ပုဂံခေတ်က ဘုရားကျွန်ဆိုတာ ဘယ်လိုလူမျိုးတွေလဲ

ပုဂံခေတ်က ဘုရားကျွန်ဆိုတာ ဘယ်လိုလူမျိုးတွေလဲ
ပုဂံခေတ်က ဘုရားကျွန်ဆိုတာ ဘယ်လိုလူမျိုးတွေလဲ

ပုဂံခေတ်က ဘုရားကျွန်ဆိုတာ ဘယ်လိုလူမျိုးတွေလဲ

ပခုက္ကူနယ်က မြစ်ခြေဆိုတဲ့ရွာလေးမှာသူတောင်းစားတွေကို ဝမ်းပန်းတသာ လိုလိုလားလား လှူဒါန်းနေတာတွေ့ရတော့ မိတ်ဆွေဖြစ်သူ ကိုတင်နိုင်လင်းကို မေးကြည့်မိပါတယ်။ သူက…

“ဒါက ပခုက္ကူသီဟို၌ရှင်ဘုရားကြီးက ဘုရားကျွန်တွေလေ. သူတို့လာတောင်းရမ်းတဲ့ရွာတွေမှာ ဒီနှစ် မိုးလေဝသမှန်တယ် ကောက်ပဲသီးနှံကောင်းတယ် စီးပွားရေးကောင်းတယ်လို့ ပုဂံခေတ်ကထဲက အယူရှိကြတယ်လေ ဒါကြောင့် ဝမ်းပန်းတသာ လှူကြတာပါ ဘုရားကျွန်ဆိုပေမဲ့ လာတောင်းကြတဲ့သူတွေထဲမှာ ချမ်းသာတဲ့သူတွေလဲ ပါကြတယ်လေ ” ဒီဘုရားကျွန် ဆိုသောစကားလုံးကို ယခုခေတ်လူအတော်များများ ကြားဘူးသိရှိခြင်း မရှိတော့ပါ။

အချို့ကလဲ ဘုရားကျွန်ဆိုတာ ဘုရားမှာနေပြီး တောင်းရမ်းစားသောက်ရသော သူတောင်းစား ဒွန်းစဏ္ဍား စဏ္ဍာလ သူဖုန်းစား သင်ချိ စတဲ့အမျိုးယုတ်ညံ့သော အောက်တန်းစား လူရာမဝင်သူများ အောက်တန်းစား လူတန်းစားများအဖြစ် ပုံဖော်ရေးသားကြသူများကြောင့် လူအများစုကလဲ ထင်ယောင်ထင်မှားဖြစ်ကြပြီး လွဲမှားနေသောအသိ ဖြစ်နေကြပါတယ်။

ထောင်ချီရှိနေသော ပုဂံခေတ်ထိုးကျောက်စာများတွင် ဘုရားတည် ကျောင်းလှူ အလှူရှင်တို့က ဘုရားစေတီ ကျောင်းများကို စေါင့်ရှောက်ထိန်းသိမ်းရန် ဆီမီထွန်း ပန်းကပ် သန့်ရှင်းရေးပြုလုပ်ရန်အတွက် မိမိတို့ပိုင်ဆိုင်သော ကျွန်များကို အမည်နာမ အရေအတွက်ကို ကျောက်စာမှာ တပါးတည်းရေးထိုး လှူဒါန်းလေ့ရှိပါတယ်။

ထိုသူများကို ဘုရားကျွန် အဖြစ်ခေါ်ဆိုပါတယ်။ ဘုရားစေတီကျောင်းကန်များကို ဘုရားကျွန်လှူဒါန်းခြင်းနှင့်အတူ မိမိတို့ပိုင် လယ်ယာမြေများ သစ်ပင်များ ထန်းပင်များရေကန်များကိုပါထည့်သွင်းလှူ ဒါန်းလေ့ရှိပါတယ်။

ဒီလှူဒါန်းတဲ့လယ် ယာမြေ အပင်တွေကိုတော့ ဘုရားကျွန်တွေက စိုက်ပျိုးထွန်ယက်စေပြီး ရရှိလာတဲ့ ငွေကြေးတွေကိုတော့ ဘုရင့်ထံအခွန်တော်အချို့ပေးအပ်စေပြီး ကျန်တဲ့သုံးစုနှစ်စုကို မိမိတို့ဘုရား ပြုပြင်ခြင်း ဆွမ်းသစ်သီးဝယ်ခြမ်းကပ်လှူ ခြင်း ဘုရားပြင်ရန်လိုအပ်သော ပစ္စည်းဝယ်ယူခြင်းတို့ကို လွတ်လပ်စွာ အမှီအခိုကင်းစွာဆောင်ရွက်နိုင်ကြပါတယ်။ ကျန်ငွေတစုကိုတော့ မိမိတို့ရိက္ခာအဖြစ် သုံးစွဲရပါတယ်။

ဒီနေရာမှာ ဘုရားပိုင်မြေယာနည်းပါးသူတို့အတွက် လုံလောက်သော ငွေကြေးနည်းပါး၍မလုံလောက်တဲ့အခါမှာ အချို့က မြို့ထဲရွာထဲတွင် မိမိတို့တပ်အပ်သော အဆိုပညာ အကပညာတို့ကို အသုံးချဖျော်ဖြေပြီး အလှူခံခြင်းကြောင့် ရရှိလာတဲ့ငွေကြေးကို ရှာဖွေအသုံးပြုရပါတယ်။

ထိုသူများကို ပုဂံခေတ်ကလူနေမှုပုံစံအရ ဘုရားကျွန်များကို လူအများက နှိမ်ချဆက်ဆံခြင်းအလျဉ်းမရှိ လူအများလုပ်နိုင်ခဲသောအလုပ်ကိုဆောင်ရွက်နေသော မြင့်မြတ်သော လူတန်းစားအဖြစ် လေးစားစွာဆက်ဆံကြပါတယ်။ လေးလေးစားစားလှူ ဒါန်းပေးကမ်းကြပါတယ်။

