ခဏခဏမေ့တတ္တဲ့ အက်င့္ရွိရင္ ဒီနည္းလမ္းေလးေတြနဲ႔ ျပဳျပင္ၾကည့္ပါ…

ခဏခဏမေ့တတ္တဲ့ အက်င့္ရွိရင္ ဒီနည္းလမ္းေလးေတြနဲ႔ ျပဳျပင္ၾကည့္ပါ...
ခဏခဏမေ့တတ္တဲ့ အက်င့္ရွိရင္ ဒီနည္းလမ္းေလးေတြနဲ႔ ျပဳျပင္ၾကည့္ပါ...

ခဏခဏမေ့တတ္တဲ့ အက်င့္ရွိရင္ ဒီနည္းလမ္းေလးေတြနဲ႔ ျပဳျပင္ၾကည့္ပါ…

အၿမဲေမ့တတ္တဲ့အက်င့္ ကိုယ့္မွာရွိေနတယ္ဆိုရင္ ေမ့တတ္ျခင္းကို သက္သာေအာင္လုပ္ဖို႔ နည္းလမ္းအခ်ိဳ႕ ေပးခ်င္ပါတယ္။ အခုေခတ္မွာက လူတိုင္းနီးပါး အလုပ္မ်ား၊ အာ႐ုံမ်ားစရာေတြမ်ားတာမို႔ ေမ့တတ္ၾကတာ မဆန္းပါဘူး။ ဒါေပမယ့္ ေမ့တတ္တဲ့အက်င့္ကို သက္သာေစဖို႔ အေလ့အက်င့္ေလး လုပ္ဖို႔လိုပါတယ္။

အေလ့အက်င့္မလုပ္ဘဲ ေမ့တတ္တာကို လ်စ္လ်ဴရႈထားလိုက္မယ္ဆိုရင္ေတာ့ ပိုဆိုးသြားႏိုင္ပါတယ္။ အဲဒါေၾကာင့္ ကိုယ့္မွာ မၾကာခဏေမ့တတ္တဲ့ အက်င့္ရွိတယ္ဆိုရင္ ေအာက္ပါအခ်က္ေလးေတြကို လုပ္ၾကည့္လိုက္ပါေနာ္။

(၁) ခ်က္ခ်င္း ေရးမွတ္လိုက္ပါ။

ကိုယ့္ေခါင္းထဲမွာ ကိုယ္ေမ့ေနတဲ့အေၾကာင္းအရာက အမွတ္တမဲ့ ျပန္သတိရလာတတ္တဲ့အခါ ခ်က္ခ်င္း ေရးမွတ္ထားလိုက္ပါ။ အဲဒါက ေနာက္တစ္ခါ ထပ္ေမ့သြားရင္ေတာင္မွ ကိုယ့္ကို သတိျပန္ရေစဖို႔ အေထာက္အကူျပဳႏိုင္ပါတယ္။

အဲဒါေၾကာင့္ သတိျပန္ရလာရင္ျဖစ္ျဖစ္၊ ခုခ်က္ခ်င္း ေပၚလာတဲ့ မေမ့သင့္တဲ့ကိစၥျဖစ္ျဖစ္ ခ်က္ခ်င္းေရးမွတ္တတ္တဲ့အက်င့္ လုပ္လိုက္ပါေနာ္။

(၂) မွတ္စုစာအုပ္ သီးသန႔္ထားပါ။

ကိုယ့္အေၾကာင္းကို ကိုယ္သာ အသိဆုံးပါေနာ္။ ကိုယ္ေမ့တတ္တဲ့ အက်င့္ဆိုးကို ပိုမဆိုးဖို႔အတြက္ သတိတရနဲ႔ ေမ့တတ္သမွ် မွတ္ထားတတ္တဲ့ စာအုပ္သီးသန႔္ ထားလိုက္ပါ။ ကိုယ့္ေခါင္းထဲ ႐ုတ္တရက္ေပၚလာသမွ်ကို ထိုမွတ္စုစာအုပ္ထဲမွာသာ ခ်က္ခ်င္းေရးမွတ္ထားလိုက္ပါ။

