"အော်ဂဲနစ် စိုက်ပျိုးရေးမှာ အပင်တွေ ပိုးမကျအောင် ဘာဆေးသုံးသလဲ" - SANTHITSA

“အော်ဂဲနစ် စိုက်ပျိုးရေးမှာ အပင်တွေ ပိုးမကျအောင် ဘာဆေးသုံးသလဲ”

"အော်ဂဲနစ် စိုက်ပျိုးရေးမှာ အပင်တွေ ပိုးမကျအောင် ဘာဆေးသုံးသလဲ"
KNOWLEDGE

“အော်ဂဲနစ် စိုက်ပျိုးရေးမှာ အပင်တွေ ပိုးမကျအောင် ဘာဆေးသုံးသလဲ”

ကျနော်မနေ့က တင်ခဲ့တဲ့ တိုင်ထောင်ပဲသီးတွေ တလှေကြီးသီးနေတဲ့အခင်းကို အပင်ငယ်ငယ်က ဆေးရွက်ကြီး+ငြုတ်သီး+ အရက် ရောထားတဲ့ ပိုးသတ်ဆေးတကြိမ်သာဖြန်းလိုက်ရပါတယ်။ အခုပြထားတဲ့ ကန့်လန်ဆိုင် ဟင်းရွက်ခင်းမှာလည်း ငယ်စဉ်က အပင် ၂ ပင် ၃ ပင်လောက် ပိုးစကျစဉ်မှာ အဲဒီ အော်ဂဲနစ်ဆေးရည်ဘဲ တကြိမ်ဖျန်းဖူးပါတယ်။

အခုသွားကြည့်တော့ သန်လိုက်တဲ့ အရွက်တွေ၊ ပိုးကျတာလည်း တပင်မှ မတွေ့ရပါ။ ဖရန့် တယောက်က ဆေးဖေါ်နည်းကို ပိုစ့်တခု သပ်သပ်တင်ပေးပါဆိုလို့ အောက်မှာ ဖေါ်ပြပေးလိုက်ပါတယ်။

"အော်ဂဲနစ် စိုက်ပျိုးရေးမှာ အပင်တွေ ပိုးမကျအောင် ဘာဆေးသုံးသလဲ"1

သဘာဝပိုးသတ်ဆေးများဖြင့် ကာကွယ်ခြင်း

အပင်၊ တိရစ္ဆာန်နှင့် တွင်းထွက်ပစ္စည်းများမှရရှိသော သဘာဝဆေးများဖြင့် အပင်ရောဂါနှင့် ပိုးမွှား များကို ကာကွယ်နိုင်ပါသည်။ ပိုးများကို တိုက်ရိုက်သတ်ခြင်းထက် ၎င်းတို့၏ ဖျက်စီးနိုင်စွမ်းကို လျှော့ကျစေခြင်းဖြစ်သည်။ ဖျက်ပိုး၏ ဇီဝကမ္မပြောင်းလဲမှုကို ပျက်ပြားစေခြင်းဖြင့် ဖျက်ပိုးဦးရေကို လျှော့ချစေနိုင်သည်။

အော်ဂဲနစ်ပိုးသတ်ဆေးများ၏ အကျိုးကျေးဇူး

ပိုးမျိုးစုံကို ကာကွယ်နိုင်သည်။ မိတ်ဆွေပိုးများကို မထိခိုက်ပါ။ သီးနှံများအပေါ် အဆိပ်ဓါတ်ကြွင်းများ မကျန်ပါ။ ပတ်ဝန်းကျင်အဆိပ်သင့်မှု မရှိပါ။ သီးနှံပင်များကို မထိခိုက်ပါ။ သီးနှံပင်ကြီးထွားမှုကို အထောက်အကူပြုသည်။ ပိုးဖျက်စီးမှုသက်သာ၍ သီးနှံအထွက် ပိုရနိုင်သည်။ သုံးစွဲရလွယ်ကူ၍ ကုန်ကျစရိတ်သက်သာသည်။

1.”ငရုတ်သီးပိုးသတ်ဆေးရည်”