ဘုရားကျွန်များက ဒီအလုပ်ကို မိမိတို့အသက်သေဆုံးတဲ့အထိ လုပ်ရပါသလား။လွတ်မြောက်ဖို့အခွင့်အရေးမရှိတော့ဘူးလား။ လုံးဝမဟုတ်ပါဘူး။ သူတို့မှာဘုရားကျွန်ဘဝကလွတ်မြောက်ပြီး သာမန်လွတ်လပ်သော လူဘဝကိုပိုင်ဆိုင်နိုင်ရန် အခွင့်အလမ်းများစွာရှိကြပါတယ်။ အစဦးစွာ ကျွန်တွေဘယ်လိုဖြစ်လာတာလဲ ဆိုတာကစပြီးပြောရရင် ကျွန်ဖြစ်ရတဲ့အကြောင်းတွေက…

၁။ကြွေမြီကို ဆပ်နိုင်ခြင်းမရှိသောကြောင့် ကျွန်ဖြစ်ခြင်း။

၂။စစ်ရှုံးသောကြောင့် ကျွန်ဖြစ်ရခြင်း။

၃။သေဒါဏ်(သို့မဟုတ်)ဘေးဥပါဒ်မှ ကယ်တင်ပေးသောကြောင့်ကျွန်ဖြစ်ရခြင်း။

၄။ကိုယ်တိုင်ရှာဖွေစားသောက်မှုခက်ခဲသောကြောင့်ကျွန်ဖြစ်ရခြင်း။

၅။သူတစ်ပါးပစ္စည်းအား ခိုးယူမိသောကြောင့် ကျွန်ဖြစ်ရခြင်း။

၆။ငွေကြေးကို မိဘတို့အားရစေခြင်းအတွက် မိမိကိုယ်ကိုရောင်းချခြင်း။ စတဲ့ ကျွန်ဖြစ်ရခြင်းများကို ပုဂံကျောက်စာပါ အချက်အလက်များအရ သိရှိရသလို ရှေးဟောင်းဓမ္မသတ်ကျမ်းများအလိုအရ ကျွန်မျိုး ၁၂ ပါးစသည်ဖြင့်တွေ့ရှိရပါတယ်။ထို ၁၂ ပါးကိုရေးရလျင်…

၁။သေဘေးမှကယ်ဆယ်၍ရသောကျွန်။

၂။ငွေဖြင့်ပေးဝယ်ထားသောကျွန်။

၃။ကျွန်မှမွေးသော မွေးကျွန်။

၄။ကြွေးမပေး၍သိမ်းဆည်းသောကျွန်။

၅။ဆွေမျိုးထဲမှဆင်းရဲသူကို ခိုင်းစေသော အမျိုးကျွန်။

၆။ခိုးမှုကြောင့် တရားနိုင်၍ရသောကျွန်။

၇။နှုတ်မှုကြောင့် တရားနိုင်၍ရသောကျွန်။

၈။ လက်လွန်မှုကြောင့်တရားနိုင်၍ရသောကျွန်။

၉။မိဘကအမွေပေး၍ရသောကျွန်။

၁၀။ဘုရင်ကပေး၍ရသော မင်းပေးကျွန်။

၁၁။အပေါင်ခံ၍ရသော အပေါင်ဆုံးကျွန်။

၁၂။ ထမင်းကျွေး၍ရသောကျွန်(ထမင်းစားကျွန်ခံ)ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ထိုကျွန်တို့ကို ပိုင်ရှင်ဖြစ်သူက ပေးကမ်းခြင်း။လွှဲပြောင်းခြင်း။ရောင်းချခြင်း။လွတ်လပ်ခွင့်ပေးနိုင်ခြင်း။ဘုရားလှူခြင်း စသည်တို့ကိုလွတ်လပ်အမှီခိုကင်းစွာဆောင်ရွက်နိုင်ပါတယ်။ဒီအချက်တွေထဲမှာ အရေးအကြီးဆုံးနှစ်ချက်ဖြစ်တဲ့ ဘုရားလှူဒါန်းခြင်းနဲ့ကျွန်များကိုလွတ်မြောက်စေခြင်းကအထူးအရေးပါတဲ့အချက်တွေဖြစ်ကြပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဘုရားကိုကျွန်လှူလိုက်တဲ့အခါ ထိုကျွန်ဘုရားကျွန်တို့က ဘုရား စေတီ ကျောင်းသင်္ကန်း တို့ကို နေ့စဉ်မပြတ် ဆွမ်းကပ်ခြင်း ပန်းရေချမ်းကပ်လှူ ပူဇော်ခြင်း သန့်ရှင်းရေးလုပ်ခြင်း ပြင်ဆင်ခြင်း ရဟန်းသံဃာတို့ သုံးဆောင်ရန် ဆွမ်းရေချမ်း ပြင်ဆင်ပေးရခြင်း သင်္ကန်းများလျော်ဖွတ်လုပ်ဆောင်ရခြင်း

စတဲ့သံဃာဝေယျာဝစ္စများ ဘုရားစေတီဝေယျာဝစ္စများလုပ်ဆောင်နေသူများ ကုသိုလ်များစွာ ရရှိနေသူ မြင့်မြတ်သောလူတန်းစားအဖြစ် သတ်မှတ်ကြတော့ပါတယ်။ ကျွန်သီးတော်ဟုလည်းခေါ်ဆိုကြပြီး မြင့်မြတ်သောအလုပ်ကိုလုပ်ဆောင်သူများဟူ၍သတ်မှတ်ကြပါတယ်။

သက္ကရာဇ် ၅၈၅ ခုနှစ်ထိုး လေးမျက်နှာဘုရားကျောက်စာတွင်…

“ဤအနှစ်မောင်နှံပြုသော ကောင်းမှုခပ်သိမ်းသောကို။အနှစ်ကိုယ်စားအခါမြင့်မြဲ ပြုရစ်ပါရစ်စိမ့်သောငှာ။တလင်းလှည့်စိမ့်သောငှာ။ ဘုရားတရား၌ သင်ပုတ်ဆီမီး ကွမ်းပန်းမပြတ် တင်ရစိမ့်သောငှာ။ သည်းခံသောအရိယာသံဃာတို့ကို ကွမ်းပန်းကျွေးစိမ့်သောငှာ။အနှစ်မောင်နှံလှူ သော ပုဂံကျွန်ကား”ဟူ၍၎င်း။ စားပွဲမှောက်ဘုရားကျောက်စာတွင်…

