
Unicode ဖြင့် ဖတ်ပါ
ခြေဖဝါးကွဲနေလျှင် မာန်ကျည်းနှစ် အစွမ်း နှင့် နည်းလမ်း နှစ်သွယ်
ရာသီဥတုပူပြင်းခြင်း၊ အေးလွန်းခြင်းနှင့် ခြေထောက်မှ ခြေဆီမပြန်ခြင်းတို့ကြောင့် ခြေဖဝါးနာခြင်း၊ ကွဲခြင်းတို့ဖြစ် တတ်ကြပါသည်။
အကျိုးဆက်က ဖိနပ်လည်း မစီးနိုင် သလို လမ်းလည်းကောင်းကောင်း မလျှောက်နိုင်တော့ချေ။
အိမ်တွင်းသုံး ကုထုံးနည်းလေးဖြင့် ယုံယုံကြည်ကြည် စမ်းသပ်ကြည့်ပါ အံ့ဖွယ်သက်သာ ပျောက်ကင်းစေပါသည်။
နည်းလမ်းလေးမှာ
ညအိပ်ရာဝင်ချိန်တွင် ခြေထောက်ကို သန့်စင်အောင်ဆေးပြီး မန်ကျည်းမှည့်အနှစ် အနည်းငယ်နှင့် ကွမ်းရွက်အနည်းငယ်ကို ကြိတ်ပြီး ခြေဖဝါးကွဲဒဏ်ရာအား သုတ်လိမ်းပေးပါ။
သက်သာပျောက် ကင်းသွားပါလိမ့်မည်။ (ဘေးထွက် ဆိုးကျိုးမရှိသော မြန်မာနည်းလေး ဖြစ်ပါသည်။) လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးကြပါစေ..။
ရဲမျိုးသူ (ဗောဓိမြိုင်)
ဆောင်းတွင်းမှာ ခြေဖနောင့်ကွဲခြင်းကို ကာကွယ် ကုသရန်
နိုဝင်ဘာလကုန်ရင် ခရစ္စမတ်ရာသီထဲလည်း ဝင်တော့မယ်။ ဆောင်းရာသီလို ရာသီဥတု အေးတဲ့အချိန်မှာ အရေပြားဆဲလ်သေတွေ ဖနောင့်မှာ စုပုံပြီး ဖနောင့်ကွဲတတ်ပါတယ်။
ဖနောင့်ကွဲတဲ့အခါ နာကျင်မှုဝေဒနာကို ခံစားရတဲ့အပြင် အသားမာကြီးတက်ပြီး ခြေထောက်အလှကို ပျက်ဆီးစေနိုင်ပါတယ်။
မိန်းကလေးတွေဆို တစ်ကိုယ်လုံးလန်းအောင် ဘယ်လောက်ပြင်ထား၊ ပြင်ထား… ခြေညှပ်ဖိနပ် စီးမိတဲ့နေ့မှာ ခြေဖနောင့်က အက်ကွဲနေရင် အလှပျက်ပါတယ်။
ဒီလိုအဖြစ်မျိုးတွေကို ရှောင်ရှားနိုင်ဖို့ ဖနောင့်ကွဲခြင်းကို ကုစားနိုင်တဲ့ သဘာဝကုထုံးလေး တစ်မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။
အဆင့် (၁)- ရေနွေးကုထုံး
အရင်ဆုံး ကြက်သီးနွေးရုံလောက် ရေနွေးတစ်အိုးရယ်၊ မုန့်ဖုတ်ရာမှာ သုံးတဲ့ မုန့်ဖုတ်ဆိုဒါ (၂) ဇွန်းရယ်၊ ချေးတွန်းကျောက်လို့ လူသိများကြတဲ့ ရေမြှုပ်ကျောက်ရယ်၊ ဆား (၂) ဇွန်းရယ် လိုအပ်ပါတယ်။
