သားသမီး‌ေတြရဲ႕ပညာေရးထက္အေမမ်ားရဲ႕ပညာေရး လိုအပ္ေနတဲ့ တိုင္းျပည္

သားသမီး‌ေတြရဲ႕ပညာေရးထက္အေမမ်ားရဲ႕ပညာေရး လိုအပ္ေနတဲ့ တိုင္းျပည္
သားသမီး‌ေတြရဲ႕ပညာေရးထက္အေမမ်ားရဲ႕ပညာေရး လိုအပ္ေနတဲ့ တိုင္းျပည္

သားသမီး‌ေတြရဲ႕ပညာေရးထက္အေမမ်ားရဲ႕ပညာေရး လိုအပ္ေနတဲ့ တိုင္းျပည္

အေမမ်ားရဲ႕ ပညာတတ္ျခင္း(Maternal Literacy)က အရမ္းအေရးႀကီးပါတယ္။ အရည္အခ်င္းျပည့္၀တဲ့ မိခင္တစ္ေယာက္ဟာ ကိုယ္တိုင္ေတာ့ မဟုတ္ေပမဲ့ လူမႈပတ္၀န္းက်င္အတြက္ တန္ဖိုးရွိတဲ့ သားသမီးေတြကို ေမြးဖြားသန္႔စင္ ျပဳစုပ်ိဳးေထာင္ေပးျခင္းျဖင့္ ေလာကႀကီးကို သြယ္ဝိုက္အက်ိဳးျပဳေနတယ္ ဆိုတာေလး သိေစခ်င္ပါတယ္။

ျပင္သစ္စစ္ဗိုလ္ခ်ဳပ္ နပိုလီယံ ရဲ႕ အဆိုအမိန္႔တစ္ခုနဲ႔ ေျပာပါရေစ။ “Give me an educated mother, I shall promise you the birth of a civilized, educated nation.” “ပညာတတ္မိခင္ေတြပဲ က်ဳပ္ကို ေပးပါ၊ ဖြံ႕ၿဖိဳးတိုးတက္ၿပီး ပညာတတ္ေတြနဲ႔ တည္ေဆာက္ထားတဲ့ ႏိုင္ငံတစ္ခုကို က်ဳပ္က ျပန္ေပးပါမယ္” တဲ့ပါ။

ကေလးအတြက္ ပညာေရးက အေရးႀကီးတယ္ဆိုေပမယ့္ Maternal Literacy(မိခင္ကိုယ္တိုင္ ပညာတတ္ျခင္း)က ပိုအေရးႀကီးတယ္ ထင္ပါတယ္။

တကယ္ေတာ့ ပညာတတ္ျခင္းနဲ႔ စာတတ္ျခင္း မတူပါ။ ျမန္မာႏိုင္ငံမွာ ဘြဲ႕ရပညာမတတ္ေတြ ဒုနဲ႔ေဒးပါ။ ပညာ‌ေရးစနစ္အမွားေၾကာင့္ ျဖစ္သလို မိမိကိုယ္တိုင္ မေလ့လာျခင္းက ပိုဆိုးပါတယ္။

ပညာ ဆိုတာဘာလဲ

အေကာင္းအဆိုး အက်ိဳးအျပစ္ အမွန္အမွား၊ လုပ္သင့္မလုပ္သင့္တာကို ေဝဖန္ပိုင္းျခားႏိုင္တဲ့ အသိဉာဏ္ပါ။ တခ်ိဳ႕ဘြဲ႕မရေပမဲ့ ပညာတတ္ေနတဲ့သူေတြ အမ်ားႀကီးပါ။

ေက်ာင္းမွာ ဘယ္ေလာက္သင္ေပးသင္ေပး အေမက အိမ္မွာ တလြဲျပဳစုပ်ိဳး‌ေထာင္ေနရင္ ကေလးက ဘာမွ ဖြံ႕ၿဖိဳးလာမွာမဟုတ္ဘူး။ တတ္သိနားလည္သူေတြ မည္သို႔ဆုံးမေစကာမူ အေမပ်ိဳးေထာင္မႈမွားေနရင္ ကေလးတိုးတက္မွာ မဟုတ္ပါ။

