေနရာ အဂၤလိပ္ဘာသာစကား ကြၽမ္းက်င္မႈက အႀကီးအက်ယ္ ကြာျခားေစလိမ့္မယ္။ ဘာသာစကားတစ္ခုၿပီးတစ္ခု လိုက္တက္ေနမယ့္အစား အဂၤလိပ္ဘာသာစကားကို ကြၽမ္းက်င္ေအာင္ သင္ပါ။ အခ်ိန္ေပး ေလ့က်င့္ပါ။

ဒါကိုတတ္ၿပီဆိုတာနဲ႔ ႀကိဳက္တဲ့ဘာသာရပ္ကို ေလ့လာႏိုင္တယ္၊ ႀကိဳက္တဲ့ အသိပညာဗဟုသုတ ရွာေဖြႏိုင္တယ္၊ အတန္းမတက္ရေသးေပမယ့္ ကိုယ့္ပညာ ဆက္လက္သင္ၾကားဖိုအတြက္ ကိုယ္တိုင္ေလ့လာႏိုင္တယ္၊ ကမာၻအႏွံက လူေတြနဲ႔ ဆက္သြယ္ ေျပာဆိုႏိုင္တယ္။

၂။ ကြန္ပ်ဴတာနဲ႔ အြန္လိုင္းနည္းပညာေတြကို ေလ့လာပါ –

ဘယ္အလုပ္ျဖစ္ျဖစ္ ကြန္ပ်ဴတာနဲ႔ အြန္လိုင္းနည္းပညာေတြဟာ မပါမျဖစ္ပါ။ ပညာဆက္သင္တာ၊ လုပ္ငန္းခြင္ဝင္တာ အကုန္လုံးအတြက္ အေရးပါလိမ့္မယ္။

ကြန္ပ်ဴတာနဲ႔ အကြၽမ္းဝင္ရွိေအာင္လုပ္၊ အနိမ့္ဆုံး Microsoft office ျဖစ္တဲ့ Word, Powerpoint, Excel ေလာက္နဲ႔ ရင္းႏွီးေအာင္လုပ္ထား။ Cloud နည္းပညာနဲ႔ သုံးတတ္ေအာင္ လုပ္ထား။ လုံးဝအလဟႆ မျဖစ္ေစရဘူး။

၃။ ကိုယ္ဝါသနာပါတဲ့ အရာတစ္ခုကို မူတည္ၿပီး Personal brand တစ္ခု တည္ေဆာက္ထားပါ –

ပန္းခ်ီဆြဲတာ ဝါသနာပါလား၊ သီခ်င္းဆိုတာလား၊ တူရိယာတစ္ခုခု တီးမႈတ္တတ္လား၊ စကၠဴေခါက္တတ္လား၊ အက်ႌဒီဇိုင္းဆြဲရတာ ႀကိဳက္လား၊ ပညာေပးေလးေတြ ႐ိုက္ရတာ ႀကိဳက္လား၊ ပစၥည္းအသစ္အဆန္းေလးေတြ စမ္းသပ္ၾကည့္ရတာ ႀကိဳက္လား။ ကိုယ္ဝါသနာပါတာ တစ္ခုခုရွိလိမ့္မယ္။

အဲဒါနဲ႔ပတ္သက္ၿပီး ကိုယ့္ကိုယ္ပိုင္ဘရန္းတစ္ခု တည္ေဆာက္ထားပါ။ ေန႔စဥ္ရွင္သန္ဖိုအတြက္ ေမွ်ာ္လင့္ခ်က္ေလး ျဖစ္လာလိမ့္မယ္။ ကိုယ့္ကို စိတ္လႈပ္ရွားေစလိမ့္မယ္၊ အသုံးမက်ဘူးလို ခံစားေနရတာေတြ သက္သာလိမ့္မယ္။ လူတစ္ေယာက္က နာမည္ရွိလာရင္ အသံရွိလာလိမ့္မယ္။ အသံရွိလာတဲ့သူတစ္ေယာက္က ဘာလုပ္လုပ္ ပိုလြယ္ကူတတ္တယ္။

ကိုယ့္တုန္းက ဘေလာ့တစ္ခုလုပ္တယ္။ ေနာက္ေတာ့ ေပ့ခ္်တစ္ခု ေထာင္တယ္။ က်န္းမာေရးနဲ႔ပတ္သက္တဲ့ ေဆာင္းပါးေတြ ေရးတယ္၊ ကိုယ့္စိတ္ထဲ ေပၚလာတာေလးေတြ ေရးတယ္။ အဲဒါနဲ႔ အခု ဒီေပ့ခ္်ျဖစ္လာတာပဲ။

လမ္းေပ်ာက္ေနခ်ိန္ ဖန္တီးထားတာေလးေတြေပါ့။ အဲဒီေနာက္ အယ္ဒီတာအလုပ္ ရတယ္။ ဘယ္တုန္းကမွ ငါ အယ္ဒီတာျဖစ္လာလိမ့္မယ္လို မေမွ်ာ္လင့္ထားခဲ့ရာကေန လမ္းက ကိုယ့္အားထုတ္မႈေပၚ မူတည္ၿပီး အလိုလိုေပၚလာတာပဲ။

လူငယ္ေတြ ခံစားေနရတာေတြကို ကိုယ္ခ်င္းစာတယ္။ ထပ္တူမဟုတ္ေတာင္ ဒီခံစားခ်က္ႀကီးနဲ႔ ရင္းႏွီးတယ္။ ဒါေပမယ့္ ကိုယ္တို႔ ရပ္တန႔္ေနလိုေတာ့ မရဘူး။ အားထုတ္ခ်င္စိတ္သာ ဆက္ေမြးျမဴထား။ လမ္းေၾကာင္းေတြ ေပၚကို ေပၚလာလိမ့္မယ္။
dr. thurein hlaing win ကို ေလးစားစြာ ခရက္ဒစ္ေပးပါသည္။