လောက်ကိုင် နဲ့ မြဝတီ မှာ ခုတလော အခေါ်များနေတဲ့ အလုပ်ကြောင်းပြောပြမယ် - SANTHITSA

လောက်ကိုင် နဲ့ မြဝတီ မှာ ခုတလော အခေါ်များနေတဲ့ အလုပ်ကြောင်းပြောပြမယ်

လောက်ကိုင် နဲ့ မြဝတီ မှာ ခုတလော အခေါ်များနေတဲ့ အလုပ်ကြောင်းပြောပြမယ်
KNOWLEDGE

လောက်ကိုင် နဲ့ မြဝတီ မှာ ခုတလော အခေါ်များနေတဲ့ အလုပ်ကြောင်းပြောပြမယ်

သိက္ခာပိုင်းနဲ့ ဆိုင်ပေမယ့် ပညာတတ်‌လေးတွေ နှမျောလွန်းလို့ ထပ်ပြီး ဆုံးရှုံးမခံချင်တော့လို့ မြဝတီ လောက်ကိုင်သွားပြီး casino အလုပ်လုပ်ဖို့ တွေးနေတဲ့လူငယ်တွေ ဖတ်ဖို့ပါ

ခေါ်တဲ့ပုံစံက online Game , customer Service, online marketing အစရှိလို နာမည်တွေနဲ့ ခေါ်ကြတယ်… English 4 skill ကျွမ်းရမယ် computer တက်ရမယ်ဆိုပြီး ခေါ်တယ်… လစာက နေစားငြိမ်း ၁၂ သိန်း ၁၅ သိန်းဝန်းကျင် ပေးကြပါတယ်…

အဲ့အလုပ်က နိုင်ငံခြားသားတွေဆီက what app သုံးပြီး လိမ်ရတာပါနော်… နိုင်ငံခြားသားတွေကို ပထမဆုံး မိန်းကလေးအရောင်းဆောင်ပြီး ရင်းနီးအောင် လုပ်ရတယ်… ရင်းနီးသွားပြီဆို အလုပ်အကိုင်အကြောင်းတွေ ပြောတယ်… ငါဝင်ငွေ ဘယ်လောက်ကောင်းကြောင်း ဘာလုပ်ငန်းတွေ လုပ်ကြောင်းပေါ့…

သူ့ကို ရင်းနှီးမြုပ်နှံဖို့ ခေါ်ရမယ် အတိုးဘယ်လောက်ပေးမယ်ပေါ့။ ပထမဆုံး ၁ကြိမ် ၂ကြိမ်တော့ အတိုးကို ထည့်ပေးတယ်။ ဟိုဘက်က ယုံကြည်ပြီး အများကြီး ငွေလွှဲ ရင်းနှီးမြုတ်နှံမှ block လိုက်ရတာ။ ဂိမ်းတွေဆိုလဲ သူ့ဆီက ငွေရောက် block လိုက်ရတာ။

အလုပ်က အပြင်လုံးဝ မထွက်ရဘူး ထွက်ရလဲ တစ်လတစ်ခါ အဲ့တာလဲ သူ့တို့ကားနဲ့ လိုက်ပို့တာ လစာက ပထမဆုံးလတာ ၁၂ သိန်း ၁၅သိန်း ပေးတာပါ။ နောက်လဆို ကိုယ်လိမ်နိုင်မှ ပိုက်ဆံရတာ မလိမ်နိုင်ရင်လဲ အရိုက်ခံရတယ် အထုခံရတယ်။

လိမ်နိုင်တဲ့သူ ငွေများများ ရှာပေးနိုင်သူဆို အိမ်ပြန်ရဖို့ လမ်းမရှိတော့ဘူး သူ့ကို လက်လွှတ်မခံတော့ဘူး။ အလုပ်ချိန် ၁၂ နာရီ အနည်းဆုံးလုပ်ရပါတယ် တစ်ခါတလေ မအိပ်ရဘူးနော်။ မိန်းကလေးတွေဆို နိုင်ငံခြားသားတွေနဲ့ ဆက်စ်ချက်တင် လုပ်ရတဲ့အထိ ပါတတ်တယ်။

