မန်ယူကိုသွားရအောင် ကျုပ်က ကလေးကလားမှ မဟုတ်တာလို့ ပိုချက်တီနိုပြော - SANTHITSA
SPORT
မောင်ယဿ ( နိုဝင်ဘာ ၂၄ )
REF: asianbookie
Photo : footmarcato
Unicode
မန်ယူကိုသွားရအောင် ကျုပ်က ကလေးကလားမှ မဟုတ်တာလို့ ပိုချက်တီနိုပြော
မောင်ယဿ ( နိုဝင်ဘာ ၂၄ )
မန်ယူက ဆိုးရှားကို ထုတ်ပြီး လစ်လပ်သွားတဲ့ နည်းပြနေရာကို အစားထိုးဖို့ နည်းပြကောင်းကောင်း တစ်ယောက်ကို လိုက်ရှာနေရာ ပြင်သစ်ကလပ် PSG နည်းပြ အာဂျင်တီးနားသား ပိုချက်တီနိုက တစ်ပြေးနေပြီး မန်ယူနဲ့ စကားပြောနေတယ်လို့
ကောလဟလတွေထွက်ပေါ်နေရာ ပိုချက်တီနိုက မန်ယူကို သူမသွားနိုင်ဘူး လို့ ငြင်းဆို လိုက်ပါတယ်။
ပေါ်ထွက်နေတဲ့ ကောလာဟလ နဲ့ ပတ်သက်ပြီး ပိုချက်တီနိုက “ အခြားကလပ်အသင်းတစ်ခုခု မှာ သွားအလုပ်လုပ် ရအောင် ကျနော်က ဒီမှာ ဘာဖြစ်နေလို့ လဲ ။ လူတွေ ပြောနေတာတွေက ကျနော်ကိစ္စမဟုတ်ဘူး ။ ကျနော့် ရဲ့ ပြဿနာလည်း မဟုတ်ပါဘူး “ လို့ PSG ဝက်ဆိုက်မှာ ဖော်ပြလိုက်ပါတယ်။
“ ကျနော်PSG ကို အာရုံ အပြည့်စိုက်ထားတယ်။ ကျနော်ကို အမှားတွေ ပြောလာအောင် မလှုံ့ဆော်ကြပါနဲ့ ဗျာ။ ကျနော် စပိန် အသင်း အက်စပန်ညော်မှာရှိတုန်းက ဖာဂူဆန်ဆီမှာ အလုပ်လုပ်ချင်ခဲ့တာတော့ အမှန်ပဲဗျ။ အဲ့ဒါပါပဲ။
အဲ့တုန်းကပြောခဲ့တဲ့ စကားကို အထာကောက်ပြီး ဘလိုင်းကြီး စွတ်တွန်းနေမယ်ဆိုရင်တော့ ခင်ဗျားတို့ အမှားကြီး မှားနေပါပြီဗျာ”
“ ကျနော်က PSG မှာ ကစားသမားဘဝနဲ့ လည်းနေဖူးတယ်ဗျ။ ကျနော် ဒီကလပ် နဲ့ ပရိသတ်ကို ချစ်တယ်ဗျ။ လက်ရှိလည်း ကျနော်အတွက် အရမ်းတွေ ကောင်းနေတဲ့ အသင်းဗျာ ။ ကျနော်နည်းပြလုပ်လာတာ ၁၂ နှစ်ရှိနေပြီ။
ကိုယ်ကိုင်တွယ်နေတဲ့ အသင်း ကို အာရုံစိုက်ထားရမှာလေ။ ဟိုလူပြော ၊ ဒီလူပြောနဲ့ သွေးနထင်ရောက်ပြီး လျှောက်ပြော ရအောင် ကလေးကလားမှ မဟုတ်တာ”
“ ဟုတ်ပါတယ်။ ဘောလုံး က စီးပွားရေး လုပ်ငန်းတစ်ခုပါ။ အဲ့ဒိမှာ ကောလာဟလ ဆိုတာရှိပါတယ်။ ကျနော်မှာ ဆုံးဖြတ်ပြီးသားတွေရှိပါတယ်။ ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ၊ ကိုယ်လုပ်ရမယ့်အလုပ်ကိုပဲ ကိုယ်လုပ်မှာပါ။
အပြုသဘောဆောင်တဲ့ တိုးတက်မှုရယ်၊ အဆိုးဖြစ်စေမယ့် တိုးတက်မှုရယ် ။ အဲ့ဒါကိုရွေးချယ်ရမှာကလည်းကိုယ့်အလုပ်ပါပဲ”
“ ပြောချင်တာကဗျာ ၊ ကျနော် PSG မှာ ပျော်နေတယ်။ မန်ယူကိုသွားရမယ်ဆိုတဲ့ ကောလာဟလအပေါ်မှာ ကျနော် မတုန်လှုတ်ပါဘူး ၊ PSG ကို ၁၀၀% အာရုံစိုက်ထားပါတယ်” လို့ သူက ဆိုပါတယ်။
REF: asianbookie
Photo : footmarcato
SPORT
မင်းလားကွ မန်ယူဖန်ဆိုပြီး လူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်မှု မိတ္ထီလာမှာ ဖြစ်ပွား