လိုအပ်သောပစ္စည်းများ

၁။ ငရုတ်သီး (စို/ခြောက်) – ၃၀ ကျပ်သား ၂။ အရက်ဦးရည် – ၂ လီတာ ၃။ ရေ – ၄ လီတာ

ပြုလုပ်ပုံ

ငရုတ်သီးများကို ရေ (၄) လီတာဖြင့်ရောကာ မီးအေးအေးဖြင့် (၁) နာရီကြာ ပြုတ်ပါ။ ပြုတ်ပြီးသား ငရုတ်သီးအရည်ကို ရေ (၂၀) လီတာ ထည့်ထားသောအိုးတွင် ထည့်ပါ။ ထို့နောက် အရက်ဦးရည်ကို (၂) လီတာကို ရောထည့်ပါ။ မွှေပေးပါ။ အဝတ်ပါးပါးဖြင့် ဖုံးအုပ်ပေးပြီး အေးမြခြောက်သွေ့သည့် အရိပ်အောက်တွင် ထားရှိပါ။

တစ်နေ့တစ်ကြိမ် မွှေပေးပါ။ (၇)ရက် ပြည့်ပြီးနောက် အနည်အနှစ်များကို စစ်ထုတ်ပြီး အရည်ကိုသာသုံးပါ။ (၃)လခန့် သိုလှောင်နိုင်သည်။

ဆေးဖျန်းရန်နှုန်းထား : : ဆေးရည် (၁)ဆနှင့် ရေ (၅၀၀)ဆ

ကာကွယ်နိုင်သော ဖျက်ပိုးများ : : မွှား၊ ပျ၊ လှေး၊ ပုရွက်ဆိတ်၊ ယင်ဖြူ၊ ကျိုင်း၊ ပင်စည်ထိုးပိုး၊ ဖလံကောင်အဆင့်၊ ခရု

"အော်ဂဲနစ် စိုက်ပျိုးရေးမှာ အပင်တွေ ပိုးမကျအောင် ဘာဆေးသုံးသလဲ"2

2. ” ဆေးရွက်ကြီး ပိုးသတ်ဆေးရည် “

လိုအပ်သောပစ္စည်းများ

ဆေးရွက်ကြီး – ၂၈ ကျပ်သား။ ရေ – ၄ ဂါလံ။ ဆပ်ပြာ – ၂ ကျပ်သား

ပြုလုပ်ပုံ

ရေ (၄)ဂါလံကို မြေအိုးဖြင့် တည်ပါ။ ၎င်းထဲသို့ ဆေးရွက် ရွက်ကြီး (၂၈)ကျပ်သားထည့်၍ ကျိုပါ။ ပါးပါးလှီးထားသည့် ဆပ်ပြာ(၂) ကျပ်သားကို ထပ်မံထည့်၍ ကျိုချက်ပါ။ ဆပ်ပြာပျော်ဝင်ပြီးချိန်တွင် အအေးခံ၍ ပိတ်ပါးစဖြင့်စစ်ပါ။ ဓါတုဆေးနှင့် ချွတ်ဆေးများပါဝင်သည့် ဆပ်ပြာမှုန့်များ သုံးစွဲပါက အပင်ကို လောင်ကျွမ်းစေနိုင်သည်။

ဆေးဖျန်းရန်နှုန်းထား : : ဆေးရည် (၁)ဆ နှင့် ရေ(၂)ဆ

ကာကွယ်နိုင်သော ဖျက်ပိုးများ : : ပျ၊ ခူ၊ လှေး၊ မွှား၊ ကျိုင်း၊ စုပ်စားပိုး၊ ပင်စည်/ ရွက်ထွင်း/ အစေ့ထိုးပိုး

3. ” တမာပိုးသတ်ဆေးရည် “

လိုအပ်သောပစ္စည်းများ

လတ်ဆတ်သော တမာစေ့/ အရွက်ခြောက် – ၅၀ ကျပ်သား။ ရေ – ၂ ဂါလံ

ပြုလုပ်ပုံ

လတ်ဆတ်သော တမာစေ့/ အရွက်ခြောက် (၅၀)ကျပ်သားကို လက်ဖြင့် အဆံကွဲရုံ (သို့) နုတ်နုတ် စင်းကာ ရေ(၂)ဂါလံဖြင့် ရောမွှေပြီး (၁)ရက်ခန့်အကြာ ရေစိမ်ထားပါ။ ပိတ်ပါးစဖြင့် စစ်ပြီး အသုံးပြုနိုင်သည်။ အရက် (သို့) ဝါးရှာလကာရည်ဖြင့်စိမ်ပြီး ရေရောဖျန်းက ပိုထိရောက်ပါသည်။

