ချန်ပီယံလိဂ်ကို နှုတ်ဆက်လက်ပြလိုက်ရပြီဖြစ်တဲ့ ဒေါ့မွန် - SANTHITSA


SPORT








Group C ရပ်တည်မှုဇယား





ကိုမင်း
နိုဝင်ဘာ၊ ၂၅

Unicode

ချန်ပီယံလိဂ်ကို နှုတ်ဆက်လက်ပြလိုက်ရပြီဖြစ်တဲ့ ဒေါ့မွန်

ချန်ပီယံအုပ်စု C ရဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့အတွက် အဆုံးအဖြတ်ပွဲစဥ်ဖြစ်တဲ့ စပို့တင်းအသင်းနဲ့ ဒေါ့မွန်အသင်းတို့ ယှဥ်ပြိုင်ကစားရတဲ့ ပွဲမှာတော့ တစ်ယောက်လျော့ ဒေါ့မွန်အသင်းက (၃-၁) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။

ချန်ပီယံလိဂ် လေးပွဲကစားအပြီးမှာ ၆ မှတ်စီနဲ့ ရမှတ်တူနေတဲ့ အဆိုပါနှစ်သင်းတွေ့ဆုံတဲ့ပွဲမှာ အနိုင်ရတဲ့အသင်းက နောက်တဆင့်တက်ဖို့ သေချာမှာဖြစ်ပြီး စပို့တင်းအသင်းကပဲ အိမ်ကွင်းအားသာချက်နဲ့အတူ လိုအပ်နေတဲ့ နိုင်ပွဲကို အရယူသွားနိုင်ခဲ့ပါတယ်။

စပို့တင်းတောင်ပံတိုက်စစ်မှူး ပက်ဒရိုက ပွဲချိန် ၃၀ မိနစ်နဲ့ ၃၉ မိနစ်တို့မှာ ဦးဆောင်ဂိုးနှစ်ဂိုးဆက်တိုက်သွင်းယူခဲ့ပြီး ပထမပိုင်းမှာတင် ဒေါ့မွန်အသင်းနှစ်ဂိုးပေးခဲ့ရပါတယ်။

ပက်ဒရိုအနေနဲ့ ဟက်ထရစ်ဂိုး ရရှိဖို့ အခွင့်အရေးရခဲ့ပေမဲ့ ပွဲကစားချိန် ၈၁ မိနစ်မှာ ရရှိတဲ့ ပင်နယ်တီကို ဒေါ့မွန်ဂိုးသမား ဂီရီဂေါ် ကိုဘယ် လက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်။

အပိတ်ဂိုးကိုတော့ မန်စီးတီးအသင်းကနေ အငှားလာရောက်ကစားတဲ့ စပို့တင်းကစားသမား ပက်ဒရိုပိုရိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ၇၄ မိနစ်မှာ လူစားဝင်ကစားသမား အမ်မရီကန်က ပက်ဒရိုပိုရိုကို ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တာကြောင့် အနီကတ်ပြ အထုတ်ခံခဲ့ရပါသေးတယ်။

ဒေါ့မွန်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ အချိန်ပို ၉၀ + ၃ မိနစ်မှာ ဒွန်ရယ်မေလန်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါရှုံးပွဲကြောင့် ဒေါ့မွန်အသင်းအနေနဲ့ တစ်ပွဲအလိုမှာပဲ ချန်ပီယံလိဂ်အုပ်စုပြုတ်ပြီး ယူရိုပါလိဂ်ဆင်းကန်ရဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။

Group C ရပ်တည်မှုဇယား

အေဂျက်ဇ် – ၅ ပွဲ၊ ၅ (နိုင်)၊ ၁၃ ဂိုး၊ ၁၅ မှတ်

စပို့တင်း – ၅ ပွဲ၊ ၃ (နိုင်)၊ ၄ ဂိုး၊ ၉ မှတ်

ဒေါ့မွန် – ၅ ပွဲ၊ ၂ (နိုင်)၊ – ၆ ဂိုး၊ ၆ မှတ်

ဘက်ဆယ်တစ်၊ ၅ ပွဲ၊ ၀ (နိုင်)၊ – ၁၁ ဂိုး၊ ၀ မှတ်

ကိုမင်း
နိုဝင်ဘာ၊ ၂၅

SPORT
မင်းလားကွ မန်ယူဖန်ဆိုပြီး လူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်မှု မိတ္ထီလာမှာ ဖြစ်ပွား

