သိက္ခာရှိအောင်နေ မေတ္တာရှိတဲ့သူတွေ မင်းဘဝထဲ ရောက်လာလိမ့်မယ်

သိက္ခာရှိအောင်နေ မေတ္တာရှိတဲ့သူတွေ မင်းဘဝထဲ ရောက်လာလိမ့်မယ်
သိက္ခာရှိအောင်နေ မေတ္တာရှိတဲ့သူတွေ မင်းဘဝထဲ ရောက်လာလိမ့်မယ်

သိက္ခာရှိအောင်နေ မေတ္တာရှိတဲ့သူတွေ မင်းဘဝထဲ ရောက်လာလိမ့်မယ်

တန်ဖိုးရှိအောင်နေ ၊တန်ဖိုးမသိတဲ့သူတွေ သူဘာသာ ထွက်သွားလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက် ရိုးသားခြင်းထက် ပိုပြီး ချစ်မြတ်နိုးဖို့ ကောင်းတဲ့အရာ မရှိဘူး။ လောကသဘောက ရှင်းရှင်းလေး ကိုယ်လုပ်တဲ့ ကောင်းကံ ဆိုးကံနောက်ဆုံး ကိုယ်ပြန်ခံရတာပဲ။

#အရှင်ဇဝန (ရွှေလင်းယုန်)

မာနတွေ သိပ်မထားပါနဲ့ … မထားသင့်တဲ့ မာန်မာနကသင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။ လူတွေကို အပြုံးနဲ့ စတင်နှုတ်ဆက်ဖို့ဘယ်တော့မှ ဝန်မလေးပါနဲ့ အပြုံးတွေက တစ်ဖက်လူကို ပျော်ရွှင်စေသလို ကိုယ်တိုင်လည်း ပီတီ ဖြစ်စေတယ်။

လူတိုင်းမှာ ဝမ်းနည်းစရာဆိုတာ အမြဲရှိပြီးသားပါ သင့်တစ်ယောက်တည်း မပျော်ရွှင်ပဲ ဝမ်းနည်းနေရတာ မဟုတ်ဘူး။ ဘဝဆိုတာ ဒင်္ဂါပြားတစ်ခုလို မျက်နှာပြင်နှစ်ဖက် ခေါင်းနဲ့ ပန်းလို့ပါပဲ အဆိုးတွေပြီးရင် အကောင်းဆုံးတွေ တစ်ကျော့ပြန် လှည့်လာမှာပါ။

ဖြေရှင်းလို့ရတာတွေ ဆက်ဖြေရှင်းပါ ဖြေရှင်းလို့မရတာတွေ ပစ်သာထားလိုက်ပါ အချိန်တစ်ခုကြာတော့လည်း အပြောင်းအလဲတွေနဲ့ သင်ကံကြမ္မာ တစ်ခါပြန် ကံကောင်းလာမှာပါ။

အရေးကြီးတာက ဘယ်အရာတွေကိုပဲဖြစ်ဖြစ် ရင်ဆိုင်ရဲတဲ့စိတ်နဲ့ ရင်ဆိုင်ချင်တဲ့စိတ်လေး ရှိဖို့လိုတယ်။ တစုံတစ်ယောက်ဆီက မျှော်လင့်ချက်တွေ ထင်သလို ဖြစ်မလာတဲ့အခါ မျှော်လင့်ချက်တွေကို လျှော့ချပစ်ပါ။ အကြိမ်များစွာ သင် မျှော်လင့်သလို မတုန့်ပြန်တဲ့သူဟာ သင်လိုချင်တဲ့အရာ သူမပေးနိုင်ဘူးဆိုတာ သင်နားလည်ထားဖို့ လိုတယ်။

သင့်ကို မနာလိုသူ ၊ မလိုလားအပ်သူ၊ သင့်ကို စွန့်ခွာသွားသူတွေကို မမုန်းတီးပါနဲ့ မသိတော့သလိုသာ ထားလိုက်ပြီး မေတ္တာဆိုတာ ကျယ်ပြန့်တတ်သလို ရောင်ပြန်ဟပ်စေပါတယ်။ သင်မျှော်လင့်ထားတဲ့သူဆီက မေတ္တာမရလဲ အခြားလူတွေဆီက ချစ်ခြင်းမေတ္တာတွေ အပြည့်အဝ ရစေနိူင်ပါတယ်။

