ပေ၁၆၀ အမြင့်က ကရိန်းပေါ် တစ်တော့ တက်ဆော့တာ ပြုတ်ကျပြီးသေဆုံး - SANTHITSA

ပေ၁၆၀ အမြင့်က ကရိန်းပေါ် တစ်တော့ တက်ဆော့တာ ပြုတ်ကျပြီးသေဆုံး

ပေ၁၆၀ အမြင့်က ကရိန်းပေါ် တစ်တော့ တက်ဆော့တာ ပြုတ်ကျပြီးသေဆုံး
NEWS

ပေ၁၆၀ အမြင့်က ကရိန်းပေါ် တစ်တော့ တက်ဆော့တာ ပြုတ်ကျပြီးသေဆုံး

မောင်ယဿ (ဇူလိုင် ၂၇ )

တရုတ်နိုင်ငံက နာမည်ကြီး တစ်တော့ဆော့တဲ့ အမျိုးသမီးတစ်ယောက် က ဆောက်လက်စ ပေ၁၆၀ မြင့်တဲ့ အဆောက်အအုံ တစ်ခုရဲ့ ကရိန်ပေါ်ကို တက်ပြီး တစ်တော့ ဆော့ရာက ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။

သူမက တစ်တော့လိုမျိုး ကိုယ့်စိတ်ကြိုက် လုပ်ပြပြီး မိတ်ဆွေတွေ ဆီကို ဗီဒီယိုဖိုင် ပို့လို့ရတဲ့ ဒူယင် အပလီကေးရှင်း အတွက် ဖုန်းနဲ့ ဗီဒီယိုရိုက်ပြ နေစဉ်မှာ ပြုတ်ကျခဲ့တာပါ။

အွန်လိုင်းပေါ်မှာ ရှောင်ကျူးမေ ( ၂၃ နှစ်) လို့ အမည်ရတဲ့ အဲ့ဒိနာမည်ကြီး အမျိုးသမီးငယ်က တာဝါပေါ်က ကရိန်ပေါ်ကို တက်ပြီး ဖုန်းဗီဒီယို ရိုက်ခဲ့တာပါ။ သူမမှာ ကလေး၂ယောက် ကျန်ရစ်ခဲ့ပါတယ်။

တရုတ်ပြည် ဇီးကျန်ပြည်နယ် အနောက်မြောက်ပိုင်း ကျူဇူး မြို့ မှာ ဇူလိုင်လ လယ်က ဖြစ်ခဲ့တာပါ။ သူမ အဲ့လို ဖုန်းဗီဒီယို ရိုက်နေစဉ်မှာ သူမရဲ့ သူငယ်ချင်းတွေက အဆောက်အအုံ ထဲမှာ ရှိနေခဲ့ပါတယ်။

ညနေ ၅ နာရီခွဲပြီးမို့လို့ အလုပ်ပြန်ဖို့ ပြင်ဆင်နေချိန်မှာ သူမက လစ်ထွက်လာပြီး တစ်ဦးတည်း သွားရိုက်တာပါ။ သူမ ပြုတ်ကျသွားတာကို ဘယ်သူမှ မသိလိုက်ပါဘူး။

သူတို့တွေ အဆောက်အအုံ အောက်ကို ရောက်မှ လူတစ်ယောက် ပြုတ်ကျပြီး သေဆုံးနေတာကို သွားကြည့်တော့မှ သူတို့ ရဲ့ သူငယ်ချင်းဖြစ်နေတာကို သိလိုက်ရတာပါ။

ပြုတ်ကျပြီး သေဆုံးသွားတဲ့ သူမက ဖုန်းကို ကိုင်လျှက်သား သေဆုံးခဲ့တယ်လို့ အလောင်း မျက်မြင်သက်သေတွေက ဆိုပါတယ်။

အဲ့လိုပြုတ်ကျပြိး သေဆုံးသွားတဲ့ ဗီဒီယိုဖိုင်ကို လူမှုရေး ငဲ့ညှာထောက်ထားတဲ့ အနေနဲ့ အွန်လိုင်းပေါ်မှာ မဖြန့်ဖို့အတွက် မိသားစုက တောင်းပန်ထားပါတယ်။ ရှောင်ကျူးမေရဲ့ အကောင့်ကို သူမ သေဆုံးပြီး နောက်ပိုင်းမှာ မိသားစုက ဖျက်ပစ်လိုက်ပါတယ်။

အဲ့လိုပဲ ဟောင်ကောင်က အွန်လိုင်းနာမည်ကြီး ဓာတ်ပုံမော်ဒယ်တစ်ဦးကလည်း ရေတံခွန်ထိပ်မှာ ဓာတ်ပုံ အရိုက်ခံရင်း ခြေချော်ကာ ချောက်ထဲ ပြုတ်ကျပြီး သေဆုံးဖူးပါတယ်။

