သင့္ရဲ႕အလုပ္ကံက ဘယ္လိုလဲ

သင့္ရဲ႕အလုပ္ကံက ဘယ္လိုလဲ
ASTROLOGY

သင့္ရဲ႕အလုပ္ကံက ဘယ္လိုလဲ

လူႀကီးသူမတို႔သည္ ကေလးငယ္မ်ားအား “သားသား ႀကီးလာရင္ ဘာလုပ္မွာလဲ၊ မီးမီး ႀကီးလာရင္ ဘာလုပ္မွာလဲ …”စသည္ျဖင့္ ေမးျမန္းေလ့ရွိတတ္၏။ ကေလးငယ္မ်ားကလည္း –

“သားသားႀကီးလာရင္ အင္ဂ်င္နီယာႀကီးလုပ္မွာ …”

“မီးမီးႀကီးလာရင္ ဆရာဝန္မႀကီးလုပ္မွာ …”

“သားသားႀကီးလာရင္ ေလယာဥ္ပ်ံႀကီး ေမာင္းမွာ …”

“မီးမီးႀကီးလာရင္ အဆိုေတာ္ႀကီး လုပ္မွာ …” စသည္ျဖင့္ ျပန္၍ေျပာေလ့ရွိၾကေလ၏။

မ်ားေသာအားျဖင့္ ငယ္စဥ္ေတာင္ေက်း ကေလးဘဝက ထိုသို႔လွ်င္ စိတ္ကူးထင္ရာ ေျပာခဲ့ၾကေသာ ရည္႐ြယ္ခ်က္မ်ားအတိုင္း ျဖစ္လာသူမ်ားရွိသကဲ့သို႔ မျဖစ္လာသူမ်ားလည္း ဒုနဲ႔ေဒးပါေပ …။

ကြၽႏု္ပ္၏ ဦးေလးေတာ္စပ္သူတစ္ဦးမွာမူ ၎အား လူႀကီးမိဘတို႔က “သားႀကီးလာရင္ ဘာလုပ္မွာလဲ ..”ဟု ေမးေလတိုင္း ၎င္းက –

“ေရခဲမုန႔္ေရာင္းမယ္ …” ဟု ေထြလီကာလီ ျပန္၍ေျဖေလ့ရွိေလ၏။ ၎င္း၏ အေျဖကိုၾကားလွ်င္ လူႀကီးမိဘတို႔မွာ ဝါးကနဲ ရယ္သူတို႔ကလည္း ရယ္ၾက၏။ “ေကာင္ ေလး …ေပါက္တတ္ကရ …”ဟုဆိုကာ ေခါင္းကို ေခါက္သူကလည္း ေခါက္ၾက ၏။

ဆရာဝန္ႀကီးျဖစ္လာရန္၊ စစ္ဗိုလ္ႀကီးျဖစ္လာရန္ ရည္မွန္းပါ့လားဟု လူႀကီးမ်ားက ေဖ်ာင္းေဖ်ာင္းဖ်ဖ်တိုက္တြန္းလွ်င္လည္း ၎င္းကမူ ေရခဲမုန႔္ေရာင္းစားမယ္ဟူေသာ အေျဖကိုသာ ေပးၿမဲျဖစ္ပါေလေတာ့၏။

ငယ္စဥ္ဘဝတစ္ေလွ်ာက္လုံး ေရခဲမုန႔္ေရာင္းစားမယ္ဟုသာ တြင္တြင္ႀကီးေျဖ ခဲ့ေသာ ကြၽႏု္ပ္၏ ဦးေလးသည္ အခ်ိန္တန္အ႐ြယ္ေရာက္ေသာအခါတြင္မူ သူ၏ရည္း စားကိုအေၾကာင္းျပဳကာ အေျဖေျပာင္းသြားခဲ့ပါေလေတာ့၏။ သူ၏အေျဖမွာ –

“ဌာနဆိုင္ရာတစ္ခုခုမွာဝင္ၿပီး အရာရွိႀကီးလုပ္မယ္ …” ဟု ျဖစ္သြားေလေတာ့၏။

သူ႔ရည္းစား၏မိဘအသိုင္းအဝိုင္းမွာ မ်ားေသာအားျဖင့္ အရာရွိ၊ အရာခံမ်ား ျဖစ္ေလ၏။

ထို႔ေၾကာင့္ သူတို႔၏သမီးကို သာမန္စီးပြားေရးသမား၊ လက္လုပ္လက္စား ဆိုလွ်င္ လုံး၀ သေဘာမတူႏိုင္ဘဲ အရာရွိအသိုင္းအဝိုင္းထဲမွသာ ေပးစားမည္ဟု အရပ္ထဲတြင္ က်ယ္ေလာင္စြာ ေလသံပစ္ထားေလ၏။

သို႔ျဖစ္ေသာေၾကာင့္လည္း ကြၽႏု္ပ္၏ဦးေလးခမ်ား တစ္သက္လုံး ေရခဲမုန႔္ ေရာင္းစားမယ္ဟု တြင္တြင္ႀကီးေျပာခဲ့ရာမွ ေနာင္ေသာ္ အရာရွိႀကီးလုပ္မယ္ဟု ေျပာင္း သြားခဲ့ျခင္းျဖစ္ပါေလေတာ့၏။

အမွန္တကယ္လည္း ကြၽႏု္ပ္၏ဦးေလးသည္ ဘြဲ႕ရၿပီးသည့္ေနာက္ သစ္ေတာ ဌာနသို႔ ဝင္ေရာက္ကာ အမႈထမ္းေလ၏။ အရာရွိတစ္ဦး ျဖစ္လာေရးအတြက္ သည္း သည္းထန္ထန္ ႀကိဳးပမ္းေလ၏။ ထိုေရာအခါ မိဘမ်ားကပင္ –