“ဤမျှသောကျွန်ကား အရိယာသံဃာတို့ကို ခြေဆေးလက်ဆေးရေ။ချိုးရေ။သောက်ရေခပ်သိမ်းသောငှာ ဝတ်ချစိမ့်သောငှာ တမျက်ချေးကျုံးစိမ့်သောငှာ လှူ သထည်း”ဟုရေးသားပြီး ဘုရားကျွန်အလုပ်တို့ကိုခွဲခြားပေးအပ်ထားပါတယ်။များသောအားဖြင့် ဘုရားကျွန်များမှာ မုဆိုးဖို မုဆိုးမ အသက်အရွယ်ကြီးသူများကိုလှူ တာများပါတယ်။

ဘုရားရိပ်တရားရိပ်တွင် သက်သက်သာသာ လုပ်ကိုင်နေထိုင်ပြီး အေးချမ်းစွာ မပူမပင်စားသောက်နေထိုင်နိုင်စေလိုတဲ့ သဘောသက်ရောက်နေသလို ကုသိလ်လဲများစွာရ ဝမ်းလဲဝသလို မြန်သောလူတန်းစားအဖြစ်ရောက်ရှိနေသဖြင့် ထိုခေတ်ပုဂံပြည်မှာ အမတ် သူဌေး ချမ်းသာတဲ့သူတွေကိုယ်တိုင် မိမိကိုယ်တိုင်ရော ဇနီးနဲ့သားသမီးတွေကိုပါ ရေစက်ချ ဘုရားလှူတဲ့ ဓလေ့တွေရှိနေပါတယ်။

အခြားသူများထက် ပိုမိုမြတ်သည် ဘုရားကျွန်ဖြစ်ရတာနိဗ္ဗာန်ကိုပိုမိုလွယ်စွာရောက်နိုင်သည့်နည်းလမ်း ဝေသန္တရာမင်းကြီးထုံးနှလုံးမူကြသူ အများအပြားပုဂံခေတ်မှာ ရှိခဲ့ကြပါတယ်။ သက္ကရာဇ် ၅၄၁ ခုနှစ်ထိုးတိုင်းချွတ်ဘုရားကျောက်စာမှာ…

“သင်ကြီးအဘိနန္ဒသူအမည် ငါကြီးကိုယ်လှူ ၏ မယားကိုလည်းလှူ ၏ သမီးကြီးကိုလည်းလှူ ၏ သမီးငယ်မောင်းမကိုလည်းလှူ ၏”
ဒါကိုကြည့်ခြင်းအားဖြင့် ဘုရားကျွန်အဖြစ်ပြုလုပ်ခြင်းလှူ ဒါန်ူခြင်းအလုပ် ခံယူသောအလုပ်သည် ယုတ်ညံ့မှုမဟုတ် မြင့်မြတ်သောအလှူ အလုပ်ဖြစ်ကြောင်း ထင်ရှားစေပါတယ်။

နောက်တခုကလဲ ဘဝဆက်တိုင်းကျွန်ဘဝမှလွတ်မြောက်စေခြင်းငှာ ကျွန်တို့ကိုလှူ ခဲ့ကြောင်းစေတနာပေါ်လွင်စေတဲ့ သက္ကရာဇ် ၅၅၂ ခုနှစ်ထိုး တောင်ဂူနီဘုရားကျောက်စာမှာတွေ့ရပါတယ်။အဲ့ဒီကျောက်စာမှာဘဲ…

“ဘုရားမဖြစ်သောကြား ပဉ္စင်္ဂတုရ်မည်သော စည်ညင်းဖြင့် နိုးထ ထသောစည်းစိမ်ကို လိုရကား စည်ကြီးပန်တျာပြု၏”လို့ရေးထားချက်အရ ရဟန်းသင်္ဃာတွေမနက်ခင်းနိုးထတဲ့အခါ သာယာသောစည်သံကြားစေခြင်သောဆန္ဒဖြင့် သာယာသောစည်တီးရန် ပြုလုပ်ထာကြောင်းသိရသလိုမြန်မာပန်တျာ ကုလားပန်တျာသည်တို့ကိုပါလှူဒါန်းတဲ့ဓလေ့ရှိပါတယ်။

“ရမက်ကျွန်အဖြစ်မှ တော်လှန်လိုရကား ဘုရားသခင်နှင့်သင်္ဃာတို့ ကပ္ပိယဝါ မူစိမ့်သောငှာ လှူသောကျွန် ၁၀၀”ဟုရေးသားထားပါတယ်။ ကျွန်တရာကို ကျွန်ဘဝမှလွတ်မြောက်စေရန် ဘုရားနဲ့သင်္ဃာတို့အလုပ်အကျွေးအဖြစ်လှူတယ်လို့ဆိုပါတယ်။

မိမိတို့ရဲ့ဘုရားကျွန်များကို လှူဒါန်ူထားသောဒေသမှ ထွက်ခွာသွားလျင် ဒုက္ခရောက်စေရန် ကြိမ်စာတိုက်သောစကားရပ် ပုဂံကျောက်စာများမှာမတွေ့ရှိတာက ထူးခြားမှုဖြစ်ပါတယ်။ အတင်းအကြပ် တားမြစ်ပိတ်ပင်ထားခြင်းမရှိပေမဲ့ မိမိတို့လှူဒါန်းထားသော ဘုရားကျွန်များကို ထိပါးနှောက်ရှက်ပါက ထိုသူတို့ ဘေးဒုက္ခအမျိုးမျိုးတွေ့ကြုံစေရန်ကာကွယ်ထားတဲ့ ကြိမ်စာတွေကတော့အများကြီးတွေ့ရပါတယ်။

