ကမာၻေပၚက ေၾကးအႀကီးဆုံးေဘာလုံးပြဲ (သို႔) ခ်န္ပီယံရွစ္ Play-off ဗိုလ္လုပြဲ

ကမာၻေပၚက ေၾကးအႀကီးဆုံးေဘာလုံးပြဲ (သို႔) ခ်န္ပီယံရွစ္ Play-off ဗိုလ္လုပြဲ
SPORT

ကမာၻေပၚက ေၾကးအႀကီးဆုံးေဘာလုံးပြဲ (သို႔) ခ်န္ပီယံရွစ္ Play-off ဗိုလ္လုပြဲ

ဝက္ဘ႐ြန္းစ္ နဲ႔ လိဒ္ယူႏိုက္တက္တို႔ကို ေက်ာ္ျဖတ္လာခဲ့တဲ့ အသင္းႏွစ္သင္းဟာ ၂၀၁၉-၂၀ ပရီးမီးယားလိဂ္ ေဘာလုံးရာသီ မွာ ကစားခြင့္ရဖို႔အတြက္ အသည္းေပါက္မတတ္ ကစားၾကေတာ့မွာလည္း ျဖစ္ပါတယ္။ ဒီေန႔ည (၈း၃၀)နာရီမွာ ပရီးမီးယားလိဂ္ကို တန္းတက္ခြင့္ရဖို႔အတြက္ ခ်န္ပီယံရွစ္ပေလးေအာ့ဗိုလ္လုပြဲအျဖစ္ အက္စတြန္ဗီလာ နဲ႔ ဒါဘီေကာင္တီအသင္းတို႔ ကစားေတာ့မွာ ျဖစ္ပါတယ္……

ဝက္ဘ႐ြန္းစ္ နဲ႔ လိဒ္ယူႏိုက္တက္တို႔ကို ေက်ာ္ျဖတ္လာခဲ့တဲ့ အသင္းႏွစ္သင္းဟာ ၂၀၁၉-၂၀ ပရီးမီးယားလိဂ္ ေဘာလုံးရာသီ မွာ ကစားခြင့္ရဖို႔အတြက္ အသည္းေပါက္မတတ္ ကစားၾကေတာ့မွာလည္း ျဖစ္ပါတယ္။ ဒီပြဲဟာ ကမာၻေပၚမွာ တန္ဖိုးအႀကီးဆုံးပြဲတစ္ပြဲလို႔လည္း ေျပာလို႔ရပါတယ္…..

ဘာလို႔လဲဆိုေတာ့ ဒီပြဲကို အႏိုင္ရတဲ့ အသင္းဟာ ေပါင္သန္း (၁၇၀)အထိ ဝင္ေငြရရွိလာမွာ ျဖစ္လို႔ပါပဲ။ Fox Sports Australia ရဲ႕ ေဖာ္ျပခ်က္အရ ဒီပြဲကို အႏိုင္ရရွိမယ့္အသင္းဟာ လာမယ့္ေဘာလုံးရာသီမွာပဲ အနည္းဆုံးအပိုဆုေၾကးေငြ ေပါင္ (၉၅)သန္း အထိ ရရွိမွာ ျဖစ္ၿပီး ခ်က္ခ်င္းဆိုသလို တန္းဆင္းခဲ့ရမယ္ဆိုရင္ေတာင္မွ ေနာက္ (၂)ရာသီအတြက္ ခန႔္မွန္းေခ်အားျဖင့္ ဆုေၾကးေငြ ေပါင္ (၇၅)သန္းခန႔္ ထပ္မံရရွိဦးမွာ ျဖစ္ပါတယ္……

တကယ္လို႔ ဗီလာ (သို႔) ဒါဘီသာ ပရီးမီးယားလိဂ္မွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့မယ္ဆိုရင္ သူတို႔ရဲ႕ ဆုေၾကးေငြက ေပါင္သန္း (၃၀၀)အထိ တိုးပြားလာမွာျဖစ္ပါတယ္။ ထိပ္တန္းလိဂ္မွာ ကစားခြင့္ရရွိတဲ့အတြက္ (၂)ရာသီစာ ေပါင္သန္း (၂၀၀) ရရွိမွာျဖစ္ၿပီး အပိုဆုေၾကးအေနနဲ႔ (၃)ရာသီစာ သန္း (၁၀၀)ဝန္းက်င္ ရရွိမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီအပိုဆုေၾကးကေတာ့ ပရီးမီးယားလိဂ္မွာ တစ္ႏွစ္ထက္ပိုၿပီးေတာ့ ကစားႏိုင္မွ ရရွိမွာ ျဖစ္ပါတယ္…..