“ဟဲ့ ..အေကာင္ရဲ႕ …၊ ေရခဲမုန႔္ ေရာင္းမစားေတာ့ဘူးလား …” ဟု ရိသဲ့သဲ့ ေျပာလာရေလေတာ့၏။

၆ ႏွစ္ခန႔္ၾကာေသာအခါ ကြၽႏု္ပ္၏ဦးေလးသည္ အရာရွိေပါက္စကေလး ျဖစ္လာၿပီျဖစ္၏။

သူ အရာရွိေပါက္စကေလးျဖစ္ၿပီး ေနာက္တစ္ေန႔မွာပင္ အဖမ္းခံရေလေတာ့၏။ သစ္ေမွာင္ခိုသမားမ်ားႏွင့္ေပါင္း၍ တရားမဝင္ သစ္မ်ားထုတ္ေသာကိစ္ၥတြင္ အမႈတြဲ ေလေသာေၾကာင့္ အလုပ္ျပဳတ္သည့္အျပင္ ေထာင္နန္းစံခဲ့ရေလေတာ့၏။

သူ႔အား အမိန႔္မခ်မီမွာပင္ “ငါတို႔အမ်ိဳးထဲမွာ အဲဒီလိုမ်ိဳးမရွိဘူးေဟ့ …”ဟု ဆိုကာ ေယာကၡမျဖစ္သူမ်ားက သူတို႔၏သမီးကို ျပန္သိမ္းသြားခဲ့ပါေလေတာ့၏။

ကြၽႏု္ပ္၏ဦးေလးသည္ ေထာင္မွလြတ္လာၿပီးေနာက္ ပြဲ႐ုံတစ္ခုတြင္ စာေရး ဝင္လုပ္ေလ၏။ တစ္ပတ္ျပည့္ေသာေန႔မွာပင္ အလုပ္ရွင္ႏွင့္စကားမ်ားကာ ထိုးၾက ႀကိတ္ၾကသည္အထိျဖစ္ၿပီး အလုပ္ ျပဳတ္ေလေတာ့၏။

ေနာက္ဆုံးတြင္မူ ကြၽႏု္ပ္၏ဦးေလးသည္ ႀကံရာမရျဖစ္ၿပီးေနာက္ ရန္ကုန္သို႔ သြားကာ ဟိုတယ္တစ္ခု၌ စားပြဲထိုးႀကီးဝင္လုပ္ရင္း ေရခဲမုန႔္လုပ္နည္းကို သင္ယူေလ၏။ ၿပီးေနာက္ ဇာတိၿမိဳ႕ကေလးသို႔ျပန္လာကာ ေရခဲမုန႔္လုပ္ငန္းကို လုပ္ေလ၏။ သူ၏ ေရခဲမုန႔္သည္ အျခားေရခဲမုန႔္မ်ားႏွင့္ အတူတူပင္ျဖစ္ေသာ္လည္း မည္သည့္ေနရာတြင္ ကြဲျပားသည္မသိ။ စားသုံးရသူအေပါင္းမွာ ေျပာမျပတတ္ေသာ အရသာတစ္ခုထူးေန သည္ဟု ခံစားၾကရေလ၏။

ထို႔ေၾကာင့္လည္း အလႉပြဲ၊ မဂၤလာပြဲ၊ ဧည့္ခံပြဲမ်ားတြင္ ဦးေလး၏ေရခဲမုန႔္သည္ လက္မလည္ေအာင္ ဇာတ္လိုက္ေက်ာ္ ျဖစ္ခဲ့ရေလေတာ့၏။ သူ၏ေရခဲမုန႔္အမည္က လည္း ထူးထူးျခားျခားျဖစ္၏။ အရာရွိ၊ အရာခံကိုမွ သေဘာက်သည္ဆိုေသာ သူ႔ဇနီး ေဟာင္း၏ မိဘအသိုင္းအဝိုင္းမ်ားဘက္က စိတ္ကေလးျပန္၍လည္လာလိုလည္လာ ျငား ေရခဲမုန႔္အမည္ကို “အရာရွိႀကီး”ေရခဲမုန႔္ဟု ေပးထားေလ၏။

အမွန္တကယ္လည္း ကြၽႏု္ပ္၏ဦးေလးသည္ ေရခဲမုန႔္ေလာက၌ ဆရာႀကီးတစ္ ဆူ၊ ဘုရင္ႀကီးတစ္ပါး ျဖစ္လာခဲ့ေလရာ သူ႔ဇနီးေဟာင္း၏ အသိုင္းအဝိုင္းကလည္း ေရခဲမုန႔္အရာရွိဆိုေတာ့လည္း ပိုၿပီးေတာ့ေတာင္ ရွားရွားပါးပါး ထူးထူးျခားျခားပဲဟဲ့ဟု သေဘာေခြ႕ေတာ္မူကာ ၎င္းတို႔ဇနီးေမာင္ႏွံအား ကံအေၾကာင္းဟုတ္ေလေသာေၾကာင့္ ျပန္ေပါင္းထုပ္ေစခဲ့ပါေလေတာ့၏။

တစ္ခ်ိန္တြင္ ကြၽႏု္ပ္သည္ ေဗဒင္ဆရာတစ္ဦးျဖစ္လာေသာအခါ လူတို႔၌ တစ္ ဦးႏွင့္တစ္ဦး အလုပ္အက်ိဳးေပးကံခ်င္း ကြဲျပားျခားနားသည္ကို ပို၍ပို၍ သိလာခဲ့ရပါ ေလေတာ့၏။ ေဗဒင္က်မ္းမ်ားမွ တြက္ကိန္းအသိမ်ားထက္ မိမိထံ ေဗဒင္လာေမးသူ မ်ား၏ မ်က္ျမင္လက္ေတြ႕ လုပ္ငန္းကိုင္ငန္းအေျခအေနမ်ားႏွင့္ ခ်ိန္ဆမိကာ ပရိသတ္ မ်ားထံမွရေသာပညာေၾကာင့္ ပို၍ပင္ သေဘာေပါက္လာရပါေလေတာ့၏။