ကျွန်ဘဝမှ လွတ်မြောက်ရန် အခြားနည်းလမ်းတွေလဲရှိပါတယ်။ အသက်အရွယ်ကြီးလို့ အလုပ်တွေမလုပ်ကိုင်နိုင်တော့တဲ့အခါမျိုး။ မိမိဆွေမျိုးများက ငွေဖြင့်ရွေးယူတဲ့အခါမျိုး။ မိမိကိုယ်စား အခြာသူတစ်ယောက်ကလူစားထိုးတဲ့အခါမျိုး။အခြားကျွန်တယောက်ကိုငွေဖြင့်ဝယ်ပြီး လူစားထိုးခြင်း။

အလုပ်တာဝန်ကို ထူးခြားစွာအောင်မြင်အောင်လုပ်ဆောင်လို့ ပိုင်ရှင်က လွတ်လပ်ခွင့်ပေးတဲ့အခါမျိုး။ ပိုင်ရှင်က ရွေးခြယ်ပြီး ဇိဝိတဒါနအဖြစ် လွတ်မြောက်စေသူ။ပိုင်ရှင်သေသောအခါ မသာအခေါင်းပေါ်မှာ ပရိက္ခရာငါးပါးတင်ထားပြီး မသာကိုမြေတွင်းနဲ့မီးရှီု့စင်ရောက်သောအခါ ရဟန်းပြုရသော တလားစီးကျွန်နဲ့ အမြတ်ဆုံး ဘုရားကျွန်ဖြစ်ခြင်းတို့ကြောင့်လွတ်မြောက်ရပါတယ်။

ထိုကျွန်ပြုဓလေ့ဟာ ဘုရင်အဆက်ဆက်ရှိနေခဲ့ပြီးခေတ်အဆက်ဆက်ပုံစံမျိုးစုံ ဆက်ရှိနေခဲ့ပါတယ်။ တကောင်းခေတ်မှနေ၍ လွတ်လပ်ရေးရရှိတဲ့ခေတ်အထိ ရှိနေခဲ့သော ကျွန်စနစ်ကြီးကို အမြစ်ဖြတ်လိုက်သူကတော့ ၁၃၀၉ ခုနှစ် ပြာသိုလပြည့်ကျော် ၉ ရက်တနင်္ဂနွေနေ့မှာ နိုင်ငံတော်သမတကြီး စပ်ရွှေသိုက်က တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးမှာ အောက်ပါအမိန့်နဲ့ ကျွန်စနစ်ကို အမြစ်ဖြတ်လိုက်ပါတော့တယ်။

“မြန်မာသမတနိုင်ငံတော်ကြီးသည် လွတ်လပ်သောတိုင်းပြည်ဖြစ်သည်နှင့်အညီ တဦးနဲ့တဦးနှိပ်စက်ခြင်း ကြောက်ရွံ့ရအောင်ပြုလုပ်ခြင်းအလေ့ဆိုးများကို လုံးဝပပြောက်စေရန်ရည်ရွယ်သည်။ ရာဇဝင်တွင် ရှေးအခါကစ၍ရှေးမင်းများ အာဏာစက်ကြောင့် ဒွန်းဏ္ဍား သူတောင်းစား ဘုရားကျွန် ကျောင်းကျွန် သင်ချီစသည်တို့ကို

ယနေ့မှစ၍ ရှေးမင်းများအာဏာစက်ကို ပါယ်ဖျက်၍ ထိုသူတို့၏ သဘောဆန္ဒအတိုင်း လုပ်ကိုင်လိုသော အလုပ်မျိုးစုံကို လွတ်လပ်စွာ လုပ်ကိုင်နိုင်စေဟု ကျွန်ုပ်အမိန့်ချမှတ်လိုက်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံစာတမ်းပါအတိုင်း ပြည်သူများသည် တဦးနဲ့တဦးတန်းတူ ညီမျှ အခွင့်အရေးရှိကြစေ”

ထို့အမိန့်နောက်ပိုင်းတွင် တဖြည်းဖြည်း တစစပျောက်ကွယ်လာသော စကားလုံးများဖြစ်သွားကြပြီး ဘုရားကျွန်ဆိုသော စကားလုံးအစား ယခုခေတ်တွင် ပြန်လည်ထွန်းကားလာသော စကားလုံးများအောက်မှာ လူပေါင်းများစွာ ရောက်ရှိသွားတာကတော့…

၁။အာဏာကျွန်

၂။ပါဝါကျွန်

၃။အသပြာကျွန် ဆိုတာဖြစ်ပေါ်လာပါတော့တယ်။Credit : မြင့်ဦးရွာကြီး

Zawgyi

ပုဂံေခတ္က ဘုရားကြၽန္ဆိုတာ ဘယ္လိုလူမ်ိဳးေတြလဲ

ပခုကၠဴနယ္က ျမစ္ေျခဆိုတဲ့႐ြာေလးမွာသူေတာင္းစားေတြကို ဝမ္းပန္းတသာ လိုလိုလားလား လႉဒါန္းေနတာေတြ႕ရေတာ့ မိတ္ေဆြျဖစ္သူ ကိုတင္ႏိုင္လင္းကို ေမးၾကည့္မိပါတယ္။ သူက…

“ဒါက ပခုကၠဴသီဟို၌ရွင္ဘုရားႀကီးက ဘုရားကြၽန္ေတြေလ. သူတို႔လာေတာင္းရမ္းတဲ့႐ြာေတြမွာ ဒီႏွစ္ မိုးေလဝသမွန္တယ္ ေကာက္ပဲသီးႏွံေကာင္းတယ္ စီးပြားေရးေကာင္းတယ္လို႔ ပုဂံေခတ္ကထဲက အယူရွိၾကတယ္ေလ ဒါေၾကာင့္ ဝမ္းပန္းတသာ လႉၾကတာပါ ဘုရားကြၽန္ဆိုေပမဲ့ လာေတာင္းၾကတဲ့သူေတြထဲမွာ ခ်မ္းသာတဲ့သူေတြလဲ ပါၾကတယ္ေလ ” ဒီဘုရားကြၽန္ ဆိုေသာစကားလုံးကို ယခုေခတ္လူအေတာ္မ်ားမ်ား ၾကားဘူးသိရွိျခင္း မရွိေတာ့ပါ။

