RS တစ်ခု မှာ ယောက်ျားလေးတွေ လိုချင်ပေမယ့် ဘယ်တော့မှ ဝန်မခံတဲ့ အရာ ၅ ခု

RS တစ်ခု မှာ ယောက်ျားလေးတွေ လိုချင်ပေမယ့် ဘယ်တော့မှ မဝန်ခံတဲ့ အရာ ၅ ခု
LIFE STYLE

RS တစ်ခု မှာ ယောက်ျားလေးတွေ လိုချင်ပေမယ့် ဘယ်တော့မှ ဝန်မခံတဲ့ အရာ ၅ ခု

ဒီနေ့ခေတ် ယဉ်ကျေးမှုအရ RS တစ်ခုမှာ ယောက်ျားတွေဟာ သန်မာပြီး ပြည့်စုံနေရမယ် ဆိုတဲ့ အတွေးနဲ့ ခံယူချက်တွေ ပြည့်နှက်နေပါတယ်။ ယောက်ျားတော် တော်များများကလည်း သူတို့ရဲ့ မပြည့်စုံမှု အားနည်းချက်တွေကို ဖော်ပြခြင်းမရှိပဲ ကမ္ဘာကြီးကို သူတို့ပုခုံးနဲ့ ထမ်းနိုင်ရမယ်လို့ ယုံကြည်ထားကြပါတယ်။

ဒီအတွေးအခေါ်က ကောင်းကျိုးထက် ဆိုးကျိုးကို များစေနိုင်ပါတယ်။ ပြောရရင် ယောက်ျားတွေဟာ လူတစ်ယောက်ရဲ့ အထင်သေးခံရမှာ စိုးတာနဲ့ သူတို့အားနည်းချက်ကို ပြရမှာ ကြောက်ကြပါတယ်။ ခုပြောပြချင်တာက RSတစ်ခုမှာ ယောက်ျားလေးတွေ လိုချင်ပေမယ့် ဝန်ခံရမှာကြောက်နေတဲ့ အရာ ၅ခု အကြောင်းပါ။ဘာပဲဖြစ်ဖြစ် ယောက်ျားတွေအကြောင်း နည်းနည်းတော့ နားလည်ထားလို့ ရတာပေါ့။

ခွန်အား၊ ထောက်ပံမှုနဲ့ တည်ရှိမှု

ယောက်ျားများစွာက သူတို့ပြဿနာတွေကို ထုတ်ပြောကြမှာ မဟုတ်ပါဘူး။ သူတို့တွေက ပြဿနာတွေ ဖြေရှင်းရတာကို ကြိုက်နှစ်သက်ကြပါတယ်။ အခြေအနေကို တိုးတက်စေမယ့် နည်းလမ်းတစ်ခုကို သူတို့ အမြဲတမ်း ရှာဖွေနေကြပါတယ်။ ဒီလိုပြဿာနာတွေနဲ့အတူ စိတ်ရှုပ်ထွေးမှုတွေကလည်း ပြင်းထန် များပြားလာနိုင်ပါတယ်။

အဲ့ဒီလို အချိန်မှာပဲ ပြဿနာဟာ ပိုမို ရှုပ်ထွေး ကျယ်ပြန့်လာမယ် သူတို့ မကိုင်တွယ်နိုင်လောက်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ ပိုပြီး စိုးရိမ်လာကြပါတယ်။ အဲ့ဒီလိုအခါမျိုးမှာ ချစ်သူ အိမ်ထောက်ဖက်ရဲ့ ထောက်ခံမှုနဲ့ ခွန်အားကို အရမ်း လိုချင်ကြပါတယ်။

သူတို့ပြဿနာကို ဖြေရှင်းဖို့ သင့်ရဲ့ ရပ်တည်မှုက တော်တော် အရေးကြီးပါတယ်။ သူတို့ကတော့ ဒီအခြေအနေတွေကို ခေါင်းမာပြီး ဝန်ခံချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်က အလိုက်တသိ သူလိုအပ်နေတဲ့ စိတ်ခွန်အားနဲ့ ထောက်ခံမှုတွေ ပေးဖို့ပါပဲ။ သင် သူ့ဘက်က ပြတ်ပြတ်သားသား ရပ်တည်ပေးဖို့ပါပဲ။

သင့်အတည်ပြုချက်နဲ့ ဆက်လုပ်ခွင့် လိုချင်တယ်.