ထို႔ေၾကာင့္လည္း ခ်စ္စြာေသာ စာရႈသူမ်ားအတြက္ မိမိတို႔၏ ဖြားဇာတာကိန္း ခန္းကိုလိုက္၍ ႀကဳံေတြ႕လာႏိုင္ေသာ အလုပ္ကံမ်ားအေၾကာင္းကို အဟုတ္အမွန္ ေရးသားလိုက္ရေပေတာ့သတည္း။

#မိမိ၏ ျမန္မာေမြးခုႏွစ္ကိုတည္၍ ၇ ျဖင့္စားပါ။

#(၁)ႂကြင္းေသာသူမ်ားသည္ အလုပ္တစ္ခုတည္းတြင္ စြဲစြဲၿမဲၿမဲ အေျခခ်လုပ္ကိုင္ ျခင္းျဖင့္ အက်ိဳးမေပးတတ္ပါ။ မၾကာခဏ အလုပ္ေျပာင္းေ႐ႊ႕ျခင္း၊ ေပၚပင္အလုပ္မ်ား ကိုလုပ္ကိုင္ျခင္း၊ သို႔မဟုတ္ ကူးသန္းသြားလာ ေျပာင္းေ႐ႊ႕ေနရေသာအလုပ္မ်ားျဖင့္ အက်ိဳးေပးထက္သန္တတ္ပါသည္။

#(၂)ႂကြင္းေသာသူမ်ားသည္ အႏုပညာဆိုင္ရာကဲ့သို႔ နာမည္ဂုဏ္သတင္း ထင္ ေပၚေက်ာ္ၾကားျခင္းႏွင့္ပတ္သက္သည့္ အလုပ္မ်ားႏွင့္ အထူးအက်ိဳးေပးတတ္ပါသည္။ မိမိ၏အလုပ္တြင္ ဆရာႀကီးတစ္ဆူအျဖစ္ ေအာင္ျမင္ထြန္းေပါက္တတ္ပါသည္။ ကိုယ္ ပိုင္အႀကံဉာဏ္၊ ကိုယ္ပိုင္စီးပြားျဖင့္ အထူး ခ်မ္းသာႂကြယ္ဝတတ္ပါသည္။

#(၃)ႂကြင္းေသာသူမ်ားသည္ ဝန္ထမ္းကဲ့သို႔ေသာအလုပ္မ်ား၌ အက်ိဳးေပးထက္ သန္တတ္ပါသည္။ ရာထူးဂုဏ္ရွိန္ႀကီးျခင္း၊ အလုပ္ႏွင့္ပတ္သက္၍ ဆုထူး ဘြဲ႕ထူး ဂုဏ္ထူးမ်ား ရရွိျခင္း ခံစားရတတ္ပါသည္။ အလုပ္၌ အတက္အက်အေျပာင္းအလဲ လည္း ျမန္ဆန္တတ္ပါသည္။ ေငြေၾကးစီးပြားထက္ ရာထူးဂုဏ္ရွိန္ပိုင္းကို ဦးစားေပး သင့္ေသာဇာတာရွင္မ်ားျဖစ္ပါသည္။

#(၄)ႂကြင္းေသာသူမ်ားသည္ အမ်ားႏွင့္မတူ တမူထူးျခားေသာ အလုပ္မ်ားကို လုပ္ရတတ္သည္။ စီးပြားေရးဆန္ဆန္မဟုတ္ဘဲ လူမႈေရးအလုပ္၊ ပရဟိတအလုပ္၊ အမ်ားအား ကူညီကယ္တင္ရေသာအလုပ္၊ လႉတန္းေပးကမ္းရေသာအလုပ္မ်ားျဖင့္ ထူးထူးခြၽန္ခြၽန္ေပါက္ေျမာက္တတ္ပါသည္။ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေနရာခ်ထားေရး ကဲ့သို႔ေသာအလုပ္မ်ား၌ အားျပဳသင့္ေပသည္။

#(၅)ႂကြင္းေသာသူမ်ားသည္ ဝန္ထမ္းအျဖစ္ အက်ိဳးေပးအားမေကာင္းတတ္ပါ။ မၾကာခဏ အလုပ္ေျပာင္းျခင္း၊ အလုပ္ျပဳတ္ျခင္း၊ မိမိဝင္လုပ္ေသာအလုပ္ ရပ္ဆိုင္း သြားျခင္းမ်ား ႀကဳံရတတ္ေပသည္။ က်န္းမာေရးဆိုင္ရာ၊ ကုသေရးဆိုင္ရာႏွင့္ ေဆးဝါး လုပ္ငန္းမ်ား၊ အသက္ကယ္တင္ေသာလုပ္ငန္းမ်ား၌ စြမ္းစြမ္းတမံ ေအာင္ျမင္တတ္ပါ သည္။ သု႔ိရာတြင္ အဖြဲ႕အသင္း အမ်ားႏွင့္ေပါင္းစု၍လုပ္ျခင္းထက္ တစ္ကိုယ္ေတာ္ ႀကိဳးစားျခင္းက ပို၍ အက်ိဳးေပးတတ္ပါသည္။