အလုပ္ကိစၥေတြနဲ႔ အျခား ေမ့သြားႏိုင္တဲ့ကိစၥမွန္သမွ်ကို ထိုမွတ္စုစာအုပ္ သီးသန႔္မွာသာ ေရးမွတ္ထားလိုက္ေပါ့။ ကိုယ္နဲ႔မကြာ ေဆာင္သြားတာပဲျဖစ္ျဖစ္၊ ဘယ္ေနရာသြားသြား ေဆာင္သြားတာျဖစ္ျဖစ္၊ ေနရာတစ္ခုထဲမွာ တသတ္မတ္တည္း ထားတာမ်ိဳး လုပ္ပါ။ (မဟုတ္ရင္ ေမ့မွာစိုးလို႔ မွတ္ထားတဲ့ မွတ္စုစာအုပ္ပါ ဘယ္နားထားသလဲ ျပန္ေမ့ေနမွာစိုးလို႔ပါ)

(၃) ဖုန္းထဲ မွတ္စုလုပ္ထားပါ။

ေနာက္တစ္ခုက ကိုယ့္ဖုန္းထဲက note မွာ folder ေလးခြဲၿပီး ကဏၰအလိုက္ ေခါင္းစဥ္တပ္ၿပီး ဖိုင္လုပ္သိမ္းထားလိုက္ပါ။

ဥပမာ။ အလုပ္ကိစၥ ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ကိုယ္ေမ့သြားႏိုင္တဲ့ အလုပ္ကိစၥေတြ သီးသန႔္မွတ္ေပ့ါ၊ အိမ္ကိစၥဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ အိမ္က ကိုယ္လုပ္ရမယ့္ကိစၥေတြ မွတ္ထားလိုက္တာမ်ိဳးေပါ့။

ဖုန္းထဲထည့္ေတာ့ ဘယ္သြားသြား ယူသြားလိုက္လို႔ရသလို၊ အေရးႀကီးကိစၥေတြဆိုရင္လည္း ဖုန္းရဲ႕ Calendar ထဲမွာ ေန႔စြဲအတိအက်နဲ႔ အခ်ိန္ကို အမွတ္အသားလုပ္ထားၿပီး ကိုယ့္အတြက္ reminder အျဖစ္ လုပ္ထားလို႔ ရပါေသးတယ္။

ကိုယ္ေမ့ေနေပမယ့္ ဖုန္းက အဲဒီ့ေန႔၊ အဲဒီ့အခ်ိန္မတိုင္မီ ကိုယ့္ကို သတိေပးႏိုင္တာမို႔ ေမ့မသြားႏိုင္ေတာ့ပါဘူး။

(၄) မွတ္သားထားတဲ့ အရာတစ္ခုလုပ္ၿပီးေၾကာင္း ကိုယ့္ႏုတ္ကေန ကိုယ့္ကိုယ္ကိုယ္ျပန္ေျပာျပပါ။

ဥပမာ ကိုယ္က အျပင္သြားမယ့္အခါ အိမ္က မိန္းခလုတ္ကို ခ်ခဲ့မခ်ခဲ့မွန္း ေမ့ေနတတ္တယ္ဆိုရင္ အိမ္ကမထြက္ခင္မွာ မိန္းခလုတ္ကို ခ်ၿပီးတဲ့အခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ “မိန္းခ်လိုက္ၿပီ” ဆိုၿပီး ၃ႀကိမ္တိတိ ႏုတ္က႐ြတ္ၿပီး သတိေပးလိုက္တာမ်ိဳးပါ။

ေၾကာင္တယ္လို႔ထင္ရေပမယ့္ တကယ္ထိေရာက္တဲ့ နည္းလမ္းပါေနာ္။

တကယ္လို႔ အျပင္ေရာက္မွ မိန္းခ်ခဲ့သလား၊ မိန္းမခ်ခဲ့ဘူးလားလို႔ ဇေဝဇဝါ ျဖစ္ေနတယ္ ဆိုရင္ေတာင္ ကိုယ့္ကိုယ္ကိုယ္ သတိေပးထားတဲ့အခါ ကိုယ္တိုင္သတိရေနပါေသးတယ္။

