တောင်းစားလို့ ရလာတဲ့စားစရာတွေကို ညီမလေးအား ခွံ့ကျွေးရင်း ကျေနပ်ပီတိဖြစ်ပြီး ပြုံးပျော်နေခဲ့တဲ့ ကောင်လေး

တောင်းစားလို့ ရလာတဲ့စားစရာတွေကို ညီမလေးအား ခွံ့ကျွေးရင်း ကျေနပ်ပီတိဖြစ်ပြီး ပြုံးပျော်နေခဲ့တဲ့ ကောင်လေး
LIFE STYLE

တောင်းစားလို့ ရလာတဲ့စားစရာတွေကို ညီမလေးအား ခွံ့ကျွေးရင်း ကျေနပ်ပီတိဖြစ်ပြီး ပြုံးပျော်နေခဲ့တဲ့ ကောင်လေး

ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာတဲ့ ကလေးငယ်တစ်ဦးဟာ လမ်းပေါ်မှာ အများပြည်သူတွေထံ တောင်းစားနေတာကို တွေ့ရခြင်းဟာ အဆန်းမဟုတ်တော့ပါဘူး။

လမ်းပေါ်မှာ အဆိုပါကလေးငယ် များစွာကို နေရာတိုင်းမှာ တွေ့နိုင်ပြီး ကလေးအချို့ဟာ သူတို့အားငွေများပေးဖို့ အတင်းအကျပ် ဖိအားပေးပြီး လူအများကို နှောက်ယှက်ခြင်းကြောင့် မောင်းထုတ် ခံရတတ်ပါတယ်။ လမ်းပေါ်က ကလေးတွေဟာ ခိုးတာ လုတာတွေလည်း လုပ်တတ်ပါသေးတယ်။

တောင်းစားလို့ ရလာတဲ့စားစရာတွေကို ညီမလေးအား ခွံ့ကျွေးရင်း ကျေနပ်ပီတိဖြစ်ပြီး ပြုံးပျော်နေခဲ့တဲ့ ကောင်လေး1

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က Geo Tolentino Ringor အမည်ရှိတဲ့ အမျိုးသမီးနှင့် သူမရဲ့ခင်ပွန်း John Benedict Ringor တို့ကတော့ သူတို့အား အကောင်းဆုံးနည်းဖြင့် အံ့အားသင့်သွားစေခဲ့တဲ့ လမ်းပေါ်က ကောင်လေးတစ်ဦးနဲ့ တွေ့ဆုံခဲ့ကြရပါတယ်။

သူတို့ ဇနီးမောင်နှံဟာ မနီလာမြို့တော်ရဲ့ ထင်ရှားတဲ့ Jollibee ဆိုတဲ့ အသင့်စား အစားအစာဆိုင်မှာ ရှိနေခဲ့ရင်း ဆိုင်အပြင်ဘက်မှာ ကောင်လေးတစ်ယောက် အစားအစာ တောင်းစားနေတာကို ခင်ပွန်း John Benedict က သတိပြုမိခဲ့ပါတယ်။

တောင်းစားလို့ ရလာတဲ့စားစရာတွေကို ညီမလေးအား ခွံ့ကျွေးရင်း ကျေနပ်ပီတိဖြစ်ပြီး ပြုံးပျော်နေခဲ့တဲ့ ကောင်လေး2

John Benedictက အဆိုပါကောင်လေးကို ပိုက်ဆံပေးမယ့်အစား ဇနီးဖြစ်သူ Geoကို ကောင်လေးအတွက် Jollibee အစာဘူးတစ်ခု ဝယ်ပေးဖို့ ပြောပြီး ကောင်လေးကို ပေးခဲ့ပြီး အဆိုပါကောင်လေးကလည်း ယူပြီးတာနဲ့ ချက်ချင်းဘဲ အမြန်ထွက်သွားခဲ့ပါတယ်။

သူတို့ဇနီးမောင်နှံကလည်း ကောင်လေးထွက်သွားတာကို အထွေအထူး မတွေးခဲ့ကြပါဘူး။ အဲ့ဒီနောက် Geo နဲ့ John Benedict တို့ဟာ အဆိုပါဆိုင်မှ အထွက် သူတို့ဆီ အစာတောင်းစားခဲ့တဲ့ ကောင်လေးကို သူ့ရဲ့ညီမလေးလို့ ထင်ရတဲ့ ကလေးမလေးတစ်ယောက်နဲ့ အတူရှိနေတာကို တွေ့ခဲ့ကြပါတယ်။

တောင်းစားလို့ ရလာတဲ့စားစရာတွေကို ညီမလေးအား ခွံ့ကျွေးရင်း ကျေနပ်ပီတိဖြစ်ပြီး ပြုံးပျော်နေခဲ့တဲ့ ကောင်လေး3