#(၆)ႂကြင္းေသာသူမ်ားသည္ ထူးျခားနက္နဲ ဆန္းၾကယ္ေသာအလုပ္မ်ားႏွင့္ အက်ိဳးေပးထက္သန္တတ္ေပသည္။ ဘာသာေရးလုပ္ငန္းမ်ား၊ ေဗဒင္၊ ဂမီ္ၻရ၊ အဓိ႒ာန္ က်င့္စဥ္လုပ္ငန္းမ်ား၊ ေရွးေဟာင္းပစ္ၥည္းရွာေဖြျခင္း၊ ေရေအာက္ထဲမွ ေ႐ႊ၊ ေရနံ၊ ရတနာ၊ ဓာတ္သတ္ၳဳ …စသည့္ပစ္ၥည္းမ်ားရွာေဖြျခင္းအလုပ္မ်ား၌ သူမတူေအာင္ ထူးခြၽန္တတ္ေပသည္။ ေရွးေဟာင္းပစၥည္း၊ ပစၥည္းေဟာင္း၊ အေဆာက္အအုံေဟာင္း ႏွင့္ပတ္သက္ေသာ လုပ္ငန္းမ်ား၌လည္း အက်ိဳးေပးအားေကာင္းတတ္ေပသည္။

#(ဝ)ႂကြင္းေသာသူမ်ားသည္ တစ္ေနရာတည္း၌ ေစာက္ခ်၍လုပ္ကိုင္ရတတ္ ေသာ လုပ္ငန္းမ်ိဳးႏွင့္ အက်ိဳးမေပးတတ္လွပါ။ ကူးသန္းသြားလာေျပာင္းေ႐ႊ႕ေနရေသာ အလုပ္မ်ားႏွင့္ ပို၍ အက်ိဳးေပးတတ္ပါသည္။ ဘိုးဘြားမိဘတို႔၏ လက္ငုပ္လက္ရင္း လုပ္ငန္းမ်ားျဖင့္လည္း ႀကီးပြားခ်မ္းသာတတ္ပါသည္။ အထူးသျဖင့္ မိသားစု၏အလုပ္ ကို ဝိုင္းဝန္းလုပ္ကိုင္ေပးရျခင္း၊ ဆရာသမားႀကီးကဲသူတို႔၏ အလုပ္မ်ားကို ဝိုင္းဝန္း လုပ္ကိုင္ေပးရျခင္းမ်ိဳးျဖင့္ ႀကီးပြားခ်မ္းသာႏိုင္ေပသည္။ အေမြဆက္ခံေသာလုပ္ငန္း မ်ိဳးျဖင့္ အထူးေအာင္ျမင္တတ္ေပသည္။

သေဗၺဓမၼာ

ဇင္ေယာ္နီ

Unicode ျဖင့္ဖတ္ရန္

သင့်ရဲ့အလုပ်ကံက ဘယ်လိုလဲ

လူကြီးသူမတို့သည် ကလေးငယ်များအား “သားသား ကြီးလာရင် ဘာလုပ်မှာလဲ၊ မီးမီး ကြီးလာရင် ဘာလုပ်မှာလဲ …”စသည်ဖြင့် မေးမြန်းလေ့ရှိတတ်၏။ ကလေးငယ်များကလည်း –

“သားသားကြီးလာရင် အင်ဂျင်နီယာကြီးလုပ်မှာ …”

“မီးမီးကြီးလာရင် ဆရာဝန်မကြီးလုပ်မှာ …”

“သားသားကြီးလာရင် လေယာဉ်ပျံကြီး မောင်းမှာ …”

“မီးမီးကြီးလာရင် အဆိုတော်ကြီး လုပ်မှာ …” စသည်ဖြင့် ပြန်၍ပြောလေ့ရှိကြလေ၏။

များသောအားဖြင့် ငယ်စဉ်တောင်ကျေး ကလေးဘဝက ထိုသို့လျှင် စိတ်ကူးထင်ရာ ပြောခဲ့ကြသော ရည်ရွယ်ချက်များအတိုင်း ဖြစ်လာသူများရှိသကဲ့သို့ မဖြစ်လာသူများလည်း ဒုနဲ့ဒေးပါပေ …။

ကျွနု်ပ်၏ ဦးလေးတော်စပ်သူတစ်ဦးမှာမူ ၎င်းအား လူကြီးမိဘတို့က “သားကြီးလာရင် ဘာလုပ်မှာလဲ ..”ဟု မေးလေတိုင်း ၎င်းင်းက –

“ရေခဲမုန့်ရောင်းမယ် …” ဟု ထွေလီကာလီ ပြန်၍ဖြေလေ့ရှိလေ၏။ ၎င်းင်း၏ အဖြေကိုကြားလျှင် လူကြီးမိဘတို့မှာ ဝါးကနဲ ရယ်သူတို့ကလည်း ရယ်ကြ၏။ “ကောင် လေး …ပေါက်တတ်ကရ …”ဟုဆိုကာ ခေါင်းကို ခေါက်သူကလည်း ခေါက်ကြ ၏။

ဆရာဝန်ကြီးဖြစ်လာရန်၊ စစ်ဗိုလ်ကြီးဖြစ်လာရန် ရည်မှန်းပါ့လားဟု လူကြီးများက ဖျောင်းဖျောင်းဖျဖျတိုက်တွန်းလျှင်လည်း ၎င်းင်းကမူ ရေခဲမုန့်ရောင်းစားမယ်ဟူသော အဖြေကိုသာ ပေးမြဲဖြစ်ပါလေတော့၏။

ငယ်စဉ်ဘဝတစ်လျှောက်လုံး ရေခဲမုန့်ရောင်းစားမယ်ဟုသာ တွင်တွင်ကြီးဖြေ ခဲ့သော ကျွနု်ပ်၏ ဦးလေးသည် အချိန်တန်အရွယ်ရောက်သောအခါတွင်မူ သူ၏ရည်း စားကိုအကြောင်းပြုကာ အဖြေပြောင်းသွားခဲ့ပါလေတော့၏။ သူ၏အဖြေမှာ –