ဆေးဖျန်းရန်နှုန်းထား : : တမာရည် နို့ဆီဗူး (၁) ဗူးလျှင် ရေ (၄) ဂါလံ

ကာကွယ်နိုင်သော ဖျက်ပိုးများ : : မွှားပင့်ကူနီ၊ ပိုးလောက်ကောင်များ၊ ပျ၊ ခူ၊ ပုရွက်ဆိတ်၊ လှေး၊ မွှား၊ ကျိုင်း၊ ပင်စည်/ ရွက်ထွင်း/ အစေ့ထိုးပိုး

4. ” ဒုတ္တာမှိုသတ်ဆေး “

(၄) ဂါလံ ဆေးဖျန်းပုံးအတွက် လိုအပ်သောပစ္စည်းများ

၁။ ဒုတ္တာ – ၁၀ ကျပ်သား ၂။ မဖောက်ထုံး – ၁၀ ပိဿာ ၃။ ရေ – ၁၀ ပိဿာ

သတိပြုရန်

မဖောက်ထုံးကို ဖောက်ပြီး ချက်ခြင်း သုံးစွဲရမည်။ လေမသလပ်စေရပါ။ အလွယ်တကူ အနည်ထိုင်စေသဖြင့် မကြာခဏမွှေပေးပါ။ ဖျော်စပ်ပြီး (၂၄) နာရီအတွင်း သုံးစွဲရန်။ မြေ၊ စဉ့်၊ ကြွေ၊ ပလပ်စတစ်၊ သစ်သားစည်ပိုင်း၊ အိုးခွက်၊ ပုံးများသာ အသုံးပြုရန်။ ဆေးဖျန်းပုံးကို အသုံးပြုပြီးပါက ပြောင်စင်အောင်ဆေးပါ။ မိုးရွာစဉ်၊ အလွန်ပူပြင်းခြောက်သွေ့လွန်းချိန်၊ အပင်ရေငတ်၍ အားနည်းညှိုးနွမ်းချိန်များတွင် မပက် ဖျန်းသင့်ပါ။

ကာကွယ်နိုင်သော ရောဂါများ : : စပါးဂုတ်ကျိုး၊ စပါးရွက်ပြောက်ရောဂါ၊ မြေပဲရွက်ပြောက်ရောဂါ၊ ပဲမျိုးစုံမှဲ့ပြောက်စွန်းရောဂါ။

5. ” ကြက်သွန်ဖြူ ပိုးသတ်ဆေး “

၁။ ကြက်သွန်ဖြူ – ၆၀ ကျပ်သား ၂။ ဗီနီဂါ(ရှာလကာရည်) – ၅၀၀ စီစီ ၃။ အရက်ဦးရည် – ၂ လီတာ

ပြုလုပ်ပုံ

ကြက်သွန်ဖြူများကို ကြေညက်အောင်ထောင်းပါ။ (၁၅)လီတာဝင်ဆန့်သောအိုးတွင် ထောင်းထားသော ကြက်သွန်ဖြူ၊ ဗီနီဂါ၊ အရက်၊ ရေ(၁၀)လီတာ တို့ကို ထည့်၍မွှေပါ။ အဝတ်ပါးပါးဖြင့် အိုးကိုဖုံးအုပ်ပေးပြီး အေးမြသောနေရာတွင် ထားပါ။ တစ်နေ့ တစ်ကြိမ် မွှေပေးပါ။ (၇)ရက် ပြည့်လျှင် အသုံးပြုနိုင်ပါသည်။ အသုံးပြုနေချိန်တွင် အဖတ်များကို ရေစစ်ဖြင့် စစ်ပြီးမှ အသုံးပြုပါ။ (၃)ပတ်ခန့် သိုလှောင်နိုင်သည်။

