ေသြးတိုးရွိသူမ်ား အတြက္ အထူး သင့္ေလ်ာ္တဲ့ ႂကြက္နား႐ြက္မႈိ - SANTHITSA

ေသြးတိုးရွိသူမ်ား အတြက္ အထူး သင့္ေလ်ာ္တဲ့ ႂကြက္နား႐ြက္မႈိ

ေသြးတိုးရွိသူမ်ား အတြက္ အထူး သင့္ေလ်ာ္တဲ့ ႂကြက္နား႐ြက္မႈိ
COOKING

ေသြးတိုးရွိသူမ်ား အတြက္ အထူး သင့္ေလ်ာ္တဲ့ ႂကြက္နား႐ြက္မႈိ

တ႐ုတ္႐ိုးရာ တိုင္းရင္းေဆး သေဘာအရ ကိုယ္တြင္း ေသြးလည္ပတ္ျခင္းကို အေထာက္အကူျပဳသလို လူကိုဒုကၡ ေပး ႏိုင္မယ့္ ကိုလက္စထေရာနည္းကာ ေသြးတိုးသမားေတြ အတြက္ အထူးသင့္ေတာ္တဲ့ အမဲေရာင္မႈိ ဒါမွမဟုတ္ ဂ်ယ္ လီဖန္းဂပ္စ္ လို႔ ေခၚၾကၿပီး ျမန္မာႏိုင္ငံ မွာေတာ့ ႂကြက္နား႐ြက္မႈိလို႔ ေျပာလိုက္ရင္ လူတိုင္း သိၾကပါတယ္ ။ ေဆးဖက္ ဝင္ႂကြက္နား႐ြက္မႈိကို တ႐ုတ္လူမ်ိဳး ေတြက ဟင္းပြဲေတြမွာ မပါမျဖစ္ ထည့္သုံးေလ့ရွိပါတယ္ ။

ဒီပတ္တေတာ့ ေဆး ဖက္ဝင္ ႂကြက္နား႐ြက္မႈိကို လြယ္လြယ္ကူကူနဲ႔ ဟင္းအရံ တခြက္အျဖစ္ ဖန္တီးႏိုင္မယ့္ ခ်က္နည္းေလး ကေတာ့ ႂကြက္နား႐ြက္မႈိ အသုပ္ပါ ။ လိုအပ္တဲ့ ပစၥည္းေတြက — ႂကြက္နား႐ြက္မႈိ ၊ ၾကက္သြန္ၿမိတ္ ၊ င႐ုတ္သီးေတာင့္ ၊ ပဲငံျပာရည္ ၊ ရွာလကာရည္ ၊ ခ႐ုဆီ ၊ ႏွမ္းဆီ ၊ ဆား၊ သၾကားတို႔ပါ ။

အရင္ဆုံး ႂကြက္နား႐ြက္မႈိကို သန႔္စင္ၿပီး ၁ နာရီေလာက္ ေရစိမ္ ထားေပးပါ ။ ေရစိမ္ ထားလိုက္ရင္ ပုံမွန္ထက္ ပို ႏူး ညံ့ၿပီး ပိုပြားေစပါတယ္ ။ ေရစိမ္ၿပီးရင္ေတာ့ ပြက္ပြက္ဆူတဲ့ ေရေႏြးအိုးထဲ ၃-၄ မိနစ္ေလာက္ ထည့္ျပဳတ္ၿပီး ေရစစ္ ထားလိုက္ပါ ။ ျပဳတ္ၿပီး ေရစစ္ထားတဲ့ ႂကြက္နား႐ြက္မႈိေတြကို တလုပ္စာ စားလို႔အဆင္ေျပေအာင္ အေနေတာ္ အ ႐ြယ္ေလးေတြ ပိုင္းျဖတ္ပါ ။ ၿပီးရင္ အသုပ္ထဲကို ထည့္မယ့္ ေဆာ့စ္လုပ္ပါမယ္ ။

အဆင္သင့္ ျပင္ထားတဲ့ ပဲငံျပာရည္ ၊ ရွာလကာ ရည္ ၊ ခ႐ုဆီ ၊ ႏွမ္းဆီ ၊ ဆား ၊ သၾကားတို႔ကို သုပ္မယ့္ ပမာဏေပၚ မူတည္ၿပီး အခ်ိဳးက်ထည့္ပါ ။ ၾကက္သြန္ ၿမိတ္နဲ႔ င႐ုတ္သီးေတာင့္ကို ပါးပါးလွီးထည့္ပါ ။ အရသာ ျမည္းၾကည့္ၿပီး အေပါ့အငန္ ကိုယ့္စိတ္ႀကိဳက္ ျပင္ဆင္ပါ ။ ေဆာ့စ္ျပင္ဆင္ၿပီးၿပီ ဆိုရင္ အေနေတာ္အ႐ြယ္ ပိုင္းျဖတ္ထားတဲ့ ႂကြက္နား႐ြက္မႈိ ေတြနဲ႔ ေရာၿပီး သမေအာင္ေမႊပါ ။ အရသာ ျမည္းၾကည့္လို႔ အဆင္ေျပၿပီဆိုရင္ ပန္းကန္လုံး ေပၚကေန plastics wrap အုပ္ၿပီး မစားခင္ ေရခဲေသတၱာထဲ နာရီအနည္းငယ္ေလာက္ ထည့္ထားရင္ စားတဲ့ အခါ ႂကြပ္ႂကြပ္႐ြ႐ြေလးနဲ႔ ပိုစားေကာင္းပါတယ္ ။