“ဌာနဆိုင်ရာတစ်ခုခုမှာဝင်ပြီး အရာရှိကြီးလုပ်မယ် …” ဟု ဖြစ်သွားလေတော့၏။

သူ့ရည်းစား၏မိဘအသိုင်းအဝိုင်းမှာ များသောအားဖြင့် အရာရှိ၊ အရာခံများ ဖြစ်လေ၏။

ထို့ကြောင့် သူတို့၏သမီးကို သာမန်စီးပွားရေးသမား၊ လက်လုပ်လက်စား ဆိုလျှင် လုံး၀ သဘောမတူနိုင်ဘဲ အရာရှိအသိုင်းအဝိုင်းထဲမှသာ ပေးစားမည်ဟု အရပ်ထဲတွင် ကျယ်လောင်စွာ လေသံပစ်ထားလေ၏။

သို့ဖြစ်သောကြောင့်လည်း ကျွနု်ပ်၏ဦးလေးခများ တစ်သက်လုံး ရေခဲမုန့် ရောင်းစားမယ်ဟု တွင်တွင်ကြီးပြောခဲ့ရာမှ နောင်သော် အရာရှိကြီးလုပ်မယ်ဟု ပြောင်း သွားခဲ့ခြင်းဖြစ်ပါလေတော့၏။

အမှန်တကယ်လည်း ကျွနု်ပ်၏ဦးလေးသည် ဘွဲ့ရပြီးသည့်နောက် သစ်တော ဌာနသို့ ဝင်ရောက်ကာ အမှုထမ်းလေ၏။ အရာရှိတစ်ဦး ဖြစ်လာရေးအတွက် သည်း သည်းထန်ထန် ကြိုးပမ်းလေ၏။ ထိုရောအခါ မိဘများကပင် –

“ဟဲ့ ..အကောင်ရဲ့ …၊ ရေခဲမုန့် ရောင်းမစားတော့ဘူးလား …” ဟု ရိသဲ့သဲ့ ပြောလာရလေတော့၏။

၆ နှစ်ခန့်ကြာသောအခါ ကျွနု်ပ်၏ဦးလေးသည် အရာရှိပေါက်စကလေး ဖြစ်လာပြီဖြစ်၏။

သူ အရာရှိပေါက်စကလေးဖြစ်ပြီး နောက်တစ်နေ့မှာပင် အဖမ်းခံရလေတော့၏။ သစ်မှောင်ခိုသမားများနှင့်ပေါင်း၍ တရားမဝင် သစ်များထုတ်သောကိစ်္စတွင် အမှုတွဲ လေသောကြောင့် အလုပ်ပြုတ်သည့်အပြင် ထောင်နန်းစံခဲ့ရလေတော့၏။

သူ့အား အမိန့်မချမီမှာပင် “ငါတို့အမျိုးထဲမှာ အဲဒီလိုမျိုးမရှိဘူးဟေ့ …”ဟု ဆိုကာ ယောက္ခမဖြစ်သူများက သူတို့၏သမီးကို ပြန်သိမ်းသွားခဲ့ပါလေတော့၏။

ကျွနု်ပ်၏ဦးလေးသည် ထောင်မှလွတ်လာပြီးနောက် ပွဲရုံတစ်ခုတွင် စာရေး ဝင်လုပ်လေ၏။ တစ်ပတ်ပြည့်သောနေ့မှာပင် အလုပ်ရှင်နှင့်စကားများကာ ထိုးကြ ကြိတ်ကြသည်အထိဖြစ်ပြီး အလုပ် ပြုတ်လေတော့၏။

နောက်ဆုံးတွင်မူ ကျွနု်ပ်၏ဦးလေးသည် ကြံရာမရဖြစ်ပြီးနောက် ရန်ကုန်သို့ သွားကာ ဟိုတယ်တစ်ခု၌ စားပွဲထိုးကြီးဝင်လုပ်ရင်း ရေခဲမုန့်လုပ်နည်းကို သင်ယူလေ၏။ ပြီးနောက် ဇာတိမြို့ကလေးသို့ပြန်လာကာ ရေခဲမုန့်လုပ်ငန်းကို လုပ်လေ၏။ သူ၏ ရေခဲမုန့်သည် အခြားရေခဲမုန့်များနှင့် အတူတူပင်ဖြစ်သော်လည်း မည်သည့်နေရာတွင် ကွဲပြားသည်မသိ။ စားသုံးရသူအပေါင်းမှာ ပြောမပြတတ်သော အရသာတစ်ခုထူးနေ သည်ဟု ခံစားကြရလေ၏။

ထို့ကြောင့်လည်း အလှူပွဲ၊ မင်္ဂလာပွဲ၊ ဧည့်ခံပွဲများတွင် ဦးလေး၏ရေခဲမုန့်သည် လက်မလည်အောင် ဇာတ်လိုက်ကျော် ဖြစ်ခဲ့ရလေတော့၏။ သူ၏ရေခဲမုန့်အမည်က လည်း ထူးထူးခြားခြားဖြစ်၏။ အရာရှိ၊ အရာခံကိုမှ သဘောကျသည်ဆိုသော သူ့ဇနီး ဟောင်း၏ မိဘအသိုင်းအဝိုင်းများဘက်က စိတ်ကလေးပြန်၍လည်လာလိုလည်လာ ငြား ရေခဲမုန့်အမည်ကို “အရာရှိကြီး”ရေခဲမုန့်ဟု ပေးထားလေ၏။

