" ဘုရားကို စီးပွားတက်ချင်လို့ ကိုးကွယ်တယ်ဆိုရင် သရဏဂုံ မမြောက်ဘူး။ " - SANTHITSA

” ဘုရားကို စီးပွားတက်ချင်လို့ ကိုးကွယ်တယ်ဆိုရင် သရဏဂုံ မမြောက်ဘူး။ “

" ဘုရားကို စီးပွားတက်ချင်လို့ ကိုးကွယ်တယ်ဆိုရင် သရဏဂုံ မမြောက်ဘူး။ "
RELIGIOUS

” ဘုရားကို စီးပွားတက်ချင်လို့ ကိုးကွယ်တယ်ဆိုရင် သရဏဂုံ မမြောက်ဘူး။ “

အခုခေတ်မှာ ဆိုလို့ရှိရင် မြတ်စွာဘုရား ရုပ်တုဆင်းတုတော် အိမ်မှာကိုးကွယ်ထားတယ်။ ဘာရည်ရွယ်ချက်နဲ့ ကိုးကွယ်တာတုန်းဆို အဆုံးအမရလို့ ကျေးဇူးတင်တဲ့အနေနဲ့ ကိုးကွယ်တာ။ မြတ်စွာဘုရားက သက်တော်ထင်ရှား မရှိတော့ ကိုယ်စားရုပ်ပွား ဆင်းတုတော်ကို ကိုးကွယ်တယ်။

မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို ရရှိလို့ ကျေးဇူးတင်တဲ့အနေနဲ့ ဘုရားဂုဏ်ကို အာရုံပြုဖို့ ကိုးကွယ်တာပဲ ဖြစ်ရမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဒီရုပ်ပွားဆင်းတုတော်ကို ကိုးကွယ်ထားခြင်းဖြင့် တို့အိမ်မှာ စီးပွားဥစ္စာတွေ တိုးတက်တယ်၊ ဒီလိုယုံကြည်ပြီး ကိုးကွယ်လို့ရှိရင် မှားယွင်းမှာပဲ။

ဒီဘုရားကိုးကွယ်ထားရင် မီးကွင်းတယ်၊ မီးမလောင်ဘူးဆိုပြီး ကိုးကွယ်တာလည်း ရှိတယ်။ ဒါတွေက မှန်ကန်တဲ့ ရည်ရွယ်ချက်တွေ မဟုတ်ဘူး။ သရဏဂုံ ယူတဲ့အခါမှာ ဗုဒ္ဓံ သရဏံ ဂစ်ဆာမိ ဘုရားကို ကိုးကွယ်ပါ၏ လို့ ဆိုရတယ်။ ဒီလို သရဏဂုံ ယူတဲ့အခါမှာ ရည်ရွယ်ချက်က ဘုရား၏ အဆုံးအမ ကို ခံယူချင်တာသာ ဖြစ်တယ်။

ဘုရားကို မကိုးကွယ်လို့ရှိရင် ဘေးရန်အန္တရာယ်ဖြစ်မှာ ကြောက်တယ် (သို့မဟုတ် ) ပတ်ဝန်းကျင်က ကဲ့ရဲ့မှာ ကြောက်တယ်။ အဲဒီလို ကြောက်လို့ ကိုးကွယ်တာမျိုးကျတော့ သရဏဂုံ မမြောက်ဘူး။

ဘုရားကို ကိုးကွယ်မှ စီးပွားဥစ္စာ တိုးတက်မယ်လို့ယူဆပြီး စီးပွားဥစ္စာတိုးတက်ချင်လို့ ကိုးကွယ်လို့ရှိရင်လည်း သရဏဂုံ မမြောက်ဘူး။ တို့ဆွေတို့မျိုးတွေ မိသားစုတွေက ကိုးကွယ်တဲ့ဘုရား လို့ ဆိုပြီးတော့ မိသားစု သံရောဇဉ်နဲ့ ကိုးကွယ်လို့ ရှိရင်လည်း သရဏဂုံ မမြောက်ဘူး။ ဒါတွေ မပါစေရဘူး။

မြတ်စွာဘုရားဟာ လောကမှာ တကယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ ပါရမီဆယ်ပါး၊ အပြားသုံးဆယ်၊ စရိယသုံးပါး၊ စွန့်ခြင်းကြီးငါးပါး ဖြည့်ကျင့်ပြီးတော့ သတ္တဝါတွေအကျိုး အလို့ငှါ ပါရမီတွေ ဖြည့်ကျင့်ပြီးလို့ ဘုရားအဖြစ်ကို ရောက်လာပြီးတော့ အမှန်တရားကိုဟောကြားတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်တယ်။

