ယာယီနည်းပြကာရစ်ရဲ့ အဖွင့်နိုင်ပွဲနဲ့ ၁၆ သင်းအဆင့် တက်သွားပြီဖြစ်တဲ့ မန်ယူ - SANTHITSA


SPORT












(ဗီလာရီးရဲလ်၊ မန်ယူ)






ကိုမင်း
နိုဝင်ဘာ၊ ၂၄

Unicode

ယာယီနည်းပြကာရစ်ရဲ့ အဖွင့်နိုင်ပွဲနဲ့ ၁၆ သင်းအဆင့် တက်သွားပြီဖြစ်တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက် ပထမဆုံးကစားရတဲ့ပွဲမှာ ယာယီနည်းပြ ကာရစ်ရဲ့ ဦးဆောင်မှုနဲ့ အတူ ဗီလာရီးရဲလ်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါနိုင်ပွဲကြောင့် ချန်ပီယံလိဂ် အုပ်စုပွဲစဥ်မှာ ငါးပွဲကစားအပြီး သုံးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုး ရလဒ်နဲ့ ၁၆ သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဂိုးတွေကိုတော့ စီရော်နယ်ဒို (၇၈ မိနစ်) နဲ့ ဆန်ချို (၉၀ မိနစ်) တိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒိုအနေနဲ့ ယခုနှစ်ရာသီ ချန်ပီယံလိဂ်မှာ ၅ ပွဲဆက် ပွဲစဥ်တိုင်း ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

အဆိုပါ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဆန်ချိုကလည်း မန်ယူအသင်းအတွက် ပထမဆုံးသွင်းဂိုးကို စတင်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ကာရစ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ –

ဒီရက်ပိုင်းတွေဟာ ကလပ်အသင်းမှာ ရှိတဲ့ လူတိုင်းအတွက် စိတ်ချမ်းမြေ့ပျော်ရွှင်ဖွယ် နေ့ရက် တွေ မဟုတ်ခဲ့ပါဘူး ဒီနေ့ နိုင်ပွဲ ရလဒ်ဟာ ဆိုးလ်ရှားအတွက် ရည်စူးပါတယ်

ကျနော်တိုမှာ လုပ်စရာတွေ အများကြီးရှိခဲ့တယ် ဂရုတစိုက် ပြင်ဆင်စရာတွေ အများကြီးရှိခဲ့ပါတယ် ကျနော်တို အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ် စီစဥ်ထားတဲ့အတိုင်းဖြစ်လာတဲ့အတွက် ကျေးဇူးတင်ပါတယ် လို ဖြေကြားခဲ့ပါတယ်။

ကာရစ်ဟာ ကစားသမားဘဝမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ၂၀၀၈ ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးခဲ့ဖူးသူဖြစ်ပါတယ်။

ပွဲအတွင်း အချက်အလက်များ

(ဗီလာရီးရဲလ်၊ မန်ယူ)

ဘောလုံးပိုင်ဆိုင်မှု- ၅၁ %၊ ၄၉ %

ဂိုးကန်သွင်းမှု- ၁၃ ကြိမ်၊ ၁၁ ကြိမ်

ဂိုးပေါက်တည့်မှု- ၃ ကြိမ်၊ ၆ ကြိမ်

ထောင့်ကန်ဘော- ၈ ကြိမ်၊ ၆ ကြိမ်

ပြစ်ဒဏ်ကျူးလွန်မှု- ၉ ကြိမ်၊ ၅ ကြိမ်

ကိုမင်း
နိုဝင်ဘာ၊ ၂၄

SPORT
မင်းလားကွ မန်ယူဖန်ဆိုပြီး လူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်မှု မိတ္ထီလာမှာ ဖြစ်ပွား