အမှန်တကယ်လည်း ကျွနု်ပ်၏ဦးလေးသည် ရေခဲမုန့်လောက၌ ဆရာကြီးတစ် ဆူ၊ ဘုရင်ကြီးတစ်ပါး ဖြစ်လာခဲ့လေရာ သူ့ဇနီးဟောင်း၏ အသိုင်းအဝိုင်းကလည်း ရေခဲမုန့်အရာရှိဆိုတော့လည်း ပိုပြီးတော့တောင် ရှားရှားပါးပါး ထူးထူးခြားခြားပဲဟဲ့ဟု သဘောခွေ့တော်မူကာ ၎င်းင်းတို့ဇနီးမောင်နှံအား ကံအကြောင်းဟုတ်လေသောကြောင့် ပြန်ပေါင်းထုပ်စေခဲ့ပါလေတော့၏။

တစ်ချိန်တွင် ကျွနု်ပ်သည် ဗေဒင်ဆရာတစ်ဦးဖြစ်လာသောအခါ လူတို့၌ တစ် ဦးနှင့်တစ်ဦး အလုပ်အကျိုးပေးကံချင်း ကွဲပြားခြားနားသည်ကို ပို၍ပို၍ သိလာခဲ့ရပါ လေတော့၏။ ဗေဒင်ကျမ်းများမှ တွက်ကိန်းအသိများထက် မိမိထံ ဗေဒင်လာမေးသူ များ၏ မျက်မြင်လက်တွေ့ လုပ်ငန်းကိုင်ငန်းအခြေအနေများနှင့် ချိန်ဆမိကာ ပရိသတ် များထံမှရသောပညာကြောင့် ပို၍ပင် သဘောပေါက်လာရပါလေတော့၏။

ထို့ကြောင့်လည်း ချစ်စွာသော စာရှုသူများအတွက် မိမိတို့၏ ဖွားဇာတာကိန်း ခန်းကိုလိုက်၍ ကြုံတွေ့လာနိုင်သော အလုပ်ကံများအကြောင်းကို အဟုတ်အမှန် ရေးသားလိုက်ရပေတော့သတည်း။

#မိမိ၏ မြန်မာမွေးခုနှစ်ကိုတည်၍ ၇ ဖြင့်စားပါ။

#(၁)ကြွင်းသောသူများသည် အလုပ်တစ်ခုတည်းတွင် စွဲစွဲမြဲမြဲ အခြေချလုပ်ကိုင် ခြင်းဖြင့် အကျိုးမပေးတတ်ပါ။ မကြာခဏ အလုပ်ပြောင်းရွှေ့ခြင်း၊ ပေါ်ပင်အလုပ်များ ကိုလုပ်ကိုင်ခြင်း၊ သို့မဟုတ် ကူးသန်းသွားလာ ပြောင်းရွှေ့နေရသောအလုပ်များဖြင့် အကျိုးပေးထက်သန်တတ်ပါသည်။

#(၂)ကြွင်းသောသူများသည် အနုပညာဆိုင်ရာကဲ့သို့ နာမည်ဂုဏ်သတင်း ထင် ပေါ်ကျော်ကြားခြင်းနှင့်ပတ်သက်သည့် အလုပ်များနှင့် အထူးအကျိုးပေးတတ်ပါသည်။ မိမိ၏အလုပ်တွင် ဆရာကြီးတစ်ဆူအဖြစ် အောင်မြင်ထွန်းပေါက်တတ်ပါသည်။ ကိုယ် ပိုင်အကြံဉာဏ်၊ ကိုယ်ပိုင်စီးပွားဖြင့် အထူး ချမ်းသာကြွယ်ဝတတ်ပါသည်။

#(၃)ကြွင်းသောသူများသည် ဝန်ထမ်းကဲ့သို့သောအလုပ်များ၌ အကျိုးပေးထက် သန်တတ်ပါသည်။ ရာထူးဂုဏ်ရှိန်ကြီးခြင်း၊ အလုပ်နှင့်ပတ်သက်၍ ဆုထူး ဘွဲ့ထူး ဂုဏ်ထူးများ ရရှိခြင်း ခံစားရတတ်ပါသည်။ အလုပ်၌ အတက်အကျအပြောင်းအလဲ လည်း မြန်ဆန်တတ်ပါသည်။ ငွေကြေးစီးပွားထက် ရာထူးဂုဏ်ရှိန်ပိုင်းကို ဦးစားပေး သင့်သောဇာတာရှင်များဖြစ်ပါသည်။

#(၄)ကြွင်းသောသူများသည် အများနှင့်မတူ တမူထူးခြားသော အလုပ်များကို လုပ်ရတတ်သည်။ စီးပွားရေးဆန်ဆန်မဟုတ်ဘဲ လူမှုရေးအလုပ်၊ ပရဟိတအလုပ်၊ အများအား ကူညီကယ်တင်ရသောအလုပ်၊ လှူတန်းပေးကမ်းရသောအလုပ်များဖြင့် ထူးထူးချွန်ချွန်ပေါက်မြောက်တတ်ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်နေရာချထားရေး ကဲ့သို့သောအလုပ်များ၌ အားပြုသင့်ပေသည်။

#(၅)ကြွင်းသောသူများသည် ဝန်ထမ်းအဖြစ် အကျိုးပေးအားမကောင်းတတ်ပါ။ မကြာခဏ အလုပ်ပြောင်းခြင်း၊ အလုပ်ပြုတ်ခြင်း၊ မိမိဝင်လုပ်သောအလုပ် ရပ်ဆိုင်း သွားခြင်းများ ကြုံရတတ်ပေသည်။ ကျန်းမာရေးဆိုင်ရာ၊ ကုသရေးဆိုင်ရာနှင့် ဆေးဝါး လုပ်ငန်းများ၊ အသက်ကယ်တင်သောလုပ်ငန်းများ၌ စွမ်းစွမ်းတမံ အောင်မြင်တတ်ပါ သည်။ သု့ိရာတွင် အဖွဲ့အသင်း အများနှင့်ပေါင်းစု၍လုပ်ခြင်းထက် တစ်ကိုယ်တော် ကြိုးစားခြင်းက ပို၍ အကျိုးပေးတတ်ပါသည်။