မင်းလားကွ မန်ယူဖန်ဆိုပြီး လူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်မှု မိတ္ထီလာမှာ ဖြစ်ပွား မြန်မာစံတော်ချိန် ယမန် နေ့ည ၁၁ နာရီမှာ မြန်မာဘောလုံးပရိသတ်တွေ လွန်စွာအားပေးကြတဲ့ မန်ယူအသင်းနဲ့ ချဲလ်ဆီးအသင်းတို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါ ပွဲစဉ်ကို မိတ္ထီလာမြိုက မန်ယူဖန်တစ်ဦးသွားရောက်ကြည့်ရှုခဲ့ပြီး ပွဲကစားချိန်က သန်းခေါင်ကျော် မနက်တစ်နာရီမှာ ပြီးတာကြောင့် တစ်ဦးတည်းအိမ်ပြန်လာတဲ့ အချိန် အခုလို ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။ မန်ယူပွဲ ကြည့်ပြီးနောက် အိမ်ကို ခြေကျင်ပြန်လာခဲ့တဲ့ သူ့ကို နောက်ကလိုက်လာတဲ့ လူတစ်စုက မင်းလားကွ မန်ယူဖန်ဆိုပြီး မေးမြန်းကာ အသင့်ပါလာတဲ့ အရက်ပုလင်းနဲ့ ဦးခေါင်းကို စတင်ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲ့လို ရိုက်ပြီးတဲ့ အပြင်ကို ပုလင်းက ကွဲသွားတာကြောင့် ကွဲသွားတဲ့ အချွန်နဲ့ပါ ရင်ဘက်ကို …

SPORT
ဒီလောက်လေးနဲ့ တောင်းပန်စရာ မလိုပါဘူးဗျာ၊ လူတိုင်းသိတဲ့ ကိစ္စပဲလို ဂျာဂန်ကလော့ ပြော

ဒီလောက်လေးနဲ့ တောင်းပန်စရာ မလိုပါဘူးဗျာ၊ လူတိုင်းသိတဲ့ ကိစ္စပဲလို ဂျာဂန်ကလော့ ပြော မောင်ယဿ ( နိုဝင်ဘာ ၂၅ ) မနေ့ညက ကစားခဲ့ တဲ့ ချန်ပီယံလိဂ် အုပ်စုB ရဲ့ ပွဲ စဉ် ၅ ဖြစ်တဲ့ လီဗာပူးနဲ့ ပေါ်တိုအသင်းတို ပွဲမှာ အိမ်ရှင် လီဗာပူး က ပေါ်တို အသင်း ကို ၂ ဂိုး၊ ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။ အဲ့ဒိပွဲအပြီး အင်တာဗျူး မှာ လီဗာပူး နည်း ပြ ဂျာဂန်ကလော့က သူ့အနေနဲ့ အာဖရိက ဘောလုံး အဖွဲ ချုပ် ကို တောင်းပန်စရာ …

SPORT
ဘီဂျီရစ်စတိန်း သာမရှိရင် ကျနော် မန်စီတီးကို လာဖြစ်မှာမဟုတ်ဘူး လို့ ဂွာဒီယိုလာဆို

ဘီဂျီရစ်စတိန်း သာမရှိရင် ကျနော် မန်စီတီးကို လာဖြစ်မှာမဟုတ်ဘူး လို့ ဂွာဒီယိုလာဆို မောင်ယဿ ( နိုဝင်ဘာ ၂၄ ) ဒီည ကစားမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် တစ်ခုဖြစ်တဲ့ မန်စီတီးနဲ့PSG ပွဲမတိုင်ခင် ပွဲကြိုအင်တာဗျူး မှာ မန်စီတီးနည်းပြ ပက်ဂွာဒီယိုလာက သူအနေနဲ့ မန်စီတီးကို ရောက်လာတာ သူကသဘောမဟုတ်ကြောင်း မန်စီတီးရဲ့ လက်ရှိဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဘီဂျီရစ်စတိန်း ခေါ်လို့ လာတာဖြစ်ကြောင်း ဘီဂျီရစ်စတိန်းသာ မရှိ ရင် မန်စီတီးကို လာဖြစ်မှာ မဟုတ်ကြောင်း ပြောသွားပါတယ်။ ဘီဂျီရစ်စတိန် ဆိုတာ ဘာစီလိုနာမှာ ၁၉၈၈ ကနေ ၁၉၉၅ အထိ ကစားခဲ့ဖူးတဲ့ တောင်ပံတိုက်စစ်သမား ဖြစ်ပါတယ်။ ဂွာဒီယိုလာက …