ဒါဟာ ပရီးမီးယားလိဂ္ကို တန္းျပန္တက္လာတဲ့ အသင္းေတြအတြက္ ဆုံးရႈံးမႈနည္းႏိုင္သမွ် နည္းပါးေအာင္ ပရီးမီးယားလိဂ္က ေပးေခ်တဲ့ ဆုေၾကးေငြပုံစံလည္း ျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္လည္း ခ်န္ပီယံရွစ္ကေန ပရီးမီးယားလိဂ္ကို တန္းတက္ႏိုင္ဖို႔အတြက္ အသင္းတိုင္းက အားထုတ္ႀကိဳးပမ္းေနခဲ့ၾကတာလည္း ျဖစ္ပါတယ္……

အက္စတြန္ဗီလာနဲ႔ ဒါဘီတို႔ကေတာ့ ခ်န္ပီယံရွစ္မွာ ႏွစ္ေက်ာ့ရင္ဆိုင္ခဲ့ၾကၿပီး ႏွစ္ေက်ာ့စလုံးကို ဗီလာက အႏိုင္ရရွိခဲ့ပါတယ္။ ပထမအေက်ာ့မွာ ၄-ဝ၊ ဒုတိယအေက်ာ့မွာ ၃-၀ တို႔နဲ႔ ဗီလာက အႏိုင္ရရွိထားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပရီးမီးယားလိဂ္ကို တက္လွမ္းခြင့္ရမယ့္ ေနာက္ဆုံးပြဲစဥ္ျဖစ္တာေၾကာင့္ အစဥ္အလာေတြ၊ ထိပ္တိုက္ေတြ႕ဆုံမႈေတြကို ေမ့ထားၿပီး ဘယ္အသင္းက အသာစီးရသြားမလဲဆိုတာကို ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္…..

credit momolay

Unicode

ကမ္ဘာပေါ်က ကြေးအကြီးဆုံးဘောလုံးပွဲ (သို့) ချန်ပီယံရှစ် Play-off ဗိုလ်လုပွဲ

ဝက်ဘရွန်းစ် နဲ့ လိဒ်ယူနိုက်တက်တို့ကို ကျော်ဖြတ်လာခဲ့တဲ့ အသင်းနှစ်သင်းဟာ ၂၀၁၉-၂၀ ပရီးမီးယားလိဂ် ဘောလုံးရာသီ မှာ ကစားခွင့်ရဖို့အတွက် အသည်းပေါက်မတတ် ကစားကြတော့မှာလည်း ဖြစ်ပါတယ်။ ဒီနေ့ည (၈း၃၀)နာရီမှာ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရဖို့အတွက် ချန်ပီယံရှစ်ပလေးအော့ဗိုလ်လုပွဲအဖြစ် အက်စတွန်ဗီလာ နဲ့ ဒါဘီကောင်တီအသင်းတို့ ကစားတော့မှာ ဖြစ်ပါတယ်……

ဝက်ဘရွန်းစ် နဲ့ လိဒ်ယူနိုက်တက်တို့ကို ကျော်ဖြတ်လာခဲ့တဲ့ အသင်းနှစ်သင်းဟာ ၂၀၁၉-၂၀ ပရီးမီးယားလိဂ် ဘောလုံးရာသီ မှာ ကစားခွင့်ရဖို့အတွက် အသည်းပေါက်မတတ် ကစားကြတော့မှာလည်း ဖြစ်ပါတယ်။ ဒီပွဲဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးပွဲတစ်ပွဲလို့လည်း ပြောလို့ရပါတယ်…..

ဘာလို့လဲဆိုတော့ ဒီပွဲကို အနိုင်ရတဲ့ အသင်းဟာ ပေါင်သန်း (၁၇၀)အထိ ဝင်ငွေရရှိလာမှာ ဖြစ်လို့ပါပဲ။ Fox Sports Australia ရဲ့ ဖော်ပြချက်အရ ဒီပွဲကို အနိုင်ရရှိမယ့်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာပဲ အနည်းဆုံးအပိုဆုကြေးငွေ ပေါင် (၉၅)သန်း အထိ ရရှိမှာ ဖြစ်ပြီး ချက်ချင်းဆိုသလို တန်းဆင်းခဲ့ရမယ်ဆိုရင်တောင်မှ နောက် (၂)ရာသီအတွက် ခန့်မှန်းချေအားဖြင့် ဆုကြေးငွေ ပေါင် (၇၅)သန်းခန့် ထပ်မံရရှိဦးမှာ ဖြစ်ပါတယ်……

တကယ်လို့ ဗီလာ (သို့) ဒါဘီသာ ပရီးမီးယားလိဂ်မှာ ဆက်လက်ရပ်တည်နိုင်ခဲ့မယ်ဆိုရင် သူတို့ရဲ့ ဆုကြေးငွေက ပေါင်သန်း (၃၀၀)အထိ တိုးပွားလာမှာဖြစ်ပါတယ်။ ထိပ်တန်းလိဂ်မှာ ကစားခွင့်ရရှိတဲ့အတွက် (၂)ရာသီစာ ပေါင်သန်း (၂၀၀) ရရှိမှာဖြစ်ပြီး အပိုဆုကြေးအနေနဲ့ (၃)ရာသီစာ သန်း (၁၀၀)ဝန်းကျင် ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအပိုဆုကြေးကတော့ ပရီးမီးယားလိဂ်မှာ တစ်နှစ်ထက်ပိုပြီးတော့ ကစားနိုင်မှ ရရှိမှာ ဖြစ်ပါတယ်…..

ဒါဟာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ အသင်းတွေအတွက် ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းပါးအောင် ပရီးမီးယားလိဂ်က ပေးချေတဲ့ ဆုကြေးငွေပုံစံလည်း ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ဖို့အတွက် အသင်းတိုင်းက အားထုတ်ကြိုးပမ်းနေခဲ့ကြတာလည်း ဖြစ်ပါတယ်……

အက်စတွန်ဗီလာနဲ့ ဒါဘီတို့ကတော့ ချန်ပီယံရှစ်မှာ နှစ်ကျော့ရင်ဆိုင်ခဲ့ကြပြီး နှစ်ကျော့စလုံးကို ဗီလာက အနိုင်ရရှိခဲ့ပါတယ်။ ပထမအကျော့မှာ ၄-ဝ၊ ဒုတိယအကျော့မှာ ၃-၀ တို့နဲ့ ဗီလာက အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ကို တက်လှမ်းခွင့်ရမယ့် နောက်ဆုံးပွဲစဉ်ဖြစ်တာကြောင့် အစဉ်အလာတွေ၊ ထိပ်တိုက်တွေ့ဆုံမှုတွေကို မေ့ထားပြီး ဘယ်အသင်းက အသာစီးရသွားမလဲဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်…..

credit momolay

အာဖရိကသားေတြ သိမ္းပိုက္ခဲ့ၾကတဲ့ ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆု
SPORT
အာဖရိကသားေတြ သိမ္းပိုက္ခဲ့ၾကတဲ့ ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆု

အာဖရိကသားေတြ သိမ္းပိုက္ခဲ့ၾကတဲ့ ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆု ၂၀၁၈-၁၉ ေဘာလုံးရာသီရဲ႕ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲႀကီးကေတာ့ ၿပီးဆုံးသြားခဲ့ပါၿပီ။ မန္စီးတီးအသင္းဟာ သူတို႔ရဲ႕ ခ်န္ပီယံဆုကို ဒီရာသီမွာလည္း ဘ႐ိုက္တန္အသင္းကို ဂိုးျပတ္ အႏိုင္ယူကာ ထပ္မံကာကြယ္ႏိုင္ခဲ့ပါတယ္။ ယခုႏွစ္ရဲ႕ ထူးျခားတဲ့အခ်က္ကေတာ့ ပရီးမီးယားလိဂ္ ဂိုးသြင္းအမ်ားဆုံး ကစားသမား သုံးေယာက္ျဖစ္ေနတဲ့ အခ်က္ပါ။ ပရီးမီးယားလိဂ္ရဲ႕ အပိတ္ပြဲစဥ္ မကန္မီက လီဗာပူးတိုက္စစ္မႉး ဆာလတ္ဟာ သြင္းဂိုး ၂၂ဂိုးနဲ႔ ထိပ္ဆုံးမွာ ဦးေဆာင္ေနၿပီး ဒုတိယေနရာမွာေတာ့ မာေနး ၊ အဂူ႐ို ၊ အူဘာမီယန္တို႔က သြင္းဂိုး ၂၀စီနဲ႔ အသီးသီး ရပ္တည္ထားၾကပါတယ္။ ပြဲစဥ္(၃၈) အေရာက္မွာေတာ့ လီဗာပူးတိုက္စစ္မႉး မာေနးဟာ ဝုဗ္ကို (၂-ဝ) နဲ႔ …

ေဘာလုံးပြဲေတြမွာ ပြဲမစခင္ ကေလးငယ္ေတြကိုဘာေၾကာင့္ ကြင္းအတြင္းလက္တြဲေခၚလာရတာလဲ
SPORT
ေဘာလုံးပြဲေတြမွာ ပြဲမစခင္ ကေလးငယ္ေတြကိုဘာေၾကာင့္ ကြင္းအတြင္းလက္တြဲေခၚလာရတာလဲ

ေဘာလုံးပြဲေတြမွာ ပြဲမစခင္ ကေလးငယ္ေတြကိုဘာေၾကာင့္ ကြင္းအတြင္းလက္တြဲေခၚလာရတာလဲ ကြၽန္ ေတာ္ တို႔ ဟာ ေဘာ လုံး ပြဲ ေတြ မ စ ခင္ တင္ မွာ ေဘာ လုံး သ မား ေတြ အ ေန နဲ႔ က ေလး ေတြ ကို ကြင္းအ တြင္း လက္ တြဲ ေခၚ လာ တဲ့ ျမင္ ကြင္း မ်ိဳး ကို အ ၿမဲ တမ္း ေတြ႕ ျမင္ ၾက ရ ပါ တယ္။ ဒါ …