သူငယ်ချင်းအတွဲတွေကြား Single ဖြစ်နေလား?
သူငယ်ချင်းအတွဲတွေကြား Single ဖြစ်နေလား?
ဗဟုသုတ
သူငယ်ချင်းအတွဲတွေကြား Single ဖြစ်နေလား?
Source.TPS
Unicode
သူငယ်ချင်းအတွဲတွေကြား Single ဖြစ်နေလည်း
သူငယ်ချင်းအတွဲတွေ ကြားမှာ တစ်ယောက်ထဲ Single ဖြစ်နေလို့ ဝမ်းနည်းနေကြတဲ့သူတွေ ရှိလား။ ဝမ်းမနည်းပါနဲ့နော်။ Single ဆိုတာ ဖြစ်ချင်တိုင်းတောင် ဖြစ်လို့ရတာ မဟုတ်ဘူးဆိုတာ သိထားနော်။ သူငယ်ချင်းတွေကြားမှာ Single ဖြစ်နေလဲ အေးအေးဆေးဆေးဖြစ်နိုင်မယ့် နည်းလေးတွေ ပြောပြမယ်နော်။
ကိုယ့်ကိုယ်ပိုင် အချိန်တွေကို အကောင်းဆုံး ဖန်တီး လိုက်ပါ။ တစ် ယောက်ထဲ ဆံပင်ရူပ် ပွနဲ့နေမယ်၊ မုန့်တွေစားမယ်၊ ရုပ်ရှင်တွေကြည့်မယ်၊ ကမယ် ခုန်မယ်။ အဲတာတွေက တစ်ယောက်ထဲ စိတ်ထင်သလို လုပ်ရတာ ပိုကောင်းတယ်နော်။ ကိုယ်ရဲ့ကိုယ်ပိုင် အချိန်တွေကို ကိုယ်ပျော်ရွင်စေမယ့် အရာတွေနဲ့ ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ပါနော်။
ဒိတ်ချင်သလို ဒိတ်လို့ ရတယ်နော်။ မယုံ မ ရှိ နဲ့။ တကယ်ပါ။ သူငယ်ချင်းနဲ့ ဒိတ်လဲ ပြောမယ့်သူမရှိ၊ ကိုယ်စိတ်ဝင် စားတဲ့ သူနဲ့ ဒိတ်လဲ အေးဆေးနော်။ ကိုယ့် စိတ်တိုင်းကျ ဒိတ်တွေကို သွားလို့ ရပါ တယ် နော် ။
Single သူငယ်ချင်းတွေ ထားပါ။ အဆင်မပြေ ရင်တောင်မှ ပြုံးနေတတ် သူတွေရဲ့ လူမသိတဲ့ အမှန်တရားများ စိတ်တူ ကိုယ်တူ ပေါင်းလို့ ရမယ့် Single သူငယ်ချင်းတွေနဲ့ ဘားတွေသွား၊ မုန့်တွေသွားစား၊ အိမ်မှာ အတူတူ စကားတွေ ပြောနဲ့ ပိုပြီးပျော်လို့ ကောင်းမှာနော်။
ကိုယ့်ဝင်ငွေ ကိုယ်သာပိုင်ပါတယ်။ ချစ်သူအတွက် ဝယ်ပေး စရာတွေ၊ လုပ်ပေးစရာတွေ မလိုပဲ ကိုယ့်မိသားစုအတွက် ကိုယ့်အတွက်ပဲ စဉ်းစားပေးဖို့ လိုပါတယ်။ ဝင်ငွေဝင်ရင်ဝင်သလို ဘယ်သူ့ကိုမှ ပြောစရာမလိုပဲ စိတ်ချမ်းသာသလို သုံးစွဲလို့ရတာ Single လေးတွေပါပဲနော်။
ကိုယ်ပိုင်အချိန်တွေကိုလဲ ကိုယ့်အတွက်ပဲ အပြည့်အဝ အသုံးချလို့ရပါတယ်။ အလုပ်ပဲလုပ်လုပ်၊ သင်တန်းပဲတက်တက် စ်တ်ပူစရာ၊ ပူပန်စရာတွေ ကင်းဝေးပြီး
ကိုယ်ပိုင်အချိန်တွေကို ပျော်သလို အသုံးချလို့ရတယ်နော်။ ကိုယ်လုပ်ချင်တာကို လုပ်ချိန်တဲ့ အချိန်မှာ လုပ်လို့ရတာကလဲ Single ဘဝမှာပဲရတာနော်။ Source.TPS
ပျောက်ကွယ်လုလု ရှေးမနုဿ သီဟရုပ်တု
ဗဟုသုတ
ပျောက်ကွယ်လုလု ရှေးမနုဿ သီဟရုပ်တု
ပျောက်ကွယ်လုလု ရှေးမနုဿ သီဟရုပ်တု မွန်လူမျိုးတို့၏ ရှေးပဝေဏီအစဉ်အဆက် ကိုးကွယ်ခဲ့ကြသော ဘာသာမှာ ထေရဝါဒဗုဒ္ဓဘာသာ ဖြစ်သည်။ မွန်လူမျိုးတို့သည် မြန်မာနိင်ငံတွင် ရှေးအကျဆုံးလူမျိုး ဖြစ်သည်သာမက အိန္ဒိယပြည်မှ ဗုဒ္ဓသာသနာတော်နှင့် စာပေယဉ်ကျေးမှု အနုပညာများကို ရှေးဦးစွာ ရရှိခဲ့ကြပေသည်။ မနုဿ သီဟဆိုသည်မှာ မနုဿ = လူသား သီဟ =ခြင်္သေ့ လူဦးခေါင်းနှင့် ခြင်္သေ့ကိုယ်ပုံရှိသော