ကြွေဇလုံ (သို့) စတီးလ်ဇလုံ ထဲမှာ ကြက်သီးနွေးရုံလောက် ရေနွေးကိုထည့်လိုက်ပါ။
ရေနွေးထဲမှာ မုန့်ဖုတ်ဆိုဒါနဲ့ ဆားနည်းနည်း ရောလိုက်ပါ။ ပြီးရင် သမအောင် ရောမွှေလိုက်ပါ။
သမသွားပြီဆိုရင် ခြေထောက်ကို ရေထဲမှာနှစ်ပြီး (၁၅) မိနစ်လောက် စိမ်ပေးလိုက်ပါ။
(၁၅) မိနစ်ကြာအောင် စိမ်ပြီးရင် ခြေထောက်ကို ရေစင်အောင်ပြန်သုတ်ပြီး ချေးတွန်းကျောက်နဲ့ အရေပြားဆဲလ်သေလွှာတွေ ကွာကျသွားအောင် ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။
အဆင့် (၂)- ချေးချွတ်ခြင်း
ဆဲလ်သေတွေကို ဖယ်ရှားပြီးပြီဆိုရင်တော့ ချေးချွတ်လို့ရပါပြီ။
ချေးချွတ်မယ်ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ဆီ (၂) ဇွန်း နဲ့ သကြားအနည်းငယ် ဖြစ်ပါတယ်။
အရင်ဆုံး ကြွေဇလုံတစ်လုံးထဲမှာ ဆီ (၂) ဇွန်းနဲ့ သကြား (၁) ဇွန်းကို ထည့်လိုက်ပါ။
သမအောင် မွှေပြီးရင်တော့ သဘာဝချေးချွတ်ဆေး (scrub) လေးက အဆင်သင့် ဖြစ်သွားပါပြီ။
အဲဒီ ချေးချွတ်ဆေး (scrub) လေးနဲ့ ခြေထောက်နဲ့ဖနောင့်ကို (၅) မိနစ်ခန့် ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။
ပြီးရင်တော့ ရေအေးအေးလေးနဲ့ ပြန်လည်ဆေးကြောပေးလိုက်ပါ။
အဆင့် (၃)- အစိုဓာတ်ထိန်းသိမ်းခြင်း
ချေးချွတ်ပြီးပြီဆိုရင်တော့ အရေပြားအစိုဓာတ်ပြန်လည်ထိန်းသိမ်းခြင်း (moisturizer) သုံးဖို့လိုအပ်လာပါပြီ။
မိမိနှစ်သက်ရာ moisturizer တစ်မျိုးမျိုးကို သုံးပြီး အရေပြားအစိုဓာတ်ကို ပြန်လည်ထိန်းသိမ်းလို့ ရပါတယ်။
Moisturizer သုံးမယ်ဆိုရင် ခရင်မ်ကို ခြေဖဝါးတစ်ခုလုံး နှံ့စပ်အောင် လိမ်းပေးရမှာဖြစ်ပြီး ပြီးရင် ခြေအိတ်အပါးလေးနဲ့ ခဏလောက် စွပ်ထားပေးလိုက်ပါ။
ခဏကြာရင်တော့ ခြေအိတ်ပြန်ချွတ်နိုင်ပါပြီ။
ခြေဖနောင့် အက်ကွဲတဲ့အခါတိုင်း ဒီနည်းလမ်းလေးကို ပြုလုပ်ပေးနိုင်ပါတယ်။