မင်းလားကွ မန်ယူဖန်ဆိုပြီး လူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်မှု မိတ္ထီလာမှာ ဖြစ်ပွား မြန်မာစံတော်ချိန် ယမန် နေ့ည ၁၁ နာရီမှာ မြန်မာဘောလုံးပရိသတ်တွေ လွန်စွာအားပေးကြတဲ့ မန်ယူအသင်းနဲ့ ချဲလ်ဆီးအသင်းတို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါ ပွဲစဉ်ကို မိတ္ထီလာမြိုက မန်ယူဖန်တစ်ဦးသွားရောက်ကြည့်ရှုခဲ့ပြီး ပွဲကစားချိန်က သန်းခေါင်ကျော် မနက်တစ်နာရီမှာ ပြီးတာကြောင့် တစ်ဦးတည်းအိမ်ပြန်လာတဲ့ အချိန် အခုလို ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။ မန်ယူပွဲ ကြည့်ပြီးနောက် အိမ်ကို ခြေကျင်ပြန်လာခဲ့တဲ့ သူ့ကို နောက်ကလိုက်လာတဲ့ လူတစ်စုက မင်းလားကွ မန်ယူဖန်ဆိုပြီး မေးမြန်းကာ အသင့်ပါလာတဲ့ အရက်ပုလင်းနဲ့ ဦးခေါင်းကို စတင်ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲ့လို ရိုက်ပြီးတဲ့ အပြင်ကို ပုလင်းက ကွဲသွားတာကြောင့် ကွဲသွားတဲ့ အချွန်နဲ့ပါ ရင်ဘက်ကို …
SPORT
ဒီလောက်လေးနဲ့ တောင်းပန်စရာ မလိုပါဘူးဗျာ၊ လူတိုင်းသိတဲ့ ကိစ္စပဲလို ဂျာဂန်ကလော့ ပြော
ဒီလောက်လေးနဲ့ တောင်းပန်စရာ မလိုပါဘူးဗျာ၊ လူတိုင်းသိတဲ့ ကိစ္စပဲလို ဂျာဂန်ကလော့ ပြော မောင်ယဿ ( နိုဝင်ဘာ ၂၅ ) မနေ့ညက ကစားခဲ့ တဲ့ ချန်ပီယံလိဂ် အုပ်စုB ရဲ့ ပွဲ စဉ် ၅ ဖြစ်တဲ့ လီဗာပူးနဲ့ ပေါ်တိုအသင်းတို ပွဲမှာ အိမ်ရှင် လီဗာပူး က ပေါ်တို အသင်း ကို ၂ ဂိုး၊ ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။ အဲ့ဒိပွဲအပြီး အင်တာဗျူး မှာ လီဗာပူး နည်း ပြ ဂျာဂန်ကလော့က သူ့အနေနဲ့ အာဖရိက ဘောလုံး အဖွဲ ချုပ် ကို တောင်းပန်စရာ …
SPORT
ချန်ပီယံလိဂ်ကို နှုတ်ဆက်လက်ပြလိုက်ရပြီဖြစ်တဲ့ ဒေါ့မွန်
ချန်ပီယံလိဂ်ကို နှုတ်ဆက်လက်ပြလိုက်ရပြီဖြစ်တဲ့ ဒေါ့မွန် ချန်ပီယံအုပ်စု C ရဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့အတွက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်တဲ့ စပို့တင်းအသင်းနဲ့ ဒေါ့မွန်အသင်းတို့ ယှဉ်ပြိုင်ကစားရတဲ့ ပွဲမှာတော့ တစ်ယောက်လျော့ ဒေါ့မွန်အသင်းက (၃-၁) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ် လေးပွဲကစားအပြီးမှာ ၆ မှတ်စီနဲ့ ရမှတ်တူနေတဲ့ အဆိုပါနှစ်သင်းတွေ့ဆုံတဲ့ပွဲမှာ အနိုင်ရတဲ့အသင်းက နောက်တဆင့်တက်ဖို့ သေချာမှာဖြစ်ပြီး စပို့တင်းအသင်းကပဲ အိမ်ကွင်းအားသာချက်နဲ့အတူ လိုအပ်နေတဲ့ နိုင်ပွဲကို အရယူသွားနိုင်ခဲ့ပါတယ်။ စပို့တင်းတောင်ပံတိုက်စစ်မှူး ပက်ဒရိုက ပွဲချိန် ၃၀ မိနစ်နဲ့ ၃၉ မိနစ်တို့မှာ ဦးဆောင်ဂိုးနှစ်ဂိုးဆက်တိုက်သွင်းယူခဲ့ပြီး ပထမပိုင်းမှာတင် ဒေါ့မွန်အသင်းနှစ်ဂိုးပေးခဲ့ရပါတယ်။ ပက်ဒရိုအနေနဲ့ ဟက်ထရစ်ဂိုး ရရှိဖို့ အခွင့်အရေးရခဲ့ပေမဲ့ ပွဲကစားချိန် …