အဆိုပါကလေးနှစ်ယောက်ဟာ Jollibeeဆိုင် ထွက်ပေါက်အနီးရှိ ကွန်ကရစ်တုံးပေါ်မှာ ထိုင်နေကြပြီး ကောင်လေးက သူတို့ပေးတဲ့ အစားအစာကို ညီမလေးဖြစ်သူအား ခွံ့ကျွေးနေတာကို မြင်ခဲ့ကြပါတယ်။

Geoက အဆိုပါ ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းကို ဓာတ်ပုံအချို့ ရိုက်ယူခဲ့ပြီး ဓာတ်ပုံတစ်ပုံမှာ အဆိုပါကောင်လေးက သူ့ညီမလေးအား အစာခွဲ့ကျွေးပြီးနောက် သူ့မျက်နှာပေါ်မှာ ရွှင်လန်းမှု အပြည်နဲ့ ပီတိအပြုံး ပြုံးနေတာကို တွေ့ခဲ့ရပါတယ်။

အဆိုပါ ကောင်လေးဟာ ကိုယ်တိုင်က ငယ်ရွယ်နေသေးပေမဲ့လည်း ညီမလေးအတွက်တော့ ကိုယ်ကျိုးစွန်းဖို့ အဆင်သင့်ရှိနေပြီးသား ဖြစ်နေတာကို သူ့ရဲ့ပီတိဖြစ်နေတဲ့ အပြုံးကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

ကမ္ဘာပေါ်မှာ ဒီလို ကလေးလေးတွေ နေရာအနှံ့ ရှိနေတတ်ပေမဲ့ သူတို့ကို ကူညီပေးနိုင်မဲ့လူတွေက အနည်းအကျဉ်းသာ ရှိနေတတ်ပါတယ်။

Mia (Mckzone Daily) Source : elitereaders

Zawgyi

ေတာင္းစားလို႔ ရလာတဲ့စားစရာေတြကို ညီမေလးအား ခြံ႕ေကြၽးရင္း ေက်နပ္ပီတိျဖစ္ၿပီး ၿပဳံးေပ်ာ္ေနခဲ့တဲ့ ေကာင္ေလး

ဆင္းရဲႏြမ္းပါးစြာ ႀကီးျပင္းလာတဲ့ ကေလးငယ္တစ္ဦးဟာ လမ္းေပၚမွာ အမ်ားျပည္သူေတြထံ ေတာင္းစားေနတာကို ေတြ႕ရျခင္းဟာ အဆန္းမဟုတ္ေတာ့ပါဘူး။

လမ္းေပၚမွာ အဆိုပါကေလးငယ္ မ်ားစြာကို ေနရာတိုင္းမွာ ေတြ႕ႏိုင္ၿပီး ကေလးအခ်ိဳ႕ဟာ သူတို႔အားေငြမ်ားေပးဖို႔ အတင္းအက်ပ္ ဖိအားေပးၿပီး လူအမ်ားကို ေႏွာက္ယွက္ျခင္းေၾကာင့္ ေမာင္းထုတ္ ခံရတတ္ပါတယ္။ လမ္းေပၚက ကေလးေတြဟာ ခိုးတာ လုတာေတြလည္း လုပ္တတ္ပါေသးတယ္။

ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕က Geo Tolentino Ringor အမည္ရွိတဲ့ အမ်ိဳးသမီးႏွင့္ သူမရဲ႕ခင္ပြန္း John Benedict Ringor တို႔ကေတာ့ သူတို႔အား အေကာင္းဆုံးနည္းျဖင့္ အံ့အားသင့္သြားေစခဲ့တဲ့ လမ္းေပၚက ေကာင္ေလးတစ္ဦးနဲ႔ ေတြ႕ဆုံခဲ့ၾကရပါတယ္။

သူတို႔ ဇနီးေမာင္ႏွံဟာ မနီလာၿမိဳ႕ေတာ္ရဲ႕ ထင္ရွားတဲ့ Jollibee ဆိုတဲ့ အသင့္စား အစားအစာဆိုင္မွာ ရွိေနခဲ့ရင္း ဆိုင္အျပင္ဘက္မွာ ေကာင္ေလးတစ္ေယာက္ အစားအစာ ေတာင္းစားေနတာကို ခင္ပြန္း John Benedict က သတိျပဳမိခဲ့ပါတယ္။