သင့်ကို ဂရုစိုက်သူ အလေးထားသူတွေကိုပဲ တတ်နိုင်သလောက် မမေ့လျော့ပါနဲ့ … သူတို့ရဲ့တန်ဖိုးထားမှုကို အသိအမှတ်ပြုပြီး တုန့်ပြန်ပါ။ ဘာလို့လဲဆိုတော့ သူတို့က ကိုယ့်ရဲ့အသက်ရှင်ရပ်တည်မှုကို ပိုပြီး အဓိပ္ပါယ်ရှိအောင် လုပ်ပေးတဲ့ သူတွေမို့ပါ။

ဖြစ်ချင်တာတွေ တစ်ထပ်ချင်းဖြစ်အောင် ဖြည်းဖြည်းချင်း လုပ်ယူပါ အရမ်းကြီး ဆန္ဒ သိပ်မစောပါနဲ့… ဒီနေ့မဖြစ်လဲ နောက်နေ့ရှိသေးတာပဲ နေ့တိုင်းအကျိုးရှိစွာ လုပ်ဆောင်နေဖို့သာ အဓိကပါ။ နေ့ရက်တိုင်းကစပြီး ဒီနေ့ထိ သင့်စိတ်ညစ်နေရင် ပျော်ရွှင်စရာလေးတစ်ခုခုတော့ ရှာဖွေပါ။

ဥပမာ။ ။ ဟာသ VDယိုလေး၊ ရီမောစရာကာတွန်းလေးတွေ ၊ရီစရာပြောတတ်သောသူငယ်ချင်းတွေ အစရှိသဖြင့် ပြုံးရီစရာလေးတွေနဲ့ အာရုံပြောင်းနိုင်အောင် ကြိုးစားပါ။ လူသားတိုင်း မပျော်ပဲ ပြုံးနေရတဲ့ ဘဝဆိုတာ အမြဲရှိပြီးသားပါ တချို့လူတွေ ပျော်ရွှင်နေရတယ်ဆိုတာ စိတ်ညစ်စရာလုံးဝမရှိလို့ မဟုတ်ဘူး။

သူတို့ကိုယ်တိုင်က ပျော်ပျော်နေတတ်လို့ပါ ပြီးတော့ ပျော်ရွှင်ခြင်းဆိုတာ သင်ကိုယ်တိုင် ဖန်တီးယူရတာပါ။ ကိုယ့်ကိုယ်ကို ကံအဆိုးလို့ ဘယ်တော့မှ မတွေးပါနဲ့ သင့်ဘဝ ဘယ်လောက်ဆိုးရွားပါစေ ကိုယ့်ထက်ဆိုးရွားတဲ့လူတွေ ကိုယ့်ထက်ကံဆိုးတဲ့သူတွေ ဒီကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။

အတွေးလေးတစ်ခု ပြောင်းလဲတွေးခေါ်တတ်ဖို့ပဲ လိုပါတယ်။ နောက်ဆုံးတစ်ခုကတော့ ကံဆိုတာအလုပ် အလုပ်ဆိုတာ ကံပါ။ ဆိုးတာတွေ လုပ်နေရင် အဆိုးတွေချည်းပဲ ကြုံတွေ့နေရမှာပါ။ ဒါကြောင့် သင်အမြဲကောင်းတာတွေ လုပ်ကိုင် ကြံစည်လုပ်ကိုင်နေရင် တနေ့တော့ သင်အမြဲကံကောင်းလာမှာ ဧကန်မုချ မလွဲပါပဲ ။Credit