ဆေးဖျန်းရန် နှုန်းထား : : ဆေးရည်(၁)ဆ နှင့် ရေ(၅၀၀)ဆ

ကာကွယ်နိုင်သော ဖျက်ပိုးများ : : ပိုးလောက်ကောင်များ၊ ပျ၊ ခူ၊ ပုရွက်ဆိတ်၊ လှေး၊ မွှား၊ ကျိုင်း၊ ပင်စည်/ ရွက်ထွင်း/ အစေ့ထိုးပိုး

စိုက်ပျိုးရေးဦးစီးဌာန

#Credit to U Ye Tun

Zawgyi

“ေအာ္ဂဲနစ္ စိုက္ပ်ိဳးေရးမွာ အပင္ေတြ ပိုးမက်ေအာင္ ဘာေဆးသုံးသလဲ”

က်ေနာ္မေန႔က တင္ခဲ့တဲ့ တိုင္ေထာင္ပဲသီးေတြ တေလွႀကီးသီးေနတဲ့အခင္းကို အပင္ငယ္ငယ္က ေဆး႐ြက္ႀကီး+ျငဳတ္သီး+ အရက္ ေရာထားတဲ့ ပိုးသတ္ေဆးတႀကိမ္သာျဖန္းလိုက္ရပါတယ္။ အခုျပထားတဲ့ ကန႔္လန္ဆိုင္ ဟင္း႐ြက္ခင္းမွာလည္း ငယ္စဥ္က အပင္ ၂ ပင္ ၃ ပင္ေလာက္ ပိုးစက်စဥ္မွာ အဲဒီ ေအာ္ဂဲနစ္ေဆးရည္ဘဲ တႀကိမ္ဖ်န္းဖူးပါတယ္။

အခုသြားၾကည့္ေတာ့ သန္လိုက္တဲ့ အ႐ြက္ေတြ၊ ပိုးက်တာလည္း တပင္မွ မေတြ႕ရပါ။ ဖရန႔္ တေယာက္က ေဆးေဖၚနည္းကို ပိုစ့္တခု သပ္သပ္တင္ေပးပါဆိုလို႔ ေအာက္မွာ ေဖၚျပေပးလိုက္ပါတယ္။

သဘာဝပိုးသတ္ေဆးမ်ားျဖင့္ ကာကြယ္ျခင္း

အပင္၊ တိရစာၦန္ႏွင့္ တြင္းထြက္ပစၥည္းမ်ားမွရရွိေသာ သဘာဝေဆးမ်ားျဖင့္ အပင္ေရာဂါႏွင့္ ပိုးမႊား မ်ားကို ကာကြယ္ႏိုင္ပါသည္။ ပိုးမ်ားကို တိုက္႐ိုက္သတ္ျခင္းထက္ ၎တို႔၏ ဖ်က္စီးႏိုင္စြမ္းကို ေလွ်ာ့က်ေစျခင္းျဖစ္သည္။ ဖ်က္ပိုး၏ ဇီဝကမၼေျပာင္းလဲမႈကို ပ်က္ျပားေစျခင္းျဖင့္ ဖ်က္ပိုးဦးေရကို ေလွ်ာ့ခ်ေစႏိုင္သည္။

ေအာ္ဂဲနစ္ပိုးသတ္ေဆးမ်ား၏ အက်ိဳးေက်းဇူး

ပိုးမ်ိဳးစုံကို ကာကြယ္ႏိုင္သည္။ မိတ္ေဆြပိုးမ်ားကို မထိခိုက္ပါ။ သီးႏွံမ်ားအေပၚ အဆိပ္ဓါတ္ႂကြင္းမ်ား မက်န္ပါ။ ပတ္ဝန္းက်င္အဆိပ္သင့္မႈ မရွိပါ။ သီးႏွံပင္မ်ားကို မထိခိုက္ပါ။ သီးႏွံပင္ႀကီးထြားမႈကို အေထာက္အကူျပဳသည္။ ပိုးဖ်က္စီးမႈသက္သာ၍ သီးႏွံအထြက္ ပိုရႏိုင္သည္။ သုံးစြဲရလြယ္ကူ၍ ကုန္က်စရိတ္သက္သာသည္။