အေမသာ အသိဉာဏ္ပညာရွိရင္ ကေလးကို စာသင္ေပးႏိုင္မယ္၊ လူေတြကို ေလးစားဖို႔ သင္ေပးႏိုင္မယ္၊ ကိုယ္က်င့္တရားေတြ သင္ေပးႏိုင္မယ္၊ အာဟာရျပည့္ေအာင္ ေကြၽးႏိုင္မယ္၊ ေငြေၾကးခ်ိဳ႕တဲ့ရင္ေတာင္ လူလားေျမာက္ေအာင္ ပညာရည္ျပည့္ဝပီး အရည္ခ်င္းရွိေအာင္ ထားႏိုင္မွာပါ။

ကေလးကို အနီးကပ္ျပဳစုပ်ိဳးေထာင္ရတာ အေမေတြပါ… တိုင္းျပည္အနာဂတ္က ကေလးေတြဆိုရင္ ကေလးေတြကို အနီးကပ္ ျပဳစုပ်ိဳးေထာင္ေပးေနတဲ့ အေမေတြ ပညာတတ္ဖို႔က အရမ္းအေရးႀကီးပါတယ္။

ေလာကမွာ ႐ိုး႐ိုးမိခင္(simple mother) နဲ႔ ပ႐ိုဖက္ရွင္နယ္မိခင္(Professional mother)ဆိုပီး ႏွစ္မ်ိဳးရွိပါတယ္။

႐ိုး႐ိုးမိခင္ကဘာလဲ? သားသမီးေတြကို ေကြၽးေမြးတယ္၊ ေစာင့္ေရွာက္တယ္… သားသမီးအလိုကို လိုက္တယ္… ဖ်ားနာရင္ တတ္သိသေလာက္ ျပဳစုတယ္ …

ေက်ာင္းထားေပးတယ္၊ စာေမးလာတဲ့အခါ သိရင္သိသလို ေျဖေပးတယ္။ ထပ္မေလ့လာေတာ့ဘူး။ ဆယ္ေက်ာ္သက္အ႐ြယ္ ေရာက္လာရင္ မျဖစ္သင့္တာ မျဖစ္ရေအာင္ ေျခာက္လွန္႔ဆုံးမတယ္။ ဒါဆို သမား႐ိုးက် မိခင္တစ္ေယာက္လို႔ ဆိုႏိုင္ပါတယ္။

ပ႐ိုက်တဲ့မိခင္ကဘာလဲ?

ခ်စ္တာေတြ၊ ေကာင္းေစခ်င္တာေတြက အတူတူပဲ။ ဒါေပမယ့္ သူက်ေတာ့ ပညာရွိတာ၊ ပညာတတ္တာတစ္ခု ပိုတိုးလာတယ္။ ကေလးေနထိုင္မေကာင္း ျဖစ္ရင္ ဟိုေမးဒီေမးနဲ႔ ထင္ရာေလွ်ာက္မလုပ္ဘူး။ မွန္ကန္တဲ့ က်န္းမာေရးအသိေတြ ရွိေနေအာင္ ႀကိဳးစားထားတယ္။

သားသမီးကို ေနရာတကာ အလိုမလိုက္ဘူး။ စည္းကမ္းနဲ႔ ေနတတ္ေအာင္ ေလ့က်င့္ေပးတယ္၊ ကိုယ့္ကိုယ္ကိုယ္ မညႇာေစဘဲ စိတ္ပိုင္းဆိုင္ရာ မာေက်ာမႈ (Strong mentality) ရွိေအာင္ပဲ အားေပးတယ္။

စာေမးပြဲအမွတ္မ်ားမွ ဆိုၿပီး စာေတြခ်ည္း မက်က္ခိုင္းဘူး။ လူတစ္ေယာက္မွာ ရွိသင့္ရွိထိုက္တဲ့ ကိုယ္ရည္ကိုယ္ေသြးေတြ တိုးတက္လာေအာင္လည္း ပ်ိဳးေထာင္ေပးတယ္။ သူတို႔ လိုရာကို ပုံမသြင္းဘူး။ သားသမီးျဖစ္ခ်င္တာကိုပဲ ပုံေဖာ္ေပးတယ္။

အရာအားလုံး လိုက္မလုပ္ေပးဘူး။ ကိုယ့္အားကိုယ္ကိုးတတ္ေအာင္ပဲ သင္ေပးတယ္။ ေျပာင္းလဲလာတဲ့ လူေနမႈပုံစံေတြနဲ႔လည္း အံ၀င္ခြင္က် ေနႏိုင္ေအာင္ ႀကိဳးစားတယ္။