ပေ၁၆၀ အမြင့်က ကရိန်းပေါ် တစ်တော့ တက်ဆော့တာ ပြုတ်ကျပြီးသေဆုံး1

REF: World of buzz, Photo Credit: 247 news around the world

Zawgyi


မောင်ယဿ (ဇူလိုင် ၂၇ )











NEWS
ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို မောင်ယဿ ( စက်တင်ဘာ ၁၄ ) အမေရိကန် ကျန်းမာရေး ပညာရှင်များနဲ့ အဏ္ဏဝါပညာရှင်မှာ စုပေါင်းပြီး ပြုလုပ်တဲ့ လေ့လာမှုသစ်တစ်ရပ်အရ ရေယက်ပြာ တူနာငါးတွေကို တစ်ပတ်မှာ တစ်ခါ လောက်ပဲစားသင့်ပြီး ကိုယ်ဝန်ဆောင်သည်တွေ လုံးဝမစားသင့်တဲ့ငါး လို့ သိရပါတယ်။ ရေယက်ပြာတူနာငါးက ပင်လယ်သမုဒ္ဒရာတွေ ထဲမှာ ခရီးအဝေးကြီးသွားတဲ့ငါးတွေ ဖြစ်ပါတယ်။ အဲ့ ဒိ ငါးတွေက ကမ္ဘာ့လေထုထဲက ပြဒါး ( မာကျူရီ) တွေကို အသက်ကြီးလာလေလေ ပိုမိုစုဆောင်းလေ ဖြစ်တဲ့ အတွက် သူ့ကိုယ်မှာ ပြဒါးတွေ စုပုံနေတတ်ပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တူနာငါးတွေမှာ အကောင်းကြီးတဲ့မျိုးစိတ်ဖြစ်လေ …

သုံးခွက ရေကန် ကိုဗစ် ပျောက်တယ်ဆိုပြီး နေ့စဉ် လူထောင်ချီ လာခပ်နေကြ
NEWS
သုံးခွက ရေကန် ကိုဗစ် ပျောက်တယ်ဆိုပြီး နေ့စဉ် လူထောင်ချီ လာခပ်နေကြ (ရုပ်/သံ)

သုံးခွက ရေကန် ကိုဗစ် ပျောက်တယ်ဆိုပြီး နေ့စဉ် လူထောင်ချီ လာခပ်နေကြ (ရုပ်/သံ) ဧရာဝတီ၊ ဩဂုတ် ၆၊၂၀၂၁ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်မှာ ရှိတဲ့ ရဲနွဲ့ ကျေးရွာရဲ့ နှစ် ၁၀၀ သက်တမ်းရှိတဲ့ ရေကန်အတွင်းက ရေဟာ ကိုဗစ်ရောဂါ ပျောက်ကင်းကြောင်း လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံနှံ့နေပါတယ်။ ဒီသတင်းကြောင့် ရန်ကုန်တိုင်းကတင် မကပဲ မော်လမြိုင်၊ ပဲခူး၊ ဧရာဝတီတိုင်းနဲ့ နေပြည်တော်က လူတွေပါ ဒီရေကန်မှာ ရေလာခပ်နေကြတာ တရက်ကို လူဦးရေ ထောင်ချီ ရှိပါတယ်။ ကိုဗစ်ဝေဒနာ ခံစားခဲ့ရတဲ့ လူနာတဦးဟာ ဒီရေကို သောက်ပြီးတဲ့နောက် ပျောက်သွားတယ်ဆိုတဲ့ သတင်းတခုကနေ စပြီး အခုလို နေ့စဉ်လူထောင်ချီပြီး …

ခင်ပွန်းကို ပြန်ရောင်းဖို့ မယားငယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့ မယားကြီး
NEWS
ခင်ပွန်းကို ပြန်ရောင်းဖို့ မယားငယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့ မယားကြီး

ခင်ပွန်းကို ပြန်ရောင်းဖို့ မယားငယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့ မယားကြီး အိန္ဒိယနိုင်ငံက အမျိုးသမီးငယ် တစ်ဦးဟာ ဖောက်ပြန်တဲ့ ခင်ပွန်းကြောင့် အမျိုးမျိုး စိတ်ညစ်ခဲ့ရပေမယ့်၊ သူမရဲ့ ယောက်ျားနဲ့ ဖောက်ပြန်နေတဲ့ မယားငယ်က ညှိနှိုင်းမှုတွေ ပြုလုပ် လာခဲ့ ပါတယ်။ အဲဒါကတော့ ခင်ပွန်းကို ပြန်ရောင်းမယ် ဆိုရင် ရူပီး သိန်း (၅၀) ပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှုပါ။ အဲဒီကမ်းလှမ်းမှုကို မယားကြီးဖြစ်သူက ကျေကျေ နပ်နပ် လက်ခံ လိုက်တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ Karnataka မြိ့မှာ ဖြစ်ခဲ့တာပါ။ မယားကြီး အမည်ကတော့ Ramya လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။ …