အတွေးအခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်ရဲ့ ထင်ရှားသော စကားများ…
(၁) ဘဝကြီးက အင်မတန် ရိုးရှင်းပါတယ်.. လူတွေကသာ ရှုပ်အောင် လုပ်နေကြတာပါ။
(၂) မင်းနောက်ကွယ်မှာ သူတို့က တံတွေး ထွေးတယ် ဆိုရင် မင်းက သူတို့ထက် သာနေတယ်ဆိုတာ ပြနေတာပါ။
(၃) မင်းက လူတွေကို မုန်းနေတယ် ဆိုရင် အဲဒီလူတွေကပဲ မင်းကို အနိုင်ယူ သွားလိမ့်မယ်။
(၄) ဒေါသ ထွက်လာပြီ ဆိုရင် အကျိုးဆက်ကို စဉ်းစားပါ။
(၅) အရာရာတိုင်းမှာ အလှကိုယ်စီ ရှိပါတယ်။ လူတွေကသာ ဒါကို မမြင်ကြတာပါ။
(၆) ကိုယ့်ထက် ညံ့တဲ့ သူတွေ ဘေးမှာ ဝိုင်းဝိုင်းလည်နေဖို့ထက် ကိုယ့်ထက် တော်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေအောင် ကြိုးစားပါ။
(၇) လူတစ်ယောက်ကို မုန်းတာဟာ သူ့ကို ရှုံးသွားတာနဲ့ အတူတူ ပါပဲ။
(၈) ပြင်ဆင်ဖို့ ပျက်ကွက်တဲ့ သူဟာ ကျရှုံးဖို့ ပြင်ဆင်နေခြင်းသာ ဖြစ်တယ်။
(၉) လူတစ်ဦးဟာ သူရဲ့ ဗဟုသုတ အဟောင်းတွေကိုလည်း သိမ်းဆည်းထားမယ် အသစ်သစ်တွေ ကိုလည်း ဆက်လက် ဆည်းပူးနေတဲ့ သူသာလျှင် အခြားသူတို့ရဲ့ ဆရာ ဖြစ်လိမ့်မယ်။
(၁၀) မင်း မကောင်းကြောင်းကို နောက်ကွယ်မှာ ပြောနေပြီ ဆိုရင် မင်းဟာ သူတို့ထက် ရှေ့ရောက်နေလို့ပဲ။
(၁၁) ကြီးပွား တိုးတက်ချင်ရင် ဘာပဲလုပ်လုပ် ကိုယ့်အလုပ်ပေါ် ချစ်တတ်တဲ့ စိတ်မွေးပါ။
(၁၂) သင်ယူခဲ့တဲ့ ပညာတွေကို လေ့လာခြင်း လက်တွေ့ အသုံးချခြင်းဟာ ပျော်စရာပဲ မဟုတ်လား။
(၁၃) သူတို့ တကယ် မသိပါဘူး မတတ်ပါဘူးလို့ လက်ခံသွားပြီ ဆိုမှ အဲ့ဒီလူကို လမ်းညွှန် သင်ပြပါ။
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။ #credit
Zawgyi