အခ်ိဳ႕ကလဲ ဘုရားကြၽန္ဆိုတာ ဘုရားမွာေနၿပီး ေတာင္းရမ္းစားေသာက္ရေသာ သူေတာင္းစား ဒြန္းစ႑ား စ႑ာလ သူဖုန္းစား သင္ခ်ိ စတဲ့အမ်ိဳးယုတ္ညံ့ေသာ ေအာက္တန္းစား လူရာမဝင္သူမ်ား ေအာက္တန္းစား လူတန္းစားမ်ားအျဖစ္ ပုံေဖာ္ေရးသားၾကသူမ်ားေၾကာင့္ လူအမ်ားစုကလဲ ထင္ေယာင္ထင္မွားျဖစ္ၾကၿပီး လြဲမွားေနေသာအသိ ျဖစ္ေနၾကပါတယ္။

ေထာင္ခ်ီရွိေနေသာ ပုဂံေခတ္ထိုးေက်ာက္စာမ်ားတြင္ ဘုရားတည္ ေက်ာင္းလႉ အလႉရွင္တို႔က ဘုရားေစတီ ေက်ာင္းမ်ားကို ေစါင့္ေရွာက္ထိန္းသိမ္းရန္ ဆီမီထြန္း ပန္းကပ္ သန႔္ရွင္းေရးျပဳလုပ္ရန္အတြက္ မိမိတို႔ပိုင္ဆိုင္ေသာ ကြၽန္မ်ားကို အမည္နာမ အေရအတြက္ကို ေက်ာက္စာမွာ တပါးတည္းေရးထိုး လႉဒါန္းေလ့ရွိပါတယ္။

ထိုသူမ်ားကို ဘုရားကြၽန္ အျဖစ္ေခၚဆိုပါတယ္။ ဘုရားေစတီေက်ာင္းကန္မ်ားကို ဘုရားကြၽန္လႉဒါန္းျခင္းႏွင့္အတူ မိမိတို႔ပိုင္ လယ္ယာေျမမ်ား သစ္ပင္မ်ား ထန္းပင္မ်ားေရကန္မ်ားကိုပါထည့္သြင္းလႉ ဒါန္းေလ့ရွိပါတယ္။

ဒီလႉဒါန္းတဲ့လယ္ ယာေျမ အပင္ေတြကိုေတာ့ ဘုရားကြၽန္ေတြက စိုက္ပ်ိဳးထြန္ယက္ေစၿပီး ရရွိလာတဲ့ ေငြေၾကးေတြကိုေတာ့ ဘုရင့္ထံအခြန္ေတာ္အခ်ိဳ႕ေပးအပ္ေစၿပီး က်န္တဲ့သုံးစုႏွစ္စုကို မိမိတို႔ဘုရား ျပဳျပင္ျခင္း ဆြမ္းသစ္သီးဝယ္ျခမ္းကပ္လႉ ျခင္း ဘုရားျပင္ရန္လိုအပ္ေသာ ပစၥည္းဝယ္ယူျခင္းတို႔ကို လြတ္လပ္စြာ အမွီအခိုကင္းစြာေဆာင္႐ြက္ႏိုင္ၾကပါတယ္။ က်န္ေငြတစုကိုေတာ့ မိမိတို႔ရိကၡာအျဖစ္ သုံးစြဲရပါတယ္။

ဒီေနရာမွာ ဘုရားပိုင္ေျမယာနည္းပါးသူတို႔အတြက္ လုံေလာက္ေသာ ေငြေၾကးနည္းပါး၍မလုံေလာက္တဲ့အခါမွာ အခ်ိဳ႕က ၿမိဳ႕ထဲ႐ြာထဲတြင္ မိမိတို႔တပ္အပ္ေသာ အဆိုပညာ အကပညာတို႔ကို အသုံးခ်ေဖ်ာ္ေျဖၿပီး အလႉခံျခင္းေၾကာင့္ ရရွိလာတဲ့ေငြေၾကးကို ရွာေဖြအသုံးျပဳရပါတယ္။

ထိုသူမ်ားကို ပုဂံေခတ္ကလူေနမႈပုံစံအရ ဘုရားကြၽန္မ်ားကို လူအမ်ားက ႏွိမ္ခ်ဆက္ဆံျခင္းအလ်ဥ္းမရွိ လူအမ်ားလုပ္ႏိုင္ခဲေသာအလုပ္ကိုေဆာင္႐ြက္ေနေသာ ျမင့္ျမတ္ေသာ လူတန္းစားအျဖစ္ ေလးစားစြာဆက္ဆံၾကပါတယ္။ ေလးေလးစားစားလႉ ဒါန္းေပးကမ္းၾကပါတယ္။

ဘုရားကြၽန္မ်ားက ဒီအလုပ္ကို မိမိတို႔အသက္ေသဆုံးတဲ့အထိ လုပ္ရပါသလား။လြတ္ေျမာက္ဖို႔အခြင့္အေရးမရွိေတာ့ဘူးလား။ လုံးဝမဟုတ္ပါဘူး။ သူတို႔မွာဘုရားကြၽန္ဘဝကလြတ္ေျမာက္ၿပီး သာမန္လြတ္လပ္ေသာ လူဘဝကိုပိုင္ဆိုင္ႏိုင္ရန္ အခြင့္အလမ္းမ်ားစြာရွိၾကပါတယ္။ အစဦးစြာ ကြၽန္ေတြဘယ္လိုျဖစ္လာတာလဲ ဆိုတာကစၿပီးေျပာရရင္ ကြၽန္ျဖစ္ရတဲ့အေၾကာင္းေတြက…

