
အိမ်တိုင်း၏မီးဖိုချောင်တွင် မရှိမဖြစ်သော အထူးသတိထားသင့်တဲ့ အန္တာရာယ်ရှိသော ကျောက်ငရုတ်ဆုံအကြောင်း
အောကျတှငျ Unicode နှင့ျ ဖတျရှု့နိုငျပါသညျ
မြို့မြို့တောတော အိမ်တိုင်း၏ မီးဖိုချောင်တွင် မရှိ၍ မဖြစ်သော ငရုတ်ဆုံများမှာ ရှိနေတတ် ကြလေသည်…
ငရုတ်သီး အထောင်းများ၍လည်း ငရုတ်ဆုံဟု တွင်ကျယ်စွာ ခေါ်ဝေါ် ကြခြင်းဖြစ်သည်…
ခရမ်းချည်သီး ခရမ်ခရမ်းသီး တို့ကိုလည်း ငရုတ်ဆုံတွင် ထည့်ထောင်း၍ ငရုတ်သီးနှင့် ရောဖျော်၍ စားသုံး ကြပါသည် ဆူးပုတ်ရွက်ထောင်း ဟူ၍လည်း စားသုံးကြပါသည်။
ကျောက်ငရုတ်ဆုံ ကျောက်ကျည်ပွေ့ သံကျည်ပွေ့ တို့သည် အန္တရာယ်များကြောင်းကို သိသူရှားပါးမည် ဟုထင်ပါသည်…
မည်သည့် ဟင်းလျှာ အစားစား ကိုဖြစ်စေ ကျောက်ငရုတ်ဆုံထဲတွင် ကျောက်ကျည်ပွေ့ သံကျည်ပွေ့များဖြင့် ထည့်၍ မထောင်းရပေ…
ကျမ်းမာရေးအတွက် အလွန်အန္တရာယ်များလေသည်။
ကျောက်ငရုတ်ဆုံကို ကျောက်ကျည်ပွေ့ သံကျည်ပွေ့များဖြင့် ထောင်းသည်ဖြစ်၍ အထောင်းခံရသော ကျောက်ငရုတ်ဆုံမှ ကျောက်မှုန့်များ ထွက်လာပါသည်…
ထိုကျောက်မှုန်များသည် ဟင်လျှာ အသီးအရွက် ထောင်းများနှင့် ရောသမသွားကာ စားသုံးသူများ၏ ဝမ်းဗိုက် အတွင်းဆီသို့ ရောက်သွားပါတော့သည်…။
အစာအိမ်ရောဂါ အသေအခြာခံရမည်မှာ မလွဲတော့ပေ… တဦးတယောက်တွင်သာမက မိသားစုအားလုံးပါ အစာအိမ်ဝေဒနာခံကို စားရမည်ဖြစ်ပါသည်…
အမှန်တကယ်လည်း ကျောက်ငရုတ်ဆုံ ကျောက်ကျည့်ပွေ့ သံကျည်ပွေ့သုံးစွဲသူများ အစာအိမ်ဝေဒနာ ကုသခဲ့ရပါသည်။
နောက်ပိုင်း ကျောက်ငရုတ်ဆုံ ကျောက်ကျည်ပွေ့ သံကျည်ပွေ့များကို ရှောင်ရှားသွားရပါတော့သည်…
တချို့မိသားစု များက စဉ့်ထည်နှင့် ပြုလုပ်ထားသော ငရုတ်ဆုံများဖြင့် ထည့်ထောင်းကြ၍ အန္တရာယ်မကြုံရပေ… စဉ့်ငရုတ်ဆုံမှာ သစ်သား ဝါးသားကျည်ပွေ့ များဖြင့် ထောင်းကြ၍ ဘာအန္တရာယ်မှ မကြုံရခြင်းဖြစ်၏။
ထို့ကြောင့် မီးဖိုချောင်မှာ ဟင်းမျိုးစုံ အသီးအရွက် အမျိုးစုံများမကျန် ထောင်းမည်ဆို ကျောက်ငရုတ်ဆုံ ကျောက်ကျည်ပွေ့ သံကျည်ပွေ့များအား ရှောင်ရှား၍
စဉ့်ငရုတ်ဆုံများ သစ်သားကျည်ပွေ့များ ဝါးကျည်ပွေ့များကိုသာ အသုံးပြုကြပါရန် စေတနာကောင်းဖြင့် ရေးသား တင်ပြလိုက်ရပါသည်။
ကန့်ဘလူကံတင်အောင် (ပထဝီဝင်) [ကြေးမုံနေ့စဉ် သတင်းစာ ဆောင်းပါးမှ] မည်သူ့ကိုမျှ ရည်ညွန်းခြင်းမဟုတ်ပါ။
( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင် Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ )
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Zawgyi
အောကျတှငျ Unicode နှငျ့ ဖတျရှု့နိုငျပါသညျ