အလုပ်ကလုပ်မဲ့သူဆို ကားစရိတ်ခံ ခေါ်တတ်ကြတယ်။ အပြင်ထွက်ရတဲ့ သူဆိုတာကလဲ သူဌေးလူယုံဖြစ်မှ ထွက်ရတက်တာ ပြည်သူ့စစ် လုံခြုံရေးအပြည့်နဲ့ ဟိုတယ် အထက်မြင့်တွေ မြို့အစွန်ဖျားတွေမှာ လုပ်ရတာပါ။ ခိုးထွက်လို့လဲ မရဘူး ထွက်ခဲ့ရင် အသက်ပါ ပေးရပါလိမ့်မယ်။

လုံးဝ အဲ့အလုပ်တွေ မလုပ်ကြပါနဲ့နော်။ ခုမြန်မာပြည်က ပညာတတ်လေးတွေ ယုံစားပြီး အရမ်းကို ဒီဘက်တက်လာကြတာ တရုတ်လူမျိုးတွေက ပြည်တွင်းမှာ အဖမ်းအဆီးများလို့ မြန်မာ နယ်စပ်တွေမှာ လုပ်စားကြတာပါ။ တချို့မိန်းကလေးတွေဆို တရုတ်သူဌေးရဲ့ မုဒိမ်းပါ ကျင့်ခံရတတ်ပါတယ်။

မြန်မာပြည်က ပညာတတ်လေးတွေ သတိထားဆင်ခြင် နိုင်ဖို့ပါ။ အရမ်းကို ဆိုးရွားတဲ့ အလုပ်ပါနော် သူများဆီက ရတဲ့ အပူစာတွေဖြစ်သလို မိမိလဲ လူလိမ်ဖြစ် မိမိ အသိုင်းဝိုင်းလဲ မကောင်း မိမိ အသက်ရှင်ရေးဟာလဲ မသေချာ အရိုက်ခံအထုခံ အနှိပ်ဆက်ခံ အလုပ်ကြီးပါ။

ခုမြန်မာနိုင်ငံထဲမှာ ကျပ်တည်းနေတဲ့အတွက် အဲပိုင်းတွေ ရောက်ရောက်သွားကျတာ စိတ်မကောင်းဘူး။ သူများပြောရင် မယုံဘူးတတ်ဘူး နော် ကျွန်မက ကိုယ်တိုင် မြဝတီလိုမြို့မှာ စားသောက်ဆိုင် ဖွင့်ခဲ့သူမို့ ကိုယ်တိုင် မြင်ခဲ့တာမို့ ပညာတတ်လေးတွေ နှမျောတယ်။

ပညာတတ်ကလေးတွေ အများကြီး နွံနစ်ခံနေရလို့ ပညာတတ်တွေကို အဲလို မဆုံးရှုံးစေချင်ဘူး။ မူရင်းရေးသားသူအား Credit ပေးပါတယ် ။

Zawgyi

ေလာက္ကိုင္ နဲ႔ ျမဝတီ မွာ ခုတေလာ အေခၚမ်ားေနတဲ့ အလုပ္ေၾကာင္းေျပာျပမယ္

သိကၡာပိုင္းနဲ႔ ဆိုင္ေပမယ့္ ပညာတတ္‌ေလးေတြ ႏွေမ်ာလြန္းလို႔ ထပ္ၿပီး ဆုံးရႈံးမခံခ်င္ေတာ့လို႔ ျမဝတီ ေလာက္ကိုင္သြားၿပီး casino အလုပ္လုပ္ဖို႔ ေတြးေနတဲ့လူငယ္ေတြ ဖတ္ဖို႔ပါ

ေခၚတဲ့ပုံစံက online Game , customer Service, online marketing အစရွိလို နာမည္ေတြနဲ႔ ေခၚၾကတယ္… English 4 skill ကြၽမ္းရမယ္ computer တက္ရမယ္ဆိုၿပီး ေခၚတယ္… လစာက ေနစားၿငိမ္း ၁၂ သိန္း ၁၅ သိန္းဝန္းက်င္ ေပးၾကပါတယ္…

