ကိုဗစ်ကာကွယ်ဆေး ထုတ်တဲ့ စက်ရုံကို ပါဆယ်ဗုံး အတုပိုတဲ့ သူကို ထောင်ချ - SANTHITSA


NEWS


မောင်ယဿ ( နိုဝင်ဘာ ၂၅ )












REF: euronews
Photo : euronews

Unicode

ကိုဗစ်ကာကွယ်ဆေး ထုတ်တဲ့ စက်ရုံကို ပါဆယ်ဗုံး အတုပိုတဲ့ သူကို ထောင်ချ

မောင်ယဿ ( နိုဝင်ဘာ ၂၅ )

အင်္ဂလန်က ကိုဗစ်ကာကွယ်ဆေးထုတ်တဲ့ စက်ရုံ ကို ပါဆယ်ဗုံး ပိုခဲ့တဲ့သူကို ထောင်ဒဏ် ၂နှစ်ကျော် ချမှတ်ခဲ့ပါတယ်။

ဝေလ ပြည်နယ်က အောက်စဖိုဒ် – အယ်လ်ထရာဇန်နီကာ ကိုဗစ်ကာကွယ်ဆေး ထုတ်တဲ့ စက်ရုံ ကို အန်သိုနီကော်လင်း ဆိုတဲ့ သူက ပါဆယ်ဗုံး အတု တစ်ခုကို ပို ခဲ့ပါတယ်။ ရဲကသူ့ကို ဖမ်းဆီးပြီးနောက် တရားရုံး မှာ အပြစ်ရှိကြောင်း ဝန်ခံတဲ့အတွက် ထောင်ဒဏ် ၂နှစ်ကျော် ချမှတ်ခဲ့ပါတယ်။

ပြီးခဲ့ တဲ့ ဇန်နဝါရီလက ပါဆယ်ဗုံး စက်ရုံကိုရောက်တဲ့ နေ့ မှာ စက်ရုံအတွင်းရှိ ဝန်ထမ်း ၁၂၀ ကျော်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့စေခဲ့ရတဲ့အတွက်ကြောင့် ကာကွယ်ဆေး ထုတ်လုပ်မှုတွေ ရပ်တန့်ခဲ့ရပါတယ်။

ဗြိတိသျှစစ်တပ် ရဲ့ ဗုံးရှင်းလင်းရေး တပ်စုရောက်လာပြီး ပါဆယ်ဗုံး ကို ရှင်းလင်းရာမှာတော့ ပေါက်ကွဲစေ တတ်တဲ့ ပစ္စည်း မတွေ့ ခဲ့ကြပါဘူး ။

ကော်လင်း က အဲ့ဒိစက်ရုံတင် ပါဆယ်ဗုံး အတုပိုခဲ့တာမဟုတ်ပါဘူး ။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရုံး ခန်း ၊ တရုတ်နိုင်ငံ ဝူဟန် ဆေးဝါးသုတေသန နဲ့ အင်္ဂလန်က အမေရိကန် လေတပ်အခြေစိုက် စခန်းတို ဆီကိုပါ ပိုခဲ့တာပါ။

MI 6က ထောက်လှမ်းရေး အရာရှိ အာဒမ်မာရှယ်ကတော့ “ ကျနော်တို လုံးခြုံရေး ကိစ္စတွေကို တင်းတင်းကြပ်ကြပ် လုပ်ဖိုလိုလာပြီ “ လို ဆိုခဲ့ပါတယ်။

ကော်လင်း ကတော့ တရာရုံးမှာ “ ခင်ဗျားတိုရဲ့ ကာကွယ်ဆေးတွေဖြန့်ချီ ရောင်းချမှုတွေကို ကျုပ်က ကလေးဘဝကတည်းက တားဆီးဖိုက ကြံစည်နေတာဗျ “ လို ဆိုခဲ့ပါတယ်။

သူ့ရဲ့ ရှေ့နေကတော့ ကော်လင်းက စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျား ရောဂါရှိနေပြီး သူက စာအိတ်တွေ စာတွေကို ပေးပိုတဲ့ ကိစ္စကိုစွဲလမ်းနေပြီး စာပိုတဲ့ စိတ္တဇရောဂါရှိတယ်လို ဆိုထားပါတယ်။

သူပိုလိုက်တဲ့ ပါဆယ်ဗုံးအတုထဲမှာ ဂဏန်တွက်စက် ၊ ပန်းခြံသုံး လက်အိတ်နဲ့ ဘတ်ထရီ ၄လုံးပါပါတယ်။

တရားရုံးကတော့ လူတွေကို ထိတ်လန့်အောင် လုပ်တာနဲ့ စိတ်ကျန်းမာရေး မကောင်းဘူးဆိုတာကို လက်မခံနိုင်လောက်တဲ့ အကြောင်းရှိနေတာရယ်ကြောင့် ထောင်ချလိုက်တာပါ။

ထောင်ဒဏ် ၂၇ လအတွင်း မှာ ပြုပြင်ပြောင်းလဲရေး နဲ့ စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေကို ဆက်လုပ်သွားမှာဖြစ်ပြီး သူ့ရဲ့ စာအိတ်တွေပေးပိုတဲ့ စွဲလမ်းမှု ကို မဖျောက်ဖျက်နိုင်ရင် ဆက်လက် ချုပ်ထားဖိုအတွက် တရားရုံး ကဆုံး ဖြတ်ခဲ့ပါတယ်။

