ဘီဂျီရစ်စတိန်း သာမရှိရင် ကျနော် မန်စီတီးကို လာဖြစ်မှာမဟုတ်ဘူး လို့ ဂွာဒီယိုလာဆို - SANTHITSA
SPORT
မောင်ယဿ ( နိုဝင်ဘာ ၂၄ )
REF; asianbookie
Unicode
ဘီဂျီရစ်စတိန်း သာမရှိရင် ကျနော် မန်စီတီးကို လာဖြစ်မှာမဟုတ်ဘူး လို့ ဂွာဒီယိုလာဆို
မောင်ယဿ ( နိုဝင်ဘာ ၂၄ )
ဒီည ကစားမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် တစ်ခုဖြစ်တဲ့ မန်စီတီးနဲ့PSG ပွဲမတိုင်ခင် ပွဲကြိုအင်တာဗျူး မှာ မန်စီတီးနည်းပြ ပက်ဂွာဒီယိုလာက သူအနေနဲ့ မန်စီတီးကို ရောက်လာတာ
သူကသဘောမဟုတ်ကြောင်း မန်စီတီးရဲ့ လက်ရှိဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဘီဂျီရစ်စတိန်း ခေါ်လို့ လာတာဖြစ်ကြောင်း ဘီဂျီရစ်စတိန်းသာ မရှိ ရင် မန်စီတီးကို လာဖြစ်မှာ မဟုတ်ကြောင်း ပြောသွားပါတယ်။
ဘီဂျီရစ်စတိန် ဆိုတာ ဘာစီလိုနာမှာ ၁၉၈၈ ကနေ ၁၉၉၅ အထိ ကစားခဲ့ဖူးတဲ့ တောင်ပံတိုက်စစ်သမား ဖြစ်ပါတယ်။
ဂွာဒီယိုလာက ဘာစီလိုနာရဲ့ ငယ်မွေးခြံပေါက် နောက်တန်းသမားဖြစ်ပေမယ့် ၁၉၉၀ မှာ မှ သူကအသင်းကြီး နဲ့အတူ ကစားခွင့် ရှိတဲ့အတွက် သူတို့ ၂ယောက် က ဘာကာမှာ ၅နှစ်လောက် တွဲလိုက်ရပါတယ်။
အကိုကြီး ၊ ညီလေး အထာနဲ့ ၄ ၊ ၅ နှစ်လောက်တွဲကစားခဲ့တဲ့အပြင် ကွင်းပြင်မှာလည်း ရင်းနှီးတဲ့ ဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။ အဲ့ဒိအကြောင်းကို ဂွာဒီယိုလာက အင်တာဗျူး မှာ ပြောသွားတာပါ။
“ ကျနော် ဘာစီလိုနာ ကနေ မန်စီတီးကို ရောက်လာတဲ့အကြောင်း ကို ပြောရင် ခင်ဗျားတို့ ထင်တောင်ထင်မှာ မဟုတ်ဘူး ။ ကျနော်ဘာစီလိုနာမှာ နည်းပြဘဝနဲ့ အောင်မြင်နေတာပါပဲ ။
ဒါပေမဲ့ ဘီဂျီက ကျနော်ကို မန်စီးတီးလာဖိုက လှမ်းခေါ်တာဗျ။ သူ့ကြောင့် ကျနော် မန်စီတီးကိုလာတာဗျ” လို့ ဆိုပါတယ်။
“ ဘာကာ အသင်းကြီးမှာ စ ကစားတော့ ကျနော့်အသက်က ၁၉နှစ်ပဲ ရှိသေးတာဗျ။ သူက အဲ့ဒိတုန်းက ဘာကာမှာ ဆရာကြီးပေါ့ဗျာ။
ဒါပေမဲ့ ကျနော့်ကို ညီတစ်ယောက်လိုပဲဆက်ဆံခဲ့ပါတယ်။ ကျနော်တို့ အလုပ် အတူတူ လုပ်ခဲ့ကြတယ်။ ပွဲတစ်ပွဲ ပြီး သွားပြီဆိုရင် နိုင် နိုင် ရှုံး ရှုံး ကျနော်တို့ ၂ ယောက် ပွဲကိုသုံးသပ်ကြ ပါတယ်”
“ ပွဲတစ်ပွဲမှာ ဘာအမှားတွေ လုပ်ခဲ့ ကြတယ်။ နောက်ပွဲတွေဆိုရင် ဘယ်လို လုပ်ကြမယ်ဆိုတာကို သူက အမြဲပြောပြတယ်ဗျ။ သူက ဘယ်တာ့မှ မီဒီယာပေါ်ကို တက်မလာဘူး ။ ကန့်လန့်ကာနောက်ကွယ်မှာ အမြဲနေတတ်တဲ့သူပါ။ နှိမ့်ချတတ်တဲ့သူဗျ။
သူက ဘာစီလိုနာအတွက် အများကြီး လုပ်ပေးခဲ့ပါတယ်။ အဲ့လိုမျိုး လူနဲ့ ကျနော်က အပေါင်းအသင်း ဖြစ်ရတာကို ဂုဏ်ယူတယ်ဗျာ။ ဒါကြောင့် သူက မန်စီတီးကို လာခဲ့လို့ လှမ်းခေါ်တာနဲ့ ကျနော်ထွက်လာခဲ့တာပါ ။ သူက ကျနော်ကို ယုံတယ်။
အဲ့ဒိအတွက် ကျေးဇူးလည်း တင်တယ်။ ဒီကနေ့ မန်စီတီးမှာ သူမနေတော့ဘူး ဆိုရင် မနက်ဖြန် ကျနော်လည်း မန်စီတီးမှာ ရှိတော့မှာ မဟုတ်ဘူးဗျာ” လို့ ဆိုပါတယ်။
REF; asianbookie
Photo : manchesterevening news