Credit – Aurora(ဧရာဝတီ), The Irrawaddy – Burmese Edition

Unicode

သွေးတိုးရှိသူများ အတွက် အထူး သင့်လျော်တဲ့ ကြွက်နားရွက်မှို

တရုတ်ရိုးရာ တိုင်းရင်းဆေး သဘောအရ ကိုယ်တွင်း သွေးလည်ပတ်ခြင်းကို အထောက်အကူပြုသလို လူကိုဒုက္ခ ပေး နိုင်မယ့် ကိုလက်စထရောနည်းကာ သွေးတိုးသမားတွေ အတွက် အထူးသင့်တော်တဲ့ အမဲရောင်မှို ဒါမှမဟုတ် ဂျယ် လီဖန်းဂပ်စ် လို့ ခေါ်ကြပြီး မြန်မာနိုင်ငံ မှာတော့ ကြွက်နားရွက်မှိုလို့ ပြောလိုက်ရင် လူတိုင်း သိကြပါတယ် ။ ဆေးဖက် ဝင်ကြွက်နားရွက်မှိုကို တရုတ်လူမျိုး တွေက ဟင်းပွဲတွေမှာ မပါမဖြစ် ထည့်သုံးလေ့ရှိပါတယ် ။

ဒီပတ်တတော့ ဆေး ဖက်ဝင် ကြွက်နားရွက်မှိုကို လွယ်လွယ်ကူကူနဲ့ ဟင်းအရံ တခွက်အဖြစ် ဖန်တီးနိုင်မယ့် ချက်နည်းလေး ကတော့ ကြွက်နားရွက်မှို အသုပ်ပါ ။ လိုအပ်တဲ့ ပစ္စည်းတွေက — ကြွက်နားရွက်မှို ၊ ကြက်သွန်မြိတ် ၊ ငရုတ်သီးတောင့် ၊ ပဲငံပြာရည် ၊ ရှာလကာရည် ၊ ခရုဆီ ၊ နှမ်းဆီ ၊ ဆား၊ သကြားတို့ပါ ။

အရင်ဆုံး ကြွက်နားရွက်မှိုကို သန့်စင်ပြီး ၁ နာရီလောက် ရေစိမ် ထားပေးပါ ။ ရေစိမ် ထားလိုက်ရင် ပုံမှန်ထက် ပို နူး ညံ့ပြီး ပိုပွားစေပါတယ် ။ ရေစိမ်ပြီးရင်တော့ ပွက်ပွက်ဆူတဲ့ ရေနွေးအိုးထဲ ၃-၄ မိနစ်လောက် ထည့်ပြုတ်ပြီး ရေစစ် ထားလိုက်ပါ ။ ပြုတ်ပြီး ရေစစ်ထားတဲ့ ကြွက်နားရွက်မှိုတွေကို တလုပ်စာ စားလို့အဆင်ပြေအောင် အနေတော် အ ရွယ်လေးတွေ ပိုင်းဖြတ်ပါ ။ ပြီးရင် အသုပ်ထဲကို ထည့်မယ့် ဆော့စ်လုပ်ပါမယ် ။

အဆင်သင့် ပြင်ထားတဲ့ ပဲငံပြာရည် ၊ ရှာလကာ ရည် ၊ ခရုဆီ ၊ နှမ်းဆီ ၊ ဆား ၊ သကြားတို့ကို သုပ်မယ့် ပမာဏပေါ် မူတည်ပြီး အချိုးကျထည့်ပါ ။ ကြက်သွန် မြိတ်နဲ့ ငရုတ်သီးတောင့်ကို ပါးပါးလှီးထည့်ပါ ။ အရသာ မြည်းကြည့်ပြီး အပေါ့အငန် ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပါ ။ ဆော့စ်ပြင်ဆင်ပြီးပြီ ဆိုရင် အနေတော်အရွယ် ပိုင်းဖြတ်ထားတဲ့ ကြွက်နားရွက်မှို တွေနဲ့ ရောပြီး သမအောင်မွှေပါ ။ အရသာ မြည်းကြည့်လို့ အဆင်ပြေပြီဆိုရင် ပန်းကန်လုံး ပေါ်ကနေ plastics wrap အုပ်ပြီး မစားခင် ရေခဲသေတ္တာထဲ နာရီအနည်းငယ်လောက် ထည့်ထားရင် စားတဲ့ အခါ ကြွပ်ကြွပ်ရွရွလေးနဲ့ ပိုစားကောင်းပါတယ် ။