REF: euronews
Photo : euronews

NEWS
ကိုဗစ်ကွယ်ဆေးမထိုးချင်လို့ ဆန္ဒပြနေရာကနေ တဖြည်းဖြည်း သောင်းကျန်းလာလို့ ရဲတွေ ပစ်ခတ်ရပြီ

ကိုဗစ်ကွယ်ဆေးမထိုးချင်လို့ ဆန္ဒပြနေရာကနေ တဖြည်းဖြည်း သောင်းကျန်းလာလို့ ရဲတွေ ပစ်ခတ်ရပြီ မောင်ယဿ ( နိုဝင်ဘာ ၂၂ ) နယ်သာလန်နိုင်ငံ ရောတာဒမ်မြို့ မှာ ကာကွယ်ဆေး မထိုးလိုတဲ့ ပြည်သူတွေက ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေကို မလိုက်နာလိုတဲ့အတွက် ဆန္ဒပြရာကနေ အုပ်စုဖွဲ့သောင်းကျန်းမှုတွေ လုပ်လာလို့ ရဲတွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်လို့ လူ ၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ “ ကြမ်းကြုပ်ရက်စက်တဲ့ လှုတ်ရှား မှုတွေ ကို လုပ်လာကြပါတယ်” လို့ မြို့တော်ဝန်က ဆိုပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကတည်းက ဆန္ဒပြ ပြည်သူတွေက လမ်းတွေမှာ မီးတွေရှို့ပြီး အသွားအလားတွေ လုပ်မရအောင် ပိတ်ဆို့တားဆီးမှုတွေကို လုပ်တဲ့အပြင် …

NEWS
လက်ဖက်ခြောက်ကို မှုးယစ်ဆေးဝါးလို့ ထင်ပြီး သားအမိ၂ယောက်ကို သြစတေးလျှ ရဲတွေဖမ်း ၊ ထောင်ထဲမှာ ၄လနေလိုက်ရ

လက်ဖက်ခြောက်ကို မှုးယစ်ဆေးဝါးလို့ ထင်ပြီး သားအမိ၂ယောက်ကို သြစတေးလျှ ရဲတွေဖမ်း ၊ ထောင်ထဲမှာ ၄လနေလိုက်ရ မောင်ယဿ ( နိုဝင်ဘာ ၂၁ ) ကမ္ဘာပေါ်မှာ ရေ ပြီးရင် လူတွေအသောက် အများဆုံး ဖျော်ရည်က လက်ဖက်ရည်ပါပဲ။ လက်ဖက်ရည်တွေ လူတွေနှစ်နှစ်ခြိုက်ခြိုက် သောက်ကြသလို ဘယ်နိုင်ငံ မှာ မဆို လက်ဖက်ခြောက်သယ်ယူခွင့်နဲ့ ပက်သက်ပြီး တားမြစ်ထားခြင်းမရှိ ကြပါဘူး ။ ဒါပေမဲ့ ကံဆိုးတဲ့ သားအမိ ၂ယောက်ကတော့ လက်ဖက်ခြောက်သယ်လာလို့ ရဲက မူးယစ်ဆေးဝါးဆိုပြီး မှားဖမ်းကာထောင် ထဲမှာ ၄လ ချုပ်ထားခဲ့တာကို ခံလိုက်ရပါတယ်။ ကော်နီချောင်နဲ့ မယ်လာနီ တို့ သားအမိ ၂ယောက်က မလေးရှားနိုင်ငံကို …

NEWS
မနက်ဖြန်လပြည့်ည က မိုက်ခရိုမွန်း ဖြစ်စဉ်နဲ့ အကြာဆုံးလကြပ် မယ်လို့ ဆို

မနက်ဖြန်လပြည့်ည က မိုက်ခရိုမွန်း ဖြစ်စဉ်နဲ့ အကြာဆုံးလကြပ် မယ်လို့ ဆို မောင်ယဿ ( နိုဝင်ဘာ ၁၇ ) လက ကမ္ဘာနဲ့ အဝေးဆုံး နေရာကို ရောက်ရှိလို့ လသေးသေးလေးကိုပဲ တွေ့ရတာကို မိုက်ခရိုမွန်းလို့ ခေါ်ပါတယ်။ ဒီနှစ် နိုဝင်ဘာ လပြည့်ညက မိုက်ခရိုးမွန်း ဖြစ်စဉ်ကို ကြုံရမှာဖြစ်ပြီး အဲ့ဒိဖြစ်စဉ်ကို ၁၄၄၀ခုနှစ်မှာ တုန်းက နောက်ဆုံးဖြစ်ခဲ့တာပါ။ လတစ်ပိုင်းကြပ်တဲ့ ဖြစ်စဉ်ကိုလည်း တွေ့ရမှာဖြစ်ပြီး လရဲ့ ၉၇% တိတိ ကြပ်မှာ ဖြစ်ပါတယ်။ လကြပ်ချိန်က လည်း ကြာသပတေး ညကနေ သောက်ကြာမနက်ထိကြပ်မှာ ဖြစ်လို့ အကြာဆုံး လကြပ်ချိန်လည်း ဖြစ်မှာပါလို့ နာဆာအဖွဲ့ က …