MeLoveKeep Source: naturallovepage
Credit
Zawgyi ျဖင့္ ဖတ္ပါ
ေျခဖဝါးကြဲေနလွ်င္ မာန္က်ည္းႏွစ္ အစြမ္း ႏွင့္ နည္းလမ္း ႏွစ္သြယ္
ရာသီဥတုပူျပင္းျခင္း၊ ေအးလြန္းျခင္းႏွင့္ ေျခေထာက္မွ ေျခဆီမျပန္ျခင္းတို႔ေၾကာင့္ ေျခဖဝါးနာျခင္း၊ ကြဲျခင္းတို႔ျဖစ္ တတ္ၾကပါသည္။
အက်ိဳးဆက္က ဖိနပ္လည္း မစီးႏိုင္ သလို လမ္းလည္းေကာင္းေကာင္း မေလွ်ာက္ႏိုင္ေတာ့ေခ်။
အိမ္တြင္းသုံး ကုထုံးနည္းေလးျဖင့္ ယုံယုံၾကည္ၾကည္ စမ္းသပ္ၾကည့္ပါ အံ့ဖြယ္သက္သာ ေပ်ာက္ကင္းေစပါသည္။
နည္းလမ္းေလးမွာ
ညအိပ္ရာဝင္ခ်ိန္တြင္ ေျခေထာက္ကို သန႔္စင္ေအာင္ေဆးၿပီး မန္က်ည္းမွည့္အႏွစ္ အနည္းငယ္ႏွင့္ ကြမ္း႐ြက္အနည္းငယ္ကို ႀကိတ္ၿပီး ေျခဖဝါးကြဲဒဏ္ရာအား သုတ္လိမ္းေပးပါ။
သက္သာေပ်ာက္ ကင္းသြားပါလိမ့္မည္။ (ေဘးထြက္ ဆိုးက်ိဳးမရွိေသာ ျမန္မာနည္းေလး ျဖစ္ပါသည္။) လိုသူတို႔သုံး စိတ္ႏွလုံး႐ႊင္ၿပဳံးၾကပါေစ..။
ရဲမ်ိဳးသူ (ေဗာဓိၿမိဳင္)
ေဆာင္းတြင္းမွာ ေျခဖေနာင့္ကြဲျခင္းကို ကာကြယ္ ကုသရန္
ႏိုဝင္ဘာလကုန္ရင္ ခရစၥမတ္ရာသီထဲလည္း ဝင္ေတာ့မယ္။ ေဆာင္းရာသီလို ရာသီဥတု ေအးတဲ့အခ်ိန္မွာ အေရျပားဆဲလ္ေသေတြ ဖေနာင့္မွာ စုပုံၿပီး ဖေနာင့္ကြဲတတ္ပါတယ္။
ဖေနာင့္ကြဲတဲ့အခါ နာက်င္မႈေဝဒနာကို ခံစားရတဲ့အျပင္ အသားမာႀကီးတက္ၿပီး ေျခေထာက္အလွကို ပ်က္ဆီးေစႏိုင္ပါတယ္။
မိန္းကေလးေတြဆို တစ္ကိုယ္လုံးလန္းေအာင္ ဘယ္ေလာက္ျပင္ထား၊ ျပင္ထား… ေျခညႇပ္ဖိနပ္ စီးမိတဲ့ေန႔မွာ ေျခဖေနာင့္က အက္ကြဲေနရင္ အလွပ်က္ပါတယ္။
ဒီလိုအျဖစ္မ်ိဳးေတြကို ေရွာင္ရွားႏိုင္ဖို႔ ဖေနာင့္ကြဲျခင္းကို ကုစားႏိုင္တဲ့ သဘာဝကုထုံးေလး တစ္မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
အဆင့္ (၁)- ေရေႏြးကုထုံး
အရင္ဆုံး ၾကက္သီးေႏြး႐ုံေလာက္ ေရေႏြးတစ္အိုးရယ္၊ မုန႔္ဖုတ္ရာမွာ သုံးတဲ့ မုန႔္ဖုတ္ဆိုဒါ (၂) ဇြန္းရယ္၊ ေခ်းတြန္းေက်ာက္လို႔ လူသိမ်ားၾကတဲ့ ေရျမႇဳပ္ေက်ာက္ရယ္၊ ဆား (၂) ဇြန္းရယ္ လိုအပ္ပါတယ္။