၁။ေႂကြၿမီကို ဆပ္ႏိုင္ျခင္းမရွိေသာေၾကာင့္ ကြၽန္ျဖစ္ျခင္း။

၂။စစ္ရႈံးေသာေၾကာင့္ ကြၽန္ျဖစ္ရျခင္း။

၃။ေသဒါဏ္(သို႔မဟုတ္)ေဘးဥပါဒ္မွ ကယ္တင္ေပးေသာေၾကာင့္ကြၽန္ျဖစ္ရျခင္း။

၄။ကိုယ္တိုင္ရွာေဖြစားေသာက္မႈခက္ခဲေသာေၾကာင့္ကြၽန္ျဖစ္ရျခင္း။

၅။သူတစ္ပါးပစၥည္းအား ခိုးယူမိေသာေၾကာင့္ ကြၽန္ျဖစ္ရျခင္း။

၆။ေငြေၾကးကို မိဘတို႔အားရေစျခင္းအတြက္ မိမိကိုယ္ကိုေရာင္းခ်ျခင္း။ စတဲ့ ကြၽန္ျဖစ္ရျခင္းမ်ားကို ပုဂံေက်ာက္စာပါ အခ်က္အလက္မ်ားအရ သိရွိရသလို ေရွးေဟာင္းဓမၼသတ္က်မ္းမ်ားအလိုအရ ကြၽန္မ်ိဳး ၁၂ ပါးစသည္ျဖင့္ေတြ႕ရွိရပါတယ္။ထို ၁၂ ပါးကိုေရးရလ်င္…

၁။ေသေဘးမွကယ္ဆယ္၍ရေသာကြၽန္။

၂။ေငြျဖင့္ေပးဝယ္ထားေသာကြၽန္။

၃။ကြၽန္မွေမြးေသာ ေမြးကြၽန္။

၄။ေႂကြးမေပး၍သိမ္းဆည္းေသာကြၽန္။

၅။ေဆြမ်ိဳးထဲမွဆင္းရဲသူကို ခိုင္းေစေသာ အမ်ိဳးကြၽန္။

၆။ခိုးမႈေၾကာင့္ တရားႏိုင္၍ရေသာကြၽန္။

၇။ႏႈတ္မႈေၾကာင့္ တရားႏိုင္၍ရေသာကြၽန္။

၈။ လက္လြန္မႈေၾကာင့္တရားႏိုင္၍ရေသာကြၽန္။

၉။မိဘကအေမြေပး၍ရေသာကြၽန္။

၁၀။ဘုရင္ကေပး၍ရေသာ မင္းေပးကြၽန္။

၁၁။အေပါင္ခံ၍ရေသာ အေပါင္ဆုံးကြၽန္။

၁၂။ ထမင္းေကြၽး၍ရေသာကြၽန္(ထမင္းစားကြၽန္ခံ)ျဖစ္တယ္လို႔ ေရးသားထားပါတယ္။

ထိုကြၽန္တို႔ကို ပိုင္ရွင္ျဖစ္သူက ေပးကမ္းျခင္း။လႊဲေျပာင္းျခင္း။ေရာင္းခ်ျခင္း။လြတ္လပ္ခြင့္ေပးႏိုင္ျခင္း။ဘုရားလႉျခင္း စသည္တို႔ကိုလြတ္လပ္အမွီခိုကင္းစြာေဆာင္႐ြက္ႏိုင္ပါတယ္။ဒီအခ်က္ေတြထဲမွာ အေရးအႀကီးဆုံးႏွစ္ခ်က္ျဖစ္တဲ့ ဘုရားလႉဒါန္းျခင္းနဲ႔ကြၽန္မ်ားကိုလြတ္ေျမာက္ေစျခင္းကအထူးအေရးပါတဲ့အခ်က္ေတြျဖစ္ၾကပါတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ ဘုရားကိုကြၽန္လႉလိုက္တဲ့အခါ ထိုကြၽန္ဘုရားကြၽန္တို႔က ဘုရား ေစတီ ေက်ာင္းသကၤန္း တို႔ကို ေန႔စဥ္မျပတ္ ဆြမ္းကပ္ျခင္း ပန္းေရခ်မ္းကပ္လႉ ပူေဇာ္ျခင္း သန႔္ရွင္းေရးလုပ္ျခင္း ျပင္ဆင္ျခင္း ရဟန္းသံဃာတို႔ သုံးေဆာင္ရန္ ဆြမ္းေရခ်မ္း ျပင္ဆင္ေပးရျခင္း သကၤန္းမ်ားေလ်ာ္ဖြတ္လုပ္ေဆာင္ရျခင္း

စတဲ့သံဃာေဝယ်ာဝစၥမ်ား ဘုရားေစတီေဝယ်ာဝစၥမ်ားလုပ္ေဆာင္ေနသူမ်ား ကုသိုလ္မ်ားစြာ ရရွိေနသူ ျမင့္ျမတ္ေသာလူတန္းစားအျဖစ္ သတ္မွတ္ၾကေတာ့ပါတယ္။ ကြၽန္သီးေတာ္ဟုလည္းေခၚဆိုၾကၿပီး ျမင့္ျမတ္ေသာအလုပ္ကိုလုပ္ေဆာင္သူမ်ားဟူ၍သတ္မွတ္ၾကပါတယ္။

သကၠရာဇ္ ၅၈၅ ခုႏွစ္ထိုး ေလးမ်က္ႏွာဘုရားေက်ာက္စာတြင္…

“ဤအႏွစ္ေမာင္ႏွံျပဳေသာ ေကာင္းမႈခပ္သိမ္းေသာကို။အႏွစ္ကိုယ္စားအခါျမင့္ၿမဲ ျပဳရစ္ပါရစ္စိမ့္ေသာငွာ။တလင္းလွည့္စိမ့္ေသာငွာ။ ဘုရားတရား၌ သင္ပုတ္ဆီမီး ကြမ္းပန္းမျပတ္ တင္ရစိမ့္ေသာငွာ။ သည္းခံေသာအရိယာသံဃာတို႔ကို ကြမ္းပန္းေကြၽးစိမ့္ေသာငွာ။အႏွစ္ေမာင္ႏွံလႉ ေသာ ပုဂံကြၽန္ကား”ဟူ၍၎။ စားပြဲေမွာက္ဘုရားေက်ာက္စာတြင္…

