ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ဆေးဆိုတာတွေ ဖြောင့်တာတွေက ကလေးကို ထိခိုက်စေနိုင်
- By : Thanzin laypyay
- Category : အလွအပေရးရာ
- Tags: Health, အလွအပေရးရာ

ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ဆေးဆိုတာတွေ ဖြောင့်တာတွေက ကလေးကို ထိခိုက်စေနိုင်
မောင်ယဿ( ဒီဇင်ဘာ ၁၈ )
ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ဆေးဆိုတာတွေ ဆံပင်ဖြောင်တာတွေကို လုပ်ရင် အဲ့ဒိဆိုးဆေးတွေကြောင့် ကိုယ်ဝန်ဆောင်မှုကို ထောက်ပံ့ပေးတဲ့ ဟော်မုန်းဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်လို့ လေ့လာမှုအသစ် တစ်ရပ်က ဆိုပါတယ်။
ဆံပင်အလှအပရေးရာနဲ့ ပတ်သက်တဲ့ ဆိုးဆေးတွေ ၊ အရောင်ချွတ်ဆေးတွေ ၊ ဆံပင်ပျော့ဆေးတွေ နဲ့ ဖြောင့်ဆေးတွေ ကို သုံးပြီဆိုတာနဲ့ ကိုယ်ဝန်ဆောင်မှုကို အထောက်အကူပေးတဲ့ အက်စတိုဂျင် တို့လို ပရိုဂတ်စတီရုန်း တို့ လို ဟော်မုန်းတွေက အထွက်နည်းသွားပါတယ်။
နယူဂျာဆီပြည်နယ်က ပြည်သူ့ကျန်းမာရေး ရက်ဂျာကျောင်းက လက်ထောက်ပါမောက္ခ ဇိုရီမာရီဗီယာ ဦးဆောင်တဲ့ သုတေသီအဖွဲ့ ကကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀၀၀ကျော် ကို လေ့လာရာက အထက်ပါအချက်ကို သိလိုက်ရတာပါ။
“ ကျမတို့ကတော့ ရိုးရိုး ရှင်းရှင်းပဲ တွေ့ခဲ့ရတာပါ။ ဆံပင်အလှအပဆေးတွေက ဟော်မုန်းအထွက်နည်းအောင် တားထားသလို ဖြစ်နေတယ်။ မွေးရတာခက်မယ် ၊ ကလေးပေါင်ချိန် မပြည့်ဘူး ။ ကလေးမှာ ကိုယ်အင်္ဂါပိုင်း ချို့ယွင်းမှုတွေ ပါလာလိမ့်မယ်။ ဒါကို တွေ့တယ်။ အသေးစိတ် သိပ္ပံနည်းကျ ဆက်စပ်မှုတွေ မလုပ်ရသေးပါဘူး “ လို့ ဆိုပါတယ်။
သူတို့အဖွဲ့ က ဓာတုပစ္စည်း အများအပြားပါဝင်တဲ့ လက်သည်းနီ ၊ မိတ်ကပ် ၊ ရှန်ပူ ၊ အသာလှဆီလိမ်ဆေး နဲ့ အခြား အလှအပသုံး ပစ္စည်းနဲ့ ကိုယ်ဝန်ဆောင်သည်တွေ ရဲ့ ဟော်မုန်းပိုင်း ဆိုင်ရာ ဆက်စပ်မှုတွေကိုလည်း ဆက်လက် လေ့လာနေပါတယ်။
REF: UPI , Photo : UPI
Zawgyi
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဆံပင္ေဆးဆိုတာေတြ ေျဖာင့္တာေတြက ကေလးကို ထိခိုက္ေစႏိုင္
ေမာင္ယႆ( ဒီဇင္ဘာ ၁၈ )
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ဆံပင္ေဆးဆိုတာေတြ ဆံပင္ေျဖာင္တာေတြကို လုပ္ရင္ အဲ့ဒိဆိုးေဆးေတြေၾကာင့္ ကိုယ္ဝန္ေဆာင္မႈကို ေထာက္ပံ့ေပးတဲ့ ေဟာ္မုန္းဖြံ႕ၿဖိဳးမႈကို ထိခိုက္ေစႏိုင္တယ္လို႔ ေလ့လာမႈအသစ္ တစ္ရပ္က ဆိုပါတယ္။
ဆံပင္အလွအပေရးရာနဲ႔ ပတ္သက္တဲ့ ဆိုးေဆးေတြ ၊ အေရာင္ခြၽတ္ေဆးေတြ ၊ ဆံပင္ေပ်ာ့ေဆးေတြ နဲ႔ ေျဖာင့္ေဆးေတြ ကို သုံးၿပီဆိုတာနဲ႔ ကိုယ္ဝန္ေဆာင္မႈကို အေထာက္အကူေပးတဲ့ အက္စတိုဂ်င္ တို႔လို ပ႐ိုဂတ္စတီ႐ုန္း တို႔ လို ေဟာ္မုန္းေတြက အထြက္နည္းသြားပါတယ္။
နယူဂ်ာဆီျပည္နယ္က ျပည္သူ႔က်န္းမာေရး ရက္ဂ်ာေက်ာင္းက လက္ေထာက္ပါေမာကၡ ဇိုရီမာရီဗီယာ ဦးေဆာင္တဲ့ သုေတသီအဖြဲ႕ ကကိုယ္ဝန္ေဆာင္အမ်ိဳးသမီး ၁၀၀၀ေက်ာ္ ကို ေလ့လာရာက အထက္ပါအခ်က္ကို သိလိုက္ရတာပါ။
“ က်မတို႔ကေတာ့ ႐ိုး႐ိုး ရွင္းရွင္းပဲ ေတြ႕ခဲ့ရတာပါ။ ဆံပင္အလွအပေဆးေတြက ေဟာ္မုန္းအထြက္နည္းေအာင္ တားထားသလို ျဖစ္ေနတယ္။ ေမြးရတာခက္မယ္ ၊ ကေလးေပါင္ခ်ိန္ မျပည့္ဘူး ။ ကေလးမွာ ကိုယ္အဂၤါပိုင္း ခ်ိဳ႕ယြင္းမႈေတြ ပါလာလိမ့္မယ္။ ဒါကို ေတြ႕တယ္။ အေသးစိတ္ သိပၸံနည္းက် ဆက္စပ္မႈေတြ မလုပ္ရေသးပါဘူး “ လို႔ ဆိုပါတယ္။
သူတို႔အဖြဲ႕ က ဓာတုပစၥည္း အမ်ားအျပားပါဝင္တဲ့ လက္သည္းနီ ၊ မိတ္ကပ္ ၊ ရွန္ပူ ၊ အသာလွဆီလိမ္ေဆး နဲ႔ အျခား အလွအပသုံး ပစၥည္းနဲ႔ ကိုယ္ဝန္ေဆာင္သည္ေတြ ရဲ႕ ေဟာ္မုန္းပိုင္း ဆိုင္ရာ ဆက္စပ္မႈေတြကိုလည္း ဆက္လက္ ေလ့လာေနပါတယ္။
REF: UPI , Photo : UPI