ကိုယ္လုပ္ရမယ့္အရာေတြကို ကိုယ္ႏုတ္ကေန အျခားလူတစ္ေယာက္ေယာက္ကို သတိေပးေနသလိုမ်ိဳး ကိုယ့္ကိုယ္ကိုယ္ ျပန္သတိေပးလိုက္တာက ေမ့ျခင္းကို သက္သာေစပါတယ္။credittobawa101

Unicode

ခဏခဏမေ့တတ်တဲ့ အကျင့်ရှိရင် ဒီနည်းလမ်းလေးတွေနဲ့ ပြုပြင်ကြည့်ပါ…

အမြဲမေ့တတ်တဲ့အကျင့် ကိုယ့်မှာရှိနေတယ်ဆိုရင် မေ့တတ်ခြင်းကို သက်သာအောင်လုပ်ဖို့ နည်းလမ်းအချို့ ပေးချင်ပါတယ်။ အခုခေတ်မှာက လူတိုင်းနီးပါး အလုပ်များ၊ အာရုံများစရာတွေများတာမို့ မေ့တတ်ကြတာ မဆန်းပါဘူး။ ဒါပေမယ့် မေ့တတ်တဲ့အကျင့်ကို သက်သာစေဖို့ အလေ့အကျင့်လေး လုပ်ဖို့လိုပါတယ်။

အလေ့အကျင့်မလုပ်ဘဲ မေ့တတ်တာကို လျစ်လျူရှုထားလိုက်မယ်ဆိုရင်တော့ ပိုဆိုးသွားနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်မှာ မကြာခဏမေ့တတ်တဲ့ အကျင့်ရှိတယ်ဆိုရင် အောက်ပါအချက်လေးတွေကို လုပ်ကြည့်လိုက်ပါနော်။

(၁) ချက်ချင်း ရေးမှတ်လိုက်ပါ။

ကိုယ့်ခေါင်းထဲမှာ ကိုယ်မေ့နေတဲ့အကြောင်းအရာက အမှတ်တမဲ့ ပြန်သတိရလာတတ်တဲ့အခါ ချက်ချင်း ရေးမှတ်ထားလိုက်ပါ။ အဲဒါက နောက်တစ်ခါ ထပ်မေ့သွားရင်တောင်မှ ကိုယ့်ကို သတိပြန်ရစေဖို့ အထောက်အကူပြုနိုင်ပါတယ်။

အဲဒါကြောင့် သတိပြန်ရလာရင်ဖြစ်ဖြစ်၊ ခုချက်ချင်း ပေါ်လာတဲ့ မမေ့သင့်တဲ့ကိစ္စဖြစ်ဖြစ် ချက်ချင်းရေးမှတ်တတ်တဲ့အကျင့် လုပ်လိုက်ပါနော်။

(၂) မှတ်စုစာအုပ် သီးသန့်ထားပါ။

ကိုယ့်အကြောင်းကို ကိုယ်သာ အသိဆုံးပါနော်။ ကိုယ်မေ့တတ်တဲ့ အကျင့်ဆိုးကို ပိုမဆိုးဖို့အတွက် သတိတရနဲ့ မေ့တတ်သမျှ မှတ်ထားတတ်တဲ့ စာအုပ်သီးသန့် ထားလိုက်ပါ။ ကိုယ့်ခေါင်းထဲ ရုတ်တရက်ပေါ်လာသမျှကို ထိုမှတ်စုစာအုပ်ထဲမှာသာ ချက်ချင်းရေးမှတ်ထားလိုက်ပါ။