ေခတ္လူငယ္ေတြရဲ႕ အေျခအေနကို သိေအာင္လုပ္တယ္။ နားလည္ေပးတယ္။ သားသမီးကို ေရွး႐ိုးစြဲ အေတြးအေခၚေတြနဲ႔ မဆုံးမဘူး။ သားသမီးရဲ႕ ေရွ႕ေရးကို အၿမဲထည့္စဥ္းစားတယ္။ ေရရွည္အေျမာ္အျမင္ရွိတဲ့ မိခင္မ်ိဳးကိုဆိုလိုပါတယ္။

မိခင္ဘ၀၊ ကေလးျပဳစုပ်ိဳးေထာင္ျခင္း ဆိုတာကို သမား႐ိုးက် မဟုတ္ဘဲ ရလဒ္ထြက္ေအာင္ ထိထိေရာက္ေရာက္နဲ႔ အေကာင္းဆုံး လုပ္ေနၾကသူေတြဟာ ပ႐ိုပီသတဲ့ မိခင္ေတြပါပဲ။

ဒီလိုမ်ိဳးမိခင္ဘ၀ကို အလုပ္တစ္ခုလို သေဘာထားၿပီး စနစ္တက် လုပ္ေနတဲ့အတြက္ ‘ဒီအတိုင္း အိမ္အလုပ္ပဲ လုပ္ေနတာပါ။ မိသားစုမွာ ဘာ၀င္ေငြမွလည္း မရွိပါဘူး၊ ေယာက်ာ္းအေပၚ မွီခိုေနရတာပဲ’ ဆိုတဲ့ အေတြးမ်ိဳးေတြ မရွိေတာ့ဘူး။

‘ကေလးကို ျပဳစုေစာင့္ေရွာက္တဲ့ အလုပ္ကို အေကာင္းဆုံး လုပ္ေနတယ္၊ မိသားစုရဲ႕ အေရးပါတဲ့ အခန္းက႑တစ္ခုကေန ပါ၀င္ေနတယ္’ ဆိုတဲ့ ခံစားခ်က္မ်ိဳးေတြ ရွိလာတယ္။

ရလဒ္အေနနဲ႔ သူတို႔ရဲ႕ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေတြ ျမင့္လာတယ္။ Personality တက္လာတယ္။ မ်က္လုံးအေရာင္ေတြ ေျပာင္းလာတယ္။ လူေတြက ပိုလွလာတယ္၊ ပိုၾကည့္ေကာင္းလာတယ္။ ဒါေၾကာင့္ အိမ္မွာပဲ အလုပ္ေတြ တကုပ္ကုပ္လုပ္ က်န္ေနခဲ့ရတဲ့ အမ်ိဳးသမီးတိုင္းကို သမား႐ိုးက် အေနအထားမွာတင္ ရပ္မေနဘဲ အဲ့လို ပ႐ိုပီသတဲ့ မိခင္ေတြ၊ အိမ္ရွင္မေတြ ျဖစ္လာေစခ်င္ပါတယ္။

သားသမီးဆိုတာ မိဘဆိုတဲ့ စက္႐ုံက ထုတ္လုပ္ၿပီး ေလာကႀကီးထဲကို တင္သြင္းလိုက္တဲ့ ကုန္ပစၥည္းေတြလို႔ ျမင္ေယာင္ၾကည့္လိုက္ပါ။ စိတ္ဒဏ္ရာ တေပြ႕တပိုက္နဲ႔ လူေတြ၊ အငုံ႔စိတ္ေတြ၊ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ မရွိျခင္းေတြနဲ႔ ျပည့္ႏွက္ေနတဲ့ လူေတြ ေကာင္းေကာင္းမြန္မြန္ ျပဳစုပ်ိဳးေထာင္ျခင္း မခံခဲ့ရလို႔ ဆိုးသြမ္းေနတဲ့ လူငယ္ေတြ ဘယ္က ေရာက္လာပါသလဲ။

မိန္းကေလးေတြကို လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္ ေစာ္ကားသူေတြ၊ ဘာသာေရး၊ လူမ်ိဳးေရး၊ ႏိုင္ငံေရးမႈိင္းေတြမိၿပီး အေသခံဗုံးခြဲ တိုက္ခိုက္ေနသူေတြေရာ ဘယ္ကေန ေရာက္လာတယ္လို႔ ထင္ပါသလဲ။ ကမာၻေက်ာ္ပညာရွင္ေတြ၊ ဆရာဝန္၊ အင္ဂ်င္နီယာေတြေရာ ဘယ္ကလာပါသလဲ။ မိဘေတြကပဲ လူ႔ေလာကႀကီးဆီ တင္သြင္းလိုက္တာပါ။

