ဂ်ိဳင္းသားမည္းတာကို ျပန္ေဖြးလာေစမယ့္ နည္းလမ္း (၃) ခု - SANTHITSA

ဂ်ိဳင္းသားမည္းတာကို ျပန္ေဖြးလာေစမယ့္ နည္းလမ္း (၃) ခု

အလွအပေရးရာ

ဂ်ိဳင္းသားမည္းတာကို ျပန္ေဖြးလာေစမယ့္ နည္းလမ္း (၃) ခု

ဂ်ိဳင္းညိဳတာေၾကာင့္ သင့္အေနနဲ႔ အက်ႌလက္ျပတ္ဝတ္တဲ့အခါ စိတ္အေႏွာင့္အယွက္ ျဖစ္ႏိုင္ပါတယ္။

ယုံၾကည္မႈ ရွိရွိ လက္မေျမႇာက္ရဲတာေတြ ျဖစ္တတ္ပါတယ္။ ဒီတစ္ေခါက္မွာေတာ့ ဂ်ိဳင္းမည္းလို႔ စိတ္ညစ္ေနတဲ့ ပ်ိဳေမတို႔အတြက္ ကုစားေပးမယ့္ နည္းလမ္းေတြကို ေဖာ္ျပပါရေစ။

၁။ အုန္းဆီ

အုန္းဆီက အသားျဖဴေစတဲ့ သဘာဝ အလွျပင္ပစၥည္း တစ္မ်ိဳး ျဖစ္ပါတယ္။ ဂ်ိဳင္းအျပင္ တျခား ကိုယ္ျဖဴခ်င္တဲ့ ေနရာေတြေပၚမွာလည္း အသုံးျပဳႏိုင္ပါတယ္။

အုန္းဆီကို ေရမခ်ိဳးခင္ ဂ်ိဳင္းေအာက္ လိမ္းၿပီးေနာက္ ၁၀ မိနစ္ကေန ၁၅ မိနစ္ ထားရပါမယ္။

ၿပီးေနာက္ ေဆးခ်ေပးရပါမယ္။

၂။ မုန႔္ဖုတ္ဆိုဒါ

မုန႔္ဖုတ္ဆိုဒါ က ဆဲလ္ေသေတြကို ကြာက်ေစတဲ့ သဘာဝ ေခ်းခြၽတ္ေဆး တစ္မ်ိဳး ျဖစ္ပါတယ္။

မုန႔္ဖုတ္ဆိုဒါနဲ႔ အတူ သံပယိုရည္ပါ တြဲသုံးမယ္ဆိုရင္ ပိုထိေရာက္ပါတယ္။

သံပယိုရည္နဲ႔ မုန႔္ဖုတ္ဆိုဒါကို ေရာၿပီးေနာက္ ဂ်ိဳင္းေအာက္ လိမ္းေပးရပါမယ္။ ၅ မိနစ္ထားၿပီးေနာက္ ေရေဆးရပါမယ္။

အသားေျခာက္တာမ်ိဳး မျဖစ္ေအာင္ အစိုဓာတ္ထိန္းခရင္ လိမ္းေပးႏိုင္ပါတယ္။ ဒီနည္းလမ္းကို တစ္ပတ္မွာ သုံးႀကိမ္ကေန ေလးႀကိမ္ ျပဳလုပ္ႏိုင္ပါတယ္။

၃။ သံလြင္ဆီ

သံလြင္ဆီက ဂ်ိဳင္းသားကို မျဖဴေစေပမယ့္ ဂ်ိဳင္းအတြက္ လိုအပ္တဲ့ အစိုဓာတ္ကို လုံေလာက္ေအာင္ ျဖည့္တင္းေပးႏိုင္ပါတယ္။

သံလြင္ဆီနဲ႔ သၾကားအညိဳကို ေရာၿပီး ဂ်ိဳင္းသားကို ပြတ္ေပးရင္ေတာ့ နဂိုကထက္ ဂ်ိဳင္းျဖဴလာပါလိမ့္မယ္။

သံလြင္ဆီ ႏွစ္ဇြန္းေလာက္နဲ႔ သၾကားကို ေရာေပးရပါမယ္။ ဒီအေရာကို ဂ်ိဳင္းေအာက္ ၁ မိနစ္ကေန ၂ မိနစ္ေလာက္ ပြတ္ၿပီးေနာက္ ၅ မိနစ္ကေန ၁၀ မိနစ္ ထားေပးရပါမယ္။

