ဂျူဗင်တပ်စ်ကို သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ရှုးပွဲ ကြုံတွေ့စေခဲ့တဲ့ ချဲလ်ဆီး - SANTHITSA
SPORT
ကိုမင်း
နိုဝင်ဘာ၊ ၂၄
Unicode
ဂျူဗင်တပ်စ်ကို သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ရှုးပွဲ ကြုံတွေ့စေခဲ့တဲ့ ချဲလ်ဆီး
ယနေ့မနက် ယှဥ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာတော့ လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းက ဂျူဗင်တပ်စ်အသင်းကို (၄-၀) ရလဒ်နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။
အီတလီထိပ်သီး ဂျူဗင်တပ်စ်အသင်းအနေနဲ့ အင်္ဂလန်ကလပ် ချဲလ်ဆီးအသင်းကို အဘက်ဘက်က မယှဥ်ပြိုင်နိုင်ခဲ့တာကြောင့် အခုလို အထိနာခဲ့ရတာလည်းဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ၂၅ မိနစ်မှာ နောက်ခံလူ ခါလိုဘတ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ အသင်းအတွက် ပထမဆုံးဥရောပ ပွဲစဥ်ဖြစ်ပြီး ပထမဆုံးဥရောပသွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။
ပထမပိုင်းမှာ ဂျူဗင်တပ်စ်အသင်း ချေပဂိုးရဖို နီးစပ်ခဲ့ပေမဲ့ မိုရာတာရဲ့ ဂိုးသမားကို မတင်ပြီး ကန်သွင်းမှုကို သီယာဂိုဆေးဗားလ် မရမက ဖျက်ထုတ်ခဲ့တာကြောင့် သွင်းဂိုးမရခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းအတွက် ဒုတိယဂိုးကိုတော့ တစ်ပွဲလုံးခြေစွမ်းပြနေတဲ့ ရိစ်ဂျိမ်းက ၅၅ မိနစ်မှာ ထောင့်ဖြတ် အပြင်းကန်သွင်းယူခဲ့ပါတယ်။
ပွဲကစားချိန် ၅၈ မိနစ်မှာ ဂိုးဧရိယာရှေ့ ရှုပ်ရှက်ခက်နေတဲ့ကြားက လိုဖ်တပ်ချိခ်ရဲ့ ပေးပိုမှုကတဆင့် ဟက်ဒ်ဆန်အိုဒွိင်းကန်သွင်းခဲ့ရာ တတိယဂိုးထပ်မံရရှိခဲ့ပြန်ပါတယ်။ အပိတ်ဂိုးကိုတော့ မိနစ် ၉၀ ပြည့်လို အချိန်ပိုမှာ ဇီးရက်ချ်ရဲ့ ဖြတ်တင်ပေးမှုကို တီမိုဝါနာအပိုင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းကို ဂိုးပြတ်ရှုးနိမ့်ခဲ့တဲ့ပွဲဟာ ဂျူဗင်တပ်စ်အသင်းရဲ့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးကြီးကြီးမားမားရှုးနိမ့်ခဲ့ရတဲ့ပွဲအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
နည်းပြ တူချယ်အနေနဲ့ ချဲလ်ဆီးအသင်းကို ပွဲ ၅၀ ကိုင်တွယ်အပြီးမှာ ၃၅ ပွဲအထိ နိုင်ပွဲရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
အုပ်စုတွင်းပွဲစဥ်ငါးပွဲအပြီးမှာတော့ နှစ်သင်းလုံး လေးပွဲနိုင် တစ်ပွဲရှုး ရမှတ် ၁၂ မှတ်နဲ့ ရမှတ်တူ ၁၆ သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
လက်ရှိမှာ ချဲလ်ဆီးအသင်းက ဂိုးကွာခြားချက်အသာနဲ့ အုပ်စုဗိုလ်အဖြစ်ရပ်တည်နေပေမဲ့ အုပ်စုပထမနေရာသေချာရေး နောက်ပွဲတွေ စောင့်ကြည့်ရဦးမှာပါ။
ကိုမင်း
နိုဝင်ဘာ၊ ၂၄
SPORT
မင်းလားကွ မန်ယူဖန်ဆိုပြီး လူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်မှု မိတ္ထီလာမှာ ဖြစ်ပွား