သတ္တဝါဆန်းကို မနုဿသီဟဟု ခေါ်ကြသည်။ အထူးသဖြင့် ရွှေတိဂုံဘုရားဖူး သွားရောက်သူတိုင်း မနုဿသီဟရုပ်ထုကို တွေ့မြင်ကြရမှာ ဖြစ်သည်။ စင်စစ်အားဖြင့် မနုဿသီဟရုပ်ထုသည် ရာမညဌာနေမွန်တို့မြေမှ ဆင်းသက်လာခဲ့သော သမိုင်းဝင်ရှေးဟောင်း အမွေအနစ်တစ်ခု ဖြစ်ပါသည်။ မွန်တို့၏ ထူးခြာသော ယုံကြည်မှုဆိုင်ရာ သင်္ကေတအဖြစ်လည်းကောင်း ပြောင်မြောက်သော ဗိသုကာအနုပညာလက်ရာတစ်ရပ်အဖြစ် …
မယုံနိုင်လောက်အောင် ချမ်းသာတဲ့သူ ဖြစ်လာဖို့ အင်ဒရူးကာနယ်ဂျီလ် အသုံးပြုခဲ့တဲ့ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက် (၁၀)ခု
ဗဟုသုတ
မယုံနိုင်လောက်အောင် ချမ်းသာတဲ့သူ ဖြစ်လာဖို့ အင်ဒရူးကာနယ်ဂျီလ် အသုံးပြုခဲ့တဲ့ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက် (၁၀)ခု
မယုံနိုင်လောက်အောင် ချမ်းသာတဲ့သူ ဖြစ်လာဖို့ အင်ဒရူးကာနယ်ဂျီလ် အသုံးပြုခဲ့တဲ့ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက် (၁၀)ခု ၁၈၄၈ ခုနှစ်မှာ အမေရိကကို သူရောက်တော့ သူ့လက်ထဲမှာ ၁ ဒေါ်လာပဲ ရှိခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ သာမာန်လူမှ မဟုတ်ခဲ့တာ။ ဘာမဆို ကြိုးစားရင် ရတယ်လို့ နားလည်တဲ့ သူရဲ့ သူမတူအောင် ကြိုးစားအားထုတ်မှုတွေကြောင့် ၁၉၀၁ ခုနှစ်မှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့တယ်။ အောင်မြင်သူ တစ်ယောက်ဖြစ်ဖို့ ဘယ်လိုအလုပ် လုပ်ရမလဲ၊ ဘယ်အချက်တွေက အောင်မြင်သူတစ်ယောက် ဖြစ်စေမလဲ၊ တစ်နည်း အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေတဲ့အခါ သူ့ရဲ့ လက်ကိုင်ဆောင်ပုဒ်ဖြစ်တဲ့ “10 Rules of Success” ကို …
ဘဝကို ပျော်ရွှင်စွာ ခံစားရစေဖို့ အသက် ၂၀, ၃၀အရွယ်မှာ လုပ်ရမယ့်အချက်များ
ဗဟုသုတ
“ဘဝကို ပျော်ရွှင်စွာ ခံစားရစေဖို့ အသက် ၂၀, ၃၀အရွယ်မှာ လုပ်ရမယ့်အချက်များ”
“ဘဝကို ပျော်ရွှင်စွာ ခံစားရစေဖို့ အသက် ၂၀, ၃၀အရွယ်မှာ လုပ်ရမယ့်အချက်များ” အသက် ၂၀၊ ၃၀အရွယ်ဟာ မလွယ်ကူပါဘူး။ အသက် ၂၀အရွယ်ဆိုတာ လူကြီးတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေ ယူပြီး အမှီအခိုကင်းကင်းနှင့် စတင်ရတော့မယ့်၊ အနာဂတ်လမ်းကြောင်း တစ်ခုအပေါ် အားအင်အပြည့်နဲ့ စလျှောက်လှမ်းရတော့မယ့် အရွယ်ဖြစ်ပါတယ်။ အသက် ၂၀ကျော်အရွယ်မှာ လူငယ်တိုင်းက ကိုယ့်နည်းကိုယ်ဟန်နဲ့ မတူညီစွာ ဖြတ်သန်းကြပါတယ်။ အဲ့ဒီနှစ်တွေက ကျွန်မတို့အတွက် ဘာမှမဟုတ်သလို ခံစားရစေပေမယ့် ခက်ခဲခဲ့ကြပါတယ်။ လူကြီးတစ်ယောက် ဖြစ်လာတဲ့အတွက် တာဝန်တွေ ပိုလာပြီး ခက်ခဲလာတာကြောင့် ကျွန်မတို့ဟာ အဲ့ဒီနှစ်တွေကို မြန်မြန် ကျော်သွားချင်မိကြတယ်။ ဒါပေမယ့် အသက်ကြီးသူ တစ်ယောက်ယောက်က သူတို့ရဲ့အသက် ၂၀၊ ၃၀အရွယ်ကို အပြည့်အဝ …