Zawgyi

သိကၡာရွိေအာင္ေန ေမတၱာရွိတဲ့သူေတြ မင္းဘဝထဲ ေရာက္လာလိမ့္မယ္

တန္ဖိုးရွိေအာင္ေန ၊တန္ဖိုးမသိတဲ့သူေတြ သူဘာသာ ထြက္သြားလိမ့္မယ္။ ကိုယ့္ကိုယ္ကိုယ္သာ ဂ႐ုစိုက္ ႐ိုးသားျခင္းထက္ ပိုၿပီး ခ်စ္ျမတ္ႏိုးဖို႔ ေကာင္းတဲ့အရာ မရွိဘူး။ ေလာကသေဘာက ရွင္းရွင္းေလး ကိုယ္လုပ္တဲ့ ေကာင္းကံ ဆိုးကံေနာက္ဆုံး ကိုယ္ျပန္ခံရတာပဲ။

#အရွင္ဇဝန (ေ႐ႊလင္းယုန္)

မာနေတြ သိပ္မထားပါနဲ႔ … မထားသင့္တဲ့ မာန္မာနကသင့္ကမာၻကို က်ဥ္းေျမာင္းေစပါတယ္။ လူေတြကို အၿပဳံးနဲ႔ စတင္ႏႈတ္ဆက္ဖို႔ဘယ္ေတာ့မွ ဝန္မေလးပါနဲ႔ အၿပဳံးေတြက တစ္ဖက္လူကို ေပ်ာ္႐ႊင္ေစသလို ကိုယ္တိုင္လည္း ပီတီ ျဖစ္ေစတယ္။

လူတိုင္းမွာ ဝမ္းနည္းစရာဆိုတာ အၿမဲရွိၿပီးသားပါ သင့္တစ္ေယာက္တည္း မေပ်ာ္႐ႊင္ပဲ ဝမ္းနည္းေနရတာ မဟုတ္ဘူး။ ဘဝဆိုတာ ဒဂၤါျပားတစ္ခုလို မ်က္ႏွာျပင္ႏွစ္ဖက္ ေခါင္းနဲ႔ ပန္းလို႔ပါပဲ အဆိုးေတြၿပီးရင္ အေကာင္းဆုံးေတြ တစ္ေက်ာ့ျပန္ လွည့္လာမွာပါ။

ေျဖရွင္းလို႔ရတာေတြ ဆက္ေျဖရွင္းပါ ေျဖရွင္းလို႔မရတာေတြ ပစ္သာထားလိုက္ပါ အခ်ိန္တစ္ခုၾကာေတာ့လည္း အေျပာင္းအလဲေတြနဲ႔ သင္ကံၾကမၼာ တစ္ခါျပန္ ကံေကာင္းလာမွာပါ။

အေရးႀကီးတာက ဘယ္အရာေတြကိုပဲျဖစ္ျဖစ္ ရင္ဆိုင္ရဲတဲ့စိတ္နဲ႔ ရင္ဆိုင္ခ်င္တဲ့စိတ္ေလး ရွိဖို႔လိုတယ္။ တစုံတစ္ေယာက္ဆီက ေမွ်ာ္လင့္ခ်က္ေတြ ထင္သလို ျဖစ္မလာတဲ့အခါ ေမွ်ာ္လင့္ခ်က္ေတြကို ေလွ်ာ့ခ်ပစ္ပါ။ အႀကိမ္မ်ားစြာ သင္ ေမွ်ာ္လင့္သလို မတုန႔္ျပန္တဲ့သူဟာ သင္လိုခ်င္တဲ့အရာ သူမေပးႏိုင္ဘူးဆိုတာ သင္နားလည္ထားဖို႔ လိုတယ္။

သင့္ကို မနာလိုသူ ၊ မလိုလားအပ္သူ၊ သင့္ကို စြန႔္ခြာသြားသူေတြကို မမုန္းတီးပါနဲ႔ မသိေတာ့သလိုသာ ထားလိုက္ၿပီး ေမတၱာဆိုတာ က်ယ္ျပန႔္တတ္သလို ေရာင္ျပန္ဟပ္ေစပါတယ္။ သင္ေမွ်ာ္လင့္ထားတဲ့သူဆီက ေမတၱာမရလဲ အျခားလူေတြဆီက ခ်စ္ျခင္းေမတၱာေတြ အျပည့္အဝ ရေစႏိူင္ပါတယ္။