1.”င႐ုတ္သီးပိုးသတ္ေဆးရည္”

လိုအပ္ေသာပစၥည္းမ်ား

၁။ င႐ုတ္သီး (စို/ေျခာက္) – ၃၀ က်ပ္သား ၂။ အရက္ဦးရည္ – ၂ လီတာ ၃။ ေရ – ၄ လီတာ

ျပဳလုပ္ပုံ

င႐ုတ္သီးမ်ားကို ေရ (၄) လီတာျဖင့္ေရာကာ မီးေအးေအးျဖင့္ (၁) နာရီၾကာ ျပဳတ္ပါ။ ျပဳတ္ၿပီးသား င႐ုတ္သီးအရည္ကို ေရ (၂၀) လီတာ ထည့္ထားေသာအိုးတြင္ ထည့္ပါ။ ထို႔ေနာက္ အရက္ဦးရည္ကို (၂) လီတာကို ေရာထည့္ပါ။ ေမႊေပးပါ။ အဝတ္ပါးပါးျဖင့္ ဖုံးအုပ္ေပးၿပီး ေအးျမေျခာက္ေသြ႕သည့္ အရိပ္ေအာက္တြင္ ထားရွိပါ။

တစ္ေန႔တစ္ႀကိမ္ ေမႊေပးပါ။ (၇)ရက္ ျပည့္ၿပီးေနာက္ အနည္အႏွစ္မ်ားကို စစ္ထုတ္ၿပီး အရည္ကိုသာသုံးပါ။ (၃)လခန႔္ သိုေလွာင္ႏိုင္သည္။

ေဆးဖ်န္းရန္ႏႈန္းထား : : ေ​ဆးရည္ (၁)ဆႏွင့္ ေရ (၅၀၀)ဆ

ကာကြယ္ႏိုင္ေသာ ဖ်က္ပိုးမ်ား : : မႊား၊ ပ်၊ ေလွး၊ ပု႐ြက္ဆိတ္၊ ယင္ျဖဴ၊ က်ိဳင္း၊ ပင္စည္ထိုးပိုး၊ ဖလံေကာင္အဆင့္၊ ခ႐ု

2. ” ေဆး႐ြက္ႀကီး ပိုးသတ္ေဆးရည္ “

လိုအပ္ေသာပစၥည္းမ်ား

ေဆး႐ြက္ႀကီး – ၂၈ က်ပ္သား။ ေရ – ၄ ဂါလံ။ ဆပ္ျပာ – ၂ က်ပ္သား

ျပဳလုပ္ပုံ

ေရ (၄)ဂါလံကို ေျမအိုးျဖင့္ တည္ပါ။ ၎ထဲသို႔ ေဆး႐ြက္ ႐ြက္ႀကီး (၂၈)က်ပ္သားထည့္၍ က်ိဳပါ။ ပါးပါးလွီးထားသည့္ ဆပ္ျပာ(၂) က်ပ္သားကို ထပ္မံထည့္၍ က်ိဳခ်က္ပါ။ ဆပ္ျပာေပ်ာ္ဝင္ၿပီးခ်ိန္တြင္ အေအးခံ၍ ပိတ္ပါးစျဖင့္စစ္ပါ။ ဓါတုေဆးႏွင့္ ခြၽတ္ေဆးမ်ားပါဝင္သည့္ ဆပ္ျပာမႈန႔္မ်ား သုံးစြဲပါက အပင္ကို ေလာင္ကြၽမ္းေစႏိုင္သည္။

ေဆးဖ်န္းရန္ႏႈန္းထား : : ေဆးရည္ (၁)ဆ ႏွင့္ ေရ(၂)ဆ

ကာကြယ္ႏိုင္ေသာ ဖ်က္ပိုးမ်ား : : ပ်၊ ခူ၊ ေလွး၊ မႊား၊ က်ိဳင္း၊ စုပ္စားပိုး၊ ပင္စည္/ ႐ြက္ထြင္း/ အေစ့ထိုးပိုး