မင်းလားကွ မန်ယူဖန်ဆိုပြီး လူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်မှု မိတ္ထီလာမှာ ဖြစ်ပွား မြန်မာစံတော်ချိန် ယမန် နေ့ည ၁၁ နာရီမှာ မြန်မာဘောလုံးပရိသတ်တွေ လွန်စွာအားပေးကြတဲ့ မန်ယူအသင်းနဲ့ ချဲလ်ဆီးအသင်းတို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါ ပွဲစဉ်ကို မိတ္ထီလာမြိုက မန်ယူဖန်တစ်ဦးသွားရောက်ကြည့်ရှုခဲ့ပြီး ပွဲကစားချိန်က သန်းခေါင်ကျော် မနက်တစ်နာရီမှာ ပြီးတာကြောင့် တစ်ဦးတည်းအိမ်ပြန်လာတဲ့ အချိန် အခုလို ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။ မန်ယူပွဲ ကြည့်ပြီးနောက် အိမ်ကို ခြေကျင်ပြန်လာခဲ့တဲ့ သူ့ကို နောက်ကလိုက်လာတဲ့ လူတစ်စုက မင်းလားကွ မန်ယူဖန်ဆိုပြီး မေးမြန်းကာ အသင့်ပါလာတဲ့ အရက်ပုလင်းနဲ့ ဦးခေါင်းကို စတင်ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲ့လို ရိုက်ပြီးတဲ့ အပြင်ကို ပုလင်းက ကွဲသွားတာကြောင့် ကွဲသွားတဲ့ အချွန်နဲ့ပါ ရင်ဘက်ကို …
SPORT
ဒီလောက်လေးနဲ့ တောင်းပန်စရာ မလိုပါဘူးဗျာ၊ လူတိုင်းသိတဲ့ ကိစ္စပဲလို ဂျာဂန်ကလော့ ပြော
ဒီလောက်လေးနဲ့ တောင်းပန်စရာ မလိုပါဘူးဗျာ၊ လူတိုင်းသိတဲ့ ကိစ္စပဲလို ဂျာဂန်ကလော့ ပြော မောင်ယဿ ( နိုဝင်ဘာ ၂၅ ) မနေ့ညက ကစားခဲ့ တဲ့ ချန်ပီယံလိဂ် အုပ်စုB ရဲ့ ပွဲ စဉ် ၅ ဖြစ်တဲ့ လီဗာပူးနဲ့ ပေါ်တိုအသင်းတို ပွဲမှာ အိမ်ရှင် လီဗာပူး က ပေါ်တို အသင်း ကို ၂ ဂိုး၊ ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။ အဲ့ဒိပွဲအပြီး အင်တာဗျူး မှာ လီဗာပူး နည်း ပြ ဂျာဂန်ကလော့က သူ့အနေနဲ့ အာဖရိက ဘောလုံး အဖွဲ ချုပ် ကို တောင်းပန်စရာ …
SPORT
ချန်ပီယံလိဂ်ကို နှုတ်ဆက်လက်ပြလိုက်ရပြီဖြစ်တဲ့ ဒေါ့မွန်
ချန်ပီယံလိဂ်ကို နှုတ်ဆက်လက်ပြလိုက်ရပြီဖြစ်တဲ့ ဒေါ့မွန် ချန်ပီယံအုပ်စု C ရဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့အတွက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်တဲ့ စပို့တင်းအသင်းနဲ့ ဒေါ့မွန်အသင်းတို့ ယှဉ်ပြိုင်ကစားရတဲ့ ပွဲမှာတော့ တစ်ယောက်လျော့ ဒေါ့မွန်အသင်းက (၃-၁) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ် လေးပွဲကစားအပြီးမှာ ၆ မှတ်စီနဲ့ ရမှတ်တူနေတဲ့ အဆိုပါနှစ်သင်းတွေ့ဆုံတဲ့ပွဲမှာ အနိုင်ရတဲ့အသင်းက နောက်တဆင့်တက်ဖို့ သေချာမှာဖြစ်ပြီး စပို့တင်းအသင်းကပဲ အိမ်ကွင်းအားသာချက်နဲ့အတူ လိုအပ်နေတဲ့ နိုင်ပွဲကို အရယူသွားနိုင်ခဲ့ပါတယ်။ စပို့တင်းတောင်ပံတိုက်စစ်မှူး ပက်ဒရိုက ပွဲချိန် ၃၀ မိနစ်နဲ့ ၃၉ မိနစ်တို့မှာ ဦးဆောင်ဂိုးနှစ်ဂိုးဆက်တိုက်သွင်းယူခဲ့ပြီး ပထမပိုင်းမှာတင် ဒေါ့မွန်အသင်းနှစ်ဂိုးပေးခဲ့ရပါတယ်။ ပက်ဒရိုအနေနဲ့ ဟက်ထရစ်ဂိုး ရရှိဖို့ အခွင့်အရေးရခဲ့ပေမဲ့ ပွဲကစားချိန် …