အဲ့အလုပ္က ႏိုင္ငံျခားသားေတြဆီက what app သုံးၿပီး လိမ္ရတာပါေနာ္… ႏိုင္ငံျခားသားေတြကို ပထမဆုံး မိန္းကေလးအေရာင္းေဆာင္ၿပီး ရင္းနီးေအာင္ လုပ္ရတယ္… ရင္းနီးသြားၿပီဆို အလုပ္အကိုင္အေၾကာင္းေတြ ေျပာတယ္… ငါဝင္ေငြ ဘယ္ေလာက္ေကာင္းေၾကာင္း ဘာလုပ္ငန္းေတြ လုပ္ေၾကာင္းေပါ့…

သူ႔ကို ရင္းႏွီးျမဳပ္ႏွံဖို႔ ေခၚရမယ္ အတိုးဘယ္ေလာက္ေပးမယ္ေပါ့။ ပထမဆုံး ၁ႀကိမ္ ၂ႀကိမ္ေတာ့ အတိုးကို ထည့္ေပးတယ္။ ဟိုဘက္က ယုံၾကည္ၿပီး အမ်ားႀကီး ေငြလႊဲ ရင္းႏွီးျမဳတ္ႏွံမွ block လိုက္ရတာ။ ဂိမ္းေတြဆိုလဲ သူ႔ဆီက ေငြေရာက္ block လိုက္ရတာ။

အလုပ္က အျပင္လုံးဝ မထြက္ရဘူး ထြက္ရလဲ တစ္လတစ္ခါ အဲ့တာလဲ သူ႔တို႔ကားနဲ႔ လိုက္ပို႔တာ လစာက ပထမဆုံးလတာ ၁၂ သိန္း ၁၅သိန္း ေပးတာပါ။ ေနာက္လဆို ကိုယ္လိမ္ႏိုင္မွ ပိုက္ဆံရတာ မလိမ္ႏိုင္ရင္လဲ အ႐ိုက္ခံရတယ္ အထုခံရတယ္။

လိမ္ႏိုင္တဲ့သူ ေငြမ်ားမ်ား ရွာေပးႏိုင္သူဆို အိမ္ျပန္ရဖို႔ လမ္းမရွိေတာ့ဘူး သူ႔ကို လက္လႊတ္မခံေတာ့ဘူး။ အလုပ္ခ်ိန္ ၁၂ နာရီ အနည္းဆုံးလုပ္ရပါတယ္ တစ္ခါတေလ မအိပ္ရဘူးေနာ္။ မိန္းကေလးေတြဆို ႏိုင္ငံျခားသားေတြနဲ႔ ဆက္စ္ခ်က္တင္ လုပ္ရတဲ့အထိ ပါတတ္တယ္။

အလုပ္ကလုပ္မဲ့သူဆို ကားစရိတ္ခံ ေခၚတတ္ၾကတယ္။ အျပင္ထြက္ရတဲ့ သူဆိုတာကလဲ သူေဌးလူယုံျဖစ္မွ ထြက္ရတက္တာ ျပည္သူ႔စစ္ လုံၿခဳံေရးအျပည့္နဲ႔ ဟိုတယ္ အထက္ျမင့္ေတြ ၿမိဳ႕အစြန္ဖ်ားေတြမွာ လုပ္ရတာပါ။ ခိုးထြက္လို႔လဲ မရဘူး ထြက္ခဲ့ရင္ အသက္ပါ ေပးရပါလိမ့္မယ္။

လုံးဝ အဲ့အလုပ္ေတြ မလုပ္ၾကပါနဲ႔ေနာ္။ ခုျမန္မာျပည္က ပညာတတ္ေလးေတြ ယုံစားၿပီး အရမ္းကို ဒီဘက္တက္လာၾကတာ တ႐ုတ္လူမ်ိဳးေတြက ျပည္တြင္းမွာ အဖမ္းအဆီးမ်ားလို႔ ျမန္မာ နယ္စပ္ေတြမွာ လုပ္စားၾကတာပါ။ တခ်ိဳ႕မိန္းကေလးေတြဆို တ႐ုတ္သူေဌးရဲ႕ မုဒိမ္းပါ က်င့္ခံရတတ္ပါတယ္။