John Benedictက အဆိုပါေကာင္ေလးကို ပိုက္ဆံေပးမယ့္အစား ဇနီးျဖစ္သူ Geoကို ေကာင္ေလးအတြက္ Jollibee အစာဘူးတစ္ခု ဝယ္ေပးဖို႔ ေျပာၿပီး ေကာင္ေလးကို ေပးခဲ့ၿပီး အဆိုပါေကာင္ေလးကလည္း ယူၿပီးတာနဲ႔ ခ်က္ခ်င္းဘဲ အျမန္ထြက္သြားခဲ့ပါတယ္။

သူတို႔ဇနီးေမာင္ႏွံကလည္း ေကာင္ေလးထြက္သြားတာကို အေထြအထူး မေတြးခဲ့ၾကပါဘူး။ အဲ့ဒီေနာက္ Geo နဲ႔ John Benedict တို႔ဟာ အဆိုပါဆိုင္မွ အထြက္ သူတို႔ဆီ အစာေတာင္းစားခဲ့တဲ့ ေကာင္ေလးကို သူ႔ရဲ႕ညီမေလးလို႔ ထင္ရတဲ့ ကေလးမေလးတစ္ေယာက္နဲ႔ အတူရွိေနတာကို ေတြ႕ခဲ့ၾကပါတယ္။

အဆိုပါကေလးႏွစ္ေယာက္ဟာ Jollibeeဆိုင္ ထြက္ေပါက္အနီးရွိ ကြန္ကရစ္တုံးေပၚမွာ ထိုင္ေနၾကၿပီး ေကာင္ေလးက သူတို႔ေပးတဲ့ အစားအစာကို ညီမေလးျဖစ္သူအား ခြံ႕ေကြၽးေနတာကို ျမင္ခဲ့ၾကပါတယ္။

Geoက အဆိုပါ ၾကည္ႏူးစရာေကာင္းတဲ့ ျမင္ကြင္းကို ဓာတ္ပုံအခ်ိဳ႕ ႐ိုက္ယူခဲ့ၿပီး ဓာတ္ပုံတစ္ပုံမွာ အဆိုပါေကာင္ေလးက သူ႔ညီမေလးအား အစာခြဲ႕ေကြၽးၿပီးေနာက္ သူ႔မ်က္ႏွာေပၚမွာ ႐ႊင္လန္းမႈ အျပည္နဲ႔ ပီတိအၿပဳံး ၿပဳံးေနတာကို ေတြ႕ခဲ့ရပါတယ္။

အဆိုပါ ေကာင္ေလးဟာ ကိုယ္တိုင္က ငယ္႐ြယ္ေနေသးေပမဲ့လည္း ညီမေလးအတြက္ေတာ့ ကိုယ္က်ိဳးစြန္းဖို႔ အဆင္သင့္ရွိေနၿပီးသား ျဖစ္ေနတာကို သူ႔ရဲ႕ပီတိျဖစ္ေနတဲ့ အၿပဳံးကို ၾကည့္ျခင္းအားျဖင့္ သိႏိုင္ပါတယ္။

ကမာၻေပၚမွာ ဒီလို ကေလးေလးေတြ ေနရာအႏွံ႔ ရွိေနတတ္ေပမဲ့ သူတို႔ကို ကူညီေပးႏိုင္မဲ့လူေတြက အနည္းအက်ဥ္းသာ ရွိေနတတ္ပါတယ္။

Mia (Mckzone Daily) Source : elitereaders

အောက်ပိုင်း သေသွားတဲ့ ချစ်သူကောင်မလေးကို စွန့်ပြစ်မသွားပဲ သစ္စာရှိရှိ ဆက်ချစ်ကာ ပြုစုပေးနေတဲ့ လေးစားဖွယ် လူသားတဦးရဲ့ ချစ်ခြင်း
LIFE STYLE
အောက်ပိုင်း သေသွားတဲ့ ချစ်သူကောင်မလေးကို စွန့်ပြစ်မသွားပဲ သစ္စာရှိရှိ ဆက်ချစ်ကာ ပြုစုပေးနေတဲ့ လေးစားဖွယ် လူသားတဦးရဲ့ ချစ်ခြင်း

အောက်ပိုင်း သေသွားတဲ့ ချစ်သူကောင်မလေးကို စွန့်ပြစ်မသွားပဲ သစ္စာရှိရှိ ဆက်ချစ်ကာ ပြုစုပေးနေတဲ့ လေးစားဖွယ် လူသားတဦးရဲ့ ချစ်ခြင်း ထိုင်းနိုင်ငံ မြောက်ပိုင်း Chiang Mai မှာ နေထိုင်တဲ့ အသက် ၃၁နှစ်အရွယ် Narawut Phongyen ဆိုသူ အမျိုးသားဟာ အသက် ၂၁နှစ်အရွယ် Patcharaphan Lenkham ကောင်မလေးနဲ့ ၂၀၁၅ ခုနှစ်မှာ အွန်လိုင်းပေါ်ကတစ်ဆင့် ဆုံတွေ့ပြီး ချစ်ကြိုက်ခဲ့ကြပါတယ်… ချစ်သူတွေ ဖြစ်သွားပေမဲ့ ၇ လလောက်အထိ တစ်ယောက် ကို တစ်ယောက် မမြင်ဘူးကြပါဘူး။ အဲ့ဒီနောက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ နှစ်ယောက်သား အပြင်မှာ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ …

သင့်ရဲ့ပင်ကိုစိတ်နေစိတ်ထားလေးဟာ တစ်ဖက်လူအတွက် ဘယ်လောက်တောင် ဆွဲဆောင်မှုအား ကောင်းနေပါသလဲ
LIFE STYLE
သင့်ရဲ့ပင်ကိုစိတ်နေစိတ်ထားလေးဟာ တစ်ဖက်လူအတွက် ဘယ်လောက်တောင် ဆွဲဆောင်မှုအား ကောင်းနေပါသလဲ ရှာကြည့်ကြမယ်။

သင့်ရဲ့ပင်ကိုစိတ်နေစိတ်ထားလေးဟာ တစ်ဖက်လူအတွက် ဘယ်လောက်တောင် ဆွဲဆောင်မှုအား ကောင်းနေပါသလဲ ရှာကြည့်ကြမယ်။ (က) ဆိုရင် ၁ မှတ်၊ (ခ) ဆိုရင် ၂ မှတ် နဲ့ (ဂ) ဆိုရင် ၃ မှတ်ပါနော်။ မေးခွန်း (၁) ဗေဒင်ဆရာတစ်ယောက်က သင့်အနာဂတ်မှာ အောင်မြင်ကိန်းရှိတယ်လို့ ဟောလိုက်ရင် သင့်အနေနဲ့ ယုံကြည်နိုင်မှာလား။ (က) ဗေဒင်တွေမယုံဘူး (ခ) ယုံတယ်၊ မယုံဘူးရယ်လို့တော့ မဟုတ်ပေမယ့် အောင်မြင်မယ်ဟောတော့ သဘောကျတာပေါ့ (ဂ) အကြွင်းမဲ့ကို ယုံပစ်မှာ မေးခွန်း (၂) လူအများကြီး ကြည့်နေတဲ့အချိန် စင်ပေါ်တက်ကဆို ကမှာလား။ (က) လုံးဝကိုမကဘူး (ခ) ကရင်လည်းကမိမှာ (ဂ) ကပစ်မှာပဲ …

ပျော်ရွှင်မှုတွေ သင့်ဆီ ရောက်လာဖို့ ဒီနေ့ကစ စွန့်ပစ်လိုက်ရမယ့် အရာများ
LIFE STYLE
ပျော်ရွှင်မှုတွေ သင့်ဆီ ရောက်လာဖို့ ဒီနေ့ကစ စွန့်ပစ်လိုက်ရမယ့် အရာများ

ပျော်ရွှင်မှုတွေ သင့်ဆီ ရောက်လာဖို့ ဒီနေ့ကစ စွန့်ပစ်လိုက်ရမယ့် အရာများ လူတိုင်းက ပျော်ရွှင်ဖို့ ထိုက်တန်ပါတယ်။ ပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ဖို့ဆိုရင်တော့ တစ်ချို့သော အနှောင့်အယှက်တွေကို စွန့်ပစ်လိုက်ဖို့ လိုပါတယ်။ ပျော်ရွှင်ရစေတဲ့ အခွင့်အရေးတွေကို ပိတ်ပင်မိတတ်တဲ့ အကျင့်တွေကို ကိုယ်တိုင်က စွဲလမ်းနေမိတတ်တာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပျော်ရွှင်မှုတွေ မကြာခဏ ရောက်လာဖို့ သင့်ဆီက ဒီအချက်တွေကို အမြန်ဆုံး စွန့်လွှတ်လိုက်ပါနော (၁) စိတ်ထွက်ပေါက် မထားတာ စိတ်ဆိုတာ လေဟာပြင်လိုမျိုး အလိုလို ပြန့်သွားတာမျိုး မဟုတ်ပါဘူး။ စိတ်ခံစားချက် ရှိတဲ့လူသားတွေ ဖြစ်လို့ စိတ်ခံစားချက်တွေကို ဖော်ပြရပါတယ်။ ဒီလိုမျိုး ဒေါသထွက်တာ၊ ဝမ်းနည်းတာ၊ နာကျင်တာ၊ စိတ်ပင်ပန်းလွန်းတာ စတဲ့ …