#(၆)ကြွင်းသောသူများသည် ထူးခြားနက်နဲ ဆန်းကြယ်သောအလုပ်များနှင့် အကျိုးပေးထက်သန်တတ်ပေသည်။ ဘာသာရေးလုပ်ငန်းများ၊ ဗေဒင်၊ ဂမီ်္ဘရ၊ အဓိဋ္ဌာန် ကျင့်စဉ်လုပ်ငန်းများ၊ ရှေးဟောင်းပစ်္စည်းရှာဖွေခြင်း၊ ရေအောက်ထဲမှ ရွှေ၊ ရေနံ၊ ရတနာ၊ ဓာတ်သတ်္ထု …စသည့်ပစ်္စည်းများရှာဖွေခြင်းအလုပ်များ၌ သူမတူအောင် ထူးချွန်တတ်ပေသည်။ ရှေးဟောင်းပစ္စည်း၊ ပစ္စည်းဟောင်း၊ အဆောက်အအုံဟောင်း နှင့်ပတ်သက်သော လုပ်ငန်းများ၌လည်း အကျိုးပေးအားကောင်းတတ်ပေသည်။

#(ဝ)ကြွင်းသောသူများသည် တစ်နေရာတည်း၌ စောက်ချ၍လုပ်ကိုင်ရတတ် သော လုပ်ငန်းမျိုးနှင့် အကျိုးမပေးတတ်လှပါ။ ကူးသန်းသွားလာပြောင်းရွှေ့နေရသော အလုပ်များနှင့် ပို၍ အကျိုးပေးတတ်ပါသည်။ ဘိုးဘွားမိဘတို့၏ လက်ငုပ်လက်ရင်း လုပ်ငန်းများဖြင့်လည်း ကြီးပွားချမ်းသာတတ်ပါသည်။ အထူးသဖြင့် မိသားစု၏အလုပ် ကို ဝိုင်းဝန်းလုပ်ကိုင်ပေးရခြင်း၊ ဆရာသမားကြီးကဲသူတို့၏ အလုပ်များကို ဝိုင်းဝန်း လုပ်ကိုင်ပေးရခြင်းမျိုးဖြင့် ကြီးပွားချမ်းသာနိုင်ပေသည်။ အမွေဆက်ခံသောလုပ်ငန်း မျိုးဖြင့် အထူးအောင်မြင်တတ်ပေသည်။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

သင့္ နာဖူး ပုံစံေလးေတြက ေျပာေနေသာ သင့္အေၾကာင္း
ASTROLOGY
သင့္ နာဖူး ပုံစံေလးေတြက ေျပာေနေသာ သင့္အေၾကာင္း

သင့္ နာဖူး ပုံစံေလးေတြက ေျပာေနေသာ သင့္အေၾကာင္း ၁။ သင္က ႏွာဖူး က်ယ္ေနတယ္ဆိုရင္။ လူအမ်ားနဲ႔ ေပါင္းသင္း ဆက္ဆံရတာကို ႏွစ္သက္တယ္။ ဉာဏ္ရည္ ထက္ျမက္ၿပီး နားလည္ မႈ ရွိတယ္ ဆိုတာ ကိုလည္း ေဖာ္ျပေနတယ္။ လူအမ်ားက သင့္ကို ႏွစ္သက္ၾကတယ္။ အမ်ား အားျဖင့္ ေတာ့ လူႀကီး ေတြေပါ့။ ၂။ သင္က နာဖူး က်ဥ္းေနတယ္ ဆိုရင္။ တစ္ကိုယ္တည္း ေနထိုင္ရတာကို ႀကိဳက္တယ္။ အရာရာတိုင္းမွာ သူမ်ားနဲ႔ မတူတဲ့ ထင္ျမင္ ခ်က္ ေတြ ရွိတယ္။ သင့္ ဘဝကို ကိုယ့္နည္း ကိုယ္ဟန္နဲ႔ ေနထိုင္ ရတာကို …

စေနသားသမီးမ်ားအတြက္ ဘဝတစ္သက္စာေဟာစာတမ္းႏွင့္ ယၾတာမ်ား
ASTROLOGY
စေနသားသမီးမ်ားအတြက္ ဘဝတစ္သက္စာေဟာစာတမ္းႏွင့္ ယၾတာမ်ား