မင်းလားကွ မန်ယူဖန်ဆိုပြီး လူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်မှု မိတ္ထီလာမှာ ဖြစ်ပွား မြန်မာစံတော်ချိန် ယမန် နေ့ည ၁၁ နာရီမှာ မြန်မာဘောလုံးပရိသတ်တွေ လွန်စွာအားပေးကြတဲ့ မန်ယူအသင်းနဲ့ ချဲလ်ဆီးအသင်းတို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါ ပွဲစဉ်ကို မိတ္ထီလာမြိုက မန်ယူဖန်တစ်ဦးသွားရောက်ကြည့်ရှုခဲ့ပြီး ပွဲကစားချိန်က သန်းခေါင်ကျော် မနက်တစ်နာရီမှာ ပြီးတာကြောင့် တစ်ဦးတည်းအိမ်ပြန်လာတဲ့ အချိန် အခုလို ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။ မန်ယူပွဲ ကြည့်ပြီးနောက် အိမ်ကို ခြေကျင်ပြန်လာခဲ့တဲ့ သူ့ကို နောက်ကလိုက်လာတဲ့ လူတစ်စုက မင်းလားကွ မန်ယူဖန်ဆိုပြီး မေးမြန်းကာ အသင့်ပါလာတဲ့ အရက်ပုလင်းနဲ့ ဦးခေါင်းကို စတင်ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲ့လို ရိုက်ပြီးတဲ့ အပြင်ကို ပုလင်းက ကွဲသွားတာကြောင့် ကွဲသွားတဲ့ အချွန်နဲ့ပါ ရင်ဘက်ကို …

SPORT
ဒီလောက်လေးနဲ့ တောင်းပန်စရာ မလိုပါဘူးဗျာ၊ လူတိုင်းသိတဲ့ ကိစ္စပဲလို ဂျာဂန်ကလော့ ပြော

ဒီလောက်လေးနဲ့ တောင်းပန်စရာ မလိုပါဘူးဗျာ၊ လူတိုင်းသိတဲ့ ကိစ္စပဲလို ဂျာဂန်ကလော့ ပြော မောင်ယဿ ( နိုဝင်ဘာ ၂၅ ) မနေ့ညက ကစားခဲ့ တဲ့ ချန်ပီယံလိဂ် အုပ်စုB ရဲ့ ပွဲ စဉ် ၅ ဖြစ်တဲ့ လီဗာပူးနဲ့ ပေါ်တိုအသင်းတို ပွဲမှာ အိမ်ရှင် လီဗာပူး က ပေါ်တို အသင်း ကို ၂ ဂိုး၊ ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။ အဲ့ဒိပွဲအပြီး အင်တာဗျူး မှာ လီဗာပူး နည်း ပြ ဂျာဂန်ကလော့က သူ့အနေနဲ့ အာဖရိက ဘောလုံး အဖွဲ ချုပ် ကို တောင်းပန်စရာ …

SPORT
ချန်ပီယံလိဂ်ကို နှုတ်ဆက်လက်ပြလိုက်ရပြီဖြစ်တဲ့ ဒေါ့မွန်

ချန်ပီယံလိဂ်ကို နှုတ်ဆက်လက်ပြလိုက်ရပြီဖြစ်တဲ့ ဒေါ့မွန် ချန်ပီယံအုပ်စု C ရဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့အတွက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်တဲ့ စပို့တင်းအသင်းနဲ့ ဒေါ့မွန်အသင်းတို့ ယှဉ်ပြိုင်ကစားရတဲ့ ပွဲမှာတော့ တစ်ယောက်လျော့ ဒေါ့မွန်အသင်းက (၃-၁) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ် လေးပွဲကစားအပြီးမှာ ၆ မှတ်စီနဲ့ ရမှတ်တူနေတဲ့ အဆိုပါနှစ်သင်းတွေ့ဆုံတဲ့ပွဲမှာ အနိုင်ရတဲ့အသင်းက နောက်တဆင့်တက်ဖို့ သေချာမှာဖြစ်ပြီး စပို့တင်းအသင်းကပဲ အိမ်ကွင်းအားသာချက်နဲ့အတူ လိုအပ်နေတဲ့ နိုင်ပွဲကို အရယူသွားနိုင်ခဲ့ပါတယ်။ စပို့တင်းတောင်ပံတိုက်စစ်မှူး ပက်ဒရိုက ပွဲချိန် ၃၀ မိနစ်နဲ့ ၃၉ မိနစ်တို့မှာ ဦးဆောင်ဂိုးနှစ်ဂိုးဆက်တိုက်သွင်းယူခဲ့ပြီး ပထမပိုင်းမှာတင် ဒေါ့မွန်အသင်းနှစ်ဂိုးပေးခဲ့ရပါတယ်။ ပက်ဒရိုအနေနဲ့ ဟက်ထရစ်ဂိုး ရရှိဖို့ အခွင့်အရေးရခဲ့ပေမဲ့ ပွဲကစားချိန် …