ျမန္မာျပည္က ပညာတတ္ေလးေတြ သတိထားဆင္ျခင္ ႏိုင္ဖို႔ပါ။ အရမ္းကို ဆိုး႐ြားတဲ့ အလုပ္ပါေနာ္ သူမ်ားဆီက ရတဲ့ အပူစာေတြျဖစ္သလို မိမိလဲ လူလိမ္ျဖစ္ မိမိ အသိုင္းဝိုင္းလဲ မေကာင္း မိမိ အသက္ရွင္ေရးဟာလဲ မေသခ်ာ အ႐ိုက္ခံအထုခံ အႏွိပ္ဆက္ခံ အလုပ္ႀကီးပါ။

ခုျမန္မာႏိုင္ငံထဲမွာ က်ပ္တည္းေနတဲ့အတြက္ အဲပိုင္းေတြ ေရာက္ေရာက္သြားက်တာ စိတ္မေကာင္းဘူး။ သူမ်ားေျပာရင္ မယုံဘူးတတ္ဘူး ေနာ္ ကြၽန္မက ကိုယ္တိုင္ ျမဝတီလိုၿမိဳ႕မွာ စားေသာက္ဆိုင္ ဖြင့္ခဲ့သူမို႔ ကိုယ္တိုင္ ျမင္ခဲ့တာမို႔ ပညာတတ္ေလးေတြ ႏွေမ်ာတယ္။

ပညာတတ္ကေလးေတြ အမ်ားႀကီး ႏြံနစ္ခံေနရလို႔ ပညာတတ္ေတြကို အဲလို မဆုံးရႈံးေစခ်င္ဘူး။ မူရင္းေရးသားသူအား Credit ေပးပါတယ္ ။

KNOWLEDGE
အဆင့္အတန္းရွိရွိ Facebook သုံးနည္း

အဆင့္အတန္းရွိရွိ Facebook သုံးနည္း Facebook ေပၚမွာ သူတပါးတင္ထားတဲ့ ပို႔စ္ေတြ၊ ပုံေတြ၊ စာေတြကို ကိုယ္က သေဘာမက်ရင္ ေက်ာ္သြားလိုက္ပါ။ အရည္မရ၊ အဖတ္မရေတြပဲ တင္ေနတဲ့သူေတြ၊ ကိုယ္မႀကိဳက္တဲ့ပို႔စ္ေတြကိုပဲ အၿမဲတမ္းတင္ေနတဲ့သူေတြအေကာင့္အတုေတြ မိန္းခေလးပုံလွလွေတြနဲ႔ ပ႐ိုဖိုင္းပုံ အမွန္မတင္ထားတဲ့သူေတြ မိမိဓါတ္ပုံ အစစ္နဲ႔မတင္ထားတဲ့ အေကာင့္ေတြ ဆိုရင္ Unfollow လုပ္ပါ ၊ သူငယ္ခ်င္း add fri မလုပ္ပဲ ထားလိုက္ပါ။ ဒီထက္ စိတ္အေႏွာက္အယွက္ျဖစ္လာရင္၊ ေထာက္ထားစရာ အကန႔္လည္း မရွိရင္ Unfriend လုပ္ပစ္လိုက္ပါ။ ေနာက္ဆုံး ဘယ္လိုမွ သည္းမခံႏိုင္ေအာင္ ကိုယ့္ကိုတ္အေႏွာက္အယွက္ေပးလာရင္ေတာ့ တခါတည္းသာ Block လုပ္ပစ္လိုက္ပါ။ သူမ်ားတင္ထားတဲ့ပို႔စ္ကို React ေပးေတာ့မယ္ဆိုရင္ သိပ္မရင္းႏွီးတဲ့သူေတြကို …