ယောက်ျားလေးတွေက သူတို့ချစ်သူ အိမ်ထောင်ဖက်ရဲ့ စိတ်ခံစားမှုကို အရမ်း တွေးကြပါတယ်၊ သူတို့ကို သူတို့ အကဲဖြတ်နေတတ်ကြပါတယ်။ ဆိုလိုတာက သူ့ချစ်သူက သူ့ကို တခြားလူနဲ့များ နှိုင်းယှဉ်နေသလား? ဘယ်လို သဘောထားမလဲ ဆိုတာမျိုးပါ။ သူတို့ လုပ်ရပ် တစ်ခုခုကို လုပ်လိုက်မိလို့ သူ့ချစ်သူ စိတ်အနှောင့်အယှက် ဖြစ်သွားမလား စိတ်ကွက်သွားမလား တွေးနေတတ်ပါတယ်။

အဲ့ဒီလို အချိန်တွေမှာ ကိစ္စသေးသေးလေးကအစ သူတို့က သင့်အတည်ပြုချက်ကို ခွင့်ပြုမှုကို လိုနေတာပါ။ ဒါကို သူတို့က ဝန်မခံတော့ သင်ကိုယ်တိုင်ကလည်း ဘယ်သိနိုင်ပါ့မလဲ။ ဒါကြောင့် သူလုပ်တာတွေနဲ့ ပက်သက်ပြီး သင့်ဆီက အတည်ပြုမှု အမြင်တစ်ခုခုကို လိုချင်တဲ့အခါ ကောင်းလား မကောင်းလား ၂မျိုးလုံးကို ထောက်ပြပါ။

အမှား သေးသေးလေးတွေကို ခွင့်လွှတ်ပေးပါ။ မဖြစ်မနေ မှားလာနိုင်တဲ့ အမှား သေးသေးလေးတွေအတွက်လည်း သူတို့က ခွင့်လွတ်ပေးပြီး သူတို့ကို ကောင်းမွန်စွာ ဆက်ဆံတာကို လိုချင်တတ်ကြပါတယ်။ သူတို့ကို ခွင့်လွှတ်ပေးပါ။ ဆက်လုပ်ခိုင်းပါ။ နောက်အခွင့်အရေး တစ်ခုကို ပေးပါ။ သူတို့လိုချင်တာ အဲ့ဒီ ဆက်ဆံရေးပါ။

သင့်အထိအတွေ့

အိပ်ခန်းထဲမှာ ထိတွေ့နေတာမျိုးထက် အပြင်က နူးညံသိမ်မွေ့တဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို သူတို့ လိုချင်ကြပါတယ်။ ဆိုလိုတာက သူ့ရင်ခွင်ထဲ မှီပီးအိပ်တာ၊ သူ့ပုခုံးကို မှီတာ၊ လက်ကလေးကို လာကိုင်ပေးတာ စတာမျိုးတွေပေါ့။ နွေးထွေးမှုလေးတွေကို မကြာခန လုပ်ပေးပါ။ သူတို့ မလိုချင်ဟန်သာ ဆောင်နေပေမယ့် လိုအပ်နေတဲ့ အရာတွေထဲမှာ သင့် အထိအတွေ့လေးတွေက အရေးကြီးပါတယ်နော်..

သင့်သစ္စာရှိမှုနဲ့ ယုံကြည်မှု

ဒါကတော့ ယောက်ျားရော မိန်းမရော လူတိုင်း လိုလို လိုချင်ကြတဲ့ အရာပါ။ သင့်ရဲ့ သစ္စာရှိမှုနဲ့ သူတို့အပေါ် ယုံကြည်မှုက တော်တော် အရေးကြီးပါတယ်။ သူတို့က သင့်အချစ်နဲ့ ပတ်သက်ပြီး ဒီစိတ်က အမြဲလိုလို ကိန်းအောင်း နေတတ်ပါတယ်။

