SPORT
မောင်ယဿ ( နိုဝင်ဘာ ၂၄ )
REF: asianbookie
Photo : daily express
Unicode
ခင်ဗျားတို့ က ဘာတွေလဲဗျာ ။ မန်ယူနဲ့ ဆိုးရှားကိစ္စ ဘာဖြစ်လို့ ကျနော့်ကိုလာလာမေးနေကြတာလဲ
မောင်ယဿ ( နိုဝင်ဘာ ၂၄ )
မန်ယူအသင်းကနေ နည်းပြဆိုးရှား အလုပ်ထုတ်ခံရပြီးနောက် မီဒီယာတွေက လီဗာပူး နည်းပြ ဂျာဂန်ကလော့ကို တွေတိုင်း ဆိုးရှား နဲ့ မန်ယူအကြောင်း ကို မေးလေ့ရှိတဲ့အတွက်ကြောင့် ကလော့က မန်ယူနဲ့ ဆိုးရှားအကြာင်း ကို ကျနော်ကို လာလာမမေးကြပါနဲ့ဗျာ။
ကျနော်နဲ့ ဘာမှ မဆိုင်ပါဘူးလို့ ယတိပြတ် ပြောလိုက်ပါတယ်။ မန်ယူကို အိမ်စောင့်နည်းပြအဖြစ် မိုက်ကယ်ကာရစ်ခ်ကို ခန့်ထားပြီး ထိန်းကြောင်းနေစဉ်မှာ မန်ယူက မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲ ဗီလာရီးရဲလ်နဲ့ ပွဲမှာ ( ၂- ၀ ) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဗြဟ္မဦးခေါင်းလို ဖြစ်နေတဲ့ မန်ယူနည်းပြ ထိုင်ခုံအတွက် ပြင်သစ်အသင်း PSG နည်းပြ ပိုချက်တီနိုက တစ်ပြေးနေပါတယ်။
ဆိုးရှား အလုပ်ပြုတ်သွားတဲ့ အကြောင်း အရင်း တစ်ခုထဲမှာ လီဗာပူးက မန်ယူကွင်းမှာ ( ၅ – ၀ ) ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူလိုက်ခြင်း ကလည်းအကြောင်းအရင်း တစ်ခုဖြစ်နေပါတယ်။
မန်ယူဘောလုံးသမိုင်းမှာ ဆိုးဆိုးဝါးဝါး ရလဒ်တစ်ခုဖြစ်လို့ ကလပ်အသင်း ဘုတ်အဖွဲ့အနေနဲ့ ဆိုးရှားအပေါ် သက်ညှာနိုင်ခြင်း ကုန်းခမ်း သွားတာပဲ ဖြစ်ပါတယ်။
နောက်ပိုင်း ဒါဘီပွဲ မန်စီတီးကို ( ၂ – ၀ ) နဲ့ ရှုံး တာ ၊ ဝက်ဖို့ဒ်ကွင်း မှာ ( ၄ – ၁ ) နဲ့ ရှုံး တာတွေက ဆိုးရှား ကို အလုပ်ဖြုတ်ပစ်ဖို့ အတွက် နောက်ထပ်မီးစာတွေ ပဲ ဖြစ်ပါတယ်။
တကယ်တော့ လီဗာပူးပွဲ အရှုံး က အဓိက အရင်းခံဖြစ်လို့ မီဒီယာတွေက လီဗာပူး နည်းပြ ဂျာဂန်ကလော့ကိုတွေ့တိုင်း မန်ယူနဲ့ ဆိုးရှား အကြောင်း ကို မေးတာပဲ ဖြစ်ပါတယ်။
ဒီညက စားမယ့် ချန်ပီယံလိဂ် အုပ်စုပွဲမှာ လီဗာပူးက ပေါ်တိုအသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာပါ ။ ပွဲကြို အင်တာဗျူး မှာ မီဒီယာတွေက မန်ယူ ဆိုးရှားပြဿနာကိုမေးလို့ ဂျာဂန်ကလော့က “ ခင်ဗျားတို့ကလည်း ဘာတွေ လာမေးမေးနေမှန်းကို မသိတာ။ အခု ပွဲနဲ့ ပတ်သက်ပြီးမေးလေဗျာ။
ဆိုးရှား ကို မန်ယူက ဖြုတ်လိုက်တယ်။ အဲ့ဒါကလပ်အသင်း တစ်သင်း နဲ့ နည်း ပြ တစ်ယောက်ယောက် ကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တစ်ခုပဲလေ။
ကျနော်လည်း အဲ့လိုအဖြစ်မျိုး နဲ့ ကြုံရင် ကြုံ ရမှာပဲလေ။ နောက်တစ်ခါ အဲ့ဒိမေးခွန်တွေကို မမေးကြပါနဲ့ ဗျာ။ ကျနော့်မှာ ဖြေစရာမရှိဘူး ။ ဆော်ရီးဗျာ” လို့တုံ့ပြန်ပြော ခဲ့ပါတယ်။
REF: asianbookie
Photo : daily express
SPORT
မင်းလားကွ မန်ယူဖန်ဆိုပြီး လူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်မှု မိတ္ထီလာမှာ ဖြစ်ပွား