ေႂကြဇလုံ (သို႔) စတီးလ္ဇလုံ ထဲမွာ ၾကက္သီးေႏြး႐ုံေလာက္ ေရေႏြးကိုထည့္လိုက္ပါ။
ေရေႏြးထဲမွာ မုန႔္ဖုတ္ဆိုဒါနဲ႔ ဆားနည္းနည္း ေရာလိုက္ပါ။ ၿပီးရင္ သမေအာင္ ေရာေမႊလိုက္ပါ။
သမသြားၿပီဆိုရင္ ေျခေထာက္ကို ေရထဲမွာႏွစ္ၿပီး (၁၅) မိနစ္ေလာက္ စိမ္ေပးလိုက္ပါ။
(၁၅) မိနစ္ၾကာေအာင္ စိမ္ၿပီးရင္ ေျခေထာက္ကို ေရစင္ေအာင္ျပန္သုတ္ၿပီး ေခ်းတြန္းေက်ာက္နဲ႔ အေရျပားဆဲလ္ေသလႊာေတြ ကြာက်သြားေအာင္ ညင္သာစြာ ပြတ္တိုက္ေပးလိုက္ပါ။
အဆင့္ (၂)- ေခ်းခြၽတ္ျခင္း
ဆဲလ္ေသေတြကို ဖယ္ရွားၿပီးၿပီဆိုရင္ေတာ့ ေခ်းခြၽတ္လို႔ရပါၿပီ။
ေခ်းခြၽတ္မယ္ဆိုရင္ လိုအပ္တဲ့ ပစၥည္းေတြကေတာ့ ဆီ (၂) ဇြန္း နဲ႔ သၾကားအနည္းငယ္ ျဖစ္ပါတယ္။
အရင္ဆုံး ေႂကြဇလုံတစ္လုံးထဲမွာ ဆီ (၂) ဇြန္းနဲ႔ သၾကား (၁) ဇြန္းကို ထည့္လိုက္ပါ။
သမေအာင္ ေမႊၿပီးရင္ေတာ့ သဘာဝေခ်းခြၽတ္ေဆး (scrub) ေလးက အဆင္သင့္ ျဖစ္သြားပါၿပီ။
အဲဒီ ေခ်းခြၽတ္ေဆး (scrub) ေလးနဲ႔ ေျခေထာက္နဲ႔ဖေနာင့္ကို (၅) မိနစ္ခန႔္ ညင္သာစြာ ပြတ္တိုက္ေပးလိုက္ပါ။
ၿပီးရင္ေတာ့ ေရေအးေအးေလးနဲ႔ ျပန္လည္ေဆးေၾကာေပးလိုက္ပါ။
အဆင့္ (၃)- အစိုဓာတ္ထိန္းသိမ္းျခင္း
ေခ်းခြၽတ္ၿပီးၿပီဆိုရင္ေတာ့ အေရျပားအစိုဓာတ္ျပန္လည္ထိန္းသိမ္းျခင္း (moisturizer) သုံးဖို႔လိုအပ္လာပါၿပီ။
မိမိႏွစ္သက္ရာ moisturizer တစ္မ်ိဳးမ်ိဳးကို သုံးၿပီး အေရျပားအစိုဓာတ္ကို ျပန္လည္ထိန္းသိမ္းလို႔ ရပါတယ္။
Moisturizer သုံးမယ္ဆိုရင္ ခရင္မ္ကို ေျခဖဝါးတစ္ခုလုံး ႏွံ႔စပ္ေအာင္ လိမ္းေပးရမွာျဖစ္ၿပီး ၿပီးရင္ ေျခအိတ္အပါးေလးနဲ႔ ခဏေလာက္ စြပ္ထားေပးလိုက္ပါ။
ခဏၾကာရင္ေတာ့ ေျခအိတ္ျပန္ခြၽတ္ႏိုင္ပါၿပီ။
ေျခဖေနာင့္ အက္ကြဲတဲ့အခါတိုင္း ဒီနည္းလမ္းေလးကို ျပဳလုပ္ေပးႏိုင္ပါတယ္။
MeLoveKeep Source: naturallovepage
Credit