အများနဲ့ အသုံးတည့်မယ်ထင်လို့ ကော်ပီယူလာတာပါ… အရမ်းမှန် ကျေးဇူးကြီးလှတဲ့ ဗဟုသုတပါ ခင်ဗျာ…

အများနဲ့ အသုံးတည့်မယ်ထင်လို့ ကော်ပီယူလာတာပါ… အရမ်းမှန် ကျေးဇူးကြီးလှတဲ့ ဗဟုသုတပါ ခင်ဗျာ…

တစ်နေ့ ကျွန်တော့် သွားဖုံးပြည်တည်ပြီးပြည်ပေါက်တော့ ကျောက်ကပ်က မခံမရပ်နိုင်အောင်နာနေတယ် ဆီးလဲသွားလို့ခက်လာတယ် သိပ်မထွက်တော့ဘူး…

စနေနေ့က သွားလဲထွက်သွားရော ခဏနေ ယူပစ်လိုက်သလို နေသာထိုင်သာရှိသွားတာ… ခုထိကျောက်ကပ်ကဘာမှမဖြစ်သလို ဒူးနာတာပါသက်သာလာခဲ့… ဆီနဲ့လဲ ပလုပ်ကျင်းနေပါပြီ…

ခံတွင်းက ရောဂါပိုးနှင့် အဆိပ်တွေကို ဖယ်ထုတ်ရှင်းလင်းဖို့ အကောင်းဆုံးဖြစ်တဲ့ ဆီနဲ့ ပလုတ်ကျင်းပေးခြင်း၏ ကျန်းမာရေးကောင်းကျိုးများ…

တန်ဖိုးထားရပါသောမိတ်ဆွေများအား မိမိတို့၏ခံတွင်းကို အုန်းဆီ နှမ်းဆီ သံလွင်ဆီတစ်မျိုးမျိုးဖြင့် တစ်ပတ်လျှင်နှစ်ကြိမ်, သုံးကြိမ်ခန့် ပလုတ်ကျင်းပေးပါ၊

ပြန်လည်ရရှိမည့် ကျန်းမာရေး အကျိုးကျေးဇူးများက ခံတွင်းက အာပုတ်ရည်များ အစာအိမ်သို့ မရောက်ရှိတော့သောကြောင့် အစာအိမ်ရောဂါနှင့် ကင်ဆာရောဂါကိုပါ ကာကွယ်ပြီးသားဖြစ်ပါကြောင်း ပြောပြ ဆွေးနွေးလိုပါတယ်ခင်ဗျာ…

ကျွန်တော်တို့ ငယ်ငယ်တုန်းက မြန်မာပြည်မှာ မြန်မာဆရာဝန်များနှင့်အတူ အိန္ဒိယနိုင်ငံက ပန်ချာဘီဆရာဝန်တွေပါ ဆေးရုံ ဆေးပေးခန်းတွေမှာ အများအပြားတွေ့ရှိရတတ်တာကို ကောင်းစွာ မှတ်မိနေပါသေးတယ်…

ကျွန်တော်ငယ်ငယ်ကနေ ယနေ့တိုင် ကောင်းကောင်းမှတ်မိနေသေးတာက ကျွန်တော့်အမေ ဒူးအရမ်းနာနေ၍ ပခုက္ကူမြို့ ထင်းတန်းရပ်မှာ ဆေးခန်းဖွင့်ထားတဲ့ ပန်ချာဘီဆရာဝန်ကြီးဒေါက်တာမာဒေးထံသို့ သွားရောက်ပြသခဲ့တာဘဲဖြစ်ပါတယ်…

အမေ၏ဒူးတစ်ဘက်ကရောင်ကိုင်းနေပြီး လမ်းမလျှောက်နိုင်လို့ ဆေးခန်းသွားရင် အမေကို ဦးလေးတွေက ချီမပြီးခေါ်သွားလေ့ရှိပါတယ်… ဆရာဝန်ကြီး ဒေါက်တာမာဒေးမှ အမေကို သေသေချာချာ စစ်ဆေးပြီးနောက်…

သွားတွေကောင်းရဲ့လားလို့မေးတော့ အမေမျက်နာ အမူအရာက ဒူးနာတာနဲ့ သွားကောင်းတာ မကောင်းတာ ဆိုင်လို့လားဟု ထင်နေဟန်တူပါတယ်

ဆရာဝန်ကြီးက ပါးစပ်ဟစမ်းဆိုတော့ အံသွားပေါက်တွေကို တွေ့သွားပါတယ်… အံသွားတွေက ပြည်ပုပ်တွေဟာ ဒူးကိုရောက်သွားပြီး ဒူးနာတဲ့ပြဿနာကို ဖြစ်စေတာပါပဲ… ထိုသွားတွေကို ဖာထေးပြုပြင်လိုက်တော့ အမေဒူးနာလည်း ကောင်းသွားတာကို လက်တွေ့ မြင်တွေ့ခဲ့ရဘူးပါတယ်…