ဒီေလာက္ဆို မိဘရဲ႕ အုပ္ထိန္းမႈ၊ ပ်ိဳးေထာင္မႈ၊ အထူးသျဖင့္ မိခင္ေတြရဲ႕ အခန္းက႑ဟာ ဘယ္ေလာက္အေရးႀကီးလဲ ဆိုတာကို သိႏိုင္မယ္ ထင္ပါတယ္။

အရည္အခ်င္းျပည့္၀တဲ့ မိခင္တစ္ေယာက္ဟာ ကိုယ္တိုင္ေတာ့ မဟုတ္ေပမယ့္ လူမႈပတ္၀န္းက်င္အတြက္ တန္ဖိုးရွိတဲ့ သားသမီးေတြကို ေမြးဖြားသန္႔စင္ ျပဳစုပ်ိဳးေထာင္ေပးျခင္းျဖင့္ ေလာကႀကီးကို သြယ္ဝိုက္အက်ိဳးျပဳေနတယ္ ဆိုတာကိုအေလးအနက္ သိေစခ်င္ပါတယ္။

ပညာတတ္ပီးႏွလုံးသားလွတဲ့ပ႐ိုေမေမတို႔ကေနသား‌သမီးေကာင္းရတနာေလးေတြထြက္ေပၚလာေစဖို႔ဆႏၵျပဳရင္း ေမတၱာျဖင့္ credit and respect to ေဒါက္တာေကာင္းထက္ေက်ာ္

Unicode

သားသမီး‌တွေရဲ့ပညာရေးထက်အမေများရဲ့ပညာရေး လိုအပ်နေတဲ့ တိုင်းပြည်

အမေများရဲ့ ပညာတတ်ခြင်း(Maternal Literacy)က အရမ်းအရေးကြီးပါတယ်။ အရည်အချင်းပြည့်၀တဲ့ မိခင်တစ်ယောက်ဟာ ကိုယ်တိုင်တော့ မဟုတ်ပေမဲ့ လူမှုပတ်၀န်းကျင်အတွက် တန်ဖိုးရှိတဲ့ သားသမီးတွေကို မွေးဖွားသန့်စင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် လောကကြီးကို သွယ်ဝိုက်အကျိုးပြုနေတယ် ဆိုတာလေး သိစေချင်ပါတယ်။

ပြင်သစ်စစ်ဗိုလ်ချုပ် နပိုလီယံ ရဲ့ အဆိုအမိန့်တစ်ခုနဲ့ ပြောပါရစေ။ “Give me an educated mother, I shall promise you the birth of a civilized, educated nation.” “ပညာတတ်မိခင်တွေပဲ ကျုပ်ကို ပေးပါ၊ ဖွံ့ဖြိုးတိုးတက်ပြီး ပညာတတ်တွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံတစ်ခုကို ကျုပ်က ပြန်ပေးပါမယ်” တဲ့ပါ။

ကလေးအတွက် ပညာရေးက အရေးကြီးတယ်ဆိုပေမယ့် Maternal Literacy(မိခင်ကိုယ်တိုင် ပညာတတ်ခြင်း)က ပိုအရေးကြီးတယ် ထင်ပါတယ်။

တကယ်တော့ ပညာတတ်ခြင်းနဲ့ စာတတ်ခြင်း မတူပါ။ မြန်မာနိုင်ငံမှာ ဘွဲ့ရပညာမတတ်တွေ ဒုနဲ့ဒေးပါ။ ပညာ‌ရေးစနစ်အမှားကြောင့် ဖြစ်သလို မိမိကိုယ်တိုင် မလေ့လာခြင်းက ပိုဆိုးပါတယ်။

ပညာ ဆိုတာဘာလဲ

အကောင်းအဆိုး အကျိုးအပြစ် အမှန်အမှား၊ လုပ်သင့်မလုပ်သင့်တာကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဉာဏ်ပါ။ တချို့ဘွဲ့မရပေမဲ့ ပညာတတ်နေတဲ့သူတွေ အများကြီးပါ။

ကျောင်းမှာ ဘယ်လောက်သင်ပေးသင်ပေး အမေက အိမ်မှာ တလွဲပြုစုပျိုး‌ထောင်နေရင် ကလေးက ဘာမှ ဖွံ့ဖြိုးလာမှာမဟုတ်ဘူး။ တတ်သိနားလည်သူတွေ မည်သို့ဆုံးမစေကာမူ အမေပျိုးထောင်မှုမှားနေရင် ကလေးတိုးတက်မှာ မဟုတ်ပါ။