3. ” တမာပိုးသတ္ေဆးရည္ “

လိုအပ္ေသာပစၥည္းမ်ား

လတ္ဆတ္ေသာ တမာေစ့/ အ႐ြက္ေျခာက္ – ၅၀ က်ပ္သား။ ေရ – ၂ ဂါလံ

ျပဳလုပ္ပုံ

လတ္ဆတ္ေသာ တမာေစ့/ အ႐ြက္ေျခာက္ (၅၀)က်ပ္သားကို လက္ျဖင့္ အဆံကြဲ႐ုံ (သို႔) ႏုတ္ႏုတ္ စင္းကာ ေရ(၂)ဂါလံျဖင့္ ေရာေမႊၿပီး (၁)ရက္ခန႔္အၾကာ ေရစိမ္ထားပါ။ ပိတ္ပါးစျဖင့္ စစ္ၿပီး အသုံးျပဳႏိုင္သည္။ အရက္ (သို႔) ဝါးရွာလကာရည္ျဖင့္စိမ္ၿပီး ေရေရာဖ်န္းက ပိုထိေရာက္ပါသည္။

ေဆးဖ်န္းရန္ႏႈန္းထား : : တမာရည္ ႏို႔ဆီဗူး (၁) ဗူးလွ်င္ ေရ (၄) ဂါလံ

ကာကြယ္ႏိုင္ေသာ ဖ်က္ပိုးမ်ား : : မႊားပင့္ကူနီ၊ ပိုးေလာက္ေကာင္မ်ား၊ ပ်၊ ခူ၊ ပု႐ြက္ဆိတ္၊ ေလွး၊ မႊား၊ က်ိဳင္း၊ ပင္စည္/ ႐ြက္ထြင္း/ အေစ့ထိုးပိုး

4. ” ဒုတၱာမႈိသတ္ေဆး “

(၄) ဂါလံ ေဆးဖ်န္းပုံးအတြက္ လိုအပ္ေသာပစၥည္းမ်ား

၁။ ဒုတၱာ – ၁၀ က်ပ္သား ၂။ မေဖာက္ထုံး – ၁၀ ပိႆာ ၃။ ေရ – ၁၀ ပိႆာ

သတိျပဳရန္

မေဖာက္ထုံးကို ေဖာက္ၿပီး ခ်က္ျခင္း သုံးစြဲရမည္။ ေလမသလပ္ေစရပါ။ အလြယ္တကူ အနည္ထိုင္ေစသျဖင့္ မၾကာခဏေမႊေပးပါ။ ေဖ်ာ္စပ္ၿပီး (၂၄) နာရီအတြင္း သုံးစြဲရန္။ ေျမ၊ စဥ့္၊ ေႂကြ၊ ပလပ္စတစ္၊ သစ္သားစည္ပိုင္း၊ အိုးခြက္၊ ပုံးမ်ားသာ အသုံးျပဳရန္။ ေဆးဖ်န္းပုံးကို အသုံးျပဳၿပီးပါက ေျပာင္စင္ေအာင္ေဆးပါ။ မိုး႐ြာစဥ္၊ အလြန္ပူျပင္းေျခာက္ေသြ႕လြန္းခ်ိန္၊ အပင္ေရငတ္၍ အားနည္းညႇိဳးႏြမ္းခ်ိန္မ်ားတြင္ မပက္ ဖ်န္းသင့္ပါ။

ကာကြယ္ႏိုင္ေသာ ေရာဂါမ်ား : : စပါးဂုတ္က်ိဳး၊ စပါး႐ြက္ေျပာက္ေရာဂါ၊ ေျမပဲ႐ြက္ေျပာက္ေရာဂါ၊ ပဲမ်ိဳးစုံမွဲ႔ေျပာက္စြန္းေရာဂါ။

5. ” ၾကက္သြန္ျဖဴ ပိုးသတ္ေဆး “

၁။ ၾကက္သြန္ျဖဴ – ၆၀ က်ပ္သား ၂။ ဗီနီဂါ(ရွာလကာရည္) – ၅၀၀ စီစီ ၃။ အရက္ဦးရည္ – ၂ လီတာ