မိမိတို႔ရဲ႕ အသက္အပိုင္းျခားကို ၾကည့္ၿပီး အေဟာကို ဖတ္ပါေလ။ ညံ့တဲ့ႏွစ္ေတြမွာ ေခ်ရမယ့္ ယၾတာကိုပါ ေဖာ္ျပေပးထားပါတယ္။ ေကာင္းတဲ့ ႏွစ္ေတြမွာလည္း ေကာင္းသထက္ ေကာင္းေစဖို႔ ေခ်ရမယ့္ ယၾတာေတြကိုလည္း ေဖာ္ျပေပးလိုက္ပါတယ္။စေနသားသမီးျဖစ္ေသာသင္သည္။ အသက္…၁၊၉၊၁၇၊၂၅၊၃၃၊၄၁၊၄၉၊၅၇၊၆၅၊၇၃၊၈၁၊ ၈၉၊၉၇၊၁၀၅ ႏွစ္အတြင္း၌ စေန သက္ေရာက္ျဖစ္၏…။သင္သည္ယခုႏွစ္အတြင္ အလုပ္ေနရာ အိမ္ေနရာအသစ္ရျခင္၊ေနရာထိုင္ျခင္း၊မြမ္းမံရျခင္း၊ေျပာင္းေ႐ႊရျခင္းမ်ားႀကံဴရတတ္၏။ခရီးတို၊ခရီးရွည္မ်ား သြားေနရလိမ့္မည္။ထိုခရီးမ်ားသည္လဲ သင့္အတြက္အက်ိဳးထူးေစပါလိမ့္မည္။ မထင္မွတ္ဘဲ ပညာတစ္ခုသင္ၾကားရျခင္း၊သင္တန္းတစ္ခုတက္ရျခင္းမ်ားျပဳရတတ္၏။မရည္႐ြယ္ဘဲ ေျမဝင္တတ္၏။အလုပ္အကိုင္၌ ထိခိုက္တတ္၏။ျပသနာႀကီးစြာေျဖရွင္းရတတ္၏။ ႐ုံးျပင္ကႏၷား၊အမႈအခင္းမ်ားႏွင့္ပတ္သက္ရတတ္၏။မိမိႏွင့္တကြ မိသားစုပါ က်န္းမာေရးညံ့တက္၏။ေဆး႐ုံ၊ေဆးခန္းေရာက္ရတတ္၏။မီး၊လွ်ပ္စစ္ ဒုကၡေပးတတ္၏။အထူးသတိျပဳပါ။ လူမ်ိဳးျခား ဒုကၡေပးတတ္၏။ ေ႐ြႏွင့္ရတနာပစၥည္းမ်ား ထြက္ျခင္း၊ေပါင္ႏွံရျခင္းမ်ား ႀကဳံရတတ္၏။ သားသမီးလက္ေအာက္ငယ္သားႏွင့္ ပက္သတ္ၿပီး စိတ္ညစ္စရာ ႀကဳံရမည္။စက္ပစၥည္း ဒုကၡေပးတတ္၏။ေငြဒလေဟာ ထြက္ျခင္း၊ေငြအတြက္ေျပာဆိုေျဖရွင္းရျခင္းမ်ား ႀကဳံရမည္။ မထင္မွတ္ေသာ ေဆြမ်ိဳးသားခ်င္းကအကူအညီေကာင္းေပးလာလိမ့္မည္။သစ္၊သံ၊သြပ္ကိစၥမ်ား၊ေရတြက္ကုန္ပစၥည္းကိစၥမ်ား ေအာင္ျမင္အက်ိဳးေပးလိမ့္မည္။ဌာနဆိုင္ရာ အႀကီးအကဲ၊ေဆြမ်ိဳးအႀကီးအကဲတို႔က အကူအညီေကာင္းေပးလိမ့္မည္။က်န္းမာေရးညံ့ေသာ …

(၂ဝ၂ဝ)ျပည့္ခုႏွစ္ စေနသားသမီမ်ားအတြက္ တစ္ႏွစ္စာေဟာစာတမ္း
ASTROLOGY
(၂ဝ၂ဝ)ျပည့္ခုႏွစ္ စေနသားသမီမ်ားအတြက္ တစ္ႏွစ္စာေဟာစာတမ္း

(၂ဝ၂ဝ)ျပည့္ခုႏွစ္ စေနသားသမီမ်ားအတြက္ တစ္ႏွစ္စာေဟာစာတမ္း ယခုႏွစ္တြင္မိမိလက္ရွိလုပ္ကိုင္ေနေသာအလုပ္အကိုင္မွာအက်ိဳး အျမတ္ထူးထူးျခားျခား ရရွိပါလိမ့္မည္။ အလႉ အတန္းျပဳရျခင္းႏွင့္ မဂၤလာပြဲမ်ား စီစဥ္ေပးရျခင္းမ်ား ျပဳလုပ္ရတတ္သည္။ အလုပ္ေနရာ အိမ္ေနရာ ေျပာင္းေ႐ႊ႕ရတတ္ျခင္း ေ႐ႊဝင္မည္ ရတနာပစၥည္းမ်ားဝင္မည္။ စပ္တူရွယ္ယာ လုပ္ငန္းမ်ား ေပၚလာလိမ့္မည္ လုပ္လွ်င္ေအာင္ျမင္၍ ကိုယ္ပိုင္လုပ္ငန္းျဖစ္ေစ၊ ဝန္ထမ္းျဖစ္ေစႀကီးပြားတိုးတက္ေအာင္ျမင္မည့္ ကာလႏွစ္ျဖစ္သည္ …။ မိမိအလိုဆႏၵ ျပည့္ဝႏိုင္ရန္ မိမိကိုယ္တိုင္ကိုယ္က် စီမံခန႔္ခြဲၿပီး လုပ္ငန္းလုပ္ကိုင္ရမည္။မိတ္သဂၤဟအေႁခြအရံမ်ား ေပါမ်ားလာေအာင္ လူမႈေရးကိစၥမ်ားလုပ္ပါ။ အမ်ားေလးစားၾကည္ညိဳ ခံရတတ္ၿပီးဘဝ အထြဠ္အထိပ္ကို ေရာက္ရွိပါမည္။ အဝိစီ၊ ေရတြင္း၊ ေရကန္ကိစၥ မ်ား ေဆာင္႐ြက္လွ်င္ ေအာင္ျမင္မည္။ အဖိုးတန္ယာဥ္ေတြ၊ စက္ေတြ ဝင္လာမည္။ ဘုရာဖူးခရီး၊ စိတ္ခ်မ္းသာဖြယ္ခရီးေတြလည္း သြားရတတ္ပါသည္ …။ ယခုႏွစ္တြင္ စေနသားသမီးမ်ား …