ၿပီးေနာက္ ေရေဆးခ်ရပါမယ္။

Crd, copying

Unicode

ဂျိုင်းသားမည်းတာကို ပြန်ဖွေးလာစေမယ့် နည်းလမ်း (၃) ခု

ဂျိုင်းညိုတာကြောင့် သင့်အနေနဲ့ အင်္ကျီလက်ပြတ်ဝတ်တဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။

ယုံကြည်မှု ရှိရှိ လက်မမြှောက်ရဲတာတွေ ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဂျိုင်းမည်းလို့ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် ကုစားပေးမယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ အုန်းဆီ

အုန်းဆီက အသားဖြူစေတဲ့ သဘာဝ အလှပြင်ပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။ ဂျိုင်းအပြင် တခြား ကိုယ်ဖြူချင်တဲ့ နေရာတွေပေါ်မှာလည်း အသုံးပြုနိုင်ပါတယ်။

အုန်းဆီကို ရေမချိုးခင် ဂျိုင်းအောက် လိမ်းပြီးနောက် ၁၀ မိနစ်ကနေ ၁၅ မိနစ် ထားရပါမယ်။

ပြီးနောက် ဆေးချပေးရပါမယ်။

၂။ မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ က ဆဲလ်သေတွေကို ကွာကျစေတဲ့ သဘာဝ ချေးချွတ်ဆေး တစ်မျိုး ဖြစ်ပါတယ်။

မုန့်ဖုတ်ဆိုဒါနဲ့ အတူ သံပယိုရည်ပါ တွဲသုံးမယ်ဆိုရင် ပိုထိရောက်ပါတယ်။

သံပယိုရည်နဲ့ မုန့်ဖုတ်ဆိုဒါကို ရောပြီးနောက် ဂျိုင်းအောက် လိမ်းပေးရပါမယ်။ ၅ မိနစ်ထားပြီးနောက် ရေဆေးရပါမယ်။

အသားခြောက်တာမျိုး မဖြစ်အောင် အစိုဓာတ်ထိန်းခရင် လိမ်းပေးနိုင်ပါတယ်။ ဒီနည်းလမ်းကို တစ်ပတ်မှာ သုံးကြိမ်ကနေ လေးကြိမ် ပြုလုပ်နိုင်ပါတယ်။

၃။ သံလွင်ဆီ

သံလွင်ဆီက ဂျိုင်းသားကို မဖြူစေပေမယ့် ဂျိုင်းအတွက် လိုအပ်တဲ့ အစိုဓာတ်ကို လုံလောက်အောင် ဖြည့်တင်းပေးနိုင်ပါတယ်။

သံလွင်ဆီနဲ့ သကြားအညိုကို ရောပြီး ဂျိုင်းသားကို ပွတ်ပေးရင်တော့ နဂိုကထက် ဂျိုင်းဖြူလာပါလိမ့်မယ်။

သံလွင်ဆီ နှစ်ဇွန်းလောက်နဲ့ သကြားကို ရောပေးရပါမယ်။ ဒီအရောကို ဂျိုင်းအောက် ၁ မိနစ်ကနေ ၂ မိနစ်လောက် ပွတ်ပြီးနောက် ၅ မိနစ်ကနေ ၁၀ မိနစ် ထားပေးရပါမယ်။

ပြီးနောက် ရေဆေးချရပါမယ်။

Crd, copying

ဆန်ဆေးရေအစွမ်းအံ့မခန်း
အလွအပေရးရာ
ဆန်ဆေးရေအစွမ်းအံ့မခန်း

ဆန်ဆေးရေအစွမ်းအံ့မခန်း ပျိမေတိုရေ ဒီနေ့မှာတော့မင်မင်က ဆန်ဆေးရေကို အလှအပအတွက် အသုံးပြုပုံလေးတွေကို စုစည်းပီး ပြောပြပေးသွားမှာပါ… ဆန်ဆေးရေမှာ A,C,E. Folic acid နဲ့ vitamin B1,B3,B5 တို့ပါဝင်တာကြောင့် အိုမင်းရင့်ရော်ခြင်းနဲ့ အမဲစက်တွေကို ပျောက်ကင်းစေပြီး အသားရေကို တင်းရင်းလှပစေပါတယ်။ ဆန်ဆေးရေသောက်မယ် ဆန်ဆေးရေ ဒုတိယရေကို အသုံးပြုရမှာပါ… ဆန်ဆေးရေသန့်သန့်ကို သောက်မယ်ဆိုရင် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်ပြေစေပြီး အသားအရေကို ကြည်လင်လှပစေပါတယ် … တခါတလေ ပျိမေတိုဖြစ်တတ်တဲ့ ဆီးကျင်ခြင်းကိုလည်း ပျောက်ကင်းစေပါတယ်… ဒါကြောင့် မနက်အိပ်ယာထတာနဲ့ ဆန်ဆေးရေတစ်ခွက်သောက်ပေးပါ … မျက်နှာသစ်မယ် မနက်တိုင်းဆန်ဆေးရေနှင့် မျက်နှာသစ်ပေးခြင်းအားဖြင့် ချွေးပေါက်ကျဉ်းမယ် အရေပြားအိုမင်းရင့်ရော်မှုကို ကာကွယ်မယ် နေရောင်ခြည်ကြောင့် ဖြစ်တတ်တဲ့ အမဲစက်နဲ့ ဝက်ခြံအမာရွက်တေကို …