ဒီပုဂ္ဂိုလ်ရဲ့ အရည်အချင်းတွေ အင်မတန်မှ မြင့်မြတ်တယ်။ ထိုအရည်အချင်းတွေကို ပူဇော်တဲ့ အနေနဲ့ ကိုးကွယ်တယ်ဆိုမှ ကိုးကွယ်မှု မြောက်တယ်။ အဲဒီလို ကိုးကွယ်မှ ကိုယ်နေ့စဉ်ဆိုနေတဲ့ ဗုဒ္ဓံ သရဏံ ဂစ်ဆာမိ ဆိုတာ ပိုပြီးတော့ အဓိပ္ပါယ်ရှိတယ်။

အဲဒါမှ တကယ့် သရဏဂုံတည်တဲ့ မဟာကုသိုလ်စိတ်လို့ ခေါ်တယ်။ အဲဒီ မဟာကုသိုလ်စိတ်နဲ့ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးကို ကိုးကွယ်ဆည်းကပ်လို့ ရလာတဲ့ ကုသိုလ်စေတနာတွေကမှ လူချမ်းသာကိုလည်း ပေးနိူင်တယ်၊နတ်ချမ်းသာကိုလည်း ပေးနိူင်တယ်။

ပါမောက္ခချုပ် ဆရာတော်ကြီး၏ သုံးပါးရတနာ ကိုးကွယ်ရာ တရားတော်မှ

#ပါချုပ်ဆရာတော် #တရားမှတ်စု

Zawgyi

” ဘုရားကို စီးပြားတက္ခ်င္လို႔ ကိုးကြယ္တယ္ဆိုရင္ သရဏဂုံ မေျမာက္ဘူး။ “

အခုေခတ္မွာ ဆိုလို႔ရွိရင္ ျမတ္စြာဘုရား ႐ုပ္တုဆင္းတုေတာ္ အိမ္မွာကိုးကြယ္ထားတယ္။ ဘာရည္႐ြယ္ခ်က္နဲ႔ ကိုးကြယ္တာတုန္းဆို အဆုံးအမရလို႔ ေက်းဇူးတင္တဲ့အေနနဲ႔ ကိုးကြယ္တာ။ ျမတ္စြာဘုရားက သက္ေတာ္ထင္ရွား မရွိေတာ့ ကိုယ္စား႐ုပ္ပြား ဆင္းတုေတာ္ကို ကိုးကြယ္တယ္။

ျမတ္စြာဘုရားရဲ႕ အဆုံးအမေတြကို ရရွိလို႔ ေက်းဇူးတင္တဲ့အေနနဲ႔ ဘုရားဂုဏ္ကို အာ႐ုံျပဳဖို႔ ကိုးကြယ္တာပဲ ျဖစ္ရမယ္။ အဲဒီလို မဟုတ္ဘဲနဲ႔ ဒီ႐ုပ္ပြားဆင္းတုေတာ္ကို ကိုးကြယ္ထားျခင္းျဖင့္ တို႔အိမ္မွာ စီးပြားဥစၥာေတြ တိုးတက္တယ္၊ ဒီလိုယုံၾကည္ၿပီး ကိုးကြယ္လို႔ရွိရင္ မွားယြင္းမွာပဲ။

ဒီဘုရားကိုးကြယ္ထားရင္ မီးကြင္းတယ္၊ မီးမေလာင္ဘူးဆိုၿပီး ကိုးကြယ္တာလည္း ရွိတယ္။ ဒါေတြက မွန္ကန္တဲ့ ရည္႐ြယ္ခ်က္ေတြ မဟုတ္ဘူး။ သရဏဂုံ ယူတဲ့အခါမွာ ဗုဒၶံ သရဏံ ဂစ္ဆာမိ ဘုရားကို ကိုးကြယ္ပါ၏ လို႔ ဆိုရတယ္။ ဒီလို သရဏဂုံ ယူတဲ့အခါမွာ ရည္႐ြယ္ခ်က္က ဘုရား၏ အဆုံးအမ ကို ခံယူခ်င္တာသာ ျဖစ္တယ္။

ဘုရားကို မကိုးကြယ္လို႔ရွိရင္ ေဘးရန္အႏၲရာယ္ျဖစ္မွာ ေၾကာက္တယ္ (သို႔မဟုတ္ ) ပတ္ဝန္းက်င္က ကဲ့ရဲ႕မွာ ေၾကာက္တယ္။ အဲဒီလို ေၾကာက္လို႔ ကိုးကြယ္တာမ်ိဳးက်ေတာ့ သရဏဂုံ မေျမာက္ဘူး။

