ချောမောလှတဲ့ မိန်းကလေးတွေပဲ ကြုံနေရတဲ့ နေ့စဉ် အခက်အခဲလေးများ

ချောမောလှတဲ့ မိန်းကလေးတွေပဲ ကြုံနေရတဲ့ နေ့စဉ် အခက်အခဲလေးများ
ချောမောလှတဲ့ မိန်းကလေးတွေပဲ ကြုံနေရတဲ့ နေ့စဉ် အခက်အခဲလေးများ

ချောမောလှတဲ့ မိန်းကလေးတွေပဲ ကြုံနေရတဲ့ နေ့စဉ် အခက်အခဲလေးများ

အလှအပကို လူတိုင်းက သဘောကျ တတ်ပါတယ်။ ဒါကြောင့် လှတာ ကောင်းတယ်လို့ ယူဆနေပေမယ့် တကယ်တော့ လှတာက မကောင်းဘူးလို့ တွေးသူတွေလည်း ရှိနေပါတယ်။

အများအမြင်မှာ လှတယ်လို့ သတ်မှတ်ခံထားရတဲ့ မိန်းကလေးတွေ ကတော့ လှတာကြောင့် အခက်အခဲတွေကို နေ့စဉ် ခံစားနေရပါတယ်။ သူတို့ ကြုံနေရတာတွေ ကတော့

၁- လူတွေရဲ့ အာရုံစိုက်ခံရလွန်းတယ်

လှတဲ့သူကို ကြည့်တာ ဘာထူးဆန်းလဲလို့ ပြောကြလေ့ ရှိပါတယ်။ ဒါပေမယ့် လှတဲ့ သူတွေလည်း လူပါပဲ။ အမြဲ ကိုယ်ဘာလုပ်လုပ် လူတွေက စိတ်ဝင်စားပြီး ပြောဆိုနေရတာ သူတို့အတွက်တော့ အမြဲ ကြုံနေလို့ လူစိတ်ဝင်စားတာကို မနှစ်သက် ကြပါဘူး။

၂- လွတ်လပ်မှု မရှိဘူး

လက်လှုပ် ခြေလှုပ်က အစ လိုက်ကြည့်တာ ခံနေရတာက သူတို့ကို အနေကြုံ့စေပါတယ်။ ကိုယ့်ကို လိုက်ကြည့်နေ သူတွေကို လျစ်လျူရှုတဲ့ သူတွေ လည်း ရှိပေမယ့် အမြဲတစေ သတိထားခံနေရတော့ ကိုယ့်လွတ်လပ်မှု ပျောက်ဆုံးနေတာ သူတို့ပဲ သိပါတယ်။

၃- အများကြီး ဆင်ခြင်ရတယ်

လူတွေရဲ့ စိတ်ဝင်စားခံ ကြရတဲ့ သူတွေ ကတော့ သူများထက် ပိုပြီး အနေအထိုင် ဆင်ခြင်ရပါတယ်။ လက်လှုပ် လက်ပြော ပါးစပ်လှုပ် ပါးစပ် အပြောခံရတာမို့ အမြဲ သတိထားနေရတာကလည်း သူတို့အတွက် စိတ်ရှုပ် စရာပါပဲ။

၄- စိတ်ရှုပ်ရတယ်

လွတ်လပ်မှုလည်း မရှိ၊ ချဉ်းကပ် သူတွေ ကလည်း များဆိုတော့ သူတို့က အမြဲ စိတ်ရှုပ်ရပါတယ်။ လူတွေက စိတ်ဝင်စားနေ ကြတာ ကိုက သူတို့အတွက် စိတ်ရှုပ်စရာ ဖြစ်နေရတာပါပဲ။

၅- ချစ်ခွင့်ပန်သူ များတယ်

ကိုယ့်ကို ချစ်တဲ့ သူတွေ များတာ ပျော်စရာပေမယ့် ချစ်တဲ့သူတွေ များနေတာက အန္တရာယ်လည်း ဖြစ်စေသလို သတိထား စရာလည်း များပါတယ်။

ကိုယ်က တစ်ယောက်ယောက်ကို ပိုပိုသာသာ ဆက်ဆံဖြစ်ရင်တောင် မကောင်းဖြစ်တတ်သလို ချစ်ခွင့်ပန်နေတာကို ဖြေရှင်းရတာ နားထောင်ရတာလည်း အလုပ်တစ်ခု ဖြစ်ပါတယ်။

၆- အားနာရတယ်

ကိုယ့်ကို ချစ်တဲ့သူ အားလုံးကို ကိုယ် ပြန်မချစ်နိုင်တော့ အားနာရသလို စိတ်လည်း ရှုပ်ရပါတယ်။ ကိုယ့်ဘက်က ခင်ရသူတွေ ကအစ ကိုယ့်ကို ချစ်တယ်လို့ ပြောလာတဲ့ အခါမျိုးမှာ ကိုယ့်မှာ မိတ်ဆွေ ဆုံးရှုံးရ မလား ဆိုပြီး တွေးပူပြီး အားနာနေ ရတာ လည်း သိပ်ကို ပင်ပန်းတတ်ကြပါတယ်။

၇- မနာလိုသူလည်း များတယ်

ရုပ်ချောတာကလည်း ကိုယ် ရွေးချယ်လို့ ရတဲ့ အရာမဟုတ်ပါဘူး။ ရုပ်ချောတာကြောင့် ချစ်သူ များသလို မုန်းသူတွေလည်း ရှိပါတယ်။ ရုပ်ကလေးကို ဗန်းပြပြီး ဆိုပြီး ပြောတတ်လို့လည်း စိတ်တိုရ ဒေါသဖြစ်ရပါသေးတယ်။