အမေသာ အသိဉာဏ်ပညာရှိရင် ကလေးကို စာသင်ပေးနိုင်မယ်၊ လူတွေကို လေးစားဖို့ သင်ပေးနိုင်မယ်၊ ကိုယ်ကျင့်တရားတွေ သင်ပေးနိုင်မယ်၊ အာဟာရပြည့်အောင် ကျွေးနိုင်မယ်၊ ငွေကြေးချို့တဲ့ရင်တောင် လူလားမြောက်အောင် ပညာရည်ပြည့်ဝပီး အရည်ချင်းရှိအောင် ထားနိုင်မှာပါ။

ကလေးကို အနီးကပ်ပြုစုပျိုးထောင်ရတာ အမေတွေပါ… တိုင်းပြည်အနာဂတ်က ကလေးတွေဆိုရင် ကလေးတွေကို အနီးကပ် ပြုစုပျိုးထောင်ပေးနေတဲ့ အမေတွေ ပညာတတ်ဖို့က အရမ်းအရေးကြီးပါတယ်။

လောကမှာ ရိုးရိုးမိခင်(simple mother) နဲ့ ပရိုဖက်ရှင်နယ်မိခင်(Professional mother)ဆိုပီး နှစ်မျိုးရှိပါတယ်။

ရိုးရိုးမိခင်ကဘာလဲ? သားသမီးတွေကို ကျွေးမွေးတယ်၊ စောင့်ရှောက်တယ်… သားသမီးအလိုကို လိုက်တယ်… ဖျားနာရင် တတ်သိသလောက် ပြုစုတယ် …

ကျောင်းထားပေးတယ်၊ စာမေးလာတဲ့အခါ သိရင်သိသလို ဖြေပေးတယ်။ ထပ်မလေ့လာတော့ဘူး။ ဆယ်ကျော်သက်အရွယ် ရောက်လာရင် မဖြစ်သင့်တာ မဖြစ်ရအောင် ခြောက်လှန့်ဆုံးမတယ်။ ဒါဆို သမားရိုးကျ မိခင်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။

ပရိုကျတဲ့မိခင်ကဘာလဲ?

ချစ်တာတွေ၊ ကောင်းစေချင်တာတွေက အတူတူပဲ။ ဒါပေမယ့် သူကျတော့ ပညာရှိတာ၊ ပညာတတ်တာတစ်ခု ပိုတိုးလာတယ်။ ကလေးနေထိုင်မကောင်း ဖြစ်ရင် ဟိုမေးဒီမေးနဲ့ ထင်ရာလျှောက်မလုပ်ဘူး။ မှန်ကန်တဲ့ ကျန်းမာရေးအသိတွေ ရှိနေအောင် ကြိုးစားထားတယ်။

သားသမီးကို နေရာတကာ အလိုမလိုက်ဘူး။ စည်းကမ်းနဲ့ နေတတ်အောင် လေ့ကျင့်ပေးတယ်၊ ကိုယ့်ကိုယ်ကိုယ် မညှာစေဘဲ စိတ်ပိုင်းဆိုင်ရာ မာကျောမှု (Strong mentality) ရှိအောင်ပဲ အားပေးတယ်။

စာမေးပွဲအမှတ်များမှ ဆိုပြီး စာတွေချည်း မကျက်ခိုင်းဘူး။ လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်လာအောင်လည်း ပျိုးထောင်ပေးတယ်။ သူတို့ လိုရာကို ပုံမသွင်းဘူး။ သားသမီးဖြစ်ချင်တာကိုပဲ ပုံဖော်ပေးတယ်။

အရာအားလုံး လိုက်မလုပ်ပေးဘူး။ ကိုယ့်အားကိုယ်ကိုးတတ်အောင်ပဲ သင်ပေးတယ်။ ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေနဲ့လည်း အံ၀င်ခွင်ကျ နေနိုင်အောင် ကြိုးစားတယ်။

ခေတ်လူငယ်တွေရဲ့ အခြေအနေကို သိအောင်လုပ်တယ်။ နားလည်ပေးတယ်။ သားသမီးကို ရှေးရိုးစွဲ အတွေးအခေါ်တွေနဲ့ မဆုံးမဘူး။ သားသမီးရဲ့ ရှေ့ရေးကို အမြဲထည့်စဉ်းစားတယ်။ ရေရှည်အမြော်အမြင်ရှိတဲ့ မိခင်မျိုးကိုဆိုလိုပါတယ်။