“ဤမွ်ေသာကြၽန္ကား အရိယာသံဃာတို႔ကို ေျခေဆးလက္ေဆးေရ။ခ်ိဳးေရ။ေသာက္ေရခပ္သိမ္းေသာငွာ ဝတ္ခ်စိမ့္ေသာငွာ တမ်က္ေခ်းက်ဳံးစိမ့္ေသာငွာ လႉ သထည္း”ဟုေရးသားၿပီး ဘုရားကြၽန္အလုပ္တို႔ကိုခြဲျခားေပးအပ္ထားပါတယ္။မ်ားေသာအားျဖင့္ ဘုရားကြၽန္မ်ားမွာ မုဆိုးဖို မုဆိုးမ အသက္အ႐ြယ္ႀကီးသူမ်ားကိုလႉ တာမ်ားပါတယ္။

ဘုရားရိပ္တရားရိပ္တြင္ သက္သက္သာသာ လုပ္ကိုင္ေနထိုင္ၿပီး ေအးခ်မ္းစြာ မပူမပင္စားေသာက္ေနထိုင္ႏိုင္ေစလိုတဲ့ သေဘာသက္ေရာက္ေနသလို ကုသိလ္လဲမ်ားစြာရ ဝမ္းလဲဝသလို ျမန္ေသာလူတန္းစားအျဖစ္ေရာက္ရွိေနသျဖင့္ ထိုေခတ္ပုဂံျပည္မွာ အမတ္ သူေဌး ခ်မ္းသာတဲ့သူေတြကိုယ္တိုင္ မိမိကိုယ္တိုင္ေရာ ဇနီးနဲ႔သားသမီးေတြကိုပါ ေရစက္ခ် ဘုရားလႉတဲ့ ဓေလ့ေတြရွိေနပါတယ္။

အျခားသူမ်ားထက္ ပိုမိုျမတ္သည္ ဘုရားကြၽန္ျဖစ္ရတာနိဗၺာန္ကိုပိုမိုလြယ္စြာေရာက္ႏိုင္သည့္နည္းလမ္း ေဝသႏၲရာမင္းႀကီးထုံးႏွလုံးမူၾကသူ အမ်ားအျပားပုဂံေခတ္မွာ ရွိခဲ့ၾကပါတယ္။ သကၠရာဇ္ ၅၄၁ ခုႏွစ္ထိုးတိုင္းခြၽတ္ဘုရားေက်ာက္စာမွာ…

“သင္ႀကီးအဘိနႏၵသူအမည္ ငါႀကီးကိုယ္လႉ ၏ မယားကိုလည္းလႉ ၏ သမီးႀကီးကိုလည္းလႉ ၏ သမီးငယ္ေမာင္းမကိုလည္းလႉ ၏”
ဒါကိုၾကည့္ျခင္းအားျဖင့္ ဘုရားကြၽန္အျဖစ္ျပဳလုပ္ျခင္းလႉ ဒါႏ္ူျခင္းအလုပ္ ခံယူေသာအလုပ္သည္ ယုတ္ညံ့မႈမဟုတ္ ျမင့္ျမတ္ေသာအလႉ အလုပ္ျဖစ္ေၾကာင္း ထင္ရွားေစပါတယ္။

ေနာက္တခုကလဲ ဘဝဆက္တိုင္းကြၽန္ဘဝမွလြတ္ေျမာက္ေစျခင္းငွာ ကြၽန္တို႔ကိုလႉ ခဲ့ေၾကာင္းေစတနာေပၚလြင္ေစတဲ့ သကၠရာဇ္ ၅၅၂ ခုႏွစ္ထိုး ေတာင္ဂူနီဘုရားေက်ာက္စာမွာေတြ႕ရပါတယ္။အဲ့ဒီေက်ာက္စာမွာဘဲ…

“ဘုရားမျဖစ္ေသာၾကား ပၪၥဂၤတုရ္မည္ေသာ စည္ညင္းျဖင့္ ႏိုးထ ထေသာစည္းစိမ္ကို လိုရကား စည္ႀကီးပန္တ်ာျပဳ၏”လို႔ေရးထားခ်က္အရ ရဟန္းသဃၤာေတြမနက္ခင္းႏိုးထတဲ့အခါ သာယာေသာစည္သံၾကားေစျခင္ေသာဆႏၵျဖင့္ သာယာေသာစည္တီးရန္ ျပဳလုပ္ထာေၾကာင္းသိရသလိုျမန္မာပန္တ်ာ ကုလားပန္တ်ာသည္တို႔ကိုပါလႉဒါန္းတဲ့ဓေလ့ရွိပါတယ္။

“ရမက္ကြၽန္အျဖစ္မွ ေတာ္လွန္လိုရကား ဘုရားသခင္ႏွင့္သဃၤာတို႔ ကပၸိယဝါ မူစိမ့္ေသာငွာ လႉေသာကြၽန္ ၁၀၀”ဟုေရးသားထားပါတယ္။ ကြၽန္တရာကို ကြၽန္ဘဝမွလြတ္ေျမာက္ေစရန္ ဘုရားနဲ႔သဃၤာတို႔အလုပ္အေကြၽးအျဖစ္လႉတယ္လို႔ဆိုပါတယ္။