အသက် (၃၀) ဝန်းကျင်အရွယ်မှာလည်း နုပျိုလှပနေစေဖို့ ဒါလေးတွေလုပ်ပါ.
အလွအပေရးရာ
အသက် (၃၀) ဝန်းကျင်အရွယ်မှာလည်း နုပျိုလှပနေစေဖို့ ဒါလေးတွေလုပ်ပါ..။

အသက် (၃၀) ဝန်းကျင်အရွယ်မှာလည်း နုပျိုလှပနေစေဖို့ ဒါလေးတွေလုပ်ပါ..။ ဘယ်လောက်ပဲ အသက်တွေရလာပါစေ။ လူတိုင်း လှချင်ကြပါတယ်။ နုပျိုနေသူ တစ်ယောက် အတွက်တော့ အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ..၊ အသက် ၃၀ ဆိုတာ တည်ငြိမ် ရင့်ကျက်တဲ့ အရွယ်အပိုင်း တခြား တစ်ခု ဖြစ်သလို အလှပဆုံး အချိန်တစ်ခုဆိုလည်း မမှားပါဘူး..။ အသက် ၃၀ ဝန်းကျင်မှာ သင့်ကို ပိုပိုပြီးလှနေစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်..။ ၁။ ရေဓာတ်ဖြည့်တင်းပါ။ ရေကို သတိတရသောက်ပေးပါ။ အနည်းဆုံး တစ်နေ့ ၈ ခွက်သောက်ပေးသင့်ပါတယ်..။ ၂။ လေ့ကျင့်ခန်းလုပ်ပါ။ အရမ်းပြင်းပြင်း ထန်ထန် မဟုတ်ဘဲ ပုံမှန်လေး လုပ်သွား ပေးပါ။ တစ်နေ့ …

ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ဆေးဆိုတာတွေ ဖြောင့်တာတွေက ကလေးကို ထိခိုက်စေနိုင်
အလွအပေရးရာ
ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ဆေးဆိုတာတွေ ဖြောင့်တာတွေက ကလေးကို ထိခိုက်စေနိုင်

ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ဆေးဆိုတာတွေ ဖြောင့်တာတွေက ကလေးကို ထိခိုက်စေနိုင် မောင်ယဿ( ဒီဇင်ဘာ ၁၈ ) ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ဆေးဆိုတာတွေ ဆံပင်ဖြောင်တာတွေကို လုပ်ရင် အဲ့ဒိဆိုးဆေးတွေကြောင့် ကိုယ်ဝန်ဆောင်မှုကို ထောက်ပံ့ပေးတဲ့ ဟော်မုန်းဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်လို့ လေ့လာမှုအသစ် တစ်ရပ်က ဆိုပါတယ်။ ဆံပင်အလှအပရေးရာနဲ့ ပတ်သက်တဲ့ ဆိုးဆေးတွေ ၊ အရောင်ချွတ်ဆေးတွေ ၊ ဆံပင်ပျော့ဆေးတွေ နဲ့ ဖြောင့်ဆေးတွေ ကို သုံးပြီဆိုတာနဲ့ ကိုယ်ဝန်ဆောင်မှုကို အထောက်အကူပေးတဲ့ အက်စတိုဂျင် တို့လို ပရိုဂတ်စတီရုန်း တို့ လို ဟော်မုန်းတွေက အထွက်နည်းသွားပါတယ်။ နယူဂျာဆီပြည်နယ်က ပြည်သူ့ကျန်းမာရေး ရက်ဂျာကျောင်းက လက်ထောက်ပါမောက္ခ ဇိုရီမာရီဗီယာ ဦးဆောင်တဲ့ သုတေသီအဖွဲ့ ကကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀၀၀ကျော် …