သင့္ကို ဂ႐ုစိုက္သူ အေလးထားသူေတြကိုပဲ တတ္ႏိုင္သေလာက္ မေမ့ေလ်ာ့ပါနဲ႔ … သူတို႔ရဲ႕တန္ဖိုးထားမႈကို အသိအမွတ္ျပဳၿပီး တုန႔္ျပန္ပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔က ကိုယ့္ရဲ႕အသက္ရွင္ရပ္တည္မႈကို ပိုၿပီး အဓိပၸါယ္ရွိေအာင္ လုပ္ေပးတဲ့ သူေတြမို႔ပါ။

ျဖစ္ခ်င္တာေတြ တစ္ထပ္ခ်င္းျဖစ္ေအာင္ ျဖည္းျဖည္းခ်င္း လုပ္ယူပါ အရမ္းႀကီး ဆႏၵ သိပ္မေစာပါနဲ႔… ဒီေန႔မျဖစ္လဲ ေနာက္ေန႔ရွိေသးတာပဲ ေန႔တိုင္းအက်ိဳးရွိစြာ လုပ္ေဆာင္ေနဖို႔သာ အဓိကပါ။ ေန႔ရက္တိုင္းကစၿပီး ဒီေန႔ထိ သင့္စိတ္ညစ္ေနရင္ ေပ်ာ္႐ႊင္စရာေလးတစ္ခုခုေတာ့ ရွာေဖြပါ။

ဥပမာ။ ။ ဟာသ VDယိုေလး၊ ရီေမာစရာကာတြန္းေလးေတြ ၊ရီစရာေျပာတတ္ေသာသူငယ္ခ်င္းေတြ အစရွိသျဖင့္ ၿပဳံးရီစရာေလးေတြနဲ႔ အာ႐ုံေျပာင္းႏိုင္ေအာင္ ႀကိဳးစားပါ။ လူသားတိုင္း မေပ်ာ္ပဲ ၿပဳံးေနရတဲ့ ဘဝဆိုတာ အၿမဲရွိၿပီးသားပါ တခ်ိဳ႕လူေတြ ေပ်ာ္႐ႊင္ေနရတယ္ဆိုတာ စိတ္ညစ္စရာလုံးဝမရွိလို႔ မဟုတ္ဘူး။

သူတို႔ကိုယ္တိုင္က ေပ်ာ္ေပ်ာ္ေနတတ္လို႔ပါ ၿပီးေတာ့ ေပ်ာ္႐ႊင္ျခင္းဆိုတာ သင္ကိုယ္တိုင္ ဖန္တီးယူရတာပါ။ ကိုယ့္ကိုယ္ကို ကံအဆိုးလို႔ ဘယ္ေတာ့မွ မေတြးပါနဲ႔ သင့္ဘဝ ဘယ္ေလာက္ဆိုး႐ြားပါေစ ကိုယ့္ထက္ဆိုး႐ြားတဲ့လူေတြ ကိုယ့္ထက္ကံဆိုးတဲ့သူေတြ ဒီကမာၻေပၚမွာ တစ္ပုံႀကီးပါ။

အေတြးေလးတစ္ခု ေျပာင္းလဲေတြးေခၚတတ္ဖို႔ပဲ လိုပါတယ္။ ေနာက္ဆုံးတစ္ခုကေတာ့ ကံဆိုတာအလုပ္ အလုပ္ဆိုတာ ကံပါ။ ဆိုးတာေတြ လုပ္ေနရင္ အဆိုးေတြခ်ည္းပဲ ႀကဳံေတြ႕ေနရမွာပါ။ ဒါေၾကာင့္ သင္အၿမဲေကာင္းတာေတြ လုပ္ကိုင္ ႀကံစည္လုပ္ကိုင္ေနရင္ တေန႔ေတာ့ သင္အၿမဲကံေကာင္းလာမွာ ဧကန္မုခ် မလြဲပါပဲ ။Credit