မ်က္ႏွာလွလွေလး အဆီတဝင္းဝင္းမျဖစ္ေစဖို႔ ေဆာင္ရန္/ ေရွာင္ရန္ နည္းလမ္းမ်ား
- By : Linn Htet
- Category : အလွအပေရးရာ

မ်က္ႏွာလွလွေလး အဆီတဝင္းဝင္းမျဖစ္ေစဖို႔ ေဆာင္ရန္/ ေရွာင္ရန္ နည္းလမ္းမ်ား
မ်က္ႏွာအဆီျပန္ တတ္တဲ့ အသားအေရမ်ားက ပူေနတဲ့ အခ်ိန္ကာလေတြဆို သိပ္ကို စိတ္ညစ္ၾက ရပါတယ္။အေရျပားက သဘာဝ အဆီေတြကို ပုံမွန္အခ်ိန္ထက္ ပိုထုတ္ တဲ့အျပင္ အျပင္မွာ
အရမ္းပူေနလို႔ ေခြၽးက လည္း ထြက္၊ အေရျပားဆဲလ္ အေသေတြက စုပုံေန ေခြၽးေပါက္ေတြက က်ယ္ေနၿပီးေတာ့ အညစ္အေၾကးေတြ ပိတ္မိနဲ႔ ဝက္ၿခံေပါက္ လိုက္ ေပ်ာက္လိုက္ နဲ႔ သံသရာက လုံးလည္ခ်ာလည္
လိုက္ေနေတာ့ တာပါပဲ။ ဒါေၾကာင့္ မ်က္ႏွာအဆီ တဝင္းဝင္း ျဖစ္ေနတာနဲ႔ ပတ္သက္ၿပီးေတာ့ ခဏေလးနဲ႔ ရွင္းလင္းသြားေစမယ့္ နည္းလမ္းေလးေတြ ကို အခု လိုပဲ ေဖာ္ျပေပး လိုက္ပါတယ္။
၁-မ်က္ႏွာကို အၿမဲသစ္ပါ
ဒီအခ်က္ကို လူတိုင္းသိၾကေပမယ့္ တကယ္တမ္း လုပ္ဖို႔က်ေတာ့ ေတာ္ေတာ္ မ်ားမ်ားက ပ်င္းေနတတ္ ပါတယ္။ အထူးသျဖင့္ အေရျပားအဆီျပန္ တဲ့သူေတြဆို ဒီအဆီေတြကို
ဖယ္ထုတ္ပစ္ဖို႔ မ်က္ႏွာကို ပုံမွန္သစ္ေပးဖို႔ လိုအပ္ပါတယ္ ။ဒါေၾကာင့္ မနက္အိပ္ရာထ လာရင္ တစ္ႀကိမ္၊ ညအိပ္ခါနီးရင္ တစ္ႀကိမ္ မ်က္ႏွာသစ္ဆပ္ျပာ အေပ်ာ့စားေလးနဲ႔ တျဖည္းျဖည္းခ်င္း သစ္ေပးဖို႔ လိုပါတယ္။
၂- အဆီစုပ္စကၠဴေတြကို ေဆာင္ထားပါ
မ်က္ႏွာအဆီျပန္တဲ့ သူေတြအတြက္ သီးသန႔္ထုတ္ထားတဲ့ စကၠဴထုတ္ သို႔မဟုတ္ တစ္သွ်ဴးေတြ ကို အၿမဲေဆာင္ထား သင့္ပါတယ္။ ႐ုတ္တရက္ အျပင္မွ
ေရာက္ေနလို႔ မ်က္ႏွာ မသစ္ႏိုင္ဘူးဆိုရင္ ဒီစကၠဴေလးနဲ႔ လြယ္လြယ္ကူကူပဲ သုတ္ေပးလိုက္႐ုံပါပဲ။ တကယ္လို႔ အဲဒီ စကၠဴမရွိရင္လည္း ႐ိုး႐ိုး
တစ္သွ်ဴးေလးနဲ႔ သုတ္ေပးလို႔ ရပါတယ္။ အဆီေတြကို မ်က္ႏွာမွာ စုၿပဳံေနေအာင္ေတာ့ ဒီအတိုင္းပဲ မထားသင့္ပါဘူး။
၃-အစိုဓာတ္ထိန္းခရင္မ္ကို လိမ္းေပးဖို႔ မေမ့ပါနဲ႔
အဆီျပန္အသားအေရေတြအတြက္ ထုတ္ထားတဲ့ အသားအေရထိန္းသိမ္းတဲ့ပစၥည္းေတြ သုံးၿပီးတဲ့အခါ အသားေျခာက္သြားတတ္လို႔ အစိုဓာတ္ထိန္းခရင္မ္ တစ္ခုခုကို ျပန္လိမ္းဖို႔ မေမ့သင့္ပါဘူး။