ဒါပေမယ့် ဒါကို သူတို့ မာနကြောင့် ထုတ်ပြောမှာတော့ မဟုတ်ပ့ါဘူး။ သင့်ဘက်ကသာ အလိုက်တသိနဲ့ သစ္စာရှိမှုနဲ့ ယုံကြည်မှုကို ပြပေးပါ။ ရှေ့ဆက်ရမယ့် လမ်းအတွက် ခွန်အားတွေ ဖြစ်စေမှာ ဖြစ်ပြီး သင်တို့ RSကို ဒီအချက်တွေက တည်မြဲအောင် ကူညီပေးပါလိမ့်မယ်။

သင့်ရဲ့ မိတ်ဆွေသူငယ်ချင်းပုံစံ

ယောက်ျား တော်တော်များများက သမီးရည်းစား ချစ်သူ ဆက်ဆံရေးထက် သူငယ်ချင်းလို မိတ်ဆွေလို ဆက်ဆံရေးကို သူတို့ချစ်တဲ့သူဆီက မျှော်လင့်တတ်ကြပါတယ်။ ဆိုလိုတာက ပွင့်ပွင့်လင်းလင်း ဆက်ဆံရေးမျိုးတွေပါ။ သင့်တစ်ရက်တာ အခြေအနေတွေ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာနဲ့ သူဘာတွေ ခံစားနေရလဲ ဘာတွေဖြစ်နေလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်း အကောင်းဆုံးပြောဆို ဆွေးနွေးချင်တာမျိုးပါ။

သူတို့က ဒီလိုဆက်ဆံရေးကို လိုချင်ပေမယ့် မပြောတတ်ကြပါဘူး။ ဒါကြောင့် တစ်ခုခုဆို အထင်သေးငြိုငြင်မှာ စိုးလို့ ဟန်ဆောင်နေရတဲ့ ချစ်သူဆက်ဆံရေးထက် သူငယ်ချင်းမိတ်ဆွေ ဆက်ဆံရေးကိုလည်း သူတို့ကိုပေးပါ။ သူတို့ရှေ့ဆက်ရမယ့် လမ်းအတွက် ဒီဆက်ဆံရေးက အရေးကြီးပါတယ်နော်။

ကဲဒီလောက်ဆိုရင် ယောက်ျားတွေ ဝန်မခံချင်ပေမယ့် သူတို့လိုချင်တဲ့ အရာတွေကို သိလောက်ပီ ထင်ပါတယ်။ ဒီတော့ သူတို့ အခြေအနေ ကိုကြည့်ပြီး သူတို့လိုချင်တာလေးတွေပေးပြီး ရေရှည် တည်မြဲတဲ့ အေးချမ်းတဲ့ RS တစ်ခုကို တည်ဆောက် နိုင်ကြပါစေနော်..

#Lifestyle_Myanmar #Mg_Htet

REF_Power Of Possitvity

“ယောက်ျားတိုင်း လိုလိုချင်ချင်နဲ့ မက်မောတဲ့ မိန်းမဆိုတာ”
LIFE STYLE
“ယောက်ျားတိုင်း လိုလိုချင်ချင်နဲ့ မက်မောတဲ့ မိန်းမဆိုတာ”

“ယောက်ျားတိုင်း လိုလိုချင်ချင်နဲ့ မက်မောတဲ့ မိန်းမဆိုတာ” ယောက်ျားတစ်ယောက်က ပြောတယ်…… (၁) မိန်းကလေး တစ်ယောက်ဟာ သိပ်ချော သိပ်လှစရာ မလိုဘူး။ လူကြားသူကြားထဲ ခေါ်ထွက်လို့ရပြီး အိမ်အပြန် ခေါ်ပြန်လာလို့ရရင် ရပြီ။ (၂) ဖြစ်ခဲ့ဖူးတဲ့ အတိတ်ကို ငါလိုက်မမေးဘူး။ ဒါပေမယ့် ငါနဲ့ တွေ့ပြီးတဲ့နောက် ငါ့တစ်ယောက်တည်းကိုပဲ ကောင်းကောင်းချစ်ရင် ရပြီ။ (၃) အလုပ်လုပ်ချင်ရင် အလုပ်တစ်ခုရှာ လုပ်နိုင်တယ်။ မလုပ်ချင်ရင် အိမ်မှာပဲ အိမ်ရှင်မအဖြစ် ပီပီသသနေ။ နင့်ကို ငါယူရဲရင် နင့်ကို ကျွေးနိုင်တဲ့ အား ငါ့မှာရှိတယ်။ (၄) တခြားလူလောက် ငါချမ်းသာချင်မှ ချမ်းသာမယ်။ ဒါပေမယ့် တခြားလူ နင့်ကို ပေးနိုင်တဲ့အရာ ငါလည်းပေးနိုင်တယ်။ …