မိခင်ဘ၀၊ ကလေးပြုစုပျိုးထောင်ခြင်း ဆိုတာကို သမားရိုးကျ မဟုတ်ဘဲ ရလဒ်ထွက်အောင် ထိထိရောက်ရောက်နဲ့ အကောင်းဆုံး လုပ်နေကြသူတွေဟာ ပရိုပီသတဲ့ မိခင်တွေပါပဲ။

ဒီလိုမျိုးမိခင်ဘ၀ကို အလုပ်တစ်ခုလို သဘောထားပြီး စနစ်တကျ လုပ်နေတဲ့အတွက် ‘ဒီအတိုင်း အိမ်အလုပ်ပဲ လုပ်နေတာပါ။ မိသားစုမှာ ဘာ၀င်ငွေမှလည်း မရှိပါဘူး၊ ယောကျာ်းအပေါ် မှီခိုနေရတာပဲ’ ဆိုတဲ့ အတွေးမျိုးတွေ မရှိတော့ဘူး။

‘ကလေးကို ပြုစုစောင့်ရှောက်တဲ့ အလုပ်ကို အကောင်းဆုံး လုပ်နေတယ်၊ မိသားစုရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါ၀င်နေတယ်’ ဆိုတဲ့ ခံစားချက်မျိုးတွေ ရှိလာတယ်။

ရလဒ်အနေနဲ့ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ မြင့်လာတယ်။ Personality တက်လာတယ်။ မျက်လုံးအရောင်တွေ ပြောင်းလာတယ်။ လူတွေက ပိုလှလာတယ်၊ ပိုကြည့်ကောင်းလာတယ်။ ဒါကြောင့် အိမ်မှာပဲ အလုပ်တွေ တကုပ်ကုပ်လုပ် ကျန်နေခဲ့ရတဲ့ အမျိုးသမီးတိုင်းကို သမားရိုးကျ အနေအထားမှာတင် ရပ်မနေဘဲ အဲ့လို ပရိုပီသတဲ့ မိခင်တွေ၊ အိမ်ရှင်မတွေ ဖြစ်လာစေချင်ပါတယ်။

သားသမီးဆိုတာ မိဘဆိုတဲ့ စက်ရုံက ထုတ်လုပ်ပြီး လောကကြီးထဲကို တင်သွင်းလိုက်တဲ့ ကုန်ပစ္စည်းတွေလို့ မြင်ယောင်ကြည့်လိုက်ပါ။ စိတ်ဒဏ်ရာ တပွေ့တပိုက်နဲ့ လူတွေ၊ အငုံ့စိတ်တွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ လူတွေ ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ခြင်း မခံခဲ့ရလို့ ဆိုးသွမ်းနေတဲ့ လူငယ်တွေ ဘယ်က ရောက်လာပါသလဲ။

မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားသူတွေ၊ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးမှိုင်းတွေမိပြီး အသေခံဗုံးခွဲ တိုက်ခိုက်နေသူတွေရော ဘယ်ကနေ ရောက်လာတယ်လို့ ထင်ပါသလဲ။ ကမ္ဘာကျော်ပညာရှင်တွေ၊ ဆရာဝန်၊ အင်ဂျင်နီယာတွေရော ဘယ်ကလာပါသလဲ။ မိဘတွေကပဲ လူ့လောကကြီးဆီ တင်သွင်းလိုက်တာပါ။

ဒီလောက်ဆို မိဘရဲ့ အုပ်ထိန်းမှု၊ ပျိုးထောင်မှု၊ အထူးသဖြင့် မိခင်တွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးလဲ ဆိုတာကို သိနိုင်မယ် ထင်ပါတယ်။

အရည်အချင်းပြည့်၀တဲ့ မိခင်တစ်ယောက်ဟာ ကိုယ်တိုင်တော့ မဟုတ်ပေမယ့် လူမှုပတ်၀န်းကျင်အတွက် တန်ဖိုးရှိတဲ့ သားသမီးတွေကို မွေးဖွားသန့်စင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် လောကကြီးကို သွယ်ဝိုက်အကျိုးပြုနေတယ် ဆိုတာကိုအလေးအနက် သိစေချင်ပါတယ်။

ပညာတတ်ပီးနှလုံးသားလှတဲ့ပရိုမေမေတို့ကနေသား‌သမီးကောင်းရတနာလေးတွေထွက်ပေါ်လာစေဖို့ဆန္ဒပြုရင်း မေတ္တာဖြင့် credit and respect to ဒေါက်တာကောင်းထက်ကျော်