အျပင္မသြားဘဲ အိမ္မွာပဲ ရွိေနတဲ့ရက္ေတြဆိုရင္ မ်က္ႏွာသစ္ၿပီးတာနဲ႔ မနက္တစ္ႀကိမ္ ညတစ္ႀကိမ္ ပုံမွန္ လိမ္းေပးသင့္ပါတယ္။ညအိပ္ခါနီး မ်က္ႏွာသစ္ၿပီးရင္ေတာ့ လိမ္းေပးတာ အေကာင္းဆုံးပါပဲ။
၄- မ်က္ႏွာကို လက္နဲ႔ ခဏခဏ မထိပါနဲ႔
အဆီျပန္တတ္တဲ့ အသားအေရပိုင္ရွင္ေတြဟာ မ်ားေသာအားျဖင့္ ေခြၽးေပါက္က်ယ္တတ္ပါတယ္။ ဒီေခြၽးေပါက္ေတြထဲ အညစ္အေၾကး အဆီနဲ႔ဖုန႔္မႈန႔္ေတြ ကပ္ညႇိေနတာေၾကာင့္ ဘက္တီးရီးယားပိုးေတြ မ်ားလာၿပီး ဝက္ၿခံေပါက္လာပါတယ္။
ဒီလို ျဖစ္ေနတဲ့အခ်ိန္မွ ကိုယ္ဟာ မ်က္ႏွာ၊ ဝက္ၿခံကို လက္နဲ႔သြားသြား ပြတ္ေနမယ္၊ ကုတ္ေနမယ္ဆိုရင္ေတာ့ ပြန္းပဲ့မိၿပီး ပိုးဝင္ကာ ပိုပို ဆိုးလာႏိုင္ေစပါတယ္။
ဒါေၾကာင့္ မ်က္ႏွာကို လက္နဲ႔သြားသြားကိုင္တတ္တဲ့ အက်င့္ကို အၿမဲသတိထားရင္ အေကာင္းဆုံးပါပဲ။ ကဲ ဒါဆို အားလုံးပဲ အဆီမရွိတဲ့ မ်က္ႏွာလွလွေလး
ျဖစ္ေစဖို႔ အခုေျပာျပေပးခဲ့တဲ့ ေဆာင္ရန္ ေရွာင္ရန္ နည္းလမ္းေလးေတြကို လိုက္လုပ္ၾကည့္ရင္းနဲ႔ ဘဝမွာ မ်က္ႏွာျမင္ ခ်စ္ခင္ၾကပါေစ။
Crd
Unicode
မျက်နှာလှလှလေး အဆီတဝင်းဝင်းမဖြစ်စေဖို့ ဆောင်ရန်/ ရှောင်ရန် နည်းလမ်းများ
မျက်နှာအဆီပြန် တတ်တဲ့ အသားအရေများက ပူနေတဲ့ အချိန်ကာလတွေဆို သိပ်ကို စိတ်ညစ်ကြ ရပါတယ်။အရေပြားက သဘာဝ အဆီတွေကို ပုံမှန်အချိန်ထက် ပိုထုတ် တဲ့အပြင် အပြင်မှာ
အရမ်းပူနေလို့ ချွေးက လည်း ထွက်၊ အရေပြားဆဲလ် အသေတွေက စုပုံနေ ချွေးပေါက်တွေက ကျယ်နေပြီးတော့ အညစ်အကြေးတွေ ပိတ်မိနဲ့ ဝက်ခြံပေါက် လိုက် ပျောက်လိုက် နဲ့ သံသရာက လုံးလည်ချာလည်
လိုက်နေတော့ တာပါပဲ။ ဒါကြောင့် မျက်နှာအဆီ တဝင်းဝင်း ဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ ခဏလေးနဲ့ ရှင်းလင်းသွားစေမယ့် နည်းလမ်းလေးတွေ ကို အခု လိုပဲ ဖော်ပြပေး လိုက်ပါတယ်။
၁-မျက်နှာကို အမြဲသစ်ပါ
ဒီအချက်ကို လူတိုင်းသိကြပေမယ့် တကယ်တမ်း လုပ်ဖို့ကျတော့ တော်တော် များများက ပျင်းနေတတ် ပါတယ်။ အထူးသဖြင့် အရေပြားအဆီပြန် တဲ့သူတွေဆို ဒီအဆီတွေကို
ဖယ်ထုတ်ပစ်ဖို့ မျက်နှာကို ပုံမှန်သစ်ပေးဖို့ လိုအပ်ပါတယ် ။ဒါကြောင့် မနက်အိပ်ရာထ လာရင် တစ်ကြိမ်၊ ညအိပ်ခါနီးရင် တစ်ကြိမ် မျက်နှာသစ်ဆပ်ပြာ အပျော့စားလေးနဲ့ တဖြည်းဖြည်းချင်း သစ်ပေးဖို့ လိုပါတယ်။