ဆက်လက်၍ ဒေါက်တာမာဒေးမှအမေအား နေ့စဉ် နှမ်းဆီ ဟင်းစားဇွန်း တစ်ဇွန်းဖြင့် ပလုတ်ကျင်းခိုင်းရာ အမေဒူးနာ ပြန်မဖြစ်တော့တာကိုလည်း သတိထားမိပါတယ်…

နောက်တစ်ယောက်ကတော့ သိုင်းရွိုက်ရောဂါဖြစ်တဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက်ပါပဲ

သူ့ရဲ့သိုင်းရွိုက်ဂလင်းကနေ ဟိုမုန်း အထွက်နဲတော့ လူက လေးလံထိုင်းမှိုင်းပြီး ကိုယ်အလေးချိန်လည်းတက်လာတယ်… ရုပ်ပါပြောင်းသွားလို့သူ့ကို မမှတ်မိနိုင်အောင် ဖြစ်သွားတယ်… ခံတွင်းကဗက်တီးရီးယားနဲ့အဆိပ်တွေက သိုင်းရွိုက်ဂလင်းရဲ့Pumpတွေကို blockလုပ္ထားလို့ ဟိုမုန်းကောင်းကောင်းမထွက်တဲ့အတွက် သွားဆရာဝန်ဆီမှာ သေချာကုသလိုက်တဲ့နောက်မှာတော့ ပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ်…

သူလည်းသံလွင်ဆီကို နေ့စဉ်ဟင်းစားဇွန်းတစ်ဇွန်းစာဖြင့် ဆယ်မိနစ်ခန့်ပလုတ်ကျင်းရာ ပြန်ပြီးရောဂါမဖြစ်တော့တာကို လေ့လာတွေ့ရှိရပါတယ်…

ကျောက်ကပ်ရောင်နေတဲ့ သူတစ်ယောက်အကြောင်းကို ပြောပြဆွေးနွေးလိုပါသေးတယ်… သူ့မှာကျောက်ကပ်က ကောင်းကောင်းအလုပ်မလုပ်တော့လူကဖောသွပ်သွပ်ဖြစ်လာပြီး မျက်ခွံပါမို့အစ်လာတယ်… ခြေထောက်တွေကလည်း ဖောပြီးရောင်ကိုင်းနေပါတော့တယ်…

ကျောက်ကပ်ဆေးတွေသောက်လည်း လူကသိပ်မသက်သာရှာပါဘူး… တစ်နေ့ သူ သွားအရမ်းနာနေလို့ သွားဆရာဝန်ကိုသွားရောက်ပြတဲ့
အခါကြတော့မှ သွားဆရာဝန်တွေက ပျက်စီးနေတဲ့သွားနဲ့ သွားဖုံးတွေကိုပြန်ကောင်းအောင် ကုပေးလိုက်တော့မှ ကျောက်ကပ်လည်း ပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ်… သူလည်းအုန်းဆီဟင်းစားဇွန်းတစ်ဇွန်းစာ နေ့စဉ်ပလုတ်ကျင်းတယ်ဟုသတိရပါတယ်…

ကျွန်တော်နဲ့အရမ်းခင်မင်တဲ့ ငယ်သူငယ်ချင်းတစ်ယောက်လည်း ငယ်ငယ်ကတည်းက ပါးစပ်တော်တော်နံတဲ့သူတစ်ယောက်ပါပဲ… ဘယ်လောက်တောင် နံသလဲဆိုရင် မျက်နှာချင်းဆိုင်စကားပြောလို့တောင် အဆင်သိပ်မပြေချင်ပါဘူး…

ခံတွင်းအနံ့ကဆိုးဝါးတာလည်းမပြောနဲ့…. သွားတိုက်လည်းအတော်လေး ပျင်းသူဖြစ်တဲ့အတွက် နှစ်တွေကြာလာတော့ ခံတွင်းရောဂါခံစားလာရတာဖြစ်ပါတယ်… ခံတွင်းရောဂါတွေနဲ့သူငယ်ချင်းဟာ ငယ်ငယ်ကတည်းကလည်း သိပ်မကျန်းမာရှာတဲ့အတွက် အသက်(၄၅)နှစ်လောက်မှာဘဲ ဆုံးသွားတာကိုတွေ့ခဲ့ရဘူးပါတယ်…

ယခုအချိန်အခါမှာလည်း ရာသီဥတုအစားအသောက် အပြုအမူအနေအထိုင်တွေကြောင့် လူတော်တော်များများဖြစ်နေတဲ့ ရောဂါဝေဒနာတွေကတော့ အသည်းရောဂါ၊ အဆုတ်ရောဂါ၊ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ အူလမ်းကြောင်း၊ ဆီးချို၊ နှလုံးသွေးကြော ဦးနှောက်၊ အသက်ရှူလမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့ကင်ဆာရောဂါမျိုးစုံအရိုးအဆစ်နာကျင်ကိုက်ခဲခြင်းတို့ဟာ ခံတွင်းမှာရှိနေတဲ့ ဗက်တီးရီးယားရောဂါပိုးမွှားတွေကနေ ထုတ်ပေးလိုက်တဲ့အဆိပ်တွေကြောင့် အများဆုံးဖြစ်နေကြတာကို အားလုံးသတိထားမိစေချင်ပါတယ်