ဘုရားကို ကိုးကြယ္မွ စီးပြားဥစၥာ တိုးတက္မယ္လို႔ယူဆၿပီး စီးပြားဥစၥာတိုးတက္ခ်င္လို႔ ကိုးကြယ္လို႔ရွိရင္လည္း သရဏဂုံ မေျမာက္ဘူး။ တို႔ေဆြတို႔မ်ိဳးေတြ မိသားစုေတြက ကိုးကြယ္တဲ့ဘုရား လို႔ ဆိုၿပီးေတာ့ မိသားစု သံေရာဇဥ္နဲ႔ ကိုးကြယ္လို႔ ရွိရင္လည္း သရဏဂုံ မေျမာက္ဘူး။ ဒါေတြ မပါေစရဘူး။

ျမတ္စြာဘုရားဟာ ေလာကမွာ တကယ္ျမင့္ျမတ္တဲ့ ပုဂၢိဳလ္ျဖစ္တယ္၊ ပါရမီဆယ္ပါး၊ အျပားသုံးဆယ္၊ စရိယသုံးပါး၊ စြန္႔ျခင္းႀကီးငါးပါး ျဖည့္က်င့္ၿပီးေတာ့ သတၱဝါေတြအက်ိဳး အလို႔ငွါ ပါရမီေတြ ျဖည့္က်င့္ၿပီးလို႔ ဘုရားအျဖစ္ကို ေရာက္လာၿပီးေတာ့ အမွန္တရားကိုေဟာၾကားတဲ့ ပုဂၢိဳလ္ထူး ပုဂၢိဳလ္ျမတ္ျဖစ္တယ္။

ဒီပုဂၢိဳလ္ရဲ႕ အရည္အခ်င္းေတြ အင္မတန္မွ ျမင့္ျမတ္တယ္။ ထိုအရည္အခ်င္းေတြကို ပူေဇာ္တဲ့ အေနနဲ႔ ကိုးကြယ္တယ္ဆိုမွ ကိုးကြယ္မႈ ေျမာက္တယ္။ အဲဒီလို ကိုးကြယ္မွ ကိုယ္ေန႔စဥ္ဆိုေနတဲ့ ဗုဒၶံ သရဏံ ဂစ္ဆာမိ ဆိုတာ ပိုၿပီးေတာ့ အဓိပၸါယ္ရွိတယ္။

အဲဒါမွ တကယ့္ သရဏဂုံတည္တဲ့ မဟာကုသိုလ္စိတ္လို႔ ေခၚတယ္။ အဲဒီ မဟာကုသိုလ္စိတ္နဲ႔ ျမတ္စြာဘုရား ကိုယ္ေတာ္ျမတ္ႀကီးကို ကိုးကြယ္ဆည္းကပ္လို႔ ရလာတဲ့ ကုသိုလ္ေစတနာေတြကမွ လူခ်မ္းသာကိုလည္း ေပးႏိူင္တယ္၊နတ္ခ်မ္းသာကိုလည္း ေပးႏိူင္တယ္။

ပါေမာကၡခ်ဳပ္ ဆရာေတာ္ႀကီး၏ သုံးပါးရတနာ ကိုးကြယ္ရာ တရားေတာ္မွ

#ပါခ်ဳပ္ဆရာေတာ္ #တရားမွတ္စု

"ငရဲသားသည် ငရဲမီးထဲ၌ အဘယ်ကြောင့် လောင်ကျွမ်းမသွားသနည်း"
RELIGIOUS
“ငရဲသားသည် ငရဲမီးထဲ၌ အဘယ်ကြောင့် လောင်ကျွမ်းမသွားသနည်း”

“ငရဲသားသည် ငရဲမီးထဲ၌ အဘယ်ကြောင့် လောင်ကျွမ်းမသွားသနည်း” မင်း ; ; ” အရှင်နာဂသေနဘုရား – ပကတိ ( သာမန် ) မီးထက် ငရဲမီးသည် လွန်လွန်မင်းမင်း အပူရှိန် ပြင်းလှ၏။ ပကတိမီးထဲ၌ ပစ်ချထားသော ကျောက်ခဲကလေးသည် တစ်နေ့လုံး ပူလောင်နေသော်လည်း ကြေညက် မသွားနိုင်ပေ။ အိမ်လုံးလောက်ရှိသော ကျောက်တုံးကြီးကို ငရဲမီးထဲ ပစ်ချလိုက်ပါမူကား တစ်ခဏချင်းပင် ကြေညက်သွားနိုင်၏ ဟု အရှင်ဘုရားတို့ မိန့်ဆို ကြပါကုန်၏။ ထိုစကားကို တပည့်တော် မယုံနိုင်ပါ။ ထို့ပြင်လည်း ငရဲသို့ ကျရောက်ကုန်သော သတ္တဝါတို့သည် နှစ်ပေါင်း ထောင်ပေါင်းများစွာ ငရဲမီး၌ အလောင်အကျွမ်း ခံနေကြရသော်လည်း ကြေညက် မသွားကြကုန် …