၂- အဆီစုပ်စက္ကူတွေကို ဆောင်ထားပါ
မျက်နှာအဆီပြန်တဲ့ သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ စက္ကူထုတ် သို့မဟုတ် တစ်သျှူးတွေ ကို အမြဲဆောင်ထား သင့်ပါတယ်။ ရုတ်တရက် အပြင်မှ
ရောက်နေလို့ မျက်နှာ မသစ်နိုင်ဘူးဆိုရင် ဒီစက္ကူလေးနဲ့ လွယ်လွယ်ကူကူပဲ သုတ်ပေးလိုက်ရုံပါပဲ။ တကယ်လို့ အဲဒီ စက္ကူမရှိရင်လည်း ရိုးရိုး
တစ်သျှူးလေးနဲ့ သုတ်ပေးလို့ ရပါတယ်။ အဆီတွေကို မျက်နှာမှာ စုပြုံနေအောင်တော့ ဒီအတိုင်းပဲ မထားသင့်ပါဘူး။
၃-အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးဖို့ မမေ့ပါနဲ့
အဆီပြန်အသားအရေတွေအတွက် ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေ သုံးပြီးတဲ့အခါ အသားခြောက်သွားတတ်လို့ အစိုဓာတ်ထိန်းခရင်မ် တစ်ခုခုကို ပြန်လိမ်းဖို့ မမေ့သင့်ပါဘူး။
အပြင်မသွားဘဲ အိမ်မှာပဲ ရှိနေတဲ့ရက်တွေဆိုရင် မျက်နှာသစ်ပြီးတာနဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန် လိမ်းပေးသင့်ပါတယ်။ညအိပ်ခါနီး မျက်နှာသစ်ပြီးရင်တော့ လိမ်းပေးတာ အကောင်းဆုံးပါပဲ။
၄- မျက်နှာကို လက်နဲ့ ခဏခဏ မထိပါနဲ့
အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်တွေဟာ များသောအားဖြင့် ချွေးပေါက်ကျယ်တတ်ပါတယ်။ ဒီချွေးပေါက်တွေထဲ အညစ်အကြေး အဆီနဲ့ဖုန့်မှုန့်တွေ ကပ်ညှိနေတာကြောင့် ဘက်တီးရီးယားပိုးတွေ များလာပြီး ဝက်ခြံပေါက်လာပါတယ်။
ဒီလို ဖြစ်နေတဲ့အချိန်မှ ကိုယ်ဟာ မျက်နှာ၊ ဝက်ခြံကို လက်နဲ့သွားသွား ပွတ်နေမယ်၊ ကုတ်နေမယ်ဆိုရင်တော့ ပွန်းပဲ့မိပြီး ပိုးဝင်ကာ ပိုပို ဆိုးလာနိုင်စေပါတယ်။
ဒါကြောင့် မျက်နှာကို လက်နဲ့သွားသွားကိုင်တတ်တဲ့ အကျင့်ကို အမြဲသတိထားရင် အကောင်းဆုံးပါပဲ။ ကဲ ဒါဆို အားလုံးပဲ အဆီမရှိတဲ့ မျက်နှာလှလှလေး
ဖြစ်စေဖို့ အခုပြောပြပေးခဲ့တဲ့ ဆောင်ရန် ရှောင်ရန် နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ရင်းနဲ့ ဘဝမှာ မျက်နှာမြင် ချစ်ခင်ကြပါစေ။
Crd