KNOWLEDGE
Mi ဖုန္းဝယ္မယ္ဆိုရင္သို႔မဟုတ္ mi ဖုန္းကိုကိုင္ထားရင္အေရးႀကီး သိထားရမည့္အခ်က္မ်ား

Mi ဖုန္းဝယ္မယ္ဆိုရင္သို႔မဟုတ္ mi ဖုန္းကိုကိုင္ထားရင္အေရးႀကီး သိထားရမည့္အခ်က္မ်ား သာေကာတို႔အႀကံက မေသးတာ အမွန္ပါ ျမန္မာ အမ်ားစု ကေတာ့ ေနာက္ေပၚရင္ ဝယ္မယ္ ဆိုတာပဲ သိတာပါ အခုဆို mi ဖုန္းကိုင္သူ ျမန္မာႏိုင္ငံ ငါးပုံတပုံ နီးပါးရွိေန ၾကပါၿပီ ကိုင္ေကာင္းၿပီး ေဈးခ်ိဳရင္ ၿပီးေယာသုံးေနတဲ့ သူေတြ သိၾကဖို႔ ပါ အခုလို ဆင္ဆာေတြ ထည့္ထား တာဟာအသုံးျပဳသူရဲ႕လုံၿခဳံေရးကို အရမ္းထိခိုက္ ေစပါ တယ္ အေရးမႀကဳံ ေသးလို႔ မသိေပမယ့္ အေကာင့္ဟက္ခံ ရတာမ်ိဳးတို႔ စက္မွာ ပုံမွန္ မဟုတ္တဲ့ လုပ္ေဆာင္မႈေတြေျပာင္းလဲ လာတာမ်ိဳးတို႔ ဆိုသတိထားပါ အဲ့ဒါဆို သင့္ဖုန္းကို သူတို႔ ထိန္းခ်ဳပ္ေစာင့္ၾကည့္ …

KNOWLEDGE
”စကၤာပူသူေဌး”ကို အံ့ၾသမွင္သက္ေစခဲ့ေသာ မအူပင္ၿမိဳ႕နယ္ ထန္းပင္ေကြ႕က ကရင္မေလး

”စကၤာပူသူေဌး”ကို အံ့ၾသမွင္သက္ေစခဲ့ေသာ မအူပင္ၿမိဳ႕နယ္ ထန္းပင္ေကြ႕က ကရင္မေလး သမုဒၵရာ ဝမ္းတစ္ထြာ မိသားစုအေရး ဘဝေရွ႕ေရးအတြက္ သူမ်ားႏိုင္ငံ လာအလုပ္လုပ္တာေလ ကြၽန္လာခံတာမွ မဟုတ္တာအဖိႏွိမ့္ခံ အေျပာအဆိုခံဖို႔မွ မဟုတ္တာ သူတို႔ေပးတဲ့ လစာနဲ႔ ထိုက္တန္တဲ့ လုပ္အားကို ေပးခဲ့တာပဲ အလုပ္ရွင္နဲ႔ အလုပ္သမားပဲ။ လူလူခ်င္းအေပၚ ငါလစာေပးထားရတယ္ ပိုက္ဆံေပးရ တယ္ဆိုၿပီး သူတို႔ေျပာသမွ် ဆိုသမွ် ေခါင္းငုံ႔ခံကာ ေနတတ္တဲ့သူေတြထဲ ေဖြးစိန္ တစ္ေယာက္မပါ။ လစာနဲ႔ ထိုက္တန္တဲ့ လုပ္အားကို အျပည့္ေပးဆပ္ခဲ့တာ သူတို႔ေျပာသမွ် ဆိုသမွ် ခံေနရမွာတဲ့လား တန္းတူညီမွ်မႈ ခြဲျခားဆက္ဆံမႈ မရွိေစရဆိုတဲ့ ကိုယ္ပိုင္လူ႔အခြင့္အေရးဆိုတာ လူသားတိုင္း ခံစားခြင့္ ရွိေနတယ္မဟုတ္လား။ မိသားစုအေရးေၾကာင့္ စကာပၤူကို စြန႔္စားၿပီး ထြက္ခြါ …