အလုပ်ကိစ္စတွေနဲ့ အခြား မေ့သွားနိုင်တဲ့ကိစ္စမှန်သမျှကို ထိုမှတ်စုစာအုပ် သီးသန့်မှာသာ ရေးမှတ်ထားလိုက်ပေါ့။ ကိုယ်နဲ့မကွာ ဆောင်သွားတာပဲဖြစ်ဖြစ်၊ ဘယ်နေရာသွားသွား ဆောင်သွားတာဖြစ်ဖြစ်၊ နေရာတစ်ခုထဲမှာ တသတ်မတ်တည်း ထားတာမျိုး လုပ်ပါ။ (မဟုတ်ရင် မေ့မှာစိုးလို့ မှတ်ထားတဲ့ မှတ်စုစာအုပ်ပါ ဘယ်နားထားသလဲ ပြန်မေ့နေမှာစိုးလို့ပါ)

(၃) ဖုန်းထဲ မှတ်စုလုပ်ထားပါ။

နောက်တစ်ခုက ကိုယ့်ဖုန်းထဲက note မှာ folder လေးခွဲပြီး ကဏ္ဏအလိုက် ခေါင်းစဉ်တပ်ပြီး ဖိုင်လုပ်သိမ်းထားလိုက်ပါ။

ဥပမာ။ အလုပ်ကိစ္စ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်မေ့သွားနိုင်တဲ့ အလုပ်ကိစ္စတွေ သီးသန့်မှတ်ပေ့ါ၊ အိမ်ကိစ္စဆိုတဲ့ ခေါင်းစဉ်အောက်မှာ အိမ်က ကိုယ်လုပ်ရမယ့်ကိစ္စတွေ မှတ်ထားလိုက်တာမျိုးပေါ့။

ဖုန်းထဲထည့်တော့ ဘယ်သွားသွား ယူသွားလိုက်လို့ရသလို၊ အရေးကြီးကိစ္စတွေဆိုရင်လည်း ဖုန်းရဲ့ Calendar ထဲမှာ နေ့စွဲအတိအကျနဲ့ အချိန်ကို အမှတ်အသားလုပ်ထားပြီး ကိုယ့်အတွက် reminder အဖြစ် လုပ်ထားလို့ ရပါသေးတယ်။

ကိုယ်မေ့နေပေမယ့် ဖုန်းက အဲဒီ့နေ့၊ အဲဒီ့အချိန်မတိုင်မီ ကိုယ့်ကို သတိပေးနိုင်တာမို့ မေ့မသွားနိုင်တော့ပါဘူး။

(၄) မှတ်သားထားတဲ့ အရာတစ်ခုလုပ်ပြီးကြောင်း ကိုယ့်နုတ်ကနေ ကိုယ့်ကိုယ်ကိုယ်ပြန်ပြောပြပါ။

ဥပမာ ကိုယ်က အပြင်သွားမယ့်အခါ အိမ်က မိန်းခလုတ်ကို ချခဲ့မချခဲ့မှန်း မေ့နေတတ်တယ်ဆိုရင် အိမ်ကမထွက်ခင်မှာ မိန်းခလုတ်ကို ချပြီးတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် “မိန်းချလိုက်ပြီ” ဆိုပြီး ၃ကြိမ်တိတိ နုတ်ကရွတ်ပြီး သတိပေးလိုက်တာမျိုးပါ။

ကြောင်တယ်လို့ထင်ရပေမယ့် တကယ်ထိရောက်တဲ့ နည်းလမ်းပါနော်။

တကယ်လို့ အပြင်ရောက်မှ မိန်းချခဲ့သလား၊ မိန်းမချခဲ့ဘူးလားလို့ ဇဝေဇဝါ ဖြစ်နေတယ် ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် သတိပေးထားတဲ့အခါ ကိုယ်တိုင်သတိရနေပါသေးတယ်။

ကိုယ်လုပ်ရမယ့်အရာတွေကို ကိုယ်နုတ်ကနေ အခြားလူတစ်ယောက်ယောက်ကို သတိပေးနေသလိုမျိုး ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးလိုက်တာက မေ့ခြင်းကို သက်သာစေပါတယ်။credittobawa101