Credit – Aurora(ဧရာဝတီ), The Irrawaddy – Burmese Edition

COOKING
ကေလးလူႀကီး အားလုံးႀကိဳက္ၿပီး ဝမ္းမွန္ေစတဲ့ အိမ္တြင္းဒိန္ခ်ဥ္ လုပ္နည္းေလးေနာ္

ကေလးလူႀကီး အားလုံးႀကိဳက္ၿပီး ဝမ္းမွန္ေစတဲ့ အိမ္တြင္းဒိန္ခ်ဥ္ လုပ္နည္းေလးေနာ္ ဒိန္ခ်ဥ္ လုပ္နည္းေလး ေမးထားလို႔ တင္ေပးလိုက္ပါတယ္ ။ ။ ။ ။ ။ ႏြားႏို႔ ၁ ပိသာကို ဆူေအာင္က်ိဳပါ။ က်ိဳတဲ့အခါ ဆူ႐ုံေလးပဲ မထားပါနဲ႔ ။ ၾကာၾကာေလး က်ိဳပါ ။ တအားလည္း မပ်စ္ပါေစနဲ႔ ။ ၿပီးရင္ မီးဖို ေပၚက ခ်ၿပီး အေအးခံပါ ။ လုံးဝ ေအးသြား တဲ့အထိ မေစာင့္ရပါ ။ ( ေႏြးေႏြးေလးမွာ အခ်ဥ္ ကို ထည့္ရမွာမို႔ပါ ) လက္ညိဳးကို ထည့္ၾကည့္လို႔ အပူခံႏိုင္တယ္ ဆို႐ုံေလးေပါ့ ။ …

COOKING
ဖာလူဒါကို အိမ္မွာလုပ္နည္း အျပည့္အစံုေလးပါ

အိမ္မွာ မုန္႔လက္ေဆာင္းဖတ္ ၊ ပူတင္း လုပ္ၿပီးသား အဆင္သင့္ရွိေနေတာ့ ဖာလူဒါ လုပ္နည္း တင္ေပးမယ္ေနာ္။ ပါ၀င္ပစၥည္းမ်ား ၇ ပြဲ ေရခဲ သၾကား ၂၀၀ ဂရမ္ အနီေရာင္ အစာဆိုးေဆး  Rose Syrup နြားႏုိ႔ က်ိဳျပီးအပ်စ္  Cream Milk လီ တာဝက္ သာကူေစ့ လက္တဆုတ္စာ မုန္႔လက္ေဆာင္းဖတ္။ ပူတင္း (Flour Pudding) ဖာလူဒါမွာသုံးရန္ ေရခဲမုန္႔။ Ready Made ေရာင္စုံဂ်ယ္လီ။ ျပဳလုပ္နည္း။ သၾကားကို ေရလီတာဝက္ခန္႔ ထည့္ၿပီး အေရာင္အနည္းငယ္ထည့္ကာ ပ်စ္လာေအာင္က်ိဳပါ ။ အနီေရာင္ အစာဆိုးေဆး Rose Syrups အရည္ေလး ၂ …

COOKING
လွ’လွ’ပ’ပ ေလးနဲ ႔စား လို ့ရမယ့္ ပင္ပြားေက်ာက္ေက်ာ လုပ္နည္း

ပင္ပြားေက်ာက္ေက်ာ ေက်ာက္ေက်ာ ၿပဳလုပ္နည္းေတြ ေရးတာလည္း ဖန္တရာေတ ေနဘီမို႔..အခု ပင္ပြားေက်ာက္ေက်ာ ဒီပံုစံေလး ရေအာင္ ဘယ္လို လုပ္လည္းဘဲ ေရးေတာ႔မယ္။ ပင္ပြားေတြကို ပြလာေအာင္ ေရစိမ္ထားတယ္။ ေက်ာက္ေက်ာကို သႀကားနဲ႔ ေရာက်ိဳတယ္။ ေက်ာက္ေက်ာရည္ကို အေအခံတဲ႔အခါ ဗ်က္က်ယ္က်ယ္ ဗန္းထဲကိုေလာင္းထည္႔ပီး ပင္ပြားေစ႔ေလးေတြ ထည္႔တယ္။ ပင္ပြားက ေပါ႔ေတာ႔ အေပၚယံမွာ ေပၚေနခ်င္တာ..ဗ်က္က်ယ္တာကို သံုးလိုက္ေတာ႔ ေက်ာက္ေက်ာသား ပါးသြားလို႔ အေပၚမွာ တက္ေနလို႔ မရေတာ႔။ ၿမန္ၿမန္ခဲေအာင္ ေရခဲေသတၱာထဲမွာ အခဲခံပီး အတုံးေလးေတြ လီွးထားလိုက္တယ္။ လူရိုင္းေခါင္းတံဆိပ္ အၿပာေရာင္ အထုပ္ကို ေနာက္တအိုး သႀကားနဲ႔ ေရာက်ိဳတယ္။ ေက်ာက္ေက်ာရည္ အခဲခံဘို႔ အဆင္သင္႔ၿဖစ္တဲ႔အခါ အခဲခံမည္႔ ဗန္းထဲကို …