မင်းလားကွ မန်ယူဖန်ဆိုပြီး လူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်မှု မိတ္ထီလာမှာ ဖြစ်ပွား မြန်မာစံတော်ချိန် ယမန် နေ့ည ၁၁ နာရီမှာ မြန်မာဘောလုံးပရိသတ်တွေ လွန်စွာအားပေးကြတဲ့ မန်ယူအသင်းနဲ့ ချဲလ်ဆီးအသင်းတို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါ ပွဲစဉ်ကို မိတ္ထီလာမြိုက မန်ယူဖန်တစ်ဦးသွားရောက်ကြည့်ရှုခဲ့ပြီး ပွဲကစားချိန်က သန်းခေါင်ကျော် မနက်တစ်နာရီမှာ ပြီးတာကြောင့် တစ်ဦးတည်းအိမ်ပြန်လာတဲ့ အချိန် အခုလို ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။ မန်ယူပွဲ ကြည့်ပြီးနောက် အိမ်ကို ခြေကျင်ပြန်လာခဲ့တဲ့ သူ့ကို နောက်ကလိုက်လာတဲ့ လူတစ်စုက မင်းလားကွ မန်ယူဖန်ဆိုပြီး မေးမြန်းကာ အသင့်ပါလာတဲ့ အရက်ပုလင်းနဲ့ ဦးခေါင်းကို စတင်ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲ့လို ရိုက်ပြီးတဲ့ အပြင်ကို ပုလင်းက ကွဲသွားတာကြောင့် ကွဲသွားတဲ့ အချွန်နဲ့ပါ ရင်ဘက်ကို …
SPORT
ဒီလောက်လေးနဲ့ တောင်းပန်စရာ မလိုပါဘူးဗျာ၊ လူတိုင်းသိတဲ့ ကိစ္စပဲလို ဂျာဂန်ကလော့ ပြော
ဒီလောက်လေးနဲ့ တောင်းပန်စရာ မလိုပါဘူးဗျာ၊ လူတိုင်းသိတဲ့ ကိစ္စပဲလို ဂျာဂန်ကလော့ ပြော မောင်ယဿ ( နိုဝင်ဘာ ၂၅ ) မနေ့ညက ကစားခဲ့ တဲ့ ချန်ပီယံလိဂ် အုပ်စုB ရဲ့ ပွဲ စဉ် ၅ ဖြစ်တဲ့ လီဗာပူးနဲ့ ပေါ်တိုအသင်းတို ပွဲမှာ အိမ်ရှင် လီဗာပူး က ပေါ်တို အသင်း ကို ၂ ဂိုး၊ ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။ အဲ့ဒိပွဲအပြီး အင်တာဗျူး မှာ လီဗာပူး နည်း ပြ ဂျာဂန်ကလော့က သူ့အနေနဲ့ အာဖရိက ဘောလုံး အဖွဲ ချုပ် ကို တောင်းပန်စရာ …
SPORT
ချန်ပီယံလိဂ်ကို နှုတ်ဆက်လက်ပြလိုက်ရပြီဖြစ်တဲ့ ဒေါ့မွန်
ချန်ပီယံလိဂ်ကို နှုတ်ဆက်လက်ပြလိုက်ရပြီဖြစ်တဲ့ ဒေါ့မွန် ချန်ပီယံအုပ်စု C ရဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့အတွက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်တဲ့ စပို့တင်းအသင်းနဲ့ ဒေါ့မွန်အသင်းတို့ ယှဉ်ပြိုင်ကစားရတဲ့ ပွဲမှာတော့ တစ်ယောက်လျော့ ဒေါ့မွန်အသင်းက (၃-၁) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ် လေးပွဲကစားအပြီးမှာ ၆ မှတ်စီနဲ့ ရမှတ်တူနေတဲ့ အဆိုပါနှစ်သင်းတွေ့ဆုံတဲ့ပွဲမှာ အနိုင်ရတဲ့အသင်းက နောက်တဆင့်တက်ဖို့ သေချာမှာဖြစ်ပြီး စပို့တင်းအသင်းကပဲ အိမ်ကွင်းအားသာချက်နဲ့အတူ လိုအပ်နေတဲ့ နိုင်ပွဲကို အရယူသွားနိုင်ခဲ့ပါတယ်။ စပို့တင်းတောင်ပံတိုက်စစ်မှူး ပက်ဒရိုက ပွဲချိန် ၃၀ မိနစ်နဲ့ ၃၉ မိနစ်တို့မှာ ဦးဆောင်ဂိုးနှစ်ဂိုးဆက်တိုက်သွင်းယူခဲ့ပြီး ပထမပိုင်းမှာတင် ဒေါ့မွန်အသင်းနှစ်ဂိုးပေးခဲ့ရပါတယ်။ ပက်ဒရိုအနေနဲ့ ဟက်ထရစ်ဂိုး ရရှိဖို့ အခွင့်အရေးရခဲ့ပေမဲ့ ပွဲကစားချိန် …