ျပဳလုပ္ပုံ

ၾကက္သြန္ျဖဴမ်ားကို ေၾကညက္ေအာင္ေထာင္းပါ။ (၁၅)လီတာဝင္ဆန႔္ေသာအိုးတြင္ ေထာင္းထားေသာ ၾကက္သြန္ျဖဴ၊ ဗီနီဂါ၊ အရက္၊ ေရ(၁၀)လီတာ တို႔ကို ထည့္၍ေမႊပါ။ အဝတ္ပါးပါးျဖင့္ အိုးကိုဖုံးအုပ္ေပးၿပီး ေအးျမေသာေနရာတြင္ ထားပါ။ တစ္ေန႔ တစ္ႀကိမ္ ေမႊေပးပါ။ (၇)ရက္ ျပည့္လွ်င္ အသုံးျပဳႏိုင္ပါသည္။ အသုံးျပဳေနခ်ိန္တြင္ အဖတ္မ်ားကို ေရစစ္ျဖင့္ စစ္ၿပီးမွ အသုံးျပဳပါ။ (၃)ပတ္ခန႔္ သိုေလွာင္ႏိုင္သည္။

ေဆးဖ်န္းရန္ ႏႈန္းထား : : ေဆးရည္(၁)ဆ ႏွင့္ ေရ(၅၀၀)ဆ

ကာကြယ္ႏိုင္ေသာ ဖ်က္ပိုးမ်ား : : ပိုးေလာက္ေကာင္မ်ား၊ ပ်၊ ခူ၊ ပု႐ြက္ဆိတ္၊ ေလွး၊ မႊား၊ က်ိဳင္း၊ ပင္စည္/ ႐ြက္ထြင္း/ အေစ့ထိုးပိုး

စိုက္ပ်ိဳးေရးဦးစီးဌာန

#Credit to U Ye Tun

ထမင္းစားရင္း ပါရမီျဖည့္မယ္
KNOWLEDGE
ထမင္းစားရင္း ပါရမီျဖည့္မယ္

ထမင္းစားရင္း ပါရမီျဖည့္မယ္ ထမင္းစားရင္ ပါရမီျဖည့္တယ္ဆိုလို႔ ၾကားရေတာ့ဘာလဲေပါ့ေနာ္။ ကိုယ္တိုင္လည္းနားမလည္ခဲ့ဘူး၊ ဟိုေန႔ကမွဖတ္ရတဲ့စာအုပ္ ေလးေၾကာင့္သိလိုက္ရတဲ့ ကုသိုလ္ကမနည္းပါလားဆိုၿပီး ေနာင္တရခဲ့ပါတယ္။ အကုန္ေရးရင္ရွည္ေနလိမ့္မယ္ စာဖတ္သူတို႔နားလည္ေအာင္နဲ႔ ျမန္ျမန္သိႏိုင္ေအာင္အတိုခ်ဳပ္ၿပီ ေကာက္ႏုတ္တင္ျပေပးပါမယ္။ ထမင္းစားရာမွာ…….. ၁။ သီလနဲ႔စားသုံးျခင္း ၂။ သမထနဲ႔စားသုံးျခင္း ၃။ ဝိပႆနာနဲ႔စားသုံးျခင္း ဆိုၿပီး ၃ မ်ိဳးရွိတယ္။ ၁။ သီလနဲ႔စားသုံးျခင္း ဆြမ္းစားခါနီးမွာ “ဒီဆြမ္းေဘာဇဥ္ေတြကို ျမဴးထူး ေပ်ာ္ပါးဖို႔၊ အသားအေရ လွပတင့္တယ္ဖို႔ စားတာမဟုတ္ဘူး။ကိုယ္ကာယ အရွည္တည္တံ့ဖို႔၊ မဂ္ဖိုလ္အက်င့္ကို က်င့္ႏိုင္ဖို႔၊ ဝိပႆနာတရားကို က်င့္ႏိုင္ဖို႔ စားတာ”လို႔ဆင္ျခင္လိုက္ရင္ ပစၥယသႏၷိႆိတသီလ ျဖစ္သြားပါတယ္။ ဒါဆိုသီလနဲ႔စားလိုက္တာပါ၊ သီလကုသိုလ္ေတြ ရသြားတာေပါ့။ ၂။ သမထနဲ႔စားသုံးျခင္း ရိပ္သာမွာေတာ့ “ဤသည့္စားဖြယ္ အမည္မည္ကို”ဆိုၿပီး စားၾကတာပါ။ …