ကလေးတွေ တစ်ဘဝလုံး စိတ်ဒဏ်ရာ ရသွားစေနိုင်တဲ့ မိဘများရဲ့ လုပ်ရပ်များ
LIFE STYLE
ကလေးတွေ တစ်ဘဝလုံး စိတ်ဒဏ်ရာ ရသွားစေနိုင်တဲ့ မိဘများရဲ့ လုပ်ရပ်များ

ကလေးတွေ တစ်ဘဝလုံး စိတ်ဒဏ်ရာ ရသွားစေနိုင်တဲ့ မိဘများရဲ့ လုပ်ရပ်များ ကလေးဆိုတဲ့ အရွယ်က နုနယ်လွန်းတဲ့ အဖြူရောင် အဝတ်စလို ပါပဲ။ ကလေးအရွယ်တွေကို သေချာ ပြုစုပျိုးထောင် ရတယ် ဆိုတာ ကလည်း ဒီအချက်ကြောင့်ပဲ ဖြစ်ပါတယ်။ အစွန်းအထင်း လွယ်တဲ့ ကလေးဘဝမှာ စိတ်ဒဏ်ရာ ရဖို့လည်း ပိုပြီး လွယ်ကူနေ ပါတယ်။ ကလေးဘဝမှာ ဘယ်လို အခြေအနေတွေက စိတ်ဒဏ်ရာ ရဖို့ ဖြစ်နိုင်ဆုံးလဲ ဆိုရင်တော့ အနီးကပ် ရှိနေတဲ့ မိဘတွေဆီက လုပ်ရပ်တွေက ပိုပြီး ဖြစ်နိုင်နေ ပါတယ်။ (၁) ရန်ဖြစ်ခြင်း မိဘတွေရဲ့ ရန်ဖြစ်ခြင်းကို အမြဲလိုလို မြင်တွေ့ရတဲ့ ကလေးတွေမှာ စိတ်ဒဏ်ရာတွေ …

မနက်ပိုင်းထက်စာရင် ညပိုင်းတွေမှာ လုပ်ရန် ပိုသင့်တော်သော အရာများ
LIFE STYLE
မနက်ပိုင်းထက်စာရင် ညပိုင်းတွေမှာ လုပ်ရန် ပိုသင့်တော်သော အရာများ

မနက်ပိုင်းထက်စာရင် ညပိုင်းတွေမှာ လုပ်ရန် ပိုသင့်တော်သော အရာများ Scarlett O’Hara ဆိုတဲ့ ပညာရှင် ကတော့ ကျွန်တော်တို့ရဲ့တနေ့တာ အလွဲတွေကို ဒီလိုဘဲ ပြောပြခဲ့ ပါတယ်။ ဥပမာ မနက်ပိုင်းမှာ ရေချိုးတာထက် ညနေပိုင်းမှာ ချိုးတာ ပိုသင့်တော်ကြောင်းတွေပေါ့။ မနက်ပိုင်းမှာ အစားတွေ အများကြီးစားပြီး ညပိုင်းတွေမှာ မစားဘဲနေ တတ်ကြ ပါတယ်။ အဲ့ဒီအခါ ညဘက်တွေမှာ ဗိုက်ဆာလာပြီး အိပ်မပျော် တဲ့ရောဂါတွေ ဖြစ်လာတတ် ပါတယ်။ လမ်းလျှောက်ခြင်း နောက်တခုကတော့ လမ်းလျှောက် တာနဲ့ ပက်သတ်ပြီး မနက်ပိုင်းထက် ညနေပိုင်;တွေမှာ လမ်းလျှောက် တာဟာ ပိုပြီး သင့်တော် ပါတယ်။ စိတ်ပူပန်မှုတွေကိုလဲ လျော့ကျစေနိုင်သလို ညဘက် …