SPORT
မင်းလားကွ မန်ယူဖန်ဆိုပြီး လူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်မှု မိတ္ထီလာမှာ ဖြစ်ပွား
မင်းလားကွ မန်ယူဖန်ဆိုပြီး လူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်မှု မိတ္ထီလာမှာ ဖြစ်ပွား မြန်မာစံတော်ချိန် ယမန် နေ့ည ၁၁ နာရီမှာ မြန်မာဘောလုံးပရိသတ်တွေ လွန်စွာအားပေးကြတဲ့ မန်ယူအသင်းနဲ့ ချဲလ်ဆီးအသင်းတို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါ ပွဲစဉ်ကို မိတ္ထီလာမြိုက မန်ယူဖန်တစ်ဦးသွားရောက်ကြည့်ရှုခဲ့ပြီး ပွဲကစားချိန်က သန်းခေါင်ကျော် မနက်တစ်နာရီမှာ ပြီးတာကြောင့် တစ်ဦးတည်းအိမ်ပြန်လာတဲ့ အချိန် အခုလို ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။ မန်ယူပွဲ ကြည့်ပြီးနောက် အိမ်ကို ခြေကျင်ပြန်လာခဲ့တဲ့ သူ့ကို နောက်ကလိုက်လာတဲ့ လူတစ်စုက မင်းလားကွ မန်ယူဖန်ဆိုပြီး မေးမြန်းကာ အသင့်ပါလာတဲ့ အရက်ပုလင်းနဲ့ ဦးခေါင်းကို စတင်ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲ့လို ရိုက်ပြီးတဲ့ အပြင်ကို ပုလင်းက ကွဲသွားတာကြောင့် ကွဲသွားတဲ့ အချွန်နဲ့ပါ ရင်ဘက်ကို …
SPORT
ဒီလောက်လေးနဲ့ တောင်းပန်စရာ မလိုပါဘူးဗျာ၊ လူတိုင်းသိတဲ့ ကိစ္စပဲလို ဂျာဂန်ကလော့ ပြော
ဒီလောက်လေးနဲ့ တောင်းပန်စရာ မလိုပါဘူးဗျာ၊ လူတိုင်းသိတဲ့ ကိစ္စပဲလို ဂျာဂန်ကလော့ ပြော မောင်ယဿ ( နိုဝင်ဘာ ၂၅ ) မနေ့ညက ကစားခဲ့ တဲ့ ချန်ပီယံလိဂ် အုပ်စုB ရဲ့ ပွဲ စဉ် ၅ ဖြစ်တဲ့ လီဗာပူးနဲ့ ပေါ်တိုအသင်းတို ပွဲမှာ အိမ်ရှင် လီဗာပူး က ပေါ်တို အသင်း ကို ၂ ဂိုး၊ ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။ အဲ့ဒိပွဲအပြီး အင်တာဗျူး မှာ လီဗာပူး နည်း ပြ ဂျာဂန်ကလော့က သူ့အနေနဲ့ အာဖရိက ဘောလုံး အဖွဲ ချုပ် ကို တောင်းပန်စရာ …
SPORT
ချန်ပီယံလိဂ်ကို နှုတ်ဆက်လက်ပြလိုက်ရပြီဖြစ်တဲ့ ဒေါ့မွန်
ချန်ပီယံလိဂ်ကို နှုတ်ဆက်လက်ပြလိုက်ရပြီဖြစ်တဲ့ ဒေါ့မွန် ချန်ပီယံအုပ်စု C ရဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့အတွက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်တဲ့ စပို့တင်းအသင်းနဲ့ ဒေါ့မွန်အသင်းတို့ ယှဉ်ပြိုင်ကစားရတဲ့ ပွဲမှာတော့ တစ်ယောက်လျော့ ဒေါ့မွန်အသင်းက (၃-၁) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ် လေးပွဲကစားအပြီးမှာ ၆ မှတ်စီနဲ့ ရမှတ်တူနေတဲ့ အဆိုပါနှစ်သင်းတွေ့ဆုံတဲ့ပွဲမှာ အနိုင်ရတဲ့အသင်းက နောက်တဆင့်တက်ဖို့ သေချာမှာဖြစ်ပြီး စပို့တင်းအသင်းကပဲ အိမ်ကွင်းအားသာချက်နဲ့အတူ လိုအပ်နေတဲ့ နိုင်ပွဲကို အရယူသွားနိုင်ခဲ့ပါတယ်။ စပို့တင်းတောင်ပံတိုက်စစ်မှူး ပက်ဒရိုက ပွဲချိန် ၃၀ မိနစ်နဲ့ ၃၉ မိနစ်တို့မှာ ဦးဆောင်ဂိုးနှစ်ဂိုးဆက်တိုက်သွင်းယူခဲ့ပြီး ပထမပိုင်းမှာတင် ဒေါ့မွန်အသင်းနှစ်ဂိုးပေးခဲ့ရပါတယ်။ ပက်ဒရိုအနေနဲ့ ဟက်ထရစ်ဂိုး ရရှိဖို့ အခွင့်အရေးရခဲ့ပေမဲ့ ပွဲကစားချိန် …