လှေကားထစ် အရေအတွက် မ ဂဏန်း ဘာကြောင့် ထားကြပါလဲ
KNOWLEDGE
လှေကားထစ် အရေအတွက် မ ဂဏန်း ဘာကြောင့် ထားကြပါလဲ

လှေကားထစ် အရေအတွက် မ ဂဏန်း ဘာကြောင့် ထားကြပါလဲ လှေကားထစ် အရေအတွက် စုံ မထားရလို့ ကြားဖူးကြမှာပါ။ လှေကားထစ် အရေအတွက် စုံထားရင် ခိုက်တတ်ပါတယ်။ ဘာကြောင့် ခိုက်လဲဆိုတာ က လူ့သဘာဝကြောင့်ပါ။ လူဆိုတာ ကိုယ်စလှမ်းတဲ့ ခြေနဲ့ ခြေလှမ်း ပြန်‌ဆုံးတတ်ပါတယ်။ ဥပမာ ညာခြေနဲ့ စလှမ်းရင် ညာခြေဆီ ဘယ်ခြေလာပြီး အဆုံးသတ်ပါတယ်။ ညာနဲ့စရင် ညာနဲ့ ဆုံးပါတယ်။ အဲဒီလိုပဲ ဘယ်နဲ့စရင် ဘယ်နဲ့ ဆုံးပါတယ်။ မယုံရင် ကိုယ့်ဘာသာ တမင်သက်သက် လုပ်မယူပဲ လှမ်းကြည့်ပါ။ ညာနဲ့စ ညာနဲ့ဆုံးလို့ ခြေလှမ်းရေ အရေအတွက်က မ ဖြစ်ပါတယ်။ ဘယ်နဲ့စလဲ အတူတူပါပဲ။ …

ချမ်းသာကြွယ်ဝလာနိုင်တဲ့ လက္ခဏာများ...
KNOWLEDGE
ချမ်းသာကြွယ်ဝလာနိုင်တဲ့ လက္ခဏာများ…

ချမ်းသာကြွယ်ဝလာနိုင်တဲ့ လက္ခဏာများ… သင့်ရဲ့ ရုပ်ရည်သွင်ပြင်၊ အရပ်အမောင်း၊ ဆံပင်အရောင်ကိုကြည့်ပြီး တစ်ချိန်ချိန်မှာ ချမ်းသာလာနိုင်မလား ခန့်မှန်လို့ ရမယ်ဆိုရင် အနာဂတ်ကို ကြိုသိချင်ပါသလား။ ဟုတ်ပါတယ်။ သင့်ရဲ့ ရုပ်ရည်သွင်ပြင်ကို ကြည့်ရုံနဲ့ ချမ်းသာလာမှာလားဆိုတာ မပြောနိုင်ပါဘူး။ ဒါပေမယ့် လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ကြည့်ရင်တော့ ချမ်းသာလာမလားဆိုတာ သိရနိုင်ပါတယ်။ အလုပ်ကို ကြိုးကြိုးစားစားလုပ်တတ်သူတွေ၊ ရည်ရွယ်ချက်ကြီးသူတွေနဲ့ ပွင့်လင်းတဲ့ စိတ်သဘောထားရှိသူတွေဟာ အောင်မြင်နိုင်ချေပိုများပါတယ်။ ဒါ့အပြင် သင့်ရဲ့အောင်မြင်မှုကို အဆုံးအဖြတ်ပေးနိုင်တဲ့ အခြားလက္ခဏာ လေးခုရှိပါတယ်။ သင့်မှာ ဒီလက္ခဏာလေးခုရှိတယ်ဆိုရင် တစ်နေ့မှာ ချမ်းသာလာဖို့ ခိုင်လုံတဲ့အခွင့်အရေးရှိပါတယ်။ ဒီလက္ခဏာတွေက ဘာတွေလဲဆိုတာ လေ့လာကြည့်ပါ။ လက္ခဏာ (၁) – ငယ်ငယ်ကတည်းက လုပ်ငန်းရှင်စိတ်ဓာတ်ရှိတယ် တစ်နေ့မှာ ချမ်းသာလာနိုင်မယ့် …