မြတ်စွာဘုရားရှင်၊ ရဟန္တာများ နှင့် အရိုးကွင်းဆက်များ အကြောင်း
RELIGIOUS
မြတ်စွာဘုရားရှင်၊ ရဟန္တာများ နှင့် အရိုးကွင်းဆက်များ အကြောင်း

မြတ်စွာဘုရားရှင်၊ ရဟန္တာများ နှင့် အရိုးကွင်းဆက်များ အကြောင်း မြတ်စွာဘုရားရှင်၏ အရိုးကွင်းဆက်တော်များ အကြောင်း ဖူးမျှော် ဖတ်ရှုနိုင်ပါသည်။ “လူသားတွေရဲ့ အရိုးတစ်ခုနဲ့တစ်ခုဆက်ပုံက “ကွင်းဆက် ချိတ်ဆက် တေ့ဆက် လို့ သုံးမျိုးရှိပါတယ်။ အမြင့်မြတ်ဆုံး လူသားတွေရဲ့ အရိုးက “ကွင်းဆက်” ဖြစ်ပြီး အလယ်အလတ်မြင့်မြတ်သူတွေရဲ့ အရိုးက” ချိတ်ဆက် ဖြစ်ပါတယ်။ သာမန် မြင့်မြတ်သူတွေနဲ့ ရိုးရိုးလူသားတွေရဲ့ အရိုးကတော့ “တေ့ဆက် တွေချည်းပါ။ အမြင့်မြတ်ဆုံးလူသားတွေဆိုတာ သစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်လဲသိ ကျွတ်ထိုက်သမျှ ဝေနေယျတွေကိုလည်း သိအောင်ဟောပြောညွှန်ပြတော်မူနိုင်တဲ့ “သမ္မာ သမ္ဗုဒ္ဓ ဘုရားရှင်” တွေပါ။ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်အားလုံးရဲ့ အရိုးတော်တွေဟာ တစ်ခုနဲ့တစ်ခု ” ကွင်းဆက် “ဆက်နေကြပါတယ်။ …

အပါယ်တံခါး ပိတ်ချင်ရင်
RELIGIOUS
“အပါယ်တံခါး ပိတ်ချင်ရင်”

“အပါယ်တံခါး ပိတ်ချင်ရင်” အပါယ်တံခါးပိတ်ချင်ရင် ဘယ်လိုလုပ်ရမလဲ။ အပါယ်တံခါးပိတ်ဖို့အတွက် ဘာလုပ်ရမလဲ။ ဘာနဲ့မှ အပါယ်တံခါး ပိတ်လို့ရမလဲ။ ဒီနေရာမှာ စဉ်းစားရမယ်၊ ကုသိုလ်ကောင်းမှုလုပ်ပြီး အပါယ်က လွတ်သွားတဲ့ ပုဂ္ဂိုလ်တွေ မရှိနိုင်ဘူးလား။ ဆိုပါစို့ . . . ဒါနကောင်းမှု လုပ်တယ်၊ သီလ စောင့်တည်တယ်၊ ကမဋ္ဌာန်းဘာဝနာ ပွားများအားထုတ်တယ်… သို့သော် သောတာပန်ဆိုတဲ့ အဆင့်မရောက်ဘူး။ အဲဒီ ပုဂ္ဂိုလ် အပါယ်မလွတ်ဘူးလားလို့ ပြောရင် လွတ်နိုင်ပါတယ်လို့ပဲ ဖြေရမယ်။ သို့သော် အာမခံချက်တော့ မရှိဘူး။ “အပဋ္ဌာန်ပါဋ္ဌိတော်” မှာဆိုရင် အမျိုးကောင်းသား တစ်ယောက်ဟာ ဘုရားတစ်ဆူကို “ပန်းပွင့်လေး တစ်ပွင့်” လှူ လိုက်တာနဲ့ (၉၁)ကမ္ဘာ အပါယ်မလားဘဲနဲ့ နောက်ဆုံးကျတော့ …