ခံတွင်းမသန့်လေ ရောဂါထူလေဘဲဖြစ်ပြီး ပါးစပ်နံလေ ရောဂါများလေ၊ အသက်တိုလေပဲ ဖြစ်ပါတယ်… သွားဖုံးအရင်းမှာ အစိမ်းရောင်အဝါရောင်ရှိတဲ့ပြည်တွေထဲမှာ အလွန်အဆိပ်ပြင်းတဲ့ရောဂါပိုးတွေရှိပါတယ်… ဒါကြောင့်ခံတွင်းထဲဗက်တီးရီးယားတွေကို အမြဲတန်းရှင်းလင်းပေးဖို့လိုအပ်ပါတယ်…

ခံတွင်းကရောဂါပိုးနဲ့အဆိပ်တွေကို ဖယ်ထုတ်ရှင်းလင်းဖို့ အကောင်းဆုံးနည်းကတော့ အုန်းဆီ နှမ်းဆီ သံလွင်ဆီ တစ်မျိုးမျိုးတို့ဖြင့်
ပလုတ်ကျင်းပေးခြင်းပဲဖြစ်ပါတယ်… ဘာကြောင့်လည်းဆိုတော့ ဆီက အဆိပ်စုပ်အားကောင်းပြီး သွားတွေအကြားနဲ့သွားဖုံးရင်းတွေမှာ အိမ်ဖွဲ့နေကြတဲ့ အဏုဇီဝရောဂါပိုးတွေကို ဆီကဆွဲထုတ်ပေးနိုင်လို့ပဲဖြစ်ပါတယ်…

နံနက်စောစောအိပ်ယာထတာနဲ့ ဆီတစ်ငုံစာကို ၁၀မိနစ်လောက်ငုံထားပြီး ပလုတ်ကျင်းပေးပါက ရောဂါပိုးတွေ ထွက်သွားလိမ့်ပါမယ်… ထိုကဲ့သို့ ဆီဖြင့် ပလုပ်ကျင်းပြီးမှ သွားတိုက်တာသည်အကောင်းဆုံးပါပဲ၊ ပလုပ်ကျင်းပြီးရင်တော့ ရေနွေးနွေးလေးဖြင့် ပါးစပ်ကို ပြန်လည်ဆေးကြော ပေးရင်ဖြင့် အကောင်းဆုံးပဲပေါ့ ခင်ဗျာ…

ပလုတ်ကျင်းဖို့ အကောင်းဆုံးဆီကတော့ မြန်မာနိုင်ငံမှာ အလွယ်တကူဝယ်လို့ရတဲ့ အုန်းဆီဘဲဖြစ်ပါတယ်… အုန်းဆီအပြင် သံလွင်ဆီ၊နှမ်းဆီတွေနဲ့လည်း ပလုတ်ကျင်းလို့လည်း ရပါတယ်… ပဲဆီ နေကြာဆီ စားအုန်ဆီတွေနဲ့တော့ ပလုတ် မကျင်းစေချင်ပါဘူးခင်ဗျာ…

ကျွန်တော့်၏မိတ်ဆွေများအနေဖြင့် ဆီဖြင့် ပလုပ်ကျင်းတာကို နေ့စဉ် မလုပ်နိုင်ရင်တောင်မှ တစ်ပတ်ကို (၂)ခါ (၃)ခါလောက် လုပ်ပေးသင့်တယ်ဟု အကြံပေးလိုပါတယ်၊ ယခုအခါ ဆီနဲ့ပလုပ်ကျင်းပြီး ခံတွင်းသန့်ရှင်းအောင် ပြုလုပ်ကာ ကျန်းမာ နေထိုင်တဲ့နည်းကို နိုင်ငံတော် တော်များများ အထူးသဖြင့် ထိုင်းနိုင်ငံမှာ လက်ခံကျင့်သုံးနေတာကို သိရှိရပါတယ်ခင်ဗျာ…

ကျွန်တော့်၏မိတ်ဆွေများအနေဖြင့် ခံတွင်းသန့်လေ… ကျန်းမာရေး ကောင်းလေ ဆိုတာကိုသတိပြုပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ကျန်းမာရေးအတွက် ခံတွင်းကို သန့်ရှင်အောင်ထားပြီး ကျန်ရှိနေသော အချိန်ခဏလေးကို ကျန်းမာစွာဖြင့် ရှင်းသန့် နေထိုင်ကြရအောင် ပါခင်ဗျာ ။
#Credit

Zawgyi


























#Credit