Zawgyi

ေခ်ာေမာလွတဲ့ မိန္းကေလးေတြပဲ ႀကဳံေနရတဲ့ ေန႔စဥ္ အခက္အခဲေလးမ်ား

အလွအပကို လူတိုင္းက သေဘာက် တတ္ပါတယ္။ ဒါေၾကာင့္ လွတာ ေကာင္းတယ္လို႔ ယူဆေနေပမယ့္ တကယ္ေတာ့ လွတာက မေကာင္းဘူးလို႔ ေတြးသူေတြလည္း ရွိေနပါတယ္။

အမ်ားအျမင္မွာ လွတယ္လို႔ သတ္မွတ္ခံထားရတဲ့ မိန္းကေလးေတြ ကေတာ့ လွတာေၾကာင့္ အခက္အခဲေတြကို ေန႔စဥ္ ခံစားေနရပါတယ္။ သူတို႔ ႀကဳံေနရတာေတြ ကေတာ့

၁- လူေတြရဲ႕ အာ႐ုံစိုက္ခံရလြန္းတယ္

လွတဲ့သူကို ၾကည့္တာ ဘာထူးဆန္းလဲလို႔ ေျပာၾကေလ့ ရွိပါတယ္။ ဒါေပမယ့္ လွတဲ့ သူေတြလည္း လူပါပဲ။ အၿမဲ ကိုယ္ဘာလုပ္လုပ္ လူေတြက စိတ္ဝင္စားၿပီး ေျပာဆိုေနရတာ သူတို႔အတြက္ေတာ့ အၿမဲ ႀကဳံေနလို႔ လူစိတ္ဝင္စားတာကို မႏွစ္သက္ ၾကပါဘူး။

၂- လြတ္လပ္မႈ မရွိဘူး

လက္လႈပ္ ေျခလႈပ္က အစ လိုက္ၾကည့္တာ ခံေနရတာက သူတို႔ကို အေနႀကဳံ႕ေစပါတယ္။ ကိုယ့္ကို လိုက္ၾကည့္ေန သူေတြကို လ်စ္လ်ဴရႈတဲ့ သူေတြ လည္း ရွိေပမယ့္ အၿမဲတေစ သတိထားခံေနရေတာ့ ကိုယ့္လြတ္လပ္မႈ ေပ်ာက္ဆုံးေနတာ သူတို႔ပဲ သိပါတယ္။

၃- အမ်ားႀကီး ဆင္ျခင္ရတယ္

လူေတြရဲ႕ စိတ္ဝင္စားခံ ၾကရတဲ့ သူေတြ ကေတာ့ သူမ်ားထက္ ပိုၿပီး အေနအထိုင္ ဆင္ျခင္ရပါတယ္။ လက္လႈပ္ လက္ေျပာ ပါးစပ္လႈပ္ ပါးစပ္ အေျပာခံရတာမို႔ အၿမဲ သတိထားေနရတာကလည္း သူတို႔အတြက္ စိတ္ရႈပ္ စရာပါပဲ။

၄- စိတ္ရႈပ္ရတယ္

လြတ္လပ္မႈလည္း မရွိ၊ ခ်ဥ္းကပ္ သူေတြ ကလည္း မ်ားဆိုေတာ့ သူတို႔က အၿမဲ စိတ္ရႈပ္ရပါတယ္။ လူေတြက စိတ္ဝင္စားေန ၾကတာ ကိုက သူတို႔အတြက္ စိတ္ရႈပ္စရာ ျဖစ္ေနရတာပါပဲ။

၅- ခ်စ္ခြင့္ပန္သူ မ်ားတယ္

ကိုယ့္ကို ခ်စ္တဲ့ သူေတြ မ်ားတာ ေပ်ာ္စရာေပမယ့္ ခ်စ္တဲ့သူေတြ မ်ားေနတာက အႏၲရာယ္လည္း ျဖစ္ေစသလို သတိထား စရာလည္း မ်ားပါတယ္။

ကိုယ္က တစ္ေယာက္ေယာက္ကို ပိုပိုသာသာ ဆက္ဆံျဖစ္ရင္ေတာင္ မေကာင္းျဖစ္တတ္သလို ခ်စ္ခြင့္ပန္ေနတာကို ေျဖရွင္းရတာ နားေထာင္ရတာလည္း အလုပ္တစ္ခု ျဖစ္ပါတယ္။

၆- အားနာရတယ္

ကိုယ့္ကို ခ်စ္တဲ့သူ အားလုံးကို ကိုယ္ ျပန္မခ်စ္ႏိုင္ေတာ့ အားနာရသလို စိတ္လည္း ရႈပ္ရပါတယ္။ ကိုယ့္ဘက္က ခင္ရသူေတြ ကအစ ကိုယ့္ကို ခ်စ္တယ္လို႔ ေျပာလာတဲ့ အခါမ်ိဳးမွာ ကိုယ့္မွာ မိတ္ေဆြ ဆုံးရႈံးရ မလား ဆိုၿပီး ေတြးပူၿပီး အားနာေန ရတာ လည္း သိပ္ကို ပင္ပန္းတတ္ၾကပါတယ္။

၇- မနာလိုသူလည္း မ်ားတယ္

႐ုပ္ေခ်ာတာကလည္း ကိုယ္ ေ႐ြးခ်ယ္လို႔ ရတဲ့ အရာမဟုတ္ပါဘူး။ ႐ုပ္ေခ်ာတာေၾကာင့္ ခ်စ္သူ မ်ားသလို မုန္းသူေတြလည္း ရွိပါတယ္။ ႐ုပ္ကေလးကို ဗန္းျပၿပီး ဆိုၿပီး ေျပာတတ္လို႔လည္း စိတ္တိုရ ေဒါသျဖစ္ရပါေသးတယ္။