မိမိတို႔ရဲ႕ဘုရားကြၽန္မ်ားကို လႉဒါႏ္ူထားေသာေဒသမွ ထြက္ခြာသြားလ်င္ ဒုကၡေရာက္ေစရန္ ႀကိမ္စာတိုက္ေသာစကားရပ္ ပုဂံေက်ာက္စာမ်ားမွာမေတြ႕ရွိတာက ထူးျခားမႈျဖစ္ပါတယ္။ အတင္းအၾကပ္ တားျမစ္ပိတ္ပင္ထားျခင္းမရွိေပမဲ့ မိမိတို႔လႉဒါန္းထားေသာ ဘုရားကြၽန္မ်ားကို ထိပါးေႏွာက္ရွက္ပါက ထိုသူတို႔ ေဘးဒုကၡအမ်ိဳးမ်ိဳးေတြ႕ႀကဳံေစရန္ကာကြယ္ထားတဲ့ ႀကိမ္စာေတြကေတာ့အမ်ားႀကီးေတြ႕ရပါတယ္။

ကြၽန္ဘဝမွ လြတ္ေျမာက္ရန္ အျခားနည္းလမ္းေတြလဲရွိပါတယ္။ အသက္အ႐ြယ္ႀကီးလို႔ အလုပ္ေတြမလုပ္ကိုင္ႏိုင္ေတာ့တဲ့အခါမ်ိဳး။ မိမိေဆြမ်ိဳးမ်ားက ေငြျဖင့္ေ႐ြးယူတဲ့အခါမ်ိဳး။ မိမိကိုယ္စား အျခာသူတစ္ေယာက္ကလူစားထိုးတဲ့အခါမ်ိဳး။အျခားကြၽန္တေယာက္ကိုေငြျဖင့္ဝယ္ၿပီး လူစားထိုးျခင္း။

အလုပ္တာဝန္ကို ထူးျခားစြာေအာင္ျမင္ေအာင္လုပ္ေဆာင္လို႔ ပိုင္ရွင္က လြတ္လပ္ခြင့္ေပးတဲ့အခါမ်ိဳး။ ပိုင္ရွင္က ေ႐ြးျခယ္ၿပီး ဇိဝိတဒါနအျဖစ္ လြတ္ေျမာက္ေစသူ။ပိုင္ရွင္ေသေသာအခါ မသာအေခါင္းေပၚမွာ ပရိကၡရာငါးပါးတင္ထားၿပီး မသာကိုေျမတြင္းနဲ႔မီးရႈီ႕စင္ေရာက္ေသာအခါ ရဟန္းျပဳရေသာ တလားစီးကြၽန္နဲ႔ အျမတ္ဆုံး ဘုရားကြၽန္ျဖစ္ျခင္းတို႔ေၾကာင့္လြတ္ေျမာက္ရပါတယ္။

ထိုကြၽန္ျပဳဓေလ့ဟာ ဘုရင္အဆက္ဆက္ရွိေနခဲ့ၿပီးေခတ္အဆက္ဆက္ပုံစံမ်ိဳးစုံ ဆက္ရွိေနခဲ့ပါတယ္။ တေကာင္းေခတ္မွေန၍ လြတ္လပ္ေရးရရွိတဲ့ေခတ္အထိ ရွိေနခဲ့ေသာ ကြၽန္စနစ္ႀကီးကို အျမစ္ျဖတ္လိုက္သူကေတာ့ ၁၃၀၉ ခုႏွစ္ ျပာသိုလျပည့္ေက်ာ္ ၉ ရက္တနဂၤေႏြေန႔မွာ ႏိုင္ငံေတာ္သမတႀကီး စပ္ေ႐ႊသိုက္က တိုင္းျပဳျပည္ျပဳလႊတ္ေတာ္အစည္းအေဝးမွာ ေအာက္ပါအမိန႔္နဲ႔ ကြၽန္စနစ္ကို အျမစ္ျဖတ္လိုက္ပါေတာ့တယ္။

“ျမန္မာသမတႏိုင္ငံေတာ္ႀကီးသည္ လြတ္လပ္ေသာတိုင္းျပည္ျဖစ္သည္ႏွင့္အညီ တဦးနဲ႔တဦးႏွိပ္စက္ျခင္း ေၾကာက္႐ြံ႕ရေအာင္ျပဳလုပ္ျခင္းအေလ့ဆိုးမ်ားကို လုံးဝပေျပာက္ေစရန္ရည္႐ြယ္သည္။ ရာဇဝင္တြင္ ေရွးအခါကစ၍ေရွးမင္းမ်ား အာဏာစက္ေၾကာင့္ ဒြန္း႑ား သူေတာင္းစား ဘုရားကြၽန္ ေက်ာင္းကြၽန္ သင္ခ်ီစသည္တို႔ကို

ယေန႔မွစ၍ ေရွးမင္းမ်ားအာဏာစက္ကို ပါယ္ဖ်က္၍ ထိုသူတို႔၏ သေဘာဆႏၵအတိုင္း လုပ္ကိုင္လိုေသာ အလုပ္မ်ိဳးစုံကို လြတ္လပ္စြာ လုပ္ကိုင္ႏိုင္ေစဟု ကြၽႏ္ုပ္အမိန႔္ခ်မွတ္လိုက္သည္။ ျပည္ေထာင္စုျမန္မာႏိုင္ငံဖြဲ႕စည္းအုပ္ခ်ဳပ္ပုံစာတမ္းပါအတိုင္း ျပည္သူမ်ားသည္ တဦးနဲ႔တဦးတန္းတူ ညီမွ် အခြင့္အေရးရွိၾကေစ”

ထို႔အမိန႔္ေနာက္ပိုင္းတြင္ တျဖည္းျဖည္း တစစေပ်ာက္ကြယ္လာေသာ စကားလုံးမ်ားျဖစ္သြားၾကၿပီး ဘုရားကြၽန္ဆိုေသာ စကားလုံးအစား ယခုေခတ္တြင္ ျပန္လည္ထြန္းကားလာေသာ စကားလုံးမ်ားေအာက္မွာ လူေပါင္းမ်ားစြာ ေရာက္ရွိသြားတာကေတာ့…

၁။အာဏာကြၽန္

၂။ပါဝါကြၽန္

၃။အသျပာကြၽန္ ဆိုတာျဖစ္ေပၚလာပါေတာ့တယ္